Premier League
ချဲလ်ဆီးကို စုတ်ပြတ်သပ်နေအောင် လုပ်ပြီးထားခဲ့တဲ့ အေဘရာမိုဗစ်ချ်ကို ပြစ်တင်လိုက်တဲ့ တော့ဒ် ဘိုလီ
ချဲလ်ဆီးအသင်း ပိုင်ရှင်ဟောင်းဟာ ကြီးမားတဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၇၀ အတွက် တာဝန်ရှိတယ်လို့ စနေနေ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ တော့ဒ် ဘိုလီနဲ့ စကားပြောခဲ့တဲ့ ကြားခံလူရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမေရိကန်လုပ်ငန်းရှင်ဘီလျံနာ တော့ဒ် ဘိုလီက ပြီးခဲ့တဲ့မေလမှာ ချဲလ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ချ်ဆီကနေ ခန့်မှန်းခြေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ရုရှားလူမျိုး အသင်းပိုင်ရှင်ခေတ်အကုန်မှာ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာအပြင် ခံစစ်ကစားသမားအများအပြား အသင်းကို စွန့်ခွာသွားတာကြောင့် အသင်းဟာ ခံစစ်ပိုင်းမှာ အရန်အင်အားမရှိတဲ့အခြေအနေနဲ့ ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။
ယခုနွေရာသီမှာ တော့ဒ် ဘိုလီက လက်စတာစီးတီးနောက်ခံလူ ဖိုဖာနာကို ပေါင်သန်း ၇၀၊ ဘရိုက်တန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ပေါင် ၆၂ သန်း၊ နာပိုလီ နောက်ခံလူ ကူလီဘေလီကို ပေါင် ၃၄ သန်း သုံးစွဲပြီး ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
အနောက်လန်ဒန် ကလပ်အသင်းဟာ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ မာ့စ် ဂေးဟီကို ခရစ္စတယ် ပဲလေ့စ်ဆီ ပေါင် ၁၈ သန်း၊ တိုမိုရီကို အေစီမီလန်အသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ရောင်းထုတ်ခဲ့တာဖြစ်ပြီး ဒီ ကစားသမား ၂ ဦးစလုံးဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ပြီးနောက်ပိုင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ရူဒီဂါ ထွက်ခွာမှုမှာ ကြားလူအဖြစ် ပါဝင် ဆောင်ရွက်ပေးခဲ့တဲ့ ဆေ့ဖ် ရူဘီက ပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဒ် ဘိုလီက ၎င်းတို့အနေနဲ့ အေဘရာမိုဗစ်ချ်နဲ့ ဂရာနော့ဗ်စကားယာတို့ကို နောက်ခံကစားသမားတွေကို ထွက်ခွာခွင့်ပေးခဲ့မှုနဲ့ နွေရာသီ အသုံးစရိတ်ကို စိတ်ထင်သလို သုံးစွဲခဲ့မှုအတွက် ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ပိုင်ရှင်သစ်တွေက ရောက်လာပြီး ပိုင်ရှင်ဟောင်းတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို တစ်ခုစီ လိုက်ရှင်းနေရတယ်။ နောက်ခံလူကို ခရစ္စတယ် ပဲလေ့စ်ကို သွားခွင့်ပေးခဲ့တာနဲ့ နောက်ထပ် နောက်ခံလူလည်းဖြစ်တဲ့ ကစားသမားကို အေစီမီလန်ကို ပိုက်ဆံများများစားစားမရဘဲနဲ့ ရောင်းထုတ်ခဲ့တာတွေလိုမျိုး ကိစ္စတွေပေ့ါ။ ကျွန်တော် ပိုင်ရှင်သစ်တွေကို စကားပြောခဲ့တဲ့အချိန်မှာ ပိုင်ရှင်ဟောင်းတွေက ခင်ဗျားကို ပေါင်သန်း ၁၀၀ လောက် နစ်နာစေခဲ့တယ်လို့ ကျွန်တော် ပြောခဲ့တယ်။ သူတို့တွေ ကျွန်တော့်ကို ဘာပြန်ပြောခဲ့လဲ သိလား။ အဲဒီထက်တောင် ပိုသေးတယ်တဲ့”
ရူဒီဂါရဲ့ ထွက်ခွာမှုအကြောင်း မေးမြန်းခဲ့ချိန်မှာ ရူဘီက “ခင်ဗျားကို ဘာပြောရမလဲဆိုရင် ချဲလ်ဆီးနဲ့ ပိုင်ရှင်ဟောင်းတွေက ရှိပြီးသား ကစားသမားကိုတောင် ထိန်းသိမ်းဖို့ ဘာအားစိုက်ထုတ်မှုမှ မလုပ်ခဲ့ဘူး။ အဲဒီအချိန်တုန်းက သူက အသင်းမှာ ဆက်နေဖို့ အရမ်းကို ပျော်ရွှင်နေခဲ့ပြီး အသင်းခေါင်းဆောင်လည်း ဖြစ်နိုင်ခြေရှိနေခဲ့ပါတယ်။ ပြီးတော့ သူ့ကို လူကာကူးရနေတဲ့ လစာရဲ့ တစ်ဝက်လောက်နဲ့ စာချုပ်သစ် ကမ်းလှမ်းလိုက်တယ်တဲ့လေ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ချဲလ်ဆီးအသင်း ပိုင်ရှင်ဟောင်းဟာ ကြီးမားတဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၇၀ အတွက် တာဝန်ရှိတယ်လို့ စနေနေ့ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ တော့ဒ် ဘိုလီနဲ့ စကားပြောခဲ့တဲ့ ကြားခံလူရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမေရိကန်လုပ်ငန်းရှင်ဘီလျံနာ တော့ဒ် ဘိုလီက ပြီးခဲ့တဲ့မေလမှာ ချဲလ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျဆီကနေ ခန့်မှန်းခြေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ရုရှားလူမျိုး အသင်းပိုင်ရှင်ခေတ်အကုန်မှာ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာအပြင် ခံစစ်ကစားသမားအများအပြား အသင်းကို စွန့်ခွာသွားတာကြောင့် အသင်းဟာ ခံစစ်ပိုင်းမှာ အရန်အင်အားမရှိတဲ့အခြေအနေနဲ့ ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။
အနောက်လန်ဒန် ကလပ်အသင်းဟာ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ မာ့စ် ဂေးဟီကို ခရစ္စတယ် ပဲလေ့စ်ဆီ ပေါင် ၁၈ သန်း၊ တိုမိုရီကို အေစီမီလန်အသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ရောင်းထုတ်ခဲ့တာဖြစ်ပြီး ဒီ ကစားသမား ၂ ဦးစလုံးဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျကနေ ထွက်ပြီးနောက်ပိုင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ရူဒီဂါ ထွက်ခွာမှုမှာ ကြားလူအဖြစ် ပါဝင် ဆောင်ရွက်ပေးခဲ့တဲ့ ဆေ့ဖ် ရူဘီက ပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဒ် ဘိုလီက ၎င်းတို့အနေနဲ့ အေဘရာမိုဗစ်ခ်ျနဲ့ ဂရာနော့ဗ်စကားယာတို့ကို နောက်ခံကစားသမားတွေကို ထွက်ခွာခွင့်ပေးခဲ့မှုနဲ့ နွေရာသီ အသုံးစရိတ်ကို စိတ်ထင်သလို သုံးစွဲခဲ့မှုအတွက် ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.