Premier League

အဲရစ်ဆန်ရဲ့ မိုတီအတိုင်း လုပ်ပြခဲ့ကြတဲ့ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ကြည်နူးစရာည

အာဆင်နယ်ကို နေရာမှန်ပြန်ပို့ပေးဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တဲ့ အဲရစ်ဆင်

အိုးလ်ထရက်ဖို့ဒ်က ထူးခြားတဲ့ ညမှာတော့ ပွဲမတိုင်ခင်က ပြောထားခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ရဲ့ စကားအတိုင်း အာဆင်နယ်တို့ကို နိုင်ပွဲဆက်မယ့် အခွင့်အရေးမျိုး မပေးနိုင်ဘဲ သူတို့ရဲ့ လေးပွဲဆက်နိုင်ပွဲကိုသာ ရယူမှာဖြစ်တယ်လို့ အသင်းဖော်တွေ ယုံကြည်ထားမှုကို ပြသတဲ့အနေနဲ့ ချေပဂိုး ပေးခဲ့ရပေမယ့် အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲမှာ အာဆင်နယ်ထက် ကစားကွက် မသာခဲ့ပေမယ့် ပွဲကို ဖတ်ရှုတတ်တဲ့ ကစားသမားတွေရဲ့ အရည်အချင်းနဲ့ အထူးသဖြင့် ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ကြုံသလို ဘောလုံးခင်းပေးနိုင်တဲ့ အစွမ်းတွေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ရဲ့ အဆုံးသတ်ပိုင်းတွေကလည်း ထူးခြားကောင်းမွန်ခဲ့တာပါ။

အကောင်းဆုံးပုံစံနဲ့ အဖွင့်ပွဲသွင်းဂိုး Debut Goal ကို ရယူသွားနိုင်ခဲ့တဲ့နောက် ပရိသတ်တွေရှေ့မှာ ပေါက်ကွဲပြီး အောင်ပွဲခံခဲ့တဲ့ အန်တိုနီအတွက် ဝေဖန်မှုတွေ ရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ၅၇ မိနစ်တာ စွမ်းဆောင်ရည်ကို စောင့်ကြည့်သူတွေအားလုံးက တစ်ညီတစ်ညွတ်တည်း အသိအမှတ် ပြုခဲ့ကြပြီး ၁၀ မှတ်ပေးရင် အနိမ့်ဆုံး ၈ မှတ်အထိ ပေးခဲ့ကြသလို တချို့က ၈.၅ မှတ်အထိ ပေးခဲ့ကြတာဖြစ်ပါတယ်။

အန်တိုနီရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း သွင်းဂိုးနှစ်ဂိုး ရယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကိုတော့ စောင့်ကြည့်သူတွေက ၈.၅ မှတ်ကနေ စပေးခဲ့ပြီး စပို့ဘိုက်ဘယ်လ်က ၁၀ မှတ်အပြည့် ပေးခဲ့ချိန်မှာ Dr. MBE အနေနဲ့ သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို ယူနိုက်တက်နဲ့အတူ ပြန်လည်ဖန်တီးနိုင်မလားဆိုပြီး ရင်ခုန်ကြရတော့မှာပါ။

ဘရူနို ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်မှာ အာဆင်နယ်ကစားသမားတွေကို နောက်ကောက်ချနိုင်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးဖြန့်ဝေရေး အစီအစဉ်အတွက်တော့ ၈ မှတ်ကနေ စပေးခဲ့ကြပြီး သူ့ရဲ့ သွင်းဂိုးအားလုံးမှာ Key Pass တွေနဲ့ ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ ပေးပို့မှုတွေအတွက်တော့ တချို့က ၉ မှတ်အထိ ပေးခဲ့ကြလို့ ယူနိုက်တက်ကွင်းလယ်မှာ ထင်ရှားခဲ့တာဖြစ်ပါတယ်။

တတိယအနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ အဲရစ်ဆန်အတွက်တော့ အမြင်က မတူကြဘဲ ပထမဂိုးကို ပေးလိုက်ရပြီလို့ တွက်ထားခဲ့တဲ့ အမှားနဲ့ ပျော့ညံ့မှုကြောင့် တချို့က ၆.၅ မှတ်အထိ အဆင့်ချခဲ့ကြပေမယ့် တချို့ကတော့ ဖန်တီးမှုကြောင့် ၇.၅ မှတ်အထိ ခွင့်ပြုခဲ့ကြသလို ကွင်းလယ်မှာ နောက်ထပ် အကောင်းဆုံးအဖြစ် ဂျေဆူးစ်နဲ့ နပမ်းလုံးခဲ့တဲ့ မက်တော်မီနေးက ၈ မှတ် ရရှိသွားခဲ့တာပါ။

ယူနိုက်တက်တို့ရဲ့ စွမ်းဆောင်ရည်တွေထဲမှာ ဒုတိယပိုင်း မိနစ် ၈၀ မှာ ဝင်ကစားပြီး ဖောင်းပေါင်းသောင်းခြောက်ထောင်နဲ့ ဖရိုဖရဲ ကစားပြီး ဒိုင်လူကြီးရဲ့ သက်ညှာမှုကြောင့်သာ ဒုက္ခမရောက်ခဲ့တဲ့ ၆ မှတ်တန် ခေါင်းကြီးက အဆိုးရွားဆုံးဖြစ်ခဲ့ပြီး တချို့ကတော့ ၅ မှတ်အထိ Rating ချခဲ့တဲ့ စိတ်ပျက်စရာလို့ သမုတ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ကို ေနရာမွန္ျပန္ပို႔ေပးဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းခဲ့တဲ့ အဲရစ္ဆင္

အိုးလ္ထရက္ဖို႔ဒ္က ထူးျခားတဲ့ ညမွာေတာ့ ပြဲမတိုင္ခင္က ေျပာထားခဲ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ရဲ႕ စကားအတိုင္း အာဆင္နယ္တို႔ကို ႏိုင္ပြဲဆက္မယ့္ အခြင့္အေရးမ်ိဳး မေပးႏိုင္ဘဲ သူတို႔ရဲ႕ ေလးပြဲဆက္ႏိုင္ပြဲကိုသာ ရယူမွာျဖစ္တယ္လို႔ အသင္းေဖာ္ေတြ ယုံၾကည္ထားမႈကို ျပသတဲ့အေနနဲ႔ ေခ်ပဂိုး ေပးခဲ့ရေပမယ့္ အႏိုင္ဂိုးေတြ ဆက္တိုက္သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အာဆင္နယ္ထက္ ကစားကြက္ မသာခဲ့ေပမယ့္ ပြဲကို ဖတ္ရႈတတ္တဲ့ ကစားသမားေတြရဲ႕ အရည္အခ်င္းနဲ႔ အထူးသျဖင့္ ကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ ႀကဳံသလို ေဘာလုံးခင္းေပးႏိုင္တဲ့ အစြမ္းေတြနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီတို႔ရဲ႕ အဆုံးသတ္ပိုင္းေတြကလည္း ထူးျခားေကာင္းမြန္ခဲ့တာပါ။

အေကာင္းဆုံးပုံစံနဲ႔ အဖြင့္ပြဲသြင္းဂိုး Debut Goal ကို ရယူသြားႏိုင္ခဲ့တဲ့ေနာက္ ပရိသတ္ေတြေရွ႕မွာ ေပါက္ကြဲၿပီး ေအာင္ပြဲခံခဲ့တဲ့ အန္တိုနီအတြက္ ေဝဖန္မႈေတြ ရွိခဲ့ေပမယ့္လည္း သူ႔ရဲ႕ ၅၇ မိနစ္တာ စြမ္းေဆာင္ရည္ကို ေစာင့္ၾကည့္သူေတြအားလုံးက တစ္ညီတစ္ၫြတ္တည္း အသိအမွတ္ ျပဳခဲ့ၾကၿပီး ၁၀ မွတ္ေပးရင္ အနိမ့္ဆုံး ၈ မွတ္အထိ ေပးခဲ့ၾကသလို တခ်ိဳ႕က ၈.၅ မွတ္အထိ ေပးခဲ့ၾကတာျဖစ္ပါတယ္။

အန္တိုနီရဲ႕ ဂိုးကို ဖန္တီးေပးခဲ့ၿပီး ကိုယ္တိုင္လည္း သြင္းဂိုးႏွစ္ဂိုး ရယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကိုေတာ့ ေစာင့္ၾကည့္သူေတြက ၈.၅ မွတ္ကေန စေပးခဲ့ၿပီး စပို႔ဘိုက္ဘယ္လ္က ၁၀ မွတ္အျပည့္ ေပးခဲ့ခ်ိန္မွာ Dr. MBE အေနနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြကို ယူႏိုက္တက္နဲ႔အတူ ျပန္လည္ဖန္တီးႏိုင္မလားဆိုၿပီး ရင္ခုန္ၾကရေတာ့မွာပါ။

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကြင္းလယ္မွာ အာဆင္နယ္ကစားသမားေတြကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့ အေကာင္းဆုံး ေဘာလုံးျဖန႔္ေဝေရး အစီအစဥ္အတြက္ေတာ့ ၈ မွတ္ကေန စေပးခဲ့ၾကၿပီး သူ႔ရဲ႕ သြင္းဂိုးအားလုံးမွာ Key Pass ေတြနဲ႔ ပါဝင္ပတ္သက္ႏိုင္ခဲ့တဲ့ ေပးပို႔မႈေတြအတြက္ေတာ့ တခ်ိဳ႕က ၉ မွတ္အထိ ေပးခဲ့ၾကလို႔ ယူႏိုက္တက္ကြင္းလယ္မွာ ထင္ရွားခဲ့တာျဖစ္ပါတယ္။

တတိယအႏိုင္ဂိုးကို ဖန္တီးေပးခဲ့တဲ့ အဲရစ္ဆန္အတြက္ေတာ့ အျမင္က မတူၾကဘဲ ပထမဂိုးကို ေပးလိုက္ရၿပီလို႔ တြက္ထားခဲ့တဲ့ အမွားနဲ႔ ေပ်ာ့ညံ့မႈေၾကာင့္ တခ်ိဳ႕က ၆.၅ မွတ္အထိ အဆင့္ခ်ခဲ့ၾကေပမယ့္ တခ်ိဳ႕ကေတာ့ ဖန္တီးမႈေၾကာင့္ ၇.၅ မွတ္အထိ ခြင့္ျပဳခဲ့ၾကသလို ကြင္းလယ္မွာ ေနာက္ထပ္ အေကာင္းဆုံးအျဖစ္ ေဂ်ဆူးစ္နဲ႔ နပမ္းလုံးခဲ့တဲ့ မက္ေတာ္မီေနးက ၈ မွတ္ ရရွိသြားခဲ့တာပါ။

ယူႏိုက္တက္တို႔ရဲ႕ စြမ္းေဆာင္ရည္ေတြထဲမွာ ဒုတိယပိုင္း မိနစ္ ၈၀ မွာ ဝင္ကစားၿပီး ေဖာင္းေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ဖ႐ိုဖရဲ ကစားၿပီး ဒိုင္လူႀကီးရဲ႕ သက္ညႇာမႈေၾကာင့္သာ ဒုကၡမေရာက္ခဲ့တဲ့ ၆ မွတ္တန္ ေခါင္းႀကီးက အဆိုး႐ြားဆုံးျဖစ္ခဲ့ၿပီး တခ်ိဳ႕ကေတာ့ ၅ မွတ္အထိ Rating ခ်ခဲ့တဲ့ စိတ္ပ်က္စရာလို႔ သမုတ္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.