Match Report Premier League

ကွင်းလယ်ကို လျစ်လျူရှုတဲ့ အာကြီးနဲ့အာတီတာကို တန်ဟတ် ပညာပေးခဲ့တဲ့ မန်ယူရဲ့နိုင်ပွဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဒါလော့၊ မာလာစီယာတို့နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အာဆင်နယ်အသင်းကတော့ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆမ်ဘီ လိုကွန်ဂါ၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဆာကာနဲ့ မာတီနယ်လီတို့ကို ပွဲထွက်စေခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ အာဆင်နယ်တို့ဘက်က မာတီနယ်လီက ဂိုးစတင်သွင်းယူနိုင်ခဲ့ပေမယ့် VAR နဲ့ ဒိုင်လူကြီး ပေါလ် တီယာနီကတော့ ဘောလုံးစတင်ရယူစဉ်မှာ အော်ဒီဂွါဒ်က အဲရစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ပယ်ဖျက်သွားခဲ့လို့ အိမ်ရှင်တွေ မျက်နှာသာရ ကံကောင်းသွားခဲ့သလို ဧည့်သည်တွေအတွက်တော့ နစ်နာခဲ့ရတာပါ။

အိမ်ရှင်တွေအနေနဲ့ ခံစစ်မှာ လူကို အသားပေးပြီး တားဆီးခဲ့သလို ဂျေဆူးစ် ဘောလုံးရယူဖို့ ကြိုးစားနဲ့ ဗာရွန်းက ဆွဲလားရမ်းလား လုပ်နေခဲ့ချိန်မှာ ညာခြမ်းကနေ မာလာစီယာကို ပစ်မှတ်ထားဖို့ အာဆင်နယ်တို့ ကြိုးစားခဲ့ပေမယ့် အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်ချက်ပိုင်းမှာ လျော့နည်းလွန်းတဲ့ ဆာကာကြောင့် အလုပ်မဖြစ်ဘဲ ဖြစ်နေခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ဆာကာရဲ့ ခြေထောက်ကို မာတီနက်ဇ်က ဝင်တိုက်မိခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပင်နယ်တီပေးဖို့ ငြင်းပယ်သွားခဲ့သလို ပွဲချိန် မိနစ် ၃၀ နဲ့ ၃၂ မိနစ်တွေမှာ မာတီနယ်လီရဲ့ ကန်ချက်နဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်စီကိုတော့ ဂိုးသမား ဒဟေးယား ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ကို အမြန်ဆုံးသွားခဲ့တဲ့ အိမ်ရှင်တွေအနေနဲ့ ဂိုးရှေ့မှာ အီနေတဲ ဧည့်သည်တွေကို ပညာပေးသွားနိုင်ခဲ့သလို ကိုယ့်နေရာ မဟုတ်ဘဲ ဘယ်ခြမ်းကို လွှတ်ပြီး ဝင်ပိတ်ဖို့ ကြိုးစားတဲ့ ဇင်ချန်ကိုရဲ့ ညာဘက်မှာ ရှိနေတဲ့ အန်တိုနီဆီ ရက်ရှ်ဖို့ဒ်က ထိုးပေးခဲ့ရာမှာ ဘရာဇီးလ်သားက အဝေးတိုင်ခြေကို အပိုင်ကန်သွင်းပြီး ပွဲထွက်သွင်းဂိုးနဲ့ အဖွင့်လှနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်တို့ ဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပေမယ့် အန်တိုနီရဲ့ Class မျိုး ရှိမနေသေးတဲ့ ဆာကာရဲ့ မလိုအပ်ဘဲ ဘောလုံးဆိုင်းမှုနဲ့ ဖြုန်းတီးမှုတွေကြောင့် အလုပ်မဖြစ်သလို ယူနိုက်တက်ခံစစ်ကလည်း အမှားအယွင်း မရှိခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ အာတီတာ ဆူတာခံလိုက်ရပုံပေါ်တဲ့ ဆာကာအနေနဲ့ ဒုတိယပိုင်းမှာ တော်တော်လေး အားထည့်ပြီး ရုန်းလာခဲ့တာကို တွေ့ရပြီး ယူနိုက်တက်တို့ ဂိုးရှေ့မှာ အာဆင်နယ်တို့ တော်တော်လေး ဘောလုံးကိုင်ကစားလာနိုင်ခဲ့ကြသလို ဖိအားပေးလာနိုင်ခဲ့တာကြောင့် တန်ဟတ်ကတော့ အန်တိုနီအစား ရော်နယ်လ်ဒိုကို ထည့်ပြီး ခံစစ်သမားတွေ တိုက်စစ်သိပ်မကူနိုင်ဖို့ ပြန်ထောက်လာခဲ့ပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုး သွင်းယူသွားခဲ့ပြီး ကွင်းလယ်ဗဟိုတည့်တည့်ကို စီးထားနိုင်တဲ့ ဧည့်သည်တွေရဲ့ ကွင်းလယ်လူ အော်ဒီဂွါဒ်က ဘယ်ခြေနဲ့ ပေးမလိုနဲ့ ညာခြေနဲ့ ဧရိယာထဲကို လှမ်းချပေးတာကို ဂျေဆူးစ် ယူဖို့ ကြိုးစားချိန်မှာ ရှင်းထုတ်လိုက်တဲ့ မာတီနက်ဇ်ရဲ့ အားထုတ်မှုကနေ ထွက်လာတဲ့ ဘောလုံးကို ဆာကာက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘောလုံးပေးတာ ပျက်အပြီးမှာ ကိုယ့်နေရာကိုယ် ပြန်မဝင်တဲ့ ဆမ်ဘီလို ကွန်ဂါရဲ့ ကွက်လပ်ကြားကနေ ဘရူနို ဖာနန်ဒက်စ်က ထိုးပေးတာကို အာဆင်နယ်ခံစစ်က ဆာလီဘာနဲ့ ဘန်ဝှိုက်တို့ကြားကနေ ပြေးထွက်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ တစ်ဦးချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အာဆင်နယ်တို့ ဆိုးရွားတဲ့ လူစားလဲမှုအမှားကို ကျူးလွန်ခဲ့ပြီး ကွင်းလယ်အဖျက် မူးလို့မှ ရှူစရာမရှိတဲ့ အသင်းမှာ ကစားပေးနေတဲ့ လိုကွန်ဂါကို ဖာဘီယို ဗီယာရာနဲ့ လဲခဲ့သလို ဖန်တီးရှင် အော်ဒီဂွါဒ်နဲ့ ဇင်ချန်ကိုတို့ကို ထုတ်ပြီး စမစ်ရိုးနဲ့ နကီးတီးယားတို့ကို 3 Back ပြောင်းကစားဖို့ ထည့်လိုက်တာကတော့ သူတို့ကို အဆင့် ၅ ကန်တဲ့ အသင်းမျိုးဆီ ပြန်ဆွဲချလိုက်တယ်လို့ပဲ ဆိုရမှာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်အဖျက်မရှိတဲ့ အာဆင်နယ်ခံစစ်ကြားကနေ ဒါလော့က ချပေးခဲ့တာကို အဲရစ်ဆန်က လူကျွံထောင်ချောက်ကြားကနေ ပြေးထွက်ပြီး ဂိုးသမားနဲ့ အတွေ့မှာ ဘယ်ခြမ်းကို ချိုးအပေးမှာ ရက်ရှ်ဖို့ဒ်က ပိတ်သွင်းသွားနိုင်ခဲ့သလို ဒီဂိုးမှာ ဘန်ဝှိုက်ဖျက်တဲ့ Last Ditch Tackle က အနည်းငယ် နောက်ကျနေလို့ ဧည့်သည်တွေ ကံဆိုးခဲ့တာပါ။

အာတီတာအနေနဲ့ အသင်းတစ်သင်းရဲ့ အင်အားဟာ တိုက်စစ်သမားတွေဆီက အဓိက လာတာ မဟုတ်ဘဲ ကွင်းလယ်ခိုင်မာမှုကြောင့်သာ ရှေ့က သက်တောင့်သက်သာ စိတ်ချလက်ချ ကစားနိုင်တယ်ဆိုတဲ့ အခြေခံသင်ခန်းစာကို ပြန်သင်ရဦးမှာဖြစ်ပြီး ဒီလိုပုံစံမျိုးနဲ့ လိုအပ်တဲ့ ကစားသမားတွေကိုလည်း မခေါ်ယူနိုင်ချိန်မှာ ဒိုင်အားသာတတ်တဲ့ သူများကွင်းမှာ အထိနာတတ်တယ်ဆိုတာကိုလည်း သင်ခန်းစာယူတတ်ရဦးမှာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ တန်ဟတ်တို့ ပွဲကို ထိန်းကစားပြီး အနိုင်ယူသွားခဲ့သလို အိုးလ်ထရက်ဖို့မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်တို့ လေးပွဲဆက်အနိုင်နဲ့ အဆင့် ၅ ကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ ငယ်ခြေပြန်ပေါ်လာတဲ့ အာဆင်နယ်တို့ကတော့ ရှုံးပွဲတွေ့ခဲ့ပေမယ့် ရမှတ် ၁၅ မှတ်ကြောင့် အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ မာတီနက္ဇ္၊ ဒါေလာ့၊ မာလာစီယာတို႔နဲ႔ ပြဲထြက္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အာဆင္နယ္အသင္းကေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆမ္ဘီ လိုကြန္ဂါ၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ဆာကာနဲ႔ မာတီနယ္လီတို႔ကို ပြဲထြက္ေစခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ အာဆင္နယ္တို႔ဘက္က မာတီနယ္လီက ဂိုးစတင္သြင္းယူႏိုင္ခဲ့ေပမယ့္ VAR နဲ႔ ဒိုင္လူႀကီး ေပါလ္ တီယာနီကေတာ့ ေဘာလုံးစတင္ရယူစဥ္မွာ ေအာ္ဒီဂြါဒ္က အဲရစ္ဆန္ကို ျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီး ပယ္ဖ်က္သြားခဲ့လို႔ အိမ္ရွင္ေတြ မ်က္ႏွာသာရ ကံေကာင္းသြားခဲ့သလို ဧည့္သည္ေတြအတြက္ေတာ့ နစ္နာခဲ့ရတာပါ။

အိမ္ရွင္ေတြအေနနဲ႔ ခံစစ္မွာ လူကို အသားေပးၿပီး တားဆီးခဲ့သလို ေဂ်ဆူးစ္ ေဘာလုံးရယူဖို႔ ႀကိဳးစားနဲ႔ ဗာ႐ြန္းက ဆြဲလားရမ္းလား လုပ္ေနခဲ့ခ်ိန္မွာ ညာျခမ္းကေန မာလာစီယာကို ပစ္မွတ္ထားဖို႔ အာဆင္နယ္တို႔ ႀကိဳးစားခဲ့ေပမယ့္ အာ႐ုံစူးစိုက္မႈနဲ႔ ဆုံးျဖတ္ခ်က္ပိုင္းမွာ ေလ်ာ့နည္းလြန္းတဲ့ ဆာကာေၾကာင့္ အလုပ္မျဖစ္ဘဲ ျဖစ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဧရိယာထဲမွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ဆာကာရဲ႕ ေျခေထာက္ကို မာတီနက္ဇ္က ဝင္တိုက္မိခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ ပင္နယ္တီေပးဖို႔ ျငင္းပယ္သြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၃၀ နဲ႔ ၃၂ မိနစ္ေတြမွာ မာတီနယ္လီရဲ႕ ကန္ခ်က္နဲ႔ ေခါင္းတိုက္ခ်က္တစ္ႀကိမ္စီကိုေတာ့ ဂိုးသမား ဒေဟးယား ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး တိုက္စစ္ကို အျမန္ဆုံးသြားခဲ့တဲ့ အိမ္ရွင္ေတြအေနနဲ႔ ဂိုးေရွ႕မွာ အီေနတဲ ဧည့္သည္ေတြကို ပညာေပးသြားႏိုင္ခဲ့သလို ကိုယ့္ေနရာ မဟုတ္ဘဲ ဘယ္ျခမ္းကို လႊတ္ၿပီး ဝင္ပိတ္ဖို႔ ႀကိဳးစားတဲ့ ဇင္ခ်န္ကိုရဲ႕ ညာဘက္မွာ ရွိေနတဲ့ အန္တိုနီဆီ ရက္ရွ္ဖို႔ဒ္က ထိုးေပးခဲ့ရာမွာ ဘရာဇီးလ္သားက အေဝးတိုင္ေျခကို အပိုင္ကန္သြင္းၿပီး ပြဲထြက္သြင္းဂိုးနဲ႔ အဖြင့္လွႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ဂိုးေပးလိုက္ရတဲ့ အာဆင္နယ္တို႔ ဂိုးျပန္ရဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ အန္တိုနီရဲ႕ Class မ်ိဳး ရွိမေနေသးတဲ့ ဆာကာရဲ႕ မလိုအပ္ဘဲ ေဘာလုံးဆိုင္းမႈနဲ႔ ျဖဳန္းတီးမႈေတြေၾကာင့္ အလုပ္မျဖစ္သလို ယူႏိုက္တက္ခံစစ္ကလည္း အမွားအယြင္း မရွိခဲ့တာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ အာတီတာ ဆူတာခံလိုက္ရပုံေပၚတဲ့ ဆာကာအေနနဲ႔ ဒုတိယပိုင္းမွာ ေတာ္ေတာ္ေလး အားထည့္ၿပီး ႐ုန္းလာခဲ့တာကို ေတြ႕ရၿပီး ယူႏိုက္တက္တို႔ ဂိုးေရွ႕မွာ အာဆင္နယ္တို႔ ေတာ္ေတာ္ေလး ေဘာလုံးကိုင္ကစားလာႏိုင္ခဲ့ၾကသလို ဖိအားေပးလာႏိုင္ခဲ့တာေၾကာင့္ တန္ဟတ္ကေတာ့ အန္တိုနီအစား ေရာ္နယ္လ္ဒိုကို ထည့္ၿပီး ခံစစ္သမားေတြ တိုက္စစ္သိပ္မကူႏိုင္ဖို႔ ျပန္ေထာက္လာခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး သြင္းယူသြားခဲ့ၿပီး ကြင္းလယ္ဗဟိုတည့္တည့္ကို စီးထားႏိုင္တဲ့ ဧည့္သည္ေတြရဲ႕ ကြင္းလယ္လူ ေအာ္ဒီဂြါဒ္က ဘယ္ေျခနဲ႔ ေပးမလိုနဲ႔ ညာေျခနဲ႔ ဧရိယာထဲကို လွမ္းခ်ေပးတာကို ေဂ်ဆူးစ္ ယူဖို႔ ႀကိဳးစားခ်ိန္မွာ ရွင္းထုတ္လိုက္တဲ့ မာတီနက္ဇ္ရဲ႕ အားထုတ္မႈကေန ထြက္လာတဲ့ ေဘာလုံးကို ဆာကာက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဘာလုံးေပးတာ ပ်က္အၿပီးမွာ ကိုယ့္ေနရာကိုယ္ ျပန္မဝင္တဲ့ ဆမ္ဘီလို ကြန္ဂါရဲ႕ ကြက္လပ္ၾကားကေန ဘ႐ူႏို ဖာနန္ဒက္စ္က ထိုးေပးတာကို အာဆင္နယ္ခံစစ္က ဆာလီဘာနဲ႔ ဘန္ဝႈိက္တို႔ၾကားကေန ေျပးထြက္သြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဆိုး႐ြားတဲ့ လူစားလဲမႈအမွားကို က်ဴးလြန္ခဲ့ၿပီး ကြင္းလယ္အဖ်က္ မူးလို႔မွ ရႉစရာမရွိတဲ့ အသင္းမွာ ကစားေပးေနတဲ့ လိုကြန္ဂါကို ဖာဘီယို ဗီယာရာနဲ႔ လဲခဲ့သလို ဖန္တီးရွင္ ေအာ္ဒီဂြါဒ္နဲ႔ ဇင္ခ်န္ကိုတို႔ကို ထုတ္ၿပီး စမစ္႐ိုးနဲ႔ နကီးတီးယားတို႔ကို 3 Back ေျပာင္းကစားဖို႔ ထည့္လိုက္တာကေတာ့ သူတို႔ကို အဆင့္ ၅ ကန္တဲ့ အသင္းမ်ိဳးဆီ ျပန္ဆြဲခ်လိုက္တယ္လို႔ပဲ ဆိုရမွာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ယူႏိုက္တက္တို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္အဖ်က္မရွိတဲ့ အာဆင္နယ္ခံစစ္ၾကားကေန ဒါေလာ့က ခ်ေပးခဲ့တာကို အဲရစ္ဆန္က လူကြၽံေထာင္ေခ်ာက္ၾကားကေန ေျပးထြက္ၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ ဘယ္ျခမ္းကို ခ်ိဳးအေပးမွာ ရက္ရွ္ဖို႔ဒ္က ပိတ္သြင္းသြားႏိုင္ခဲ့သလို ဒီဂိုးမွာ ဘန္ဝႈိက္ဖ်က္တဲ့ Last Ditch Tackle က အနည္းငယ္ ေနာက္က်ေနလို႔ ဧည့္သည္ေတြ ကံဆိုးခဲ့တာပါ။

အာတီတာအေနနဲ႔ အသင္းတစ္သင္းရဲ႕ အင္အားဟာ တိုက္စစ္သမားေတြဆီက အဓိက လာတာ မဟုတ္ဘဲ ကြင္းလယ္ခိုင္မာမႈေၾကာင့္သာ ေရွ႕က သက္ေတာင့္သက္သာ စိတ္ခ်လက္ခ် ကစားႏိုင္တယ္ဆိုတဲ့ အေျခခံသင္ခန္းစာကို ျပန္သင္ရဦးမွာျဖစ္ၿပီး ဒီလိုပုံစံမ်ိဳးနဲ႔ လိုအပ္တဲ့ ကစားသမားေတြကိုလည္း မေခၚယူႏိုင္ခ်ိန္မွာ ဒိုင္အားသာတတ္တဲ့ သူမ်ားကြင္းမွာ အထိနာတတ္တယ္ဆိုတာကိုလည္း သင္ခန္းစာယူတတ္ရဦးမွာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တန္ဟတ္တို႔ ပြဲကို ထိန္းကစားၿပီး အႏိုင္ယူသြားခဲ့သလို အိုးလ္ထရက္ဖို႔မွာ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္တို႔ ေလးပြဲဆက္အႏိုင္နဲ႔ အဆင့္ ၅ ကို တက္ေရာက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ငယ္ေျချပန္ေပၚလာတဲ့ အာဆင္နယ္တို႔ကေတာ့ ရႈံးပြဲေတြ႕ခဲ့ေပမယ့္ ရမွတ္ ၁၅ မွတ္ေၾကာင့္ အဆင့္ ၁ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ဆဲျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.