La Liga Match Report

ဘယ်လွန်ဒေါနဲ့ ထိုက်တန်သူ ဘင်ဇီးမားကြောင့် ကာတာလန်မှာ နိုင်ပွဲရတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အီဒါ မီလီတို၊ ရူဒီဂါ၊ အလာဘာနဲ့ လူးကပ်စ် ဗက်ဇ်ကေးဇ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မိုဒရစ်၊ ချွာမင်နီနဲ့ တိုနီ ခရူးစ်တို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ကာတာလန်သား အက်စ်ပန်ညိုတို့ကတော့ ဂိုးသမား လူကွမ့်ထ်၊ ခံစစ်မှာ ကာဘရီးရား၊ ကာလေရို၊ အိုလီဗန်နဲ့ အော်စကာ ဟေးလ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ အီဒူး အက်စ်ပိုစီတို၊ ဒါဒယ်၊ ဟာဗီ ပူအာဒိုနဲ့ ရူဘင် ဆန်ချက်ဇ်တို့ ကစားခဲ့ကြပြီး တိုက်စစ်ကိုတော့ ဟိုဆေးလူးတစ်ယောက်တည်း အထောင်ထားခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာ ရီးရဲလ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဗယ်လ်ဗာဒီနဲ့ ဝမ်းတူးရိုက်ပြီး ချပေးတဲ့ ချွာမင်နီရဲ့ ပေးပို့မှုကို ဗီးနီးရှပ်စ် ဂျူနီယာက အက်စ်ပန်ညိုဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ဘယ်ဘက်ထောင့်ကို ချိုးကန်သွင်းယူပြီး အဝေးကွင်းမှာ ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

အက်စ်ပန်ညိုတို့ကို ဗီနီးရှပ်စ်ရဲ့ ဘယ်တောင်ပံက တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပေမယ့် ကွင်းလယ်တိုက်စစ်သမားအဖြစ် ကစားပေမယ့်သူမျိုး ပါမလာတဲ့အတွက် ဘင်ဇီးမားကို အိမ်ရှင်နောက်ခံလူတွေ နှစ်ယောက်သုံးယောက်လောက်က ကပ်ပြီး ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် ဂိုးထပ်ရဖို့ ခက်ခဲနေခဲ့တာပါ။

အဝေးကွင်းမှာ နည်းနည်း ဂဂျောင်ဖတ်ချင်နေတဲ့ အီဒါ မီလီတိုရဲ့ နေရာယူပုံ မတည်ငြိမ်မှုတွေက ရီးရဲလ်တို့ကို ခံစစ်မှာ ရုန်းကန်စေခဲ့ရပြီး အက်စ်ပန်ညိုတို့ တိုက်စစ်ပို ကစားလာခဲ့ချိန်မှာ ဂိုးသမား ကူတွာပါ အလုပ်များလာခဲ့သလို ဗီနီးရှပ်စ်ကတော့ အခွင့်အရေး နှစ်ကြိမ်လောက်ကို လွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အက်စ်ပန်ညိုတို့ ချေပဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပူအာဒို ပေးတာကို ရီးရဲလ်မက်ဒရစ်ခံစစ်ကြားက လွတ်ထွက်သွားတဲ့ ဟိုဆေးလူးက အနီးကပ်ကန်သွင်းခဲ့ရာမှာ ကူတွာ ပိတ်ဆို့နိုင်ခဲ့ပေမယ့် မီလီတိုနဲ့ပြန်ထိပြီး ရှေ့ပြန်ရောက်လာခဲ့တာကို ဟိုဆေးလူးကပဲ Volley ကန်သွင်းရယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာတော့ ဘယ်နောက်ခံလူ အိုလီဗန် တစ်ကိုယ်တော်အစွမ်းနဲ့ ဧရိယာထဲအထိ ဆွဲဝင်လာပြီး Cut Back လုပ်ပေးတာကို ပူအာဒို ထောင်ကန်ခဲ့လို့ ရီးရဲလ်တို့ သက်သာခွင့်ရခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာတော့ ထောင့်ကန်ဘောကတစ်ဆင့် ဟိုဆေးလူး ကန်သွင်းရာမှာ ကူတွာ ကာကွယ်ခဲ့ရပြီး ဒီနောက်မှာတော့ တိုက်စစ်ကို မြှင့်ဖို့ ဗယ်လ်ဗာဒီနဲ့ မိုဒရစ်ချ်အစား ရိုဒရီဂိုနဲ့ ကာမာဗင်ဂါတို့ကို အန်ချယ်လော့တီက ထည့်သွင်းသွားခဲ့ပါတယ်။

ဝင်လာကတည်းက ခြေစွမ်းပြတဲ့ ကာမာဗင်ဂါကြောင့် ရီးရဲလ်တိုက်စစ်က နေရာလွတ်ပိုရလာခဲ့ပေမယ့် အခွင့်အရေးတွေကို ဘင်ဇီးမား အသုံးမချနိုင်တာကြောင့် ဂိုးမရဘဲဖြစ်နေခဲ့ပြီး ဗီနီးရှပ်စ်နဲ့ ရိုဒရီဂိုတို့ကတော့ နားလည်မှု လွဲချော်နေခဲ့တဲ့အတွက် ရီးရဲလ်တို့ အနိုင်ဂိုးရဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ နောက်ဆုံးမှာ မင်းသားပဲ နိုင်တယ်လို့ ဆိုရမယ့်အတိုင်း ဘင်ဇီးမားက အနိုင်ဂိုးရှာဖွေပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ဗီနီးရှပ်စ်ကို ကူဖောက်နေတဲ့ ရိုဒရီဂိုက ညာဘက်အဝေးတိုင်ကို Diagonal Pass လှမ်းမ,ပေးရမှာ ဘင်ဇီးမားက ပြေးဝင်ပိတ်ပြီး သူ့ရဲ့ အဆင့်အတန်းနဲ့ တန်ဖိုးကို ပြသနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ပဲ ဖိကစားနေခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တဲ့ လူစားဝင်ကစားသမား ဒါနီ စီဘာယော့စ်ကို ရှေ့ထွက်ပြီး ဘောလုံးမထိဘဲ ကန်မိတဲ့ အက်စ်ပန်ညိုဂိုးသမား လူကွမ့်ထ် VAR ပြန်ကြည့်ပြီးမှ အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ကစားသမား ၅ ယောက်ကို သုံးကြိမ်ခွဲပြီးသာ လူစားလဲခွင့်ရှိချိန်မှာ တစ်ဦးစီ သုံးကြိမ်လဲထားတဲ့ အိမ်ရှင်တို့ အပြောင်းအလဲလုပ်ခွင့် မရှိတော့လို့ နောက်ခံလူ ကာဘရီးရားက ဂိုးဝင်ဖမ်းခဲ့ရတာပါ။

ဒီအတွက်ရတဲ့ ဧရိယာထိပ်က ပြစ်ဒဏ်ဘောကိုတော့ ပွဲချိန် ၁၀၀ မိနစ်မှာ ဘင်ဇီးမားကပဲ ကာထားတဲ့ လူတံတိုင်းဘေးကနေ အနိမ့်ဘော ကန်သွင်းသွားခဲ့ပြီး ဂိုးသမားအဖြစ် တာဝန်ယူနေတဲ့ ကာဘရီးရား ကာခိုင်းတဲ့အတိုင်း မစီဘဲ ရွှေ့ခိုင်းတာကို ရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ သူ့ရဲ့ အသင်းဖော်တွေကြောင့် ဒီဂိုးက ပိုမို လွယ်ကူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ကာတာလန်သား အက်စ်ပန်ညိုတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရယူသွားနိုင်ခဲ့ကြပြီး လာလီဂါ အမှတ်ပေးဇယားမှာ သုံးပွဲကစား သုံးပွဲနိုင် ရာနှုန်းပြည့်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို ဒုတိယနေရာက ရီးရဲလ်ဘက်တစ်ကို အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်ထားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အီဒါ မီလီတို၊ ႐ူဒီဂါ၊ အလာဘာနဲ႔ လူးကပ္စ္ ဗက္ဇ္ေကးဇ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္၊ ခြၽာမင္နီနဲ႔ တိုနီ ခ႐ူးစ္တို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ကိုပဲ ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ကာတာလန္သား အက္စ္ပန္ညိဳတို႔ကေတာ့ ဂိုးသမား လူကြမ့္ထ္၊ ခံစစ္မွာ ကာဘရီးရား၊ ကာေလ႐ို၊ အိုလီဗန္နဲ႔ ေအာ္စကာ ေဟးလ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဗီနီးရွပ္စ္ ဆူဇာ၊ အီဒူး အက္စ္ပိုစီတို၊ ဒါဒယ္၊ ဟာဗီ ပူအာဒိုနဲ႔ ႐ူဘင္ ဆန္ခ်က္ဇ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္ကိုေတာ့ ဟိုေဆးလူးတစ္ေယာက္တည္း အေထာင္ထားခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ရီးရဲလ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဗယ္လ္ဗာဒီနဲ႔ ဝမ္းတူး႐ိုက္ၿပီး ခ်ေပးတဲ့ ခြၽာမင္နီရဲ႕ ေပးပို႔မႈကို ဗီးနီးရွပ္စ္ ဂ်ဴနီယာက အက္စ္ပန္ညိဳဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ဘယ္ဘက္ေထာင့္ကို ခ်ိဳးကန္သြင္းယူၿပီး အေဝးကြင္းမွာ ဦးေဆာင္ေစခဲ့တာျဖစ္ပါတယ္။

အက္စ္ပန္ညိဳတို႔ကို ဗီနီးရွပ္စ္ရဲ႕ ဘယ္ေတာင္ပံက ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ေပမယ့္ ကြင္းလယ္တိုက္စစ္သမားအျဖစ္ ကစားေပမယ့္သူမ်ိဳး ပါမလာတဲ့အတြက္ ဘင္ဇီးမားကို အိမ္ရွင္ေနာက္ခံလူေတြ ႏွစ္ေယာက္သုံးေယာက္ေလာက္က ကပ္ၿပီး ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာေၾကာင့္ ဂိုးထပ္ရဖို႔ ခက္ခဲေနခဲ့တာပါ။

အေဝးကြင္းမွာ နည္းနည္း ဂေဂ်ာင္ဖတ္ခ်င္ေနတဲ့ အီဒါ မီလီတိုရဲ႕ ေနရာယူပုံ မတည္ၿငိမ္မႈေတြက ရီးရဲလ္တို႔ကို ခံစစ္မွာ ႐ုန္းကန္ေစခဲ့ရၿပီး အက္စ္ပန္ညိဳတို႔ တိုက္စစ္ပို ကစားလာခဲ့ခ်ိန္မွာ ဂိုးသမား ကူတြာပါ အလုပ္မ်ားလာခဲ့သလို ဗီနီးရွပ္စ္ကေတာ့ အခြင့္အေရး ႏွစ္ႀကိမ္ေလာက္ကို လြဲေခ်ာ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အက္စ္ပန္ညိဳတို႔ ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပူအာဒို ေပးတာကို ရီးရဲလ္မက္ဒရစ္ခံစစ္ၾကားက လြတ္ထြက္သြားတဲ့ ဟိုေဆးလူးက အနီးကပ္ကန္သြင္းခဲ့ရာမွာ ကူတြာ ပိတ္ဆို႔ႏိုင္ခဲ့ေပမယ့္ မီလီတိုနဲ႔ျပန္ထိၿပီး ေရွ႕ျပန္ေရာက္လာခဲ့တာကို ဟိုေဆးလူးကပဲ Volley ကန္သြင္းရယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဘယ္ေနာက္ခံလူ အိုလီဗန္ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဧရိယာထဲအထိ ဆြဲဝင္လာၿပီး Cut Back လုပ္ေပးတာကို ပူအာဒို ေထာင္ကန္ခဲ့လို႔ ရီးရဲလ္တို႔ သက္သာခြင့္ရခဲ့သလို ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကတစ္ဆင့္ ဟိုေဆးလူး ကန္သြင္းရာမွာ ကူတြာ ကာကြယ္ခဲ့ရၿပီး ဒီေနာက္မွာေတာ့ တိုက္စစ္ကို ျမႇင့္ဖို႔ ဗယ္လ္ဗာဒီနဲ႔ မိုဒရစ္ခ်္အစား ႐ိုဒရီဂိုနဲ႔ ကာမာဗင္ဂါတို႔ကို အန္ခ်ယ္ေလာ့တီက ထည့္သြင္းသြားခဲ့ပါတယ္။

ဝင္လာကတည္းက ေျခစြမ္းျပတဲ့ ကာမာဗင္ဂါေၾကာင့္ ရီးရဲလ္တိုက္စစ္က ေနရာလြတ္ပိုရလာခဲ့ေပမယ့္ အခြင့္အေရးေတြကို ဘင္ဇီးမား အသုံးမခ်ႏိုင္တာေၾကာင့္ ဂိုးမရဘဲျဖစ္ေနခဲ့ၿပီး ဗီနီးရွပ္စ္နဲ႔ ႐ိုဒရီဂိုတို႔ကေတာ့ နားလည္မႈ လြဲေခ်ာ္ေနခဲ့တဲ့အတြက္ ရီးရဲလ္တို႔ အႏိုင္ဂိုးရဖို႔ ခက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ေနာက္ဆုံးမွာ မင္းသားပဲ ႏိုင္တယ္လို႔ ဆိုရမယ့္အတိုင္း ဘင္ဇီးမားက အႏိုင္ဂိုးရွာေဖြေပးႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ဗီနီးရွပ္စ္ကို ကူေဖာက္ေနတဲ့ ႐ိုဒရီဂိုက ညာဘက္အေဝးတိုင္ကို Diagonal Pass လွမ္းမ,ေပးရမွာ ဘင္ဇီးမားက ေျပးဝင္ပိတ္ၿပီး သူ႔ရဲ႕ အဆင့္အတန္းနဲ႔ တန္ဖိုးကို ျပသႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ပဲ ဖိကစားေနခဲ့ၿပီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဂိုးသြင္းဖို႔ အခြင့္အေရးရခဲ့တဲ့ လူစားဝင္ကစားသမား ဒါနီ စီဘာေယာ့စ္ကို ေရွ႕ထြက္ၿပီး ေဘာလုံးမထိဘဲ ကန္မိတဲ့ အက္စ္ပန္ညိဳဂိုးသမား လူကြမ့္ထ္ VAR ျပန္ၾကည့္ၿပီးမွ အနီကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ကစားသမား ၅ ေယာက္ကို သုံးႀကိမ္ခြဲၿပီးသာ လူစားလဲခြင့္ရွိခ်ိန္မွာ တစ္ဦးစီ သုံးႀကိမ္လဲထားတဲ့ အိမ္ရွင္တို႔ အေျပာင္းအလဲလုပ္ခြင့္ မရွိေတာ့လို႔ ေနာက္ခံလူ ကာဘရီးရားက ဂိုးဝင္ဖမ္းခဲ့ရတာပါ။

ဒီအတြက္ရတဲ့ ဧရိယာထိပ္က ျပစ္ဒဏ္ေဘာကိုေတာ့ ပြဲခ်ိန္ ၁၀၀ မိနစ္မွာ ဘင္ဇီးမားကပဲ ကာထားတဲ့ လူတံတိုင္းေဘးကေန အနိမ့္ေဘာ ကန္သြင္းသြားခဲ့ၿပီး ဂိုးသမားအျဖစ္ တာဝန္ယူေနတဲ့ ကာဘရီးရား ကာခိုင္းတဲ့အတိုင္း မစီဘဲ ေ႐ႊ႕ခိုင္းတာကို ေ႐ႊ႕ဖို႔ ပ်က္ကြက္ခဲ့တဲ့ သူ႔ရဲ႕ အသင္းေဖာ္ေတြေၾကာင့္ ဒီဂိုးက ပိုမို လြယ္ကူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ကာတာလန္သား အက္စ္ပန္ညိဳတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲရယူသြားႏိုင္ခဲ့ၾကၿပီး လာလီဂါ အမွတ္ေပးဇယားမွာ သုံးပြဲကစား သုံးပြဲႏိုင္ ရာႏႈန္းျပည့္မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့သလို ဒုတိယေနရာက ရီးရဲလ္ဘက္တစ္ကို အမွတ္တူ ဂိုးကြာျခားခ်က္အသာနဲ႔ ဦးေဆာင္ထားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.