Premier League

သခင်ကြီးပေပေထက်တောင် ၅၈ ပွဲနည်းပြီး ဖန်တီးမှုပိုလုပ်ထားတဲ့ ကူလူဆက်ဗ်စကီး

စပါးစ်ကွင်းလယ်ကြယ်ပွင့် ကူလူဆက်ဗ်စကီးဟာ အာဆင်နယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေထက် ပွဲပေါင်း ၅၈ ပွဲ လျှော့ကစားပြီး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ပိုမို ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပေမယ့် အဲဒါကို ပျော်ရွှင်မနေဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

စီးရီးအေထိပ်သီးအသင်းကြီး ဂျူဗင်တပ်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ အန်တိုနီယို ကွန်တီရဲ့အသင်းအတွက် နောက်ထပ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်ကွင်းဘက်ခြမ်းမှာ ဘောလုံးကို ရယူပြီးနောက် ကူလူဆက်ဗ်စကီးဟာ ဂိုးရှေ့ကို တရှိန်ထိုး ပြေးလွှားသွားခဲ့ပြီး ဟာရီ ကိန်းအတွက် တိကျသေချာတဲ့ ပေးပို့မှု ပြုလုပ်နိုင်ခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးက အိမ်ကွင်းမှာ ၁-၀ နဲ့ သက်တောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဖန်တီးမှုဟာ ဆွီဒင်ကွင်းလယ်ကစားသမားအတွက် ဇန်နဝါရီလမှာ မြောက်လန်ဒန်ကို ရောက်ရှိလာပြီးကတည်းက စပါးစ်အတွက် ၂၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်ခဲ့တာဖြစ်ပြီး နိစ်ကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေရဲ့ ဂိုးဖန်တီးမှုအကြိမ်အရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်တောင်ပံ ကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ လိဂန်းကလပ်အသင်းဖြစ်တဲ့ လီလ်ကနေ အာဆင်နယ်အသင်း စံချိန်တင်ပြောင်းရွှေကြေး ပေါင် ၇၂ သန်းနဲ့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂန်းနားတို့အတွက် လိဂ်ပွဲ ၈၀ မှာ ဂိုးဖန်တီးမှု ၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကူလူဆက်ဗ်စကီးဟာ စပါးစ်ကို ရောက်ရှိလာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေခဲ့သူဖြစ်ပြီး နည်းပြကွန်တီနဲ့ ဆက်ဆံရေးဟာ ဆွီဒင်ကွင်းလယ်ကြယ်ပွင့်ရဲ့ အောင်မြင်မှု နောက်ကွယ်က အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲမတိုင်ခင် ဆွီဒင်ကွင်းလယ်ကစားသမားက အီတလီလူမျိုးနည်းပြ လက်အောက်မှာ ကစားရတာက ဘာနဲ့တူလဲဆိုတာကို ဖွင့်ဟ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကွန်တီက ကျွန်တော့်ကို အမြဲပြောတယ်။ ‘ဂိုးဖန်တီးမှု ပြုလုပ်တာကို မခံစားနဲ့။ မပျော်ရွှင်နဲ့’တဲ့။ မင်းဒီကို ပျော်ပါးဖို့ ရောက်လာတာမဟုတ်ဘူး။ ဒီကို နိုင်ပွဲတွေ ရယူဖို့နဲ့ ဂိုးတွေ သွင်းဖို့ ရောက်လာတာ၊ ဂိုးပေါက်ကို တိုက်ခိုက်ဖို့ ရောက်လာတာတဲ့။ အရမ်းလည်း ဘောလုံးမပေးနဲ့တဲ့။ သူ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာတစ်ခုကိုပဲ လိုချင်တာကြောင့်ဖြစ်ပြီး အဲဒါက အနိုင်ရဖို့ပါ”

“သူက ပျော်ရွှင် ခံစားမနေစေချင်ဘူး။ သူက အဲဒီလိုဟာမျိုးတွေ ဘာမှ မလိုချင်ဘူး။ သူက အနိုင်ပဲ လိုချင်တာ။ ဘာလို့လဲဆိုတော့ သူက အနိုင်ရရှိသူဖြစ်နေလို့ပါ။ ဒီလိုမျိုး အရာကို တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် သူ့ကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်။ အနိုင်ရတာကို ချစ်မြတ်နိုးတဲ့တစ်စုံတယောက်ကို ကျွန်တော် မမြင်ဖူးခဲ့ပါဘူး။ ဒါက ကျွန်တော်နဲ့ အသင်းကို နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိစေတယ်လို့ ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: စပါးစ္ကြင္းလယ္ၾကယ္ပြင့္ ကူလူဆက္ဗ္စကီးဟာ အာဆင္နယ္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ နီကိုလာ ေပေပထက္ ပြဲေပါင္း ၅၈ ပြဲ ေလွ်ာ့ကစားၿပီး ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ပိုမို ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ေပမယ့္ အဲဒါကို ေပ်ာ္႐ႊင္မေနဖို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

စီးရီးေအထိပ္သီးအသင္းႀကီး ဂ်ဴဗင္တပ္ကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္မွာ အန္တိုနီယို ကြန္တီရဲ႕အသင္းအတြက္ ေနာက္ထပ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္ကြင္းဘက္ျခမ္းမွာ ေဘာလုံးကို ရယူၿပီးေနာက္ ကူလူဆက္ဗ္စကီးဟာ ဂိုးေရွ႕ကို တရွိန္ထိုး ေျပးလႊားသြားခဲ့ၿပီး ဟာရီ ကိန္းအတြက္ တိက်ေသခ်ာတဲ့ ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးက အိမ္ကြင္းမွာ ၁-၀ နဲ႔ သက္ေတာင့္သက္သာ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီဂိုးဖန္တီးမႈဟာ ဆြီဒင္ကြင္းလယ္ကစားသမားအတြက္ ဇန္နဝါရီလမွာ ေျမာက္လန္ဒန္ကို ေရာက္ရွိလာၿပီးကတည္းက စပါးစ္အတြက္ ၂၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၀ ႀကိမ္ေျမာက္ ဂိုးဖန္တီးမႈ ျဖစ္ခဲ့တာျဖစ္ၿပီး နိစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားတဲ့ အာဆင္နယ္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ နီကိုလာ ေပေပရဲ႕ ဂိုးဖန္တီးမႈအႀကိမ္အေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေတာင္ပံ ကစားသမားဟာ ၂၀၁၉ ခုႏွစ္မွာ လိဂန္းကလပ္အသင္းျဖစ္တဲ့ လီလ္ကေန အာဆင္နယ္အသင္း စံခ်ိန္တင္ေျပာင္းေ႐ႊေၾကး ေပါင္ ၇၂ သန္းနဲ႔ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ဂန္းနားတို႔အတြက္ လိဂ္ပြဲ ၈၀ မွာ ဂိုးဖန္တီးမႈ ၉ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကူလူဆက္ဗ္စကီးဟာ စပါးစ္ကို ေရာက္ရွိလာၿပီးကတည္းက ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ေနခဲ့သူျဖစ္ၿပီး နည္းျပကြန္တီနဲ႔ ဆက္ဆံေရးဟာ ဆြီဒင္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ ေအာင္ျမင္မႈ ေနာက္ကြယ္က အဓိက အေၾကာင္းအရင္းတစ္ခု ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ တနဂၤေႏြေန႔ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ပြဲမတိုင္ခင္ ဆြီဒင္ကြင္းလယ္ကစားသမားက အီတလီလူမ်ိဳးနည္းျပ လက္ေအာက္မွာ ကစားရတာက ဘာနဲ႔တူလဲဆိုတာကို ဖြင့္ဟ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကြန္တီက ကြၽန္ေတာ့္ကို အၿမဲေျပာတယ္။ ‘ဂိုးဖန္တီးမႈ ျပဳလုပ္တာကို မခံစားနဲ႔။ မေပ်ာ္႐ႊင္နဲ႔’တဲ့။ မင္းဒီကို ေပ်ာ္ပါးဖို႔ ေရာက္လာတာမဟုတ္ဘူး။ ဒီကို ႏိုင္ပြဲေတြ ရယူဖို႔နဲ႔ ဂိုးေတြ သြင္းဖို႔ ေရာက္လာတာ၊ ဂိုးေပါက္ကို တိုက္ခိုက္ဖို႔ ေရာက္လာတာတဲ့။ အရမ္းလည္း ေဘာလုံးမေပးနဲ႔တဲ့။ သူ မွန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အရာတစ္ခုကိုပဲ လိုခ်င္တာေၾကာင့္ျဖစ္ၿပီး အဲဒါက အႏိုင္ရဖို႔ပါ”

“သူက ေပ်ာ္႐ႊင္ ခံစားမေနေစခ်င္ဘူး။ သူက အဲဒီလိုဟာမ်ိဳးေတြ ဘာမွ မလိုခ်င္ဘူး။ သူက အႏိုင္ပဲ လိုခ်င္တာ။ ဘာလို႔လဲဆိုေတာ့ သူက အႏိုင္ရရွိသူျဖစ္ေနလို႔ပါ။ ဒီလိုမ်ိဳး အရာကို တစ္ခါမွ မျမင္ဖူးခဲ့တာေၾကာင့္ သူ႔ကို ကြၽန္ေတာ္ အရမ္း ေက်းဇူးတင္ပါတယ္။ အႏိုင္ရတာကို ခ်စ္ျမတ္ႏိုးတဲ့တစ္စုံတေယာက္ကို ကြၽန္ေတာ္ မျမင္ဖူးခဲ့ပါဘူး။ ဒါက ကြၽန္ေတာ္နဲ႔ အသင္းကို ေနာက္ထပ္အဆင့္တစ္ခုကို ေရာက္ရွိေစတယ္လို႔ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.