Premier League

နိုင်နေတယ်ဆိုပြီး အကွက်တွေပြလို့ အမှောက်သိပ်ခံခဲ့ရတဲ့ ရစ်ချာလီဆန်

ရစ်ချာလီဆန်ဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အသာစီး ရရှိနေတာကြောင့် ဆရာကြီးအကွက်တွေ ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရန်နန် ဂျွန်ဆင်ကလည်း နပမ်းအကွက်တွေ ပြန်ထုတ်သုံးသွားခဲ့ပါတယ်။

ဟာရီ ကိန်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ နဲ့ ၂၀၁ ဂိုး မြောက်သွင်းဂိုးတွေကြောင့် အန်တိုနီယို ကွန်တီရဲ့အသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြီးဆုံးခါနီးမှာတော့ တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရစ်ချာလီဆန်ဟာ ဒုတိယပိုင်းအလယ်မှာ ဆွန်ဟောင်မင်ရဲ့ နေရာမှာ လူစားဝင်ကစားခဲ့ပြီးနောက် ဟာရီ ကိန်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး လှပသေသပ်တဲ့ ဖြတ်တင်ပေးပို့မှုနဲ့ ဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ရစ်ချာလီဆန်ဟာ ပွဲကစားချိန် နောက်ဆုံးမိနစ်အနည်းငယ်မှာ ပျော်စရာလေးတွေ နည်းနည်း လုပ်ခဲ့ပြီး ဘစ်ဆူးမားနဲ့ ဝမ်းတူး မရိုက်ခင်မှာ ဘောလုံးကို တော့ပြီး အကွက်လေး တစ်ကွက်၊ နှစ်ကွက်လောက် ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဘောလုံးကို ပြန်လည် လက်ခံရရှိပြီးနောက် ရစ်ချာလီဆန်ဟာ နော်တင်ဟမ် ဖောရက်စ်က ဘရန်နန် ဂျွန်ဆင်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး ကွင်းမြက်ခင်းပြင်ပေါ် ဒူးကို ကိုင်ရင်း ခွေခွေလေး လဲကျသွာခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရစ်ချာလီဆန်ရဲ့ ဖြစ်စဉ်ကို ပွဲကြေညာနေတဲ့ Sky Sports ဘောလုံးဝေဖန်သူ ဂျေမီ ကာရေဂါက အလန့်တကြား ‘ဝိုး၊ ဝိုး’လို့ အော်ဟစ်ခဲ့ပြီး ဘရန်နန် ဂျွန်ဆင်ကတော့ နပမ်းအကွက်တွေ ထုတ်သုံးသွားတဲ့အတွက် ကွင်းလယ်ဒိုင် ခရိတ်ဂျ် ပေါ်ဆင်ရဲ့ အဝါကတ်ပြားပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒီဗီဒီယိုဖိုင်ကို တုံ့ပြန်ခဲ့ကြပြီး ဒီဖြစ်စဉ်က အကွက်ပြရင် ချိုးမယ်ဆိုတဲ့ ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံး စက်ဆုပ်ဖွယ်အမူအကျင့်ကို ရစ်ချာလီဆန်က အခိုင်အမာ ပြသသွားခဲ့တာဖြစ်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။

“ရစ်ချာလီဆန်က ဒီပွဲစဉ်ကို ပြောင်းလဲပေးခဲ့ပြီး တစ်ချိန်တည်းမှာပဲ အားလုံးကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ခဲ့တယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ရစ်ချာလီဆန်က အရွယ်ရောက်ပြီးသား ယောင်္ကျားတွေကို ငိုအောင်လုပ်ခဲ့တယ်။ ပေါင်သန်း ၆၀ ကို ကောင်းကောင်း သုံးခဲ့တာပဲ”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ရစ်ချာလီဆန်ဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အသာစီး ရရှိနေတာကြောင့် ဆရာကြီးအကွက်တွေ ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရန်နန် ဂျွန်ဆင်ကလည်း နပမ်းအကွက်တွေ ပြန်ထုတ်သုံးသွားခဲ့ပါတယ်။




ရစ်ချာလီဆန်ရဲ့ ဖြစ်စဉ်ကို ပွဲကြေညာနေတဲ့ Sky Sports ဘောလုံးဝေဖန်သူ ဂျေမီ ကာရေဂါက အလန့်တကြား ‘ဝိုး၊ ဝိုး’လို့ အော်ဟစ်ခဲ့ပြီး ဘရန်နန် ဂျွန်ဆင်ကတော့ နပမ်းအကွက်တွေ ထုတ်သုံးသွားတဲ့အတွက် ကွင်းလယ်ဒိုင် ခရိတ်ဂ်ျ ပေါ်ဆင်ရဲ့ အဝါကတ်ပြားပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။



REF: INTERNET SOURCES
UNITED A2Z.