Premier League

ဒီရာသီမှာ လီဗာပူးလ် စိန်ခေါ်နိုင်တဲ့အရာက ပရီးမီးယားလိဂ်ဖလားမဟုတ်တော့ဘူးလို့ ပြောလိုက်တဲ့ အက်ဂ်ဘွန်လဟော

လီဗာပူးလ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်ချက်စတာစီးတီးကို စိန်ခေါ်နိုင်မှာမဟုတ်ဘဲ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ တိုက်ပွဲဝင်နေရပြီဖြစ်တယ်လို့ အက်ဂ်ဘွန်လဟောက ပြောကြားခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ စနေနေ့က မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက်ပိုင်း ယခုရာသီ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၃ ပွဲအထိ သရေပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ကံကောင်းလို့သာ ယခုရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို မရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကော်နာ ကိုဒီရဲ့ သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့သလို မူပေးကလည်း အကောင်းဆုံးအခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာက အာဆင်နယ်နဲ့ ၆ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ရပြီး ဂွါဒီယိုလာရဲ့အသင်းနဲ့လည်း ၅ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း အက်ဂ်ဘွန်လဟောက အာဆင်နယ်နဲ့ စပါးစ်တို့ရဲ့ လက်ရှိ ခြေစွမ်းအရ လီဗာပူးလ်အသင်းဟာ ထိပ်ဆုံး ၄ နေရာအတွက်သာ တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း talkSPORT ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်နိုင်ခြေရှိလားလို့ မေးမြန်းခဲ့ရာမှာ အက်ဂ်ဘွန်လဟောက “၁၀၀ ရာခိုင်နှုန်းပဲ။ ဒါက ဆုဖလားအတွက် တိုက်ပွဲမဟုတ်ဘူး။ ကျွန်တော့်အတွက်တော့ လီဗာပူးလ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်ရမှာ မဟုတ်ပါဘူး။ သူတို့တွေက ထိပ်ဆုံး ၄ နေရာထဲမှာ ရှိနေဖို့ တိုက်ပွဲဝင်ရမှာပါ။ ဘာလို့လဲဆိုတော့ အာဆင်နယ်က ရှိနေလို့ပါ။ စပါးစ်ကလည်း ရှိနေတယ်။ သူတို့တွေက ပွဲစဉ်တွေကို အနိုင်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိတယ်”

“သူတို့တွေမှာ နိုင်ပွဲရ စိတ်ဓာတ်ရှိပြီး သူတို့တွေ နိုင်ပွဲတွေ ရယူနေတယ်။ ချဲလ်ဆီးကလည်း ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အက်ဂ်ဘွန်လဟောက အဲဗာတန်နဲ့ပွဲစဉ်က ကလော့ပ်ရဲ့ နည်းဗျူဟာကိုလည်း ဝေဖန်ခဲ့ပြီး လက်ရှိမှာ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားဟာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းမရှိဘဲ ခံစစ်ပိုင်းမှာလည်း တစ်ခုခုတော့ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဆာလားကြည့်ရတာ ဂိုးတွေ သွင်းယူတော့မယ့်ပုံ မပေါ်ပါဘူး။ ပြောရမယ်ဆိုရင် မို ဆာလားနဲ့ကို တူမနေတာပါ။ သူက တောင်ပံကို ထွက်ပြီး နေရာလွတ်တွေ ရှာမယ်။ ကွင်းလယ်က အလုပ်မလုပ်ဘူး။ သူတို့တွေက ဖာဘင်ညိုကို အထိုင်ထားပြီး ရှေ့မှာ အဲလီးယော့တ်နဲ့ ကာဗယ်လ်ဟိုတို့ကို ထားကစားတယ်။ အဲဒါက ကျွန်တော့်အတွက်တော့ အလုပ်မဖြစ်ပါဘူး”

“ခံစစ်မှာ ရောဘတ်ဆန်ကို ချန်လှပ်ခဲ့တယ်။ ထရင့်ကလည်း မိနစ် ၆၀ အပြီးမှာ လူစားလဲခံခဲ့ရတယ်။ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ဖြစ်နေပြီး သူတို့တွေ ရမှတ်တွေ အများကြီး လျော့ကျနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားအတြက္ မန္ခ်က္စတာစီးတီးကို စိန္ေခၚႏိုင္မွာမဟုတ္ဘဲ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပဲ တိုက္ပြဲဝင္ေနရၿပီျဖစ္တယ္လို႔ အက္ဂ္ဘြန္လေဟာက ေျပာၾကားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ စေနေန႔က မာေဆးဆိုဒ္ ဒါဘီပြဲစဥ္မွာ အဲဗာတန္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့ၿပီးေနာက္ပိုင္း ယခုရာသီ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၃ ပြဲအထိ သေရပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီ ျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ကံေကာင္းလို႔သာ ယခုရာသီရဲ႕ ဒုတိယေျမာက္ ရႈံးပြဲကို မရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေကာ္နာ ကိုဒီရဲ႕ သြင္းဂိုးကို VAR က ပယ္ဖ်က္ခဲ့သလို မူေပးကလည္း အေကာင္းဆုံးအခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာက အာဆင္နယ္နဲ႔ ၆ မွတ္အကြာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနခဲ့ရၿပီး ဂြါဒီယိုလာရဲ႕အသင္းနဲ႔လည္း ၅ မွတ္အထိ ကြာဟေနတာျဖစ္ပါတယ္။ အဂၤလန္တိုက္စစ္မႉးေဟာင္း အက္ဂ္ဘြန္လေဟာက အာဆင္နယ္နဲ႔ စပါးစ္တို႔ရဲ႕ လက္ရွိ ေျခစြမ္းအရ လီဗာပူးလ္အသင္းဟာ ထိပ္ဆုံး ၄ ေနရာအတြက္သာ တိုက္ပြဲဝင္ရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္တယ္လို႔ ယုံၾကည္ေၾကာင္း talkSPORT ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အေနနဲ႔ ထိပ္ဆုံး ၄ ေနရာနဲ႔ လြဲေခ်ာ္ႏိုင္ေျခရွိလားလို႔ ေမးျမန္းခဲ့ရာမွာ အက္ဂ္ဘြန္လေဟာက “၁၀၀ ရာခိုင္ႏႈန္းပဲ။ ဒါက ဆုဖလားအတြက္ တိုက္ပြဲမဟုတ္ဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ လီဗာပူးလ္က ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ရမွာ မဟုတ္ပါဘူး။ သူတို႔ေတြက ထိပ္ဆုံး ၄ ေနရာထဲမွာ ရွိေနဖို႔ တိုက္ပြဲဝင္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္က ရွိေနလို႔ပါ။ စပါးစ္ကလည္း ရွိေနတယ္။ သူတို႔ေတြက ပြဲစဥ္ေတြကို အႏိုင္ရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိတယ္”

“သူတို႔ေတြမွာ ႏိုင္ပြဲရ စိတ္ဓာတ္ရွိၿပီး သူတို႔ေတြ ႏိုင္ပြဲေတြ ရယူေနတယ္။ ခ်ဲလ္ဆီးကလည္း ပိုၿပီး ေကာင္းမြန္လာပါလိမ့္မယ္”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ အက္ဂ္ဘြန္လေဟာက အဲဗာတန္နဲ႔ပြဲစဥ္က ကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာကိုလည္း ေဝဖန္ခဲ့ၿပီး လက္ရွိမွာ လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားဟာ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္းမရွိဘဲ ခံစစ္ပိုင္းမွာလည္း တစ္ခုခုေတာ့ ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဆာလားၾကည့္ရတာ ဂိုးေတြ သြင္းယူေတာ့မယ့္ပုံ မေပၚပါဘူး။ ေျပာရမယ္ဆိုရင္ မို ဆာလားနဲ႔ကို တူမေနတာပါ။ သူက ေတာင္ပံကို ထြက္ၿပီး ေနရာလြတ္ေတြ ရွာမယ္။ ကြင္းလယ္က အလုပ္မလုပ္ဘူး။ သူတို႔ေတြက ဖာဘင္ညိဳကို အထိုင္ထားၿပီး ေရွ႕မွာ အဲလီးေယာ့တ္နဲ႔ ကာဗယ္လ္ဟိုတို႔ကို ထားကစားတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ေတာ့ အလုပ္မျဖစ္ပါဘူး”

“ခံစစ္မွာ ေရာဘတ္ဆန္ကို ခ်န္လွပ္ခဲ့တယ္။ ထရင့္ကလည္း မိနစ္ ၆၀ အၿပီးမွာ လူစားလဲခံခဲ့ရတယ္။ လီဗာပူးလ္ရဲ႕ ခံစစ္ပိုင္းနဲ႔ပတ္သက္ၿပီး တစ္ခုခုေတာ့ ျဖစ္ေနၿပီး သူတို႔ေတြ ရမွတ္ေတြ အမ်ားႀကီး ေလ်ာ့က်ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.