Premier League

ဆင်ခြေတွေလျှောက်ပေးနေတဲ့ အာတီတာကို ဒဲ့ကစ်လိုက်တဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ပြီးနောက် အာတီတာရဲ့ ပွဲပြီးမှတ်ချက်စကားအတွက် နာကျင်နေတဲ့ အရှုံးသမားလေးလို့ တုံ့ပြန်ခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုး၊ အန်တိုနီရဲ့ ပထမပိုင်းက ပွဲဦးထွက်သွင်းဂိုးတို့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညနေ အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်မှာ တန်ဟက်ရဲ့ အသင်းဆီကနေ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့ကို ရှုံးနိမ့်ပြီးနောက် ကြီးကြီးမားမား တိုးတက်မှုတွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲပြီးဝီစီမှုတ်ချိန်မှာ နည်းပြ အာတီတာက အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းကို ချီးကျူးစကား မပြောဘဲ ဆင်ခြေတွေ လျှောက်ပေးနေတာက မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ Sky Sports နဲ့ ပြောဆိုမှုအပြီး သိပ်မကြာခင်မှာပဲ ဒေါသထွက်သွားတဲ့ ရွိုင် ကီးန်က မန်ချက်စတာယူနိုက်တက်ကို ချီးကျူးရမယ့်အစား ဆင်ခြေပေးခဲ့တဲ့ အာဆင်နယ်နည်းပြကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“နားထောင်၊ ကျွန်တော် သူတို့ရဲ့ ဆင်ခြေတွေကို စိတ်ကုန်နေပြီ။ ကျွန်တော် တကယ်ပြောတာ။ အာတီတာက ပွဲအပြီးမှာ အင်တာဗျူး ဖြေခဲ့တယ်။ သူက ကျွန်တော်တို့အားလုံးလိုပဲ နာကျင်နေတဲ့ အရှုံးသမားပဲ။ ဒါပေမယ့် သူ မန်ယူနိုက်တက်ကိုတော့ နည်းနည်း ချီးကျူးမှုတွေ လုပ်ရမှာဖြစ်ပေမယ့်လည်း သူ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး”

“သူ ပွဲရှုံးတဲ့အခါတိုင်း သူတို့တွေ သေချာမလုပ်နိုင်ရတာနဲ့ ဒိုင်လူကြီးတွေက ဘက်လိုက်ရတာနဲ့ ဆင်ခြေပေးတာတွေ ရပ်စမ်းပါ။ မင်း လုပ်ခဲ့တာ အဆင်ပြေတယ်။ လက်ခုပ်တီး ဂုဏ်ပြုတာကို ယူလိုက်။ ဒါပေမယ့် ငါ့ကိုတော့ ရက်သတ္တပတ်ရဲ့ ဘယ်လိုနေ့မှာမဆို ရမှတ်တွေ ပေး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က တနဂၤေႏြေန႔ညက အိုးထရက္ဖို႔ဒ္မွာ ၃-၁ နဲ႔ ရႈံးနိမ့္ၿပီးေနာက္ အာတီတာရဲ႕ ပြဲၿပီးမွတ္ခ်က္စကားအတြက္ နာက်င္ေနတဲ့ အရႈံးသမားေလးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယပိုင္းသြင္းဂိုး ၂ ဂိုး၊ အန္တိုနီရဲ႕ ပထမပိုင္းက ပြဲဦးထြက္သြင္းဂိုးတို႔ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔ညေန အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲစဥ္မွာ တန္ဟက္ရဲ႕ အသင္းဆီကေန အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဘ႐ိုက္တန္၊ ဘရန႔္တ္ဖို႔ဒ္တို႔ကို ရႈံးနိမ့္ၿပီးေနာက္ ႀကီးႀကီးမားမား တိုးတက္မႈေတြကို ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာ နည္းျပ အာတီတာက အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ခ်ီးက်ဴးစကား မေျပာဘဲ ဆင္ေျခေတြ ေလွ်ာက္ေပးေနတာက မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕ Sky Sports နဲ႔ ေျပာဆိုမႈအၿပီး သိပ္မၾကာခင္မွာပဲ ေဒါသထြက္သြားတဲ့ ႐ြိဳင္ ကီးန္က မန္ခ်က္စတာယူႏိုက္တက္ကို ခ်ီးက်ဴးရမယ့္အစား ဆင္ေျခေပးခဲ့တဲ့ အာဆင္နယ္နည္းျပကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“နားေထာင္၊ ကြၽန္ေတာ္ သူတို႔ရဲ႕ ဆင္ေျခေတြကို စိတ္ကုန္ေနၿပီ။ ကြၽန္ေတာ္ တကယ္ေျပာတာ။ အာတီတာက ပြဲအၿပီးမွာ အင္တာဗ်ဴး ေျဖခဲ့တယ္။ သူက ကြၽန္ေတာ္တို႔အားလုံးလိုပဲ နာက်င္ေနတဲ့ အရႈံးသမားပဲ။ ဒါေပမယ့္ သူ မန္ယူႏိုက္တက္ကိုေတာ့ နည္းနည္း ခ်ီးက်ဴးမႈေတြ လုပ္ရမွာျဖစ္ေပမယ့္လည္း သူ ဘယ္တုန္းကမွ မလုပ္ခဲ့ပါဘူး”

“သူ ပြဲရႈံးတဲ့အခါတိုင္း သူတို႔ေတြ ေသခ်ာမလုပ္ႏိုင္ရတာနဲ႔ ဒိုင္လူႀကီးေတြက ဘက္လိုက္ရတာနဲ႔ ဆင္ေျခေပးတာေတြ ရပ္စမ္းပါ။ မင္း လုပ္ခဲ့တာ အဆင္ေျပတယ္။ လက္ခုပ္တီး ဂုဏ္ျပဳတာကို ယူလိုက္။ ဒါေပမယ့္ ငါ့ကိုေတာ့ ရက္သတၱပတ္ရဲ႕ ဘယ္လိုေန႔မွာမဆို ရမွတ္ေတြ ေပး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.