Premier League Transfer News

မီလန္မွာ ဒီေန႔ ေဆးစစ္မယ့္ သီယာဂို ေဆးလ္ဗားအတြက္ ဂၽြန္တယ္ရီ ဝမ္းေျမာက္မွဳျပသ

အီတလီႏုိင္ငံ မီလန္ၿမဳိ႕မွာ ေဆးစစ္မွဳ ခံယူမယ့္ ဘရာဇီးလ္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားဟာ ပါရီစိန္႔ဂ်ာမိန္းအသင္းကို ႏွဳတ္ဆက္စကား ေျပာၾကားခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ၄၈ နာရီအတြင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေဆြးေႏြးမွဳေတြအားလုံး အဆင္ေျပခဲ့သလို သေဘာတူညီမွဳ ရရွိႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီေန႔မွာ ေဆးစစ္မွဳ ေအာင္ျမင္ခဲ့ၿပီးရင္ေတာ့ ေသာၾကာေန႔မွာ အီတလီကေန အဂၤလန္ကို ေလယာဥ္နဲ႔ ပ်ံသန္းၿပီး ကိုဗစ္-၁၉ စည္းမ်ဥ္းစည္းကမ္းေတြအရ ခ်ဲလ္ဆီးအသင္းနဲ႔အတူ မပူးေပါင္းခင္ ၁၄ ရက္ ကြာရန္တင္းဝင္ရမွာျဖစ္သလို နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဂၽြန္တယ္ရီတုိ႔ကေတာ အထူးေမွ်ာ္လင့္ေနၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြကို ႏွဳတ္ဆက္စကားဆုိခဲ့တဲ့ ေဆးလ္ဗားရဲ႕ တြစ္တာပုိ႔စ္မွာ အသင္းေခါင္းေဆာင္ ဂၽြန္တယ္ရီကေတာ့ စိတ္လွဳပ္ရွားစြာနဲ႔ ေအာက္က ခ်ဲလ္ဆီးအသင္းရဲ႕ အေရာင္ကို ကိုယ္စားျပဳတဲ့ အသည္းျပာေလးနဲ႔ မ်က္လုံးတစ္စုံကို ဝင္ေရာက္ကြန္မန္႔ေပးခဲ့ၿပီး ဝမ္းေျမာက္မွဳကို ျပသထားတယ္လုိ႔ သိရပါတယ္။

အသက္ ၃၆ ႏွစ္ျပည့္ေတာ့မယ့္ သီယာဂို ေဆးလ္ဗားအေနနဲ႔ သူ႕ရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္ေျခစြမ္းကို ၾကည့္ရင္ သူ႕မွာ ျပသစရာေတြ အမ်ားႀကီး က်န္ရွိေနေသးတာ ေတြ႕ရမွာျဖစ္ၿပီး လူငယ္ေတြကို တြဲေခၚဖို႔အျပင္ ကိုယ္တုိင္လည္း ေကာင္းေကာင္း ကစားႏုိင္ေသးတာမို႔ ခ်ဲလ္ဆီးအတြက္ေတာ့ အလြန္အက်ဳိးရွိဖို႔လည္း ရွိေနပါတယ္။

အသင္းနဲ႔ ၁၂ လစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တဲ့ ဘရာဇီးလ္နဲ႔ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ေဟာင္းအေနနဲ႔ လက္ရွိေျခစြမ္းကို ဆက္လက္ထိန္းသိမ္းၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေနာက္ထပ္တစ္ရာသီ ထပ္မံသက္တမ္းတုိးႏုိင္ဦးမယ္လုိ႔လည္း ခ်ဲလ္ဆီးတာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အီတလီနိုင်ငံ မီလန်မြို့မှာ ဆေးစစ်မှု ခံယူမယ့် ဘရာဇီးလ်နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ ပါရီစိန့်ဂျာမိန်းအသင်းကို နှုတ်ဆက်စကား ပြောကြားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေအားလုံး အဆင်ပြေခဲ့သလို သဘောတူညီမှု ရရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးရင်တော့ သောကြာနေ့မှာ အီတလီကနေ အင်္ဂလန်ကို လေယာဉ်နဲ့ ပျံသန်းပြီး ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေအရ ချဲလ်ဆီးအသင်းနဲ့အတူ မပူးပေါင်းခင် ၁၄ ရက် ကွာရန်တင်းဝင်ရမှာဖြစ်သလို နည်းပြ ဖရန့် လမ်းပတ်နဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီတို့ကတော အထူးမျှော်လင့်နေကြပါတယ်။

ပီအက်စ်ဂျီအသင်းပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တဲ့ ဆေးလ်ဗားရဲ့ တွစ်တာပို့စ်မှာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကတော့ စိတ်လှုပ်ရှားစွာနဲ့ အောက်က ချဲလ်ဆီးအသင်းရဲ့ အရောင်ကို ကိုယ်စားပြုတဲ့ အသည်းပြာလေးနဲ့ မျက်လုံးတစ်စုံကို ဝင်ရောက်ကွန်မန့်ပေးခဲ့ပြီး ဝမ်းမြောက်မှုကို ပြသထားတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ပြည့်တော့မယ့် သီယာဂို ဆေးလ်ဗားအနေနဲ့ သူ့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ခြေစွမ်းကို ကြည့်ရင် သူ့မှာ ပြသစရာတွေ အများကြီး ကျန်ရှိနေသေးတာ တွေ့ရမှာဖြစ်ပြီး လူငယ်တွေကို တွဲခေါ်ဖို့အပြင် ကိုယ်တိုင်လည်း ကောင်းကောင်း ကစားနိုင်သေးတာမို့ ချဲလ်ဆီးအတွက်တော့ အလွန်အကျိုးရှိဖို့လည်း ရှိနေပါတယ်။

အသင်းနဲ့ ၁၂ လစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင်ဟောင်းအနေနဲ့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ထပ်တစ်ရာသီ ထပ်မံသက်တမ်းတိုးနိုင်ဦးမယ်လို့လည်း ချဲလ်ဆီးတာဝန်ရှိသူတွေက မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.