Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္ သတင္းမ်ား စုစည္းမွဳ – ၂၇.၈.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အသင္းရဲ႕ အေထာင္တုိက္စစ္မွဴးေနရာအတြက္ အင္အားျဖည့္တင္းမွဳျပဳလုပ္သြားဖို႔ ဆုံးျဖတ္ခဲ့ၿပီျဖစ္ၿပီး ေငြေၾကးအဆင္မေျပလို႔ ကစားသမားေတြ ထုတ္ေရာင္းေနခဲ့ရတဲ့ ဗလင္စီယာတုိက္စစ္မွဴး မက္ဇီ ဂိုမက္ဇ္ကို ေပါင္ ၅၃.၇ သန္းနဲ႔ ေခၚယူဖို႔ စီစဥ္ေန။

– လူငယ္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတုိးဖို႔ သေဘာတူညီမွဳ ရရွိခဲ့အၿပီးမွာ နည္းျပ ဆုိးလ္ရွားက အသက္ ၁၄ ႏွစ္ အရြယ္ကတည္းက ယူႏုိက္တက္ဆီ ေရာက္ေနတဲ့ ဒီလူငယ္ဟာ က်န္တဲ့ အကယ္ဒမီကစားသမားေတြအတြက္ အတုယူစရာလို႔ ခ်ီးက်ဴး။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂိုးသြင္းစံခ်ိန္ရွင္ ဝိန္းရြန္နီက လီယြန္နယ္ မက္ဆီသာ မန္ခ်က္စတာၿမဳိ႕မွာ ယူႏိုက္တက္နဲ႔ပဲျဖစ္ေစ၊ စီးတီးနဲ႔ပဲျဖစ္ေစ ေျပာင္းေရႊ႕ကစားခဲ့မယ္ဆုိရင္ ခုနစ္ႀကိမ္ေျမာက္ ကမာၻ႕အေကာင္းဆုံးဆုကို ရယူႏုိင္လိမ့္မယ္လုိ႔ဆုိ။

– ရွန္ဟိုင္းရွင္ဟြာအသင္းကေန အငွားနဲ႔ ေဆာင္းရာသီမွာ ေရာက္လာၿပီး ထပ္မံသက္တမ္းတုိးထားခဲ့တဲ့ အုိဒီယြန္ အီဂါလိုဟာ သက္တမ္း တုိးၿပီးေနာက္ပုိင္း အသင္းအတြက္ အေရးမပါခဲ့သလို ေျခစြမ္းလည္း မျပႏုိင္ေတာ့တာမို႔ ဒီအေျပာင္းအေရႊ႕က ေအာင္ျမင္ရဲ႕လားလုိ႔ Goal ေမးခြန္းထုတ္။

– မာစီယယ္လ္လုိမ်ဳိးပဲ အသင္းကို ဆယ္ေက်ာ္သက္အရြယ္မွာ ေျပာင္းေရႊ႕လာၿပီး ေအာင္ျမင္မွဳရလိမ့္မယ္လို႔ ခန္႔မွန္းထားခဲ့ၾကတဲ့ ဘီႏြား ဘာဒီယာရွီးလ္အတြက္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ယူ႐ို ၂၅ သန္းတန္ ကမ္းလွမ္းမွဳကို မိုနာကို ပယ္ခ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် အင်အားဖြည့်တင်းမှုပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး ငွေကြေးအဆင်မပြေလို့ ကစားသမားတွေ ထုတ်ရောင်းနေခဲ့ရတဲ့ ဗလင်စီယာတိုက်စစ်မှူး မက်ဇီ ဂိုမက်ဇ်ကို ပေါင် ၅၃.၇ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေ။

– လူငယ်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့အပြီးမှာ နည်းပြ ဆိုးလ်ရှားက အသက် ၁၄ နှစ် အရွယ်ကတည်းက ယူနိုက်တက်ဆီ ရောက်နေတဲ့ ဒီလူငယ်ဟာ ကျန်တဲ့ အကယ်ဒမီကစားသမားတွေအတွက် အတုယူစရာလို့ ချီးကျူး။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် ဝိန်းရွန်နီက လီယွန်နယ် မက်ဆီသာ မန်ချက်စတာမြို့မှာ ယူနိုက်တက်နဲ့ပဲဖြစ်စေ၊ စီးတီးနဲ့ပဲဖြစ်စေ ပြောင်းရွှေ့ကစားခဲ့မယ်ဆိုရင် ခုနစ်ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဆုကို ရယူနိုင်လိမ့်မယ်လို့ဆို။

– ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အငှားနဲ့ ဆောင်းရာသီမှာ ရောက်လာပြီး ထပ်မံသက်တမ်းတိုးထားခဲ့တဲ့ အိုဒီယွန် အီဂါလိုဟာ သက်တမ်း တိုးပြီးနောက်ပိုင်း အသင်းအတွက် အရေးမပါခဲ့သလို ခြေစွမ်းလည်း မပြနိုင်တော့တာမို့ ဒီအပြောင်းအရွှေ့က အောင်မြင်ရဲ့လားလို့ Goal မေးခွန်းထုတ်။

– မာစီယယ်လ်လိုမျိုးပဲ အသင်းကို ဆယ်ကျော်သက်အရွယ်မှာ ပြောင်းရွှေ့လာပြီး အောင်မြင်မှုရလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြတဲ့ ဘီနွား ဘာဒီယာရှီးလ်အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ယူရို ၂၅ သန်းတန် ကမ်းလှမ်းမှုကို မိုနာကို ပယ်ချခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.