Analysis Match Report Premier League

အိုးလ်ထရက်ဖို့ဒ်ကြယ်ပွင့်သစ် အန်တိုနီနဲ့ မန်ယူ 3-1 အာဆင်နယ်ပွဲက မှတ်မှတ်ရရများ

ရက်ရှ်ဖို့ဒ်ရဲ့ ပုံစံကောင်းနဲ့ အနိုင်ဂိုးများ
ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ဆန်ချိုရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီနေ့မှာလည်း ရော်နယ်လ်ဒိုဆိုတာ အဖျားအနား မသီနိုင်အောင် တောက်ပခဲ့တာပါ။ သူ့ရဲ့ အထောင်တိုက်စစ်မှူးစစ်စစ် မဟုတ်တဲ့ ရွေ့လျားပုံတွေက အာဆင်နယ်ခံစစ်ကို မျက်စိလည်စေပြီး အန်တိုနီရဲ့ သွင်းဂိုးကို မြင့်မားတဲ့ အတွေးအခေါ်နဲ့ ဖန်တီးပေးခဲ့သလို တန်ပြန်တိုက်စစ်တွေကနေလည်း ဒုတိယဂိုးကို သွေးအေးအေးနဲ့ သွင်းယူနိုင်ခဲ့သလို တတိယ အနိုင်ဂိုးကတော့ သူ့ရဲ့ တည်ငြိမ်မှုနဲ့ ဘန်ဝှိုက် ဝင်ဖျက်တာကို ပျာယာမခတ်ဘဲ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်အဖျက်၊ အီဒူးရဲ့ အသုံးမကျမှုနဲ့ ပျောက်သွားတဲ့ နိုင်ပွဲဆက်စံချိန်
သောမတ်စ် ပါတေး မရှိဘူးဆိုတာနဲ့ အသင်းကြီးတွေနဲ့ ကွင်းလယ်ချင်း ယှဉ်မကစားနိုင်ဘူးဆိုတာ အာဆင်နယ်တို့ သိထားရမှာဖြစ်သလို ခုမှပဲ သင်ခန်းစာ ရသွားတဲ့ပုံပါ။ ဈေးကွက်မှာ သာမန်အထက် ကစားသမားတွေ များပြားနေချိန်မှာ ခေါင်တွေကိုမှ တက်ကိုင်ပြီးမှ ငွေတစ်မတ်လောက်ပဲ အဆင့်ရှိတဲ့ ပေါင် ၂၅ သန်းနဲ့ ဘယ်သူ့မှ မခေါ်နိုင်ချိန်မှာတော့ မန်ယူဆီ ဒူးထောက်ရတဲ့ ကွင်းလယ်မျိုးပဲ ဖြစ်သွားခဲ့ပါတယ်။ ဒီနေ့ရှုံးပွဲအတွက် အရန်တွေကို အဆင်သင့် ထရိန်းမထားနိုင်တဲ့ အာတီတာနဲ့ လူမခေါ်နိုင်တဲ့ အီဒူးတို့မှာ တာဝန်ရှိခဲ့ပြီး ရှေ့လာမယ့် အသင်းကြီးတွေနဲ့ပွဲတိုင်း အာဆင်နယ်တို့ ရလဒ်ဆိုးဖို့ ပြင်ထားရမယ့်အကြောင်း တွေးရမယ့်အချိန်ပါပဲ။

အိုးလ်ထရက်ဖို့ဒ်ကို ကြွေဆင်းခဲ့တဲ့ ကြယ်ပွင့် အန်တိုနီ
စစချင်းပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့သလို နေရာချင်းနှိုင်းယှဉ်ရင် အာဆင်နယ်ရဲ့ ဂိုးသွင်းရှင် ဆာကာထက်တောင် သာလွန်ကြောင်း ပြသနိုင်ခဲ့တာပါ။ အန်တိုနီနဲ့ ဆာကာကြား အဓိက ကွာခြားချက်ကတော့ ဆုံးဖြတ်ချက်တွေနဲ့ အခြေအနေပေါ် မူတည်လုပ်ဆောင်မှုတွေဖြစ်ပြီး ဘရာဇီးလ်ဦးနှောက်ဟာ အင်္ဂလန်နဲ့ နိုင်ဂျီးရီးယားဦးနှောက်ထက် သာလွန်ကြောင်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးမှုက တချို့ကစားသမားတွေဆိုရင် ကြောင်သွားနိုင်တဲ့ ပုံစံမျိုးဖြစ်ပေမယ့် အန်တိုနီကတော့ ဉာဏ်ရည်မြင့်မားကြောင်း ပြသတဲ့အနေနဲ့ အဆင်သင့် အနေအထားကနေ စောင့်ကြည့်ပြီးမှ ဂိုးသမား ရမ်းစ်ဒေးလ်ကို ကူကယ်ရာမဲ့ ဖြစ်စေခဲ့တာပါ။

ကွင်းလယ်ကို ဂရုမစိုက်တဲ့ အာတီတာအတွက် သင်ခန်းစာ
ပွဲကို နံပါတ် ၆ ကစားသမား မပါနိုင်လို့ နံပါတ် ၈ ကို အတင်းရိုက်သွင်းပြီး ပွဲထွက်လာရတဲ့ အာဆင်နယ်တို့အနေနဲ့ ပထမပိုင်းမှာ သိပ်မဆိုးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဒီနေရာက ဆမ်ဘီ လိုကွန်ဂါရဲ့ ပေးပို့မှုအမှား၊ နေရာကို အချိန်မီ ပြန်မဝင်မှု Positioning အမှားတွေနဲ့ ဂိုးပေးခဲ့ရအပြီး အာတာတီတာ လုပ်ခဲ့တာက ကွင်းလယ်အထိုင်ကို ဖျက်ပစ်ပြီး ဖန်တီးနေတဲ့ အော်ဒီဂွါဒ်၊ ကူနေတဲ့ ဇင်ချန်ကိုနဲ့ ဘယ်လ်ဂျီယမ်သားတို့ကို တစ်ပြိုင်တည်းထုတ်ခဲ့တာပါ။ ချာကာတစ်ယောက်တည်းနဲ့ ကွင်းလယ်ကို မထိန်းနိုင်တော့ချိန်မှာ ဂိုးထပ်ရဖို့အစား ကံကောင်းလို့ နောက်တစ်ဂိုး မပေးရတာဖြစ်ပြီး တိုက်စစ်သမားတွေ ဂိုးသွင်းနေနိုင်တာဟာ နောက်ကနေ ကွင်းလယ်ရဲ့ စိတ်ချရအောင် ထောက်ပံ့ပေးထားနိုင်လို့ဆိုတဲ့ အချက်ရိုးရိုးလေးကို မေ့နေခဲ့တာ ဖြစ်ပါတယ်။

ဗျူဟာမြောက် ထိုးနှက်သွားခဲ့တဲ့ တန်ဟတ်
အာဆင်နယ်ဟာ High Positioning နေရာယူကစားပြီး ကွင်းလယ်အဖျက်သမားလည်း မပါနိုင်ဘူးဆိုတဲ့ အချက်ကို တန်ဟတ်က အကောင်းဆုံး အသုံးချသွားခဲ့ပါတယ်။ ပထမဂိုးမှာ ကွင်းလယ်က လိုကွန်ဂါက နံပါတ် ၈ လို Pressing လိုက်ကစားပြီး နောက်ပြန်မဆင်းနိုင်လို့ အတားအဆီး မရှိချိန်မှာ ထိုးနှက်သွားခဲ့သလို ဒုတိယဂိုးကလည်း ဘယ်လ်ဂျီယမ်သား ကြောင်ပျောက်နေတုန်းမှာ ရိုက်ထည့်သွားခဲ့တာဖြစ်ပြီး တတိယဂိုးကလည်း အဖျက်လုံးဝ မရှိတော့ချိန်မှာ Kill off the Game လုပ်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တို့ ကစားကွက်လှပြီး အဆင့်အတန်းမြင့်ကောင်းမြင့်နိုင်ပေမယ့် ဗျူဟာပိုင်းမှာ တန်ဟတ်ကို အာတီတာ ယှဉ်လို့ကို မရခဲ့တာပါ။

ဂိုးသွင်းတာကလွဲလို့ လိုအပ်ချက် တစ်လှေကြီးနဲ့ ဆာကာ
ဆာကာ ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာဟာ သူ့ရှေ့ရောက်လာလို့ ကောက်စားခဲ့ရုံသက်သက်ဖြစ်ပြီး ဒီထက် မပိုခဲ့ပါဘူး။ သူ့ရဲ့ တာဝန်ဖြစ်ပြီး သူ့ထက် အတွေ့အကြုံနည်း၊ အကောင်ငယ်တဲ့ မာလာစီယာကို ကောင်းကောင်းဒုက္ခပေးရမယ့် အလုပ်ကို မလုပ်နိုင်ခဲ့သလို ညာတောင်ပံက ဂွါဒီယိုလာနဲ့ အာတီတာတို့ရဲ့ ကစားပုံဖြစ်တဲ့ ဖန်ရင်ဖန် ကန်ရင်ကန်ဆိုတဲ့ နည်းစနစ်ကို မလိုက်နိုင်ခဲ့ဘဲ တုံ့နှေးနေခဲ့တာပါ။ ပထမပိုင်းမှာ ဖြိုထားရမယ့် မာလာစီယာကို ဒုတိယပိုင်းမှ လိုက်ဖြိုတာက အဝါထိရုံအပြင် ခံစစ်သမားတွေ ထပ်ထည့်ထားပြီဖြစ်တဲ့ မန်ယူတို့ဘက်က အပြုံးမပျက်စေတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး ရဲရဲကြီး ပြောရရင် ဆာကာရဲ့ လက်ရှိခြေစွမ်းနဲ့ ကစားပုံကို အားကိုးမိရင်တော့ အာဆင်နယ်တို့ကို အမြင့်ဆုံးဆီ ရောက်ဖို့ တားဆီးဦးမှာပဲဖြစ်ပါတယ်။

VAR မှာ စိတ်ဓာတ်ပိုင်းအရ နစ်နာခဲ့ရတဲ့ အာဆင်နယ်
သာမန်တွေ့ဆုံတဲ့ ခပ်ကြမ်းကြမ်း ဘောလုံးလုမှုတစ်ခုဟာ ဂိုးဝင်သွားချိန်မှာတော့ VAR မှာ အပြစ်ကြီးဖြစ်လို့နေပါတယ်။ ဒါဆိုရင် စောစောစီးစီး ဖောင်းပေးလိုက်ပြီး အာဆင်နယ်တို့ စိတ်ဓာတ်ကို မသတ်ဘဲ မန်ယူတို့ကိုရော စိတ်ဓာတ်မတက်အောင် တားလိုက်လို့ မရဘူးလား။ ဒါပေမယ့် ဒိုင်လူကြီးတွေ ဒီလိုလုပ်လေ့မရှိပါဘူး။ အမြင့်ဆုံး မြှောက်တင်ပြီးမှ ရိုက်ချရတာက သူတို့ရဲ့ သည်းခြေကြိုက်လုပ်ရပ်ဖြစ်ပြီး ဆုံးဖြတ်ချက်ရဲတယ်၊ လုပ်ရဲကိုင်ရဲတယ်ဆိုတဲ့ ဂုဏ်ကို ခံဖို့ အခွင့်ကောင်းလည်းဖြစ်နေလို့ပါ။ ဒီနေ့ပွဲမှာ ကတုံးနည်းပြ တန်ဟတ်နဲ့ အသွင်ချင်းတူနေတဲ့ ဒိုင်လူကြီး ပေါလ် တီယာနီ၊ စတုတ္ထဒိုင် ဆိုင်မွန် ဟူးပါးတို့ကတော့ ကီးကိုက်နေခဲ့သလို အာတီတာလည်း ကတုံးလိုက်တုံးရင် ကောင်းမယ်လို့ ပရိသတ်တွေအတွက် တွေးစရာဖြစ်စေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရက္ရွ္ဖို႔ဒ္ရဲ႕ ပုံစံေကာင္းနဲ႔ အႏိုင္ဂိုးမ်ား
ၿပီးခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ ဆန္ခ်ိဳရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီေန႔မွာလည္း ေရာ္နယ္လ္ဒိုဆိုတာ အဖ်ားအနား မသီႏိုင္ေအာင္ ေတာက္ပခဲ့တာပါ။ သူ႔ရဲ႕ အေထာင္တိုက္စစ္မႉးစစ္စစ္ မဟုတ္တဲ့ ေ႐ြ႕လ်ားပုံေတြက အာဆင္နယ္ခံစစ္ကို မ်က္စိလည္ေစၿပီး အန္တိုနီရဲ႕ သြင္းဂိုးကို ျမင့္မားတဲ့ အေတြးအေခၚနဲ႔ ဖန္တီးေပးခဲ့သလို တန္ျပန္တိုက္စစ္ေတြကေနလည္း ဒုတိယဂိုးကို ေသြးေအးေအးနဲ႔ သြင္းယူႏိုင္ခဲ့သလို တတိယ အႏိုင္ဂိုးကေတာ့ သူ႔ရဲ႕ တည္ၿငိမ္မႈနဲ႔ ဘန္ဝႈိက္ ဝင္ဖ်က္တာကို ပ်ာယာမခတ္ဘဲ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္အဖ်က္၊ အီဒူးရဲ႕ အသုံးမက်မႈနဲ႔ ေပ်ာက္သြားတဲ့ ႏိုင္ပြဲဆက္စံခ်ိန္
ေသာမတ္စ္ ပါေတး မရွိဘူးဆိုတာနဲ႔ အသင္းႀကီးေတြနဲ႔ ကြင္းလယ္ခ်င္း ယွဥ္မကစားႏိုင္ဘူးဆိုတာ အာဆင္နယ္တို႔ သိထားရမွာျဖစ္သလို ခုမွပဲ သင္ခန္းစာ ရသြားတဲ့ပုံပါ။ ေဈးကြက္မွာ သာမန္အထက္ ကစားသမားေတြ မ်ားျပားေနခ်ိန္မွာ ေခါင္ေတြကိုမွ တက္ကိုင္ၿပီးမွ ေငြတစ္မတ္ေလာက္ပဲ အဆင့္ရွိတဲ့ ေပါင္ ၂၅ သန္းနဲ႔ ဘယ္သူ႔မွ မေခၚႏိုင္ခ်ိန္မွာေတာ့ မန္ယူဆီ ဒူးေထာက္ရတဲ့ ကြင္းလယ္မ်ိဳးပဲ ျဖစ္သြားခဲ့ပါတယ္။ ဒီေန႔ရႈံးပြဲအတြက္ အရန္ေတြကို အဆင္သင့္ ထရိန္းမထားႏိုင္တဲ့ အာတီတာနဲ႔ လူမေခၚႏိုင္တဲ့ အီဒူးတို႔မွာ တာဝန္ရွိခဲ့ၿပီး ေရွ႕လာမယ့္ အသင္းႀကီးေတြနဲ႔ပြဲတိုင္း အာဆင္နယ္တို႔ ရလဒ္ဆိုးဖို႔ ျပင္ထားရမယ့္အေၾကာင္း ေတြးရမယ့္အခ်ိန္ပါပဲ။

အိုးလ္ထရက္ဖို႔ဒ္ကို ေႂကြဆင္းခဲ့တဲ့ ၾကယ္ပြင့္ အန္တိုနီ
စစခ်င္းပြဲမွာပဲ ဂိုးသြင္းယူႏိုင္ခဲ့သလို ေနရာခ်င္းႏႈိင္းယွဥ္ရင္ အာဆင္နယ္ရဲ႕ ဂိုးသြင္းရွင္ ဆာကာထက္ေတာင္ သာလြန္ေၾကာင္း ျပသႏိုင္ခဲ့တာပါ။ အန္တိုနီနဲ႔ ဆာကာၾကား အဓိက ကြာျခားခ်က္ကေတာ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ အေျခအေနေပၚ မူတည္လုပ္ေဆာင္မႈေတြျဖစ္ၿပီး ဘရာဇီးလ္ဦးေႏွာက္ဟာ အဂၤလန္နဲ႔ ႏိုင္ဂ်ီးရီးယားဦးေႏွာက္ထက္ သာလြန္ေၾကာင္း ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ဖန္တီးမႈက တခ်ိဳ႕ကစားသမားေတြဆိုရင္ ေၾကာင္သြားႏိုင္တဲ့ ပုံစံမ်ိဳးျဖစ္ေပမယ့္ အန္တိုနီကေတာ့ ဉာဏ္ရည္ျမင့္မားေၾကာင္း ျပသတဲ့အေနနဲ႔ အဆင္သင့္ အေနအထားကေန ေစာင့္ၾကည့္ၿပီးမွ ဂိုးသမား ရမ္းစ္ေဒးလ္ကို ကူကယ္ရာမဲ့ ျဖစ္ေစခဲ့တာပါ။

ကြင္းလယ္ကို ဂ႐ုမစိုက္တဲ့ အာတီတာအတြက္ သင္ခန္းစာ
ပြဲကို နံပါတ္ ၆ ကစားသမား မပါႏိုင္လို႔ နံပါတ္ ၈ ကို အတင္း႐ိုက္သြင္းၿပီး ပြဲထြက္လာရတဲ့ အာဆင္နယ္တို႔အေနနဲ႔ ပထမပိုင္းမွာ သိပ္မဆိုးခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဒီေနရာက ဆမ္ဘီ လိုကြန္ဂါရဲ႕ ေပးပို႔မႈအမွား၊ ေနရာကို အခ်ိန္မီ ျပန္မဝင္မႈ Positioning အမွားေတြနဲ႔ ဂိုးေပးခဲ့ရအၿပီး အာတာတီတာ လုပ္ခဲ့တာက ကြင္းလယ္အထိုင္ကို ဖ်က္ပစ္ၿပီး ဖန္တီးေနတဲ့ ေအာ္ဒီဂြါဒ္၊ ကူေနတဲ့ ဇင္ခ်န္ကိုနဲ႔ ဘယ္လ္ဂ်ီယမ္သားတို႔ကို တစ္ၿပိဳင္တည္းထုတ္ခဲ့တာပါ။ ခ်ာကာတစ္ေယာက္တည္းနဲ႔ ကြင္းလယ္ကို မထိန္းႏိုင္ေတာ့ခ်ိန္မွာ ဂိုးထပ္ရဖို႔အစား ကံေကာင္းလို႔ ေနာက္တစ္ဂိုး မေပးရတာျဖစ္ၿပီး တိုက္စစ္သမားေတြ ဂိုးသြင္းေနႏိုင္တာဟာ ေနာက္ကေန ကြင္းလယ္ရဲ႕ စိတ္ခ်ရေအာင္ ေထာက္ပံ့ေပးထားႏိုင္လို႔ဆိုတဲ့ အခ်က္႐ိုး႐ိုးေလးကို ေမ့ေနခဲ့တာ ျဖစ္ပါတယ္။

ဗ်ဴဟာေျမာက္ ထိုးႏွက္သြားခဲ့တဲ့ တန္ဟတ္
အာဆင္နယ္ဟာ High Positioning ေနရာယူကစားၿပီး ကြင္းလယ္အဖ်က္သမားလည္း မပါႏိုင္ဘူးဆိုတဲ့ အခ်က္ကို တန္ဟတ္က အေကာင္းဆုံး အသုံးခ်သြားခဲ့ပါတယ္။ ပထမဂိုးမွာ ကြင္းလယ္က လိုကြန္ဂါက နံပါတ္ ၈ လို Pressing လိုက္ကစားၿပီး ေနာက္ျပန္မဆင္းႏိုင္လို႔ အတားအဆီး မရွိခ်ိန္မွာ ထိုးႏွက္သြားခဲ့သလို ဒုတိယဂိုးကလည္း ဘယ္လ္ဂ်ီယမ္သား ေၾကာင္ေပ်ာက္ေနတုန္းမွာ ႐ိုက္ထည့္သြားခဲ့တာျဖစ္ၿပီး တတိယဂိုးကလည္း အဖ်က္လုံးဝ မရွိေတာ့ခ်ိန္မွာ Kill off the Game လုပ္သြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္တို႔ ကစားကြက္လွၿပီး အဆင့္အတန္းျမင့္ေကာင္းျမင့္ႏိုင္ေပမယ့္ ဗ်ဴဟာပိုင္းမွာ တန္ဟတ္ကို အာတီတာ ယွဥ္လို႔ကို မရခဲ့တာပါ။

ဂိုးသြင္းတာကလြဲလို႔ လိုအပ္ခ်က္ တစ္ေလွႀကီးနဲ႔ ဆာကာ
ဆာကာ ဒီေန႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာဟာ သူ႔ေရွ႕ေရာက္လာလို႔ ေကာက္စားခဲ့႐ုံသက္သက္ျဖစ္ၿပီး ဒီထက္ မပိုခဲ့ပါဘူး။ သူ႔ရဲ႕ တာဝန္ျဖစ္ၿပီး သူ႔ထက္ အေတြ႕အႀကဳံနည္း၊ အေကာင္ငယ္တဲ့ မာလာစီယာကို ေကာင္းေကာင္းဒုကၡေပးရမယ့္ အလုပ္ကို မလုပ္ႏိုင္ခဲ့သလို ညာေတာင္ပံက ဂြါဒီယိုလာနဲ႔ အာတီတာတို႔ရဲ႕ ကစားပုံျဖစ္တဲ့ ဖန္ရင္ဖန္ ကန္ရင္ကန္ဆိုတဲ့ နည္းစနစ္ကို မလိုက္ႏိုင္ခဲ့ဘဲ တုံ႔ေႏွးေနခဲ့တာပါ။ ပထမပိုင္းမွာ ၿဖိဳထားရမယ့္ မာလာစီယာကို ဒုတိယပိုင္းမွ လိုက္ၿဖိဳတာက အဝါထိ႐ုံအျပင္ ခံစစ္သမားေတြ ထပ္ထည့္ထားၿပီျဖစ္တဲ့ မန္ယူတို႔ဘက္က အၿပဳံးမပ်က္ေစတဲ့ လုပ္ရပ္မ်ိဳးျဖစ္ၿပီး ရဲရဲႀကီး ေျပာရရင္ ဆာကာရဲ႕ လက္ရွိေျခစြမ္းနဲ႔ ကစားပုံကို အားကိုးမိရင္ေတာ့ အာဆင္နယ္တို႔ကို အျမင့္ဆုံးဆီ ေရာက္ဖို႔ တားဆီးဦးမွာပဲျဖစ္ပါတယ္။

VAR မွာ စိတ္ဓာတ္ပိုင္းအရ နစ္နာခဲ့ရတဲ့ အာဆင္နယ္
သာမန္ေတြ႕ဆုံတဲ့ ခပ္ၾကမ္းၾကမ္း ေဘာလုံးလုမႈတစ္ခုဟာ ဂိုးဝင္သြားခ်ိန္မွာေတာ့ VAR မွာ အျပစ္ႀကီးျဖစ္လို႔ေနပါတယ္။ ဒါဆိုရင္ ေစာေစာစီးစီး ေဖာင္းေပးလိုက္ၿပီး အာဆင္နယ္တို႔ စိတ္ဓာတ္ကို မသတ္ဘဲ မန္ယူတို႔ကိုေရာ စိတ္ဓာတ္မတက္ေအာင္ တားလိုက္လို႔ မရဘူးလား။ ဒါေပမယ့္ ဒိုင္လူႀကီးေတြ ဒီလိုလုပ္ေလ့မရွိပါဘူး။ အျမင့္ဆုံး ေျမႇာက္တင္ၿပီးမွ ႐ိုက္ခ်ရတာက သူတို႔ရဲ႕ သည္းေျခႀကိဳက္လုပ္ရပ္ျဖစ္ၿပီး ဆုံးျဖတ္ခ်က္ရဲတယ္၊ လုပ္ရဲကိုင္ရဲတယ္ဆိုတဲ့ ဂုဏ္ကို ခံဖို႔ အခြင့္ေကာင္းလည္းျဖစ္ေနလို႔ပါ။ ဒီေန႔ပြဲမွာ ကတုံးနည္းျပ တန္ဟတ္နဲ႔ အသြင္ခ်င္းတူေနတဲ့ ဒိုင္လူႀကီး ေပါလ္ တီယာနီ၊ စတုတၳဒိုင္ ဆိုင္မြန္ ဟူးပါးတို႔ကေတာ့ ကီးကိုက္ေနခဲ့သလို အာတီတာလည္း ကတုံးလိုက္တုံးရင္ ေကာင္းမယ္လို႔ ပရိသတ္ေတြအတြက္ ေတြးစရာျဖစ္ေစခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.