Ligue1 Match Report

မက်ဆီပျောက်ဆုံး အမ်ဘာပေမုန်းချိန်မှာ မိုနာကို,ကို မရှုံးအောင် ပိန္နဲသီးစားခဲ့ရတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်၊ ကင်ပမ်ဘီတို့နဲ့ တည်ဆောက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ရီနာတို ဆန်းချက်စ်၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့အတွဲကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် မိုနာကိုတို့ကတော့ ဂိုးသမား နူဘယ်လ်၊ ခံစစ်မှာ ဘာဒီယာရှီးလ်၊ မာရီပန်၊ ဒီဆာဆီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖိုဖာနာ၊ ကာမာရာ၊ ကိုင်ယို ဟင်းနရစ်၊ အဂွီလာနဲ့ ဂိုလိုဗင်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘင်ယက်ဒါနဲ့ ဖော်လန်းတို့ အတွဲကို ဦးဆောင်စေခဲ့တာပါ။

ကွင်းလယ်မှာ ဗီတင်ညာ ပွဲပယ်ခံထားရချိန်မှာ Baller နှစ်ယောက်ကို အသုံးပြုလာခဲ့ပြီး မာမာချာချာ အသုံးပြုလို့ရမယ့် ကစားသမားတွေ မပါဝင်ခဲ့တာတဲ့ ပီအက်စ်ဂျီတို့အနေနဲ့ မိုနာကိုရဲ့ အကောင်ကြီးကြီး ကွင်းလယ်ကို အသာစီးယူနိုင်မှု နည်းပါးခဲ့တာကြောင့် Duel တွေ မအောင်မြင်ခဲ့ချိန်မှာ ခံစစ်အတွက် ပြဿနာရှိနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ မိုနာကိုတို့ ဂိုးစရခဲ့ပြီး ကွင်းလယ်က ဝမ်းတူးရိုက်တဲ့ မက်ဆီကို လျှောထိုးဖျက်ထုတ်ခဲ့တဲ့ ကာမာရာကြောင့် ပြန်ရတဲ့ ဘောလုံးကို ကောင်တာစခဲ့ချိန်မှာ ဂိုလိုဗင်နဲ့ ဝမ်းတူးရိုက်ပြီး လူကျွံထောင်ချောက်ကို ဖြတ်ထွက်ခဲ့တဲ့ ဖော်လန်းက နောက်က လိုက်လာတဲ့ ကင်ပမ်ဘီရဲ့ ဖိအားကနေ လွတ်အောင်ရုန်းထွက်ပြီး ဂိုးသမား ဒွန်နာရမ်မာရဲ့ အောက်ကို အနိမ့်ဘော အပြင်းကန်သွင်းသွားနိုင်ခဲ့တာပါ။

ဒီဂိုးရဲ့ လူကျွံထောင်ချောက်မှာ နောက်ခံလူ ဆာဂျီယို ရာမို့စ် ရှေ့တက်ဖို့ နောက်ကျနေခဲ့တာကြောင့် လူမကျွံတော့ဘဲ ဖြစ်သွားခဲ့ရပြီး ကွင်းလယ် ကစားသမားတွေထဲက အဖျက်ပိုင်သူတွေ မရှိချိန်မှာ ဖော်လန်းနောက်ကို ပြေးလိုက်လာခဲ့တဲ့ ရီနာတို ဆန်းချက်စ်ကလည်း ဖိအားပေးရုံအပြင် လိုက်ဖျက်တာမျိုး မလုပ်တတ်ခဲ့လို့ ပီအက်စ်ဂျီတို့ ခံစားသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီတို့ ဘောလုံးရလာတဲ့ မိုနာကိုတို့ကတော့ အတွင်းကို စုပြီး ဧရိယာထိပ်မှာ စုပြုံပိတ်ဆို့ထားခဲ့လို့ အမ်ဘာပေရဲ့ အားသာချက်ဖြစ်တဲ့ အမြန်နှုန်းနဲ့ ကန်ချက်တွေကို သုံးဖို့ ခက်နေခဲ့သလို ပထမပိုင်းမှာ မိုနာကိုတို့ကတောင် ဂိုးပေါက် ၃ ကြိမ်တည့်ခဲ့ပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ မက်ဆီရဲ့ အဝေးကန်ချက်က ဘယ်ဘက်တိုင်ကို ထိခဲ့ပြီး ဒါကို နောက်က လိုက်လာတဲ့ အမ်ဘာပေက ပိတ်သွင်းရာမှာ ညာဘက်တိုင်ကို ထိခဲ့တာကတော့ ပီအက်စ်ဂျီတို့အတွက် ဒီလောက် ကံဆိုးရလားလို့ ဒေါသထွက်ချင်စရာဖြစ်ခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ မိုနာကိုတို့ပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာတော့ ပီအက်စ်ဂျီကပ္ပတိန် မားကင်ညို့စ် နောက်ပြန်ခေါင်းတိုက်ပေးတာက ထွက်လာတဲ့ ဒွန်နာရမ်မာနဲ့ တိုင်မင်လွဲခဲ့ပြီး ကံကောင်းလို့ နောက်တစ်ဂိုးမဖြစ်ခဲ့ဘဲ လိုက်လာတဲ့ ဖော်လန်းကလည်း မမီလိုက်လို့ သက်သာခဲ့ရသလို ပွဲချိန် ၄၇ မိနစ်မှာတော့ နောက်တန်းကြား ဖောက်ထွက်ခဲ့တဲ့ ဘင်ယက်ဒါက ဂိုးသမား မရှိတော့တဲ့ ဂိုးထဲကို ကန်သွင်းခွင့် ရခဲ့ပေမယ့် ဘားကျော်သွားခဲ့လို့ မိုနာကိုတို့ ဂိုးထပ်မရဘဲ ဖြစ်ခဲ့ရတာပါ။

ပီအက်စ်ဂျီတို့အနေနဲ့ သူတို့ရဲ့ လွဲချော်နေတဲ့ တွေးခေါ်ပုံဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အတွဲဟာ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ အစွဲကို ဖျောက်သင့်နေပြီဖြစ်ပြီး ကွင်းလယ်က သူတို့ကို ဘောလုံးမပေးနိုင်ချိန်နဲ့ ပိတ်ဆို့ခံထားရချိန်တွေမှာ အလုပ်မဖြစ်တာကို ဒီနေ့ပွဲမှာ တွေ့ခဲ့ရသလို ပွဲချိန် ၅၈ မိနစ်မှာ ရှုပ်ယှက်ခတ်နေတဲ့ကြားက ရီနာတို ဆန်းချက်စ်ရဲ့ ကန်သွင်းမှုကလည်း ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဧရိယာထဲမှာ နေမာကို ခြေထိုးခံမိတဲ့ ခပ်လေးလေး နောက်ခံလူ မာရီပန်ကြောင့် VAR ပြန်ကြည့်ပြီး ရတဲ့ ပင်နယ်တီကို ဘရာဇီးလ်တိုက်စစ်မှူးကပဲ စောင့်ဖမ်းဖို့ ကြိုးစားနေတဲ့ ဂိုးသမား နူဘယ်လ်ကို လှည့်စားပြီး ကန်သွင်းသွားနိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

အသင်းအနိုင်ရဖို့ ခက်နေချိန်မှာ အမ်ဘာပေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ပြန်ပေါ်လာခဲ့ပြီး ဖန်တီးပေးဖို့ အဆင်သင့်ရှိနေတဲ့ မက်ဆီကိုတောင် ဘောလုံးမပေးဘဲ ကန်သွင်းချက်တွေက အလေအလွင့်တွေပဲ ဖြစ်နေခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာ မိုနာကိုရဲ့ ဖိုဖာနာ လူပေးမှားရာကနေ ဟာကီမီ ဖြတ်ယူပြီး အဝေးက ကန်သွင်းမှုကလည်း တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ နူနို မန်ဒက်စ် ခံစစ်ကနေ ကန်တင်ပေးတာကို အမ်ဘာပေ ပြေးထွက်ရယူပြီး ကန်တဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးသမား နူဘယ်လ်က လက်နဲ့မကာနိုင်ချိန်မှာ ရဲရဲရင့်ရင့်ပဲ ရင်ဘတ်နဲ့ခံပြီး ကာကွယ်သွားခဲ့လို့ ပီအက်စ်ဂျီတို့ ဂိုးနဲ့ လွဲခဲ့ပြန်ပြီး လက်ကျန်မိနစ်တွေမှာတော့ မက်ဆီကို လဲကစားခဲ့ပေမယ့် အီကီတီကီလို လူငယ်တွေနဲ့ မစွန့်စားရဲတဲ့ အိမ်ရှင်တွေ မိုနာကို,ကို သရေပဲ တတ်နိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် ပွဲစဉ် ၃ အပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ထိပ်ဆုံးက ပြေးနေတဲ့ ပီအက်စ်ဂျီတို့ ၄ ပွဲမြောက်မှာ သရေနဲ့ ၁၀ မှတ်သာ စုဆောင်းနိုင်ခဲ့သလို ဇယားထိပ်မှာ ရှိနေသေးပေမယ့် နောက်က လိုက်လာတဲ့ မာဆေးလ်၊ လွန်းစ်တို့နဲ့ အမှတ်တူညီသွားခဲ့ပြီး ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် အရန်ကစားသမားအင်အား နည်းပါးမှုနဲ့ နည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ လုပ်ရဲကိုင်ရဲမရှိမှုကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္၊ ကင္ပမ္ဘီတို႔နဲ႔ တည္ေဆာက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ရီနာတို ဆန္းခ်က္စ္၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔အတြဲကိုပဲ ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ မိုနာကိုတို႔ကေတာ့ ဂိုးသမား ႏူဘယ္လ္၊ ခံစစ္မွာ ဘာဒီယာရွီးလ္၊ မာရီပန္၊ ဒီဆာဆီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖိုဖာနာ၊ ကာမာရာ၊ ကိုင္ယို ဟင္းနရစ္၊ အဂြီလာနဲ႔ ဂိုလိုဗင္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘင္ယက္ဒါနဲ႔ ေဖာ္လန္းတို႔ အတြဲကို ဦးေဆာင္ေစခဲ့တာပါ။

ကြင္းလယ္မွာ ဗီတင္ညာ ပြဲပယ္ခံထားရခ်ိန္မွာ Baller ႏွစ္ေယာက္ကို အသုံးျပဳလာခဲ့ၿပီး မာမာခ်ာခ်ာ အသုံးျပဳလို႔ရမယ့္ ကစားသမားေတြ မပါဝင္ခဲ့တာတဲ့ ပီအက္စ္ဂ်ီတို႔အေနနဲ႔ မိုနာကိုရဲ႕ အေကာင္ႀကီးႀကီး ကြင္းလယ္ကို အသာစီးယူႏိုင္မႈ နည္းပါးခဲ့တာေၾကာင့္ Duel ေတြ မေအာင္ျမင္ခဲ့ခ်ိန္မွာ ခံစစ္အတြက္ ျပႆနာရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ မိုနာကိုတို႔ ဂိုးစရခဲ့ၿပီး ကြင္းလယ္က ဝမ္းတူး႐ိုက္တဲ့ မက္ဆီကို ေလွ်ာထိုးဖ်က္ထုတ္ခဲ့တဲ့ ကာမာရာေၾကာင့္ ျပန္ရတဲ့ ေဘာလုံးကို ေကာင္တာစခဲ့ခ်ိန္မွာ ဂိုလိုဗင္နဲ႔ ဝမ္းတူး႐ိုက္ၿပီး လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထြက္ခဲ့တဲ့ ေဖာ္လန္းက ေနာက္က လိုက္လာတဲ့ ကင္ပမ္ဘီရဲ႕ ဖိအားကေန လြတ္ေအာင္႐ုန္းထြက္ၿပီး ဂိုးသမား ဒြန္နာရမ္မာရဲ႕ ေအာက္ကို အနိမ့္ေဘာ အျပင္းကန္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီဂိုးရဲ႕ လူကြၽံေထာင္ေခ်ာက္မွာ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ ေရွ႕တက္ဖို႔ ေနာက္က်ေနခဲ့တာေၾကာင့္ လူမကြၽံေတာ့ဘဲ ျဖစ္သြားခဲ့ရၿပီး ကြင္းလယ္ ကစားသမားေတြထဲက အဖ်က္ပိုင္သူေတြ မရွိခ်ိန္မွာ ေဖာ္လန္းေနာက္ကို ေျပးလိုက္လာခဲ့တဲ့ ရီနာတို ဆန္းခ်က္စ္ကလည္း ဖိအားေပး႐ုံအျပင္ လိုက္ဖ်က္တာမ်ိဳး မလုပ္တတ္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ခံစားသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတို႔ ေဘာလုံးရလာတဲ့ မိုနာကိုတို႔ကေတာ့ အတြင္းကို စုၿပီး ဧရိယာထိပ္မွာ စုၿပဳံပိတ္ဆို႔ထားခဲ့လို႔ အမ္ဘာေပရဲ႕ အားသာခ်က္ျဖစ္တဲ့ အျမန္ႏႈန္းနဲ႔ ကန္ခ်က္ေတြကို သုံးဖို႔ ခက္ေနခဲ့သလို ပထမပိုင္းမွာ မိုနာကိုတို႔ကေတာင္ ဂိုးေပါက္ ၃ ႀကိမ္တည့္ခဲ့ၿပီး ထိထိေရာက္ေရာက္ ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ မက္ဆီရဲ႕ အေဝးကန္ခ်က္က ဘယ္ဘက္တိုင္ကို ထိခဲ့ၿပီး ဒါကို ေနာက္က လိုက္လာတဲ့ အမ္ဘာေပက ပိတ္သြင္းရာမွာ ညာဘက္တိုင္ကို ထိခဲ့တာကေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ ဒီေလာက္ ကံဆိုးရလားလို႔ ေဒါသထြက္ခ်င္စရာျဖစ္ခဲ့ၿပီး ပထမပိုင္းအၿပီးမွာေတာ့ မိုနာကိုတို႔ပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္း စစခ်င္းမွာေတာ့ ပီအက္စ္ဂ်ီကပၸတိန္ မားကင္ညိဳ႕စ္ ေနာက္ျပန္ေခါင္းတိုက္ေပးတာက ထြက္လာတဲ့ ဒြန္နာရမ္မာနဲ႔ တိုင္မင္လြဲခဲ့ၿပီး ကံေကာင္းလို႔ ေနာက္တစ္ဂိုးမျဖစ္ခဲ့ဘဲ လိုက္လာတဲ့ ေဖာ္လန္းကလည္း မမီလိုက္လို႔ သက္သာခဲ့ရသလို ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ေနာက္တန္းၾကား ေဖာက္ထြက္ခဲ့တဲ့ ဘင္ယက္ဒါက ဂိုးသမား မရွိေတာ့တဲ့ ဂိုးထဲကို ကန္သြင္းခြင့္ ရခဲ့ေပမယ့္ ဘားေက်ာ္သြားခဲ့လို႔ မိုနာကိုတို႔ ဂိုးထပ္မရဘဲ ျဖစ္ခဲ့ရတာပါ။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ သူတို႔ရဲ႕ လြဲေခ်ာ္ေနတဲ့ ေတြးေခၚပုံျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔အတြဲဟာ ဘာမဆို လုပ္ႏိုင္တယ္ဆိုတဲ့ အစြဲကို ေဖ်ာက္သင့္ေနၿပီျဖစ္ၿပီး ကြင္းလယ္က သူတို႔ကို ေဘာလုံးမေပးႏိုင္ခ်ိန္နဲ႔ ပိတ္ဆို႔ခံထားရခ်ိန္ေတြမွာ အလုပ္မျဖစ္တာကို ဒီေန႔ပြဲမွာ ေတြ႕ခဲ့ရသလို ပြဲခ်ိန္ ၅၈ မိနစ္မွာ ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ရီနာတို ဆန္းခ်က္စ္ရဲ႕ ကန္သြင္းမႈကလည္း ဂိုးတိုင္ေဘးက ကပ္ထြက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဧရိယာထဲမွာ ေနမာကို ေျခထိုးခံမိတဲ့ ခပ္ေလးေလး ေနာက္ခံလူ မာရီပန္ေၾကာင့္ VAR ျပန္ၾကည့္ၿပီး ရတဲ့ ပင္နယ္တီကို ဘရာဇီးလ္တိုက္စစ္မႉးကပဲ ေစာင့္ဖမ္းဖို႔ ႀကိဳးစားေနတဲ့ ဂိုးသမား ႏူဘယ္လ္ကို လွည့္စားၿပီး ကန္သြင္းသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

အသင္းအႏိုင္ရဖို႔ ခက္ေနခ်ိန္မွာ အမ္ဘာေပရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြ ျပန္ေပၚလာခဲ့ၿပီး ဖန္တီးေပးဖို႔ အဆင္သင့္ရွိေနတဲ့ မက္ဆီကိုေတာင္ ေဘာလုံးမေပးဘဲ ကန္သြင္းခ်က္ေတြက အေလအလြင့္ေတြပဲ ျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာ မိုနာကိုရဲ႕ ဖိုဖာနာ လူေပးမွားရာကေန ဟာကီမီ ျဖတ္ယူၿပီး အေဝးက ကန္သြင္းမႈကလည္း တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ႏူႏို မန္ဒက္စ္ ခံစစ္ကေန ကန္တင္ေပးတာကို အမ္ဘာေပ ေျပးထြက္ရယူၿပီး ကန္တဲ့ ကန္ခ်က္ ေကာင္းခဲ့ေပမယ့္ ဂိုးသမား ႏူဘယ္လ္က လက္နဲ႔မကာႏိုင္ခ်ိန္မွာ ရဲရဲရင့္ရင့္ပဲ ရင္ဘတ္နဲ႔ခံၿပီး ကာကြယ္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ဂိုးနဲ႔ လြဲခဲ့ျပန္ၿပီး လက္က်န္မိနစ္ေတြမွာေတာ့ မက္ဆီကို လဲကစားခဲ့ေပမယ့္ အီကီတီကီလို လူငယ္ေတြနဲ႔ မစြန႔္စားရဲတဲ့ အိမ္ရွင္ေတြ မိုနာကို,ကို သေရပဲ တတ္ႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ပြဲစဥ္ ၃ အၿပီးမွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ထိပ္ဆုံးက ေျပးေနတဲ့ ပီအက္စ္ဂ်ီတို႔ ၄ ပြဲေျမာက္မွာ သေရနဲ႔ ၁၀ မွတ္သာ စုေဆာင္းႏိုင္ခဲ့သလို ဇယားထိပ္မွာ ရွိေနေသးေပမယ့္ ေနာက္က လိုက္လာတဲ့ မာေဆးလ္၊ လြန္းစ္တို႔နဲ႔ အမွတ္တူညီသြားခဲ့ၿပီး ပြဲအေျဖကို ေျပာင္းလဲႏိုင္မယ့္ အရန္ကစားသမားအင္အား နည္းပါးမႈနဲ႔ နည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕ လုပ္ရဲကိုင္ရဲမရွိမႈကိုလည္း ေတြ႕ျမင္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.