La Liga

ခြေကျင်းဝတ်ဒဏ်ရာနဲ့ မနားဘဲ ကစားပြီး ပါတေးနဲ့ ဆီနဲ့ရေလိုဖြစ်ခဲ့တဲ့ ဂါနာတိုက်စစ်မှူး

စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုအသင်းရဲ့ တိုက်စစ်မှူး အီညာကီ ဝီလီယမ်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ လာလီဂါ ပွဲစဉ် ၅ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားပြီး သူ့ရဲ့ ကလပ်အသင်းအတွက် အမှတ်ပေးပြိုင်ပွဲ ၂၃၇ ပွဲဆက်တိုက် မပျက်မကွက် ကစားပေးတဲ့ စံချိန်ကို ထပ်မံတင်ရှိခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ၆ နှစ်ကျော် မပျက်မကွက် ပါဝင်ကစားပေးခဲ့တဲ့ ဂါနာသားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကာဒစ်ဇ်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူပြီး ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခဲ့ရပြီး သူ့ရဲ့ လာလီဂါ ၂၃၆ ပွဲဆက်တိုက် ကစားခဲ့တဲ့ စံချိန်က ရပ်တန့်ပြီလို့ လူတွေက ထင်ခဲ့ကြပေမယ့် ဆက်လက်ကစားပြီး တစ်နိုင်ငံတည်းသား သောမတ်စ် ပါတေးရဲ့ လေတိုက်ရင် ဒဏ်ရာရပြီး မကြာခဏ နားရတဲ့အဖြစ်နဲ့တော့ ကွာဟလွန်းခဲ့တာပါ။

သည်ဆန်းသတင်းဌာနကတော့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ခြေကျင်းဝတ်အရွတ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အခန့်မသင့်ရင် လပိုင်းအထိ နားရနိုင်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့သတင်းမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပေမယ့် ဒီနေ့မှာတော့ အက်စ်ပန်ညိုနဲ့ပွဲမှာ ထပ်မံပါဝင်ပြီး ၂၃၇ ပွဲမြောက်ကို ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၈ နှစ်ငယ်တဲ့ ညီဖြစ်သူ တောင်ပံသမား နီကို ဝီလီယမ်စ်နဲ့အတူ ပွဲထွက်လာနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီပွဲကို ကစားနိုင်ခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းကတော့ ကံမကောင်းခဲ့ဘဲ အိမ်ကွင်း ဆန်မာမီးစ်မှာ မြို့ခံပြိုင်ဘက် ဘာစီလိုနာဆီကနေ စာချုပ်ဖျက်သိမ်းပြီး အက်စ်ပန်ညိုနဲ့ စတင်ပွဲထွက်တဲ့ တိုက်စစ်မှူးသစ် မာတင် ဘရိတ်သ်ဝိတ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲစဉ်မှာ ၇၁ မိနစ်အထိ ပါဝင်ကစားသွားခဲ့တဲ့ အီညာကီဟာ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ၁ ရက်နေ့မှာ ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ လာလီဂါ ၂၀၂ ပွဲ ဆက်တိုက်ကစားထားတဲ့ စပိန်နောက်ခံလူဟောင်း ဟွမ်လာရာညာဂါရဲ့ စံချိန်ဟောင်းကို ချိုးဖျက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၆ နှစ်ကျော် အချိန်ကာလဖြစ်တဲ့ ၂၃၃၁ ရက်ဆက်တိုက် ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘီလ်ဘာအိုတိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းတွေက ဂါနာလက်ရွေးစင်အသင်းနဲ့ ကာတာကမ္ဘာ့ဖလားမှာ ကစားခွင့်ကို ငြင်းပယ်ထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိဘတွေရဲ့ နိုင်ငံကို ကိုယ်စားပြုပေးဖို့ ရွေးချယ်လိုက်ပြီဖြစ်တဲ့အတွက် ပေါ်တူဂီ၊ တောင်ကိုရီးယား၊ ဥရုဂွေးတို့နဲ့ တွေ့ဆုံနေတဲ့ အုပ်စုကျပ် Group H မှာ တွေ့မြင်ရဖို့လည်း ရှိနေတာပါ။

၂၀၁၆-၁၇ ရာသီကစပြီး လာလီဂါ ပွဲစဉ် ၃၈ ပွဲလုံးမှာ ပါဝင်နိုင်ခဲ့တဲ့ ရာသီပေါင်း ၆ ရာသီ ဆက်တိုက်ရှိခဲ့တဲ့ ဘီလ်ဘာအိုရဲ့ Iron Lion သံခြင်္သေ့လို့ အမည်ရသူ ဝီလီယမ်စ်အနေနဲ့ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒီအသင်းမှာ ကစားသမားဘဝကနေ အနားယူတဲ့အထိ ကစားသွားမယ်လို့လည်း သိရပြီး အာဆင်နယ်ရဲ့ ပါတေးနဲ့တော့ ဂါနာသားချင်း ကွာလွန်းတယ်လို့ ပြောရမလိုဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္ကလပ္ အက္သလက္တစ္ ဘီလ္ဘာအိုအသင္းရဲ႕ တိုက္စစ္မႉး အီညာကီ ဝီလီယမ္စ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က က်င္းပခဲ့တဲ့ လာလီဂါ ပြဲစဥ္ ၅ အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္စ္ပန္ညိဳနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပါဝင္ကစားၿပီး သူ႔ရဲ႕ ကလပ္အသင္းအတြက္ အမွတ္ေပးၿပိဳင္ပြဲ ၂၃၇ ပြဲဆက္တိုက္ မပ်က္မကြက္ ကစားေပးတဲ့ စံခ်ိန္ကို ထပ္မံတင္ရွိခဲ့တာျဖစ္ပါတယ္။

အသင္းအတြက္ ၆ ႏွစ္ေက်ာ္ မပ်က္မကြက္ ပါဝင္ကစားေပးခဲ့တဲ့ ဂါနာသားဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကာဒစ္ဇ္နဲ႔ပြဲစဥ္မွာ အဖြင့္ဂိုးသြင္းယူၿပီး ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ပြဲခ်ိန္ ၅၄ မိနစ္မွာ လူစားလဲခဲ့ရၿပီး သူ႔ရဲ႕ လာလီဂါ ၂၃၆ ပြဲဆက္တိုက္ ကစားခဲ့တဲ့ စံခ်ိန္က ရပ္တန႔္ၿပီလို႔ လူေတြက ထင္ခဲ့ၾကေပမယ့္ ဆက္လက္ကစားၿပီး တစ္ႏိုင္ငံတည္းသား ေသာမတ္စ္ ပါေတးရဲ႕ ေလတိုက္ရင္ ဒဏ္ရာရၿပီး မၾကာခဏ နားရတဲ့အျဖစ္နဲ႔ေတာ့ ကြာဟလြန္းခဲ့တာပါ။

သည္ဆန္းသတင္းဌာနကေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ေျခက်င္းဝတ္အ႐ြတ္မွာ ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ အခန႔္မသင့္ရင္ လပိုင္းအထိ နားရႏိုင္တယ္လို႔ ၿပီးခဲ့တဲ့ ဩဂုတ္လ ၃၁ ရက္ေန႔သတင္းမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ အက္စ္ပန္ညိဳနဲ႔ပြဲမွာ ထပ္မံပါဝင္ၿပီး ၂၃၇ ပြဲေျမာက္ကို ကစားေပးခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ အသက္ ၈ ႏွစ္ငယ္တဲ့ ညီျဖစ္သူ ေတာင္ပံသမား နီကို ဝီလီယမ္စ္နဲ႔အတူ ပြဲထြက္လာႏိုင္ခဲ့တဲ့ တိုက္စစ္မႉးဟာ ဒီပြဲကို ကစားႏိုင္ခဲ့ေပမယ့္ ဘီလ္ဘာအိုအသင္းကေတာ့ ကံမေကာင္းခဲ့ဘဲ အိမ္ကြင္း ဆန္မာမီးစ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ဘာစီလိုနာဆီကေန စာခ်ဳပ္ဖ်က္သိမ္းၿပီး အက္စ္ပန္ညိဳနဲ႔ စတင္ပြဲထြက္တဲ့ တိုက္စစ္မႉးသစ္ မာတင္ ဘရိတ္သ္ဝိတ္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရတာပါ။

ဒီပြဲစဥ္မွာ ၇၁ မိနစ္အထိ ပါဝင္ကစားသြားခဲ့တဲ့ အီညာကီဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ လာလီဂါ ၂၀၂ ပြဲ ဆက္တိုက္ကစားထားတဲ့ စပိန္ေနာက္ခံလူေဟာင္း ဟြမ္လာရာညာဂါရဲ႕ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၆ ႏွစ္ေက်ာ္ အခ်ိန္ကာလျဖစ္တဲ့ ၂၃၃၁ ရက္ဆက္တိုက္ ကစားထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘီလ္ဘာအိုတိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ လပိုင္းေတြက ဂါနာလက္ေ႐ြးစင္အသင္းနဲ႔ ကာတာကမာၻ႔ဖလားမွာ ကစားခြင့္ကို ျငင္းပယ္ထားခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ မိဘေတြရဲ႕ ႏိုင္ငံကို ကိုယ္စားျပဳေပးဖို႔ ေ႐ြးခ်ယ္လိုက္ၿပီျဖစ္တဲ့အတြက္ ေပၚတူဂီ၊ ေတာင္ကိုရီးယား၊ ဥ႐ုေဂြးတို႔နဲ႔ ေတြ႕ဆုံေနတဲ့ အုပ္စုက်ပ္ Group H မွာ ေတြ႕ျမင္ရဖို႔လည္း ရွိေနတာပါ။

၂၀၁၆-၁၇ ရာသီကစၿပီး လာလီဂါ ပြဲစဥ္ ၃၈ ပြဲလုံးမွာ ပါဝင္ႏိုင္ခဲ့တဲ့ ရာသီေပါင္း ၆ ရာသီ ဆက္တိုက္ရွိခဲ့တဲ့ ဘီလ္ဘာအိုရဲ႕ Iron Lion သံျခေသၤ့လို႔ အမည္ရသူ ဝီလီယမ္စ္အေနနဲ႔ သူ႔ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ဒီအသင္းမွာ ကစားသမားဘဝကေန အနားယူတဲ့အထိ ကစားသြားမယ္လို႔လည္း သိရၿပီး အာဆင္နယ္ရဲ႕ ပါေတးနဲ႔ေတာ့ ဂါနာသားခ်င္း ကြာလြန္းတယ္လို႔ ေျပာရမလိုျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.