La Liga Match Report

ပုံမှန်ခြေပြန်ရပြီး နူးကမ့်မှာ ဗယ်လာဒိုလစ်ဆီက ဂိုးပြတ်နိုင်ပွဲ ရှာဖွေခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ရေးဆင်းအသင်းကနေ ပေါင်လေးသန်းခွဲနဲ့ ခေါ်ယူထားခဲ့တဲ့ လူငယ်ကစားသမား ပါဘလို တော်ရီကို ဘီအသင်းကို ပို့ဆောင်ခဲ့ပြီး နောက်ခံလူ ဆင်မြူယယ် အမ်တီတီကို စီးရီးအေကလပ် လေချီဆီ တစ်ရာသီ အငှားချလိုက်နိုင်ခဲ့လို့ ဒီနေ့မှာ နောက်ခံလူ ဂျူးလ် ကွန်ဒီကို ထည့်သွင်းကစားဖို့ လာလီဂါအဖွဲ့ချုပ်ဆီက မှတ်ပုံတင်ခွင့်ကို ရရှိခဲ့အပြီးမှာ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။

ကာတာလန်အသင်းဟာ နူးကမ့်မှာ ဂိုးသမား တာစတီဂန်၊ အရော်ဂျို၊ အဲရစ် ဂါစီယာ၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂါဗီနဲ့ ပက်ဒရီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာနဲ့ ဒမ်ဘီလီတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကြီး ပိုင်ဆိုင်ထားတဲ့ ဗယ်လာဒိုလစ်ကတော့ ဘာဆာဂိုးသမားဟောင်း ယော်ဒီ မာဆစ်၊ ခံစစ်မှာ ဖာနန်ဒက်ဇ်၊ ဟာဗီ ဆန်ချက်ဇ်၊ လူးဝစ် ပီရက်ဇ်နဲ့ အက်စ်ကူဒေရိုတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ မွန်ချူး၊ အာဂွါဒို၊ ကီကေး ပီရက်ဇ်၊ အန်ဝါနဲ့ အီဗန် ဆန်ချက်ဇ်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဂွါဒီယိုလာတစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။

ဘာစီလိုနာရဲ့ ကစားသမားသစ် ရာဖင်ညာ တော်တော်လေး ကြိုးစားခဲ့တာကို တွေ့ရပြီး သူ့ရဲ့ ညာတောင်ပံက ပေးပို့မှုတွေနဲ့ ဖြတ်တင်ဘောတွေကို တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးနဲ့ ဘယ်တောင်ပံသမား ဒမ်ဘီလီတို့ အသုံးမချနိုင်ခဲ့လို့သာ စောစောစီးစီး ဂိုးမရခဲ့တာဖြစ်သလို ဗယ်လာဒိုလစ်ကတော့ တစ်ချက်တစ်လေမှပဲ ကောင်တာကနေ ထိုးဖောက်နိုင်ခဲ့ပါတယ်။

ဂါဗီ၊ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာနဲ့ ဒမ်ဘီလီတို့ အခွင့်အရေးတွေကို ထပ်မံလွဲချော်ခဲ့အပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဘာဆာတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ရာဖင်ညာရဲ့ အဝေးတိုင်ဘက်ကို ဖြတ်တင်မှုမှာ ပေါ့ဆပြီး အချိန်မီ မဖျက်နိုင်ခဲ့တဲ့ ဗယ်လာဒိုလစ်နောက်ခံလူ နှစ်ယောက်ရဲ့ နောက်ကနေ လီဗန်ဒေါ့ဗ်စကီးက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်း မပြီးခင် ပွဲချိန် ၄၃ မိနစ်မှာ ဘာစီလိုနာတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဆွဲဝင်လာခဲ့တဲ့ ဒမ်ဘီလီရဲ့ အလယ်ကို ခင်းပေးမှုမှာ ရာဖင်ညာနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ရဲ့ မျှားခေါ်မှုနောက်ကို ပါသွားကြတဲ့ ဗယ်လာဒိုလစ် နောက်ခံလူတွေကြောင့် ချောင်နေတဲ့ အကွက်ကို ဝင်ပြီး ကွင်းလယ်လူ ပက်ဒရီက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဘာဆာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့အပြီးမှာတော့ ဒုတိယပိုင်းမှာလည်း ဇာဗီရဲ့ လူတွေပဲ တိုက်စစ်ဖွင့်ကစားနေခဲ့ပြီး ရာဖင်ညာ၊ အဲရစ် ဂါစီယာတို့ အခွင့်အရေးတွေ လွဲချော်ခဲ့သလို ကွင်းလယ်မှာ လူငယ်ကစားသမား ဂါဗီကတော့ အလုပ်သိပ်မဖြစ်တာကြောင့် ပွဲချိန် ၆၁ မိနစ်မှာ ဒီယုံးနဲ့ လဲခဲ့သလို အရော်ဂျိုနဲ့ ရာဖင်ညာတို့ကိုလည်း ဆာဂျီ ရော်ဘတ်တို၊ အန်ဆူ ဖာတီတို့နဲ့ လဲကစားခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဘာစီလိုနာတို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော် ဆွဲယူလာခဲ့တဲ့ ဒမ်ဘီလီရဲ့ ညာခြမ်းကနေ ပေးပို့မှုကို လီဗန်ဒေါ့ဗ်စကီးက ဧရိယာထဲမှာ တစ်ချက်ထိန်းပြီး ထောင့်ပိတ်ဖို့ ထွက်လာတဲ့ ဂိုးသမား မာဆစ်ပ်ရဲ့ အဝေးတိုင်ဘက်ကို နောက်ပေါက်နဲ့ အသာအယာ ထိုးထည့်သွားခဲ့ရာမှာ ဗယ်လာဒိုလစ်ခံစစ် အငိုက်မိပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး ပေးတဲ့ ဘောလုံးကို ဗယ်လာဒိုလစ်တို့ ဖြတ်ယူသွားခဲ့တဲ့ တန်ပြန်တိုက်စစ်ဆင်ရာမှာ ပလာနိုရဲ့ ကန်ချက်ကို တာစတီဂန် ပုတ်ထုတ်ခဲ့ရပြီး ပြန်ထွက်လာတာကို နောက်က ပါလာတဲ့ မီဆာက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲက ကွန်ဒီက ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဗယ်လာဒိုလစ်ဘက်က အန်ဝါနဲ့ ဘာစီလိုနာဘက်က အန်ဆူ ဖာတီနဲ့ ဒမ်ဘီလီတို့ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြသလို အိမ်ရှင်တွေဘက်က ဘူးစ်ကွက်စ်နဲ့ ဒမ်ဘီလီတို့အစား ကက်ဆီယေးနဲ့ ဖယ်ရန် တောရက်စ်တို့ ဝင်ကစားခဲ့ကြပြီး တောရက်စ်ကတော့ ထုံးစံအတိုင်း ငှက်ပစ်ဖို့ ဝင်လာခဲ့တာလားလို့ပဲ မေးရမလိုဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ပွဲပြီးတော့မယ်လို့ ထင်နေတုန်း နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘာစီလိုနာတို့ စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖယ်ရန် တောရက်စ် ချိုးပေးတာကို လီဗန်ဒေါ့ဗ်စကီးရဲ့ ပိတ်သွင်းချက်က ဘားထိပြီး ပြန်အကျမှာ နောက်က ပါလာတဲ့ ဆာဂျီ ရော်ဘတ်တိုက ပိတ်သွင်းနိုင်ခဲ့လို့ နောက်ထပ်တစ်ဂိုး ထပ်ရခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘာစီလိုနာတို့ အိမ်ကွင်း နူးကမ့်မှာ ဗယ်လာဒိုလစ်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်ရောက်လာနိုင်ခဲ့ကြသလို ငွေရေးကြေးရေး အခက်အခဲတွေကို အထိုက်အလျောက် တည်ငြိမ်စေနိုင်ခဲ့အပြီးမှာတော့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်လာနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ေရးဆင္းအသင္းကေန ေပါင္ေလးသန္းခြဲနဲ႔ ေခၚယူထားခဲ့တဲ့ လူငယ္ကစားသမား ပါဘလို ေတာ္ရီကို ဘီအသင္းကို ပို႔ေဆာင္ခဲ့ၿပီး ေနာက္ခံလူ ဆင္ျမဴယယ္ အမ္တီတီကို စီးရီးေအကလပ္ ေလခ်ီဆီ တစ္ရာသီ အငွားခ်လိုက္ႏိုင္ခဲ့လို႔ ဒီေန႔မွာ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ထည့္သြင္းကစားဖို႔ လာလီဂါအဖြဲ႕ခ်ဳပ္ဆီက မွတ္ပုံတင္ခြင့္ကို ရရွိခဲ့အၿပီးမွာ စတင္အသုံးျပဳႏိုင္ခဲ့ပါတယ္။

ကာတာလန္အသင္းဟာ ႏူးကမ့္မွာ ဂိုးသမား တာစတီဂန္၊ အေရာ္ဂ်ိဳ၊ အဲရစ္ ဂါစီယာ၊ ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဂါဗီနဲ႔ ပက္ဒရီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာနဲ႔ ဒမ္ဘီလီတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုႀကီး ပိုင္ဆိုင္ထားတဲ့ ဗယ္လာဒိုလစ္ကေတာ့ ဘာဆာဂိုးသမားေဟာင္း ေယာ္ဒီ မာဆစ္၊ ခံစစ္မွာ ဖာနန္ဒက္ဇ္၊ ဟာဗီ ဆန္ခ်က္ဇ္၊ လူးဝစ္ ပီရက္ဇ္နဲ႔ အက္စ္ကူေဒ႐ိုတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မြန္ခ်ဴး၊ အာဂြါဒို၊ ကီေကး ပီရက္ဇ္၊ အန္ဝါနဲ႔ အီဗန္ ဆန္ခ်က္ဇ္တို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဂြါဒီယိုလာတစ္ေယာက္တည္းကို တင္ကစားလာခဲ့တာပါ။

ဘာစီလိုနာရဲ႕ ကစားသမားသစ္ ရာဖင္ညာ ေတာ္ေတာ္ေလး ႀကိဳးစားခဲ့တာကို ေတြ႕ရၿပီး သူ႔ရဲ႕ ညာေတာင္ပံက ေပးပို႔မႈေတြနဲ႔ ျဖတ္တင္ေဘာေတြကို တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးနဲ႔ ဘယ္ေတာင္ပံသမား ဒမ္ဘီလီတို႔ အသုံးမခ်ႏိုင္ခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္သလို ဗယ္လာဒိုလစ္ကေတာ့ တစ္ခ်က္တစ္ေလမွပဲ ေကာင္တာကေန ထိုးေဖာက္ႏိုင္ခဲ့ပါတယ္။

ဂါဗီ၊ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာနဲ႔ ဒမ္ဘီလီတို႔ အခြင့္အေရးေတြကို ထပ္မံလြဲေခ်ာ္ခဲ့အၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဘာဆာတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ရာဖင္ညာရဲ႕ အေဝးတိုင္ဘက္ကို ျဖတ္တင္မႈမွာ ေပါ့ဆၿပီး အခ်ိန္မီ မဖ်က္ႏိုင္ခဲ့တဲ့ ဗယ္လာဒိုလစ္ေနာက္ခံလူ ႏွစ္ေယာက္ရဲ႕ ေနာက္ကေန လီဗန္ေဒါ့ဗ္စကီးက ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပထမပိုင္း မၿပီးခင္ ပြဲခ်ိန္ ၄၃ မိနစ္မွာ ဘာစီလိုနာတို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ဆြဲဝင္လာခဲ့တဲ့ ဒမ္ဘီလီရဲ႕ အလယ္ကို ခင္းေပးမႈမွာ ရာဖင္ညာနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ရဲ႕ မွ်ားေခၚမႈေနာက္ကို ပါသြားၾကတဲ့ ဗယ္လာဒိုလစ္ ေနာက္ခံလူေတြေၾကာင့္ ေခ်ာင္ေနတဲ့ အကြက္ကို ဝင္ၿပီး ကြင္းလယ္လူ ပက္ဒရီက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းအဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဘာဆာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပိုင္းကို ဦးေဆာင္ခဲ့အၿပီးမွာေတာ့ ဒုတိယပိုင္းမွာလည္း ဇာဗီရဲ႕ လူေတြပဲ တိုက္စစ္ဖြင့္ကစားေနခဲ့ၿပီး ရာဖင္ညာ၊ အဲရစ္ ဂါစီယာတို႔ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့သလို ကြင္းလယ္မွာ လူငယ္ကစားသမား ဂါဗီကေတာ့ အလုပ္သိပ္မျဖစ္တာေၾကာင့္ ပြဲခ်ိန္ ၆၁ မိနစ္မွာ ဒီယုံးနဲ႔ လဲခဲ့သလို အေရာ္ဂ်ိဳနဲ႔ ရာဖင္ညာတို႔ကိုလည္း ဆာဂ်ီ ေရာ္ဘတ္တို၊ အန္ဆူ ဖာတီတို႔နဲ႔ လဲကစားခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္ ဆြဲယူလာခဲ့တဲ့ ဒမ္ဘီလီရဲ႕ ညာျခမ္းကေန ေပးပို႔မႈကို လီဗန္ေဒါ့ဗ္စကီးက ဧရိယာထဲမွာ တစ္ခ်က္ထိန္းၿပီး ေထာင့္ပိတ္ဖို႔ ထြက္လာတဲ့ ဂိုးသမား မာဆစ္ပ္ရဲ႕ အေဝးတိုင္ဘက္ကို ေနာက္ေပါက္နဲ႔ အသာအယာ ထိုးထည့္သြားခဲ့ရာမွာ ဗယ္လာဒိုလစ္ခံစစ္ အငိုက္မိၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး ေပးတဲ့ ေဘာလုံးကို ဗယ္လာဒိုလစ္တို႔ ျဖတ္ယူသြားခဲ့တဲ့ တန္ျပန္တိုက္စစ္ဆင္ရာမွာ ပလာႏိုရဲ႕ ကန္ခ်က္ကို တာစတီဂန္ ပုတ္ထုတ္ခဲ့ရၿပီး ျပန္ထြက္လာတာကို ေနာက္က ပါလာတဲ့ မီဆာက အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မရွိတဲ့ ဂိုးေပါက္ထဲက ကြန္ဒီက ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဗယ္လာဒိုလစ္ဘက္က အန္ဝါနဲ႔ ဘာစီလိုနာဘက္က အန္ဆူ ဖာတီနဲ႔ ဒမ္ဘီလီတို႔ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ၾကသလို အိမ္ရွင္ေတြဘက္က ဘူးစ္ကြက္စ္နဲ႔ ဒမ္ဘီလီတို႔အစား ကက္ဆီေယးနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ ဝင္ကစားခဲ့ၾကၿပီး ေတာရက္စ္ကေတာ့ ထုံးစံအတိုင္း ငွက္ပစ္ဖို႔ ဝင္လာခဲ့တာလားလို႔ပဲ ေမးရမလိုျဖစ္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ပဲ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္း နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ စတုတၳဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဖယ္ရန္ ေတာရက္စ္ ခ်ိဳးေပးတာကို လီဗန္ေဒါ့ဗ္စကီးရဲ႕ ပိတ္သြင္းခ်က္က ဘားထိၿပီး ျပန္အက်မွာ ေနာက္က ပါလာတဲ့ ဆာဂ်ီ ေရာ္ဘတ္တိုက ပိတ္သြင္းႏိုင္ခဲ့လို႔ ေနာက္ထပ္တစ္ဂိုး ထပ္ရခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘာစီလိုနာတို႔ အိမ္ကြင္း ႏူးကမ့္မွာ ဗယ္လာဒိုလစ္တို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး သုံးပြဲကစား ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို တက္ေရာက္လာႏိုင္ခဲ့ၾကသလို ေငြေရးေၾကးေရး အခက္အခဲေတြကို အထိုက္အေလ်ာက္ တည္ၿငိမ္ေစႏိုင္ခဲ့အၿပီးမွာေတာ့ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္လာႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.