Ligue1 Match Report

ဂန်းနားချင်း ပြန်အတွေ့မှာ ပေပေကို တာဗာရက်စ် တောက်ချပြီး နိစ်ကို ဖြုတ်တဲ့ မာဆေးလ်

နိစ်အသင်းအနေနဲ့ ဒီနေ့မှာ အာဆင်နယ်အသင်းက အငှားခေါ်ယူထားတဲ့ ပေပေကို ထည့်သွင်းပြီး တိုက်စစ်မှာ ဒါလော့၊ ကလို့ဒ်-မောရစ္စတို့နဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာတော့ ရိုဆာရီယို၊ အီလီနဲ့ ဘီကာဘီကာတို့ကို အသုံးပြုခဲ့ပြီး ခံစစ်မှာတော့ ဂိုးသမား ရှမိုက်ကယ်၊ ဒန်တေ၊ လိုတွမ်ဘာ၊ ဗီတီနဲ့ ဘာ့ဒ်တို့ကို ခင်းကျင်းလာခဲ့ပါတယ်။

ဧည့်သည် မာဆေးလ်တို့ကတော့ ဒီနေ့မှာ အာဆင်နယ်ကစားသမားဟောင်း ကိုလာရှီနက်ချ်၊ ဂန်ဒူဇီ၊ တိုက်စစ်မှူး အလက်ဆစ် ဆန်ချက်ဇ်တို့နဲ့အတူ အငှားခေါ်ယူထားတဲ့ နူနို တာဗာရက်စ်ကို အသုံးပြုခဲ့ပြီး ဂိုးသမား ပေါ် လိုပက်ဇ်၊ ခံစစ်မှာ ကလော့စ်၊ အမ်ဘင်ဘာ၊ ဘယ်လာဒီတို့နဲ့ စုဖွဲ့လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာတော့ ဟွန်ဂျီယေး၊ ဗဲဟယ်တူ၊ ပါယက်တို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာကတည်းက မာဆေးလ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ညာခြမ်းကနေ နိစ်နောက်ခံလူ ဘာ့ဒ်ကို ကျော်ဖြတ်လာခဲ့တဲ့ ကလော့စ်က အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ အလက်ဆစ် ဆန်ချက်ဇ်က တစ်ချက်ထိန်းပြီး အနီးတိုင် အပေါ်ထောင့်ကို ကန်သွင်းသွားနိုင်ခဲ့လို့ ဂိုးသမား ရှမိုက်ကယ် မလှုပ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

နိစ်ရဲ့ ပေပေကတော့ အသင်းသစ်နဲ့ အလုပ်မဖြစ်သေးခဲ့ချိန်မှာ ပွဲချိန် ၃၇ မိနစ်မှာ မာဆေးလ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ယူသွားခဲ့ပြီး ညာခြမ်းက ဖြတ်တင်ဘောက များသွားတာကို လိုက်လံရယူနိုင်ခဲ့တဲ့ ဂန်ဒူဇီက အတွင်းကို ပြန်ချိုးပေးတာကို ဘယ်သန်လို့ ပြောတဲ့ တာဗာရက်စ်က တစ်ချက်ခေါက်ပြီး ဧရိယာထိပ်ကနေ ညာခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့လို့ ရှမိုက်ကယ် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ မာဆေးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟွန်ဂျီယေး ထိုးပေးလိုက်တာကို ဘယ်ခြမ်းက တာဗာရက်စ်က အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ် မဖမ်းနိုင်ဘဲ ပြန်ထွက်လာခဲ့တာကို နောက်က လိုက်လာတဲ့ အလက်ဆစ် ဆန်ချက်ဇ်က ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မာဆေးလ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း သူတို့တွေပဲ ပွဲကို စိုးမိုးထားခဲ့သလို အိမ်ရှင်တောင်ပံသမား ပေပေကတော့ ထောင့်ကန်ဘောကန်လိုက် ဖရီးကစ်ကန်လိုက်နဲ့ ပျော်မွေ့နေခဲ့ပြီး သူ့ကို ပံ့ပိုးသူ မရှိတဲ့ ပုံစံပျက် နိစ်အသင်းသားတွေကြားမှာ အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်သေးတာကိုတော့ တွေ့ခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ နိစ်ဘက်က အီလီ၊ ကလို့ဒ်-မောရစ္စ၊ ဘာ့ဒ်၊ ဘီကာဘီကာနဲ့ ဒါလော့တို့အစား ဘရာဟီမီ၊ ရမ်ဆေး၊ အတယ်လ်၊ သူရမ်နဲ့ စတင်းစ်တို့ ဝင်ကစားခဲ့ကြပြီး မာဆေးလ်ဘက်ကတော့ ကိုလာရှီနက်ချ်၊ ဆန်ချက်ဇ်၊ ပါယက်၊ ကလော့စ်နဲ့ တာဗာရက်စ်တို့အစား ဘိုင်လီ၊ လူးဝစ် ဆွာရက်ဇ်၊ ဘာကမ်ဘူး၊ ကာဘိုးရ်နဲ့ ပါပီ ဂေးယီတို့ကို ထည့်သွင်းကစားသွားခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် နိစ်တို့ဘက်က ဘာမှ မတုံ့ပြန်နိုင်ခဲ့ဘဲ ၁၆ ကြိမ်ကန်ပြီး ၂ ကြိမ်သာ ဂိုးပေါက်တည့်မှုနဲ့ သုံးဂိုး-ဂိုးမရှိရလဒ်ကို လက်ခံပြီး သူတို့ရဲ့ ဆိုးရွားတဲ့ နိုင်ပွဲပျောက်မှတ်တမ်းကို ၄ ပွဲအထိ ထပ်မံတိုးမြှင့်လိုက်သလို နည်းပြသစ် ဝါရင့်ကြီး လူစီယန် ဖာ့ဗ်ကတော့ ပီအက်စ်ဂျီကို ရောက်သွားတဲ့ နည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ ခြေရာကို မနင်းနိုင်ဘဲ လောင်းရိပ်မိခံရတော့မယ့် အဖြစ်မျိုးကို ရောက်ရှိနေခဲ့တာပါ။

မာဆေးလ်တို့ကတော့ လေးပွဲကစား သုံးပွဲနိုင် တစ်ပွဲသရေနဲ့ ကိုလာရှီနက်ချ်၊ ဂန်ဒူဇီ၊ တာဗာရက်စ်၊ ဆန်ချက်ဇ်တို့ အာဆင်နယ်လူဟောင်းတွေ ခြေစွမ်းပြနိုင်မှုနဲ့ နိစ်တို့ဘက်က ပါဝင်တဲ့ ရမ်ဆေးနဲ့ ပေပေတို့ကို နှိပ်ကွပ်နိုင်ခဲ့ပြီး ပီအက်စ်ဂျီ မကန်ခင်မှာ လိဂန်အမှတ်ပေးဇယားထိပ်ကို တက်ရောက် နေရာယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိစ္အသင္းအေနနဲ႔ ဒီေန႔မွာ အာဆင္နယ္အသင္းက အငွားေခၚယူထားတဲ့ ေပေပကို ထည့္သြင္းၿပီး တိုက္စစ္မွာ ဒါေလာ့၊ ကလို႔ဒ္-ေမာရစၥတို႔နဲ႔ တြဲေပးခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဆာရီယို၊ အီလီနဲ႔ ဘီကာဘီကာတို႔ကို အသုံးျပဳခဲ့ၿပီး ခံစစ္မွာေတာ့ ဂိုးသမား ရွမိုက္ကယ္၊ ဒန္ေတ၊ လိုတြမ္ဘာ၊ ဗီတီနဲ႔ ဘာ့ဒ္တို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

ဧည့္သည္ မာေဆးလ္တို႔ကေတာ့ ဒီေန႔မွာ အာဆင္နယ္ကစားသမားေဟာင္း ကိုလာရွီနက္ခ်္၊ ဂန္ဒူဇီ၊ တိုက္စစ္မႉး အလက္ဆစ္ ဆန္ခ်က္ဇ္တို႔နဲ႔အတူ အငွားေခၚယူထားတဲ့ ႏူႏို တာဗာရက္စ္ကို အသုံးျပဳခဲ့ၿပီး ဂိုးသမား ေပၚ လိုပက္ဇ္၊ ခံစစ္မွာ ကေလာ့စ္၊ အမ္ဘင္ဘာ၊ ဘယ္လာဒီတို႔နဲ႔ စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္ပိုင္းမွာေတာ့ ဟြန္ဂ်ီေယး၊ ဗဲဟယ္တူ၊ ပါယက္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာကတည္းက မာေဆးလ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန နိစ္ေနာက္ခံလူ ဘာ့ဒ္ကို ေက်ာ္ျဖတ္လာခဲ့တဲ့ ကေလာ့စ္က အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ အလက္ဆစ္ ဆန္ခ်က္ဇ္က တစ္ခ်က္ထိန္းၿပီး အနီးတိုင္ အေပၚေထာင့္ကို ကန္သြင္းသြားႏိုင္ခဲ့လို႔ ဂိုးသမား ရွမိုက္ကယ္ မလႈပ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

နိစ္ရဲ႕ ေပေပကေတာ့ အသင္းသစ္နဲ႔ အလုပ္မျဖစ္ေသးခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၇ မိနစ္မွာ မာေဆးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္ယူသြားခဲ့ၿပီး ညာျခမ္းက ျဖတ္တင္ေဘာက မ်ားသြားတာကို လိုက္လံရယူႏိုင္ခဲ့တဲ့ ဂန္ဒူဇီက အတြင္းကို ျပန္ခ်ိဳးေပးတာကို ဘယ္သန္လို႔ ေျပာတဲ့ တာဗာရက္စ္က တစ္ခ်က္ေခါက္ၿပီး ဧရိယာထိပ္ကေန ညာေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့လို႔ ရွမိုက္ကယ္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ မာေဆးလ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဟြန္ဂ်ီေယး ထိုးေပးလိုက္တာကို ဘယ္ျခမ္းက တာဗာရက္စ္က အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္ မဖမ္းႏိုင္ဘဲ ျပန္ထြက္လာခဲ့တာကို ေနာက္က လိုက္လာတဲ့ အလက္ဆစ္ ဆန္ခ်က္ဇ္က ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မာေဆးလ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း သူတို႔ေတြပဲ ပြဲကို စိုးမိုးထားခဲ့သလို အိမ္ရွင္ေတာင္ပံသမား ေပေပကေတာ့ ေထာင့္ကန္ေဘာကန္လိုက္ ဖရီးကစ္ကန္လိုက္နဲ႔ ေပ်ာ္ေမြ႕ေနခဲ့ၿပီး သူ႔ကို ပံ့ပိုးသူ မရွိတဲ့ ပုံစံပ်က္ နိစ္အသင္းသားေတြၾကားမွာ အခြင့္အေရးေတြကိုလည္း အသုံးမခ်ႏိုင္ေသးတာကိုေတာ့ ေတြ႕ခဲ့ရတာပါ။

ဒုတိယပိုင္းမွာေတာ့ နိစ္ဘက္က အီလီ၊ ကလို႔ဒ္-ေမာရစၥ၊ ဘာ့ဒ္၊ ဘီကာဘီကာနဲ႔ ဒါေလာ့တို႔အစား ဘရာဟီမီ၊ ရမ္ေဆး၊ အတယ္လ္၊ သူရမ္နဲ႔ စတင္းစ္တို႔ ဝင္ကစားခဲ့ၾကၿပီး မာေဆးလ္ဘက္ကေတာ့ ကိုလာရွီနက္ခ်္၊ ဆန္ခ်က္ဇ္၊ ပါယက္၊ ကေလာ့စ္နဲ႔ တာဗာရက္စ္တို႔အစား ဘိုင္လီ၊ လူးဝစ္ ဆြာရက္ဇ္၊ ဘာကမ္ဘူး၊ ကာဘိုးရ္နဲ႔ ပါပီ ေဂးယီတို႔ကို ထည့္သြင္းကစားသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ နိစ္တို႔ဘက္က ဘာမွ မတုံ႔ျပန္ႏိုင္ခဲ့ဘဲ ၁၆ ႀကိမ္ကန္ၿပီး ၂ ႀကိမ္သာ ဂိုးေပါက္တည့္မႈနဲ႔ သုံးဂိုး-ဂိုးမရွိရလဒ္ကို လက္ခံၿပီး သူတို႔ရဲ႕ ဆိုး႐ြားတဲ့ ႏိုင္ပြဲေပ်ာက္မွတ္တမ္းကို ၄ ပြဲအထိ ထပ္မံတိုးျမႇင့္လိုက္သလို နည္းျပသစ္ ဝါရင့္ႀကီး လူစီယန္ ဖာ့ဗ္ကေတာ့ ပီအက္စ္ဂ်ီကို ေရာက္သြားတဲ့ နည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕ ေျခရာကို မနင္းႏိုင္ဘဲ ေလာင္းရိပ္မိခံရေတာ့မယ့္ အျဖစ္မ်ိဳးကို ေရာက္ရွိေနခဲ့တာပါ။

မာေဆးလ္တို႔ကေတာ့ ေလးပြဲကစား သုံးပြဲႏိုင္ တစ္ပြဲသေရနဲ႔ ကိုလာရွီနက္ခ်္၊ ဂန္ဒူဇီ၊ တာဗာရက္စ္၊ ဆန္ခ်က္ဇ္တို႔ အာဆင္နယ္လူေဟာင္းေတြ ေျခစြမ္းျပႏိုင္မႈနဲ႔ နိစ္တို႔ဘက္က ပါဝင္တဲ့ ရမ္ေဆးနဲ႔ ေပေပတို႔ကို ႏွိပ္ကြပ္ႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီ မကန္ခင္မွာ လိဂန္အမွတ္ေပးဇယားထိပ္ကို တက္ေရာက္ ေနရာယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.