Premier League

လီဗာပူးလ်နဲ့ပွဲက ရက်ရှ်ဖို့ဒ်ရဲ့အနိုင်ဂိုးက ဘာလို့ခွင့်ပြုပေးခြင်းခံရတာလဲဆိုတာ ရှင်းပြခဲ့တဲ့ မိုက်ဒင်း

ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ်မှာ တင်းကြပ်လှတဲ့ VAR က ဂိုးတွေကို ငြင်းပယ်ခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး ဂျေဆူးစ်ရဲ့ သွင်းဂိုးကို ငြင်းပယ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကိုတော့ ခွင့်ပြုပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အင်္ဂလန်ကို VAR စရောက်လာတဲ့အချိန်မှာ လက်ညှိုးတစ်ချောင်းတောင် အကျွံမခံခဲ့ဘဲ အဲဒီအချိန်တုန်းကသာဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးဟာ ခွင့်ပြုခြင်း ခံခဲ့ရမှာမဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ PGMOL တို့က ဘောလုံးပြိုင်ပွဲရသမပျက်ရအောင် ကလပ်အသင်းတွေနဲ့ သဘောတူညီမှုရယူပြီး အပြောင်းအလဲအချို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် လူအများစုက အောင်ပွဲခံနေခဲ့ချိန်မှာ VAR ဒါရင်း အင်္ဂလန်နဲ့ ၎င်းရဲ့ အသင်းဟာ စတော့ခ်လေ ပါ့ခ်မှာ လီဗာပူးလ်ရဲ့ ခံစစ်စည်းကို ရက်ရှ်ဖို့ဒ် မကျော်ဖြတ်မီ အခိုက်အတန့်ကို အနီးကပ် ကြည့်ရှုနေခဲ့ကြပါတယ်။ ပထမဆုံးအနေနဲ့ အန်သိုနီ မာစီယယ်လ် ဘောလုံး ပေးပို့လိုက်တဲ့အချိန်ကို ကြည့်ရှုခဲ့ပြီး အဲဒီပေးပို့မှုဟာ အတည်ပြုခြင်းခံခဲ့ရပါတယ်။

ပြီးတဲ့နောက် ရက်ရှ်ဖို့ဒ်နဲ့ ဒုတိယ နောက်ဆုံး နောက်ခံကစားသမားတို့ရဲ့ လှုပ်ရှားမှုကို ပြသတဲ့ မျဉ်းကို ကြည့်ရှုခဲ့ပြီး အဲဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအနေနဲ့ ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ VAR က ဖြစ်စဉ်ကို အတိအကျဖြစ်အောင် လှုပ်ရှားမှုအားလုံးကို ပိတ်ချလိုက်ပြီး စနစ်က လူမကျွံရင် အစိမ်းရောင်ပြပြီး လူကျွံရင်တော့ အနီရောင် ပြသမှာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကတော့ ကစားသမား ၂ ဦးရဲ့ လိုင်းတွေဟာ တစ်ခုအပေါ်တစ်ခု ထပ်နေတယ်ဆိုရင် လူမကျွံဘူးလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် လူကျွံဘော သတ်မှတ်ဖို့ကလည်း အရမ်းကို ကြပ်တည်းနေတာကြောင့် တနင်္လာနေ့ညနေက အိုးထရက်ဖို့ဒ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် အားသာချက်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ဂျေဆူးရဲ့ ဘုန်းမောက်အသင်းနဲပွဲက ဘာကြောင့် ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာလဲဆိုရင် လိုင်းတွေ ထပ်နေတာမျိုး မရှိခဲ့တာကြောင့်ဖြစ်ပြီး အက်စတန် ဗီလာနဲ့ပွဲမှာ ဂျက်ဖရီ ရှလပ် ဂိုးပိုက်ထဲကို မကန်သွင်းမီ ခရစ္စတယ် ပဲလေ့စ်တိုက်စစ်မှူး အော့ဒ်ဆင် အေဒူယာရဲ့ဖြစ်ရပ်၊ ဖူလ်ဟမ်နဲ့ပွဲက ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီလည်း အလားတူပဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ဒီအပြောင်းအလဲကြောင့် ပွဲစဉ်တွေမှာ ဂိုးတွေ ပိုမို ရရှိလာတာဟာ ဒီချဉ်းကပ်မှုကနေ အကျိုးအမြတ် ရရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်နဲ့ ကမ္ဘာ့ဖလားမှာ သုံးမယ့် semi-automated offside က ဘယ်လို အလုပ်လုပ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီ semi-automated offside စနစ်မှာ AI ရဲ့ အကူအညီနဲ့ ဒိုင်လူကြီးတွေဟာ ဖြစ်စဉ်ကို သုံးဖက်မြင်ပုံရိပ်နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး ကွင်းအတွင်းက ကစားသမားတွေရဲ့ နေရာအတိအကျကို တွက်ချက်ပြီး တိုက်စစ်ကစားသမားက လူကျွံလား၊ မကျွံဘူးလားဆိုတာကို အတိအကျ အဖြေထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ၿပီးခဲ့တဲ့အပတ္ ပရီးမီးယားလိဂ္မွာ တင္းၾကပ္လွတဲ့ VAR က ဂိုးေတြကို ျငင္းပယ္ခဲ့ၿပီး အာဆင္နယ္တိုက္စစ္မႉး ေဂ်ဆူးစ္ရဲ႕ သြင္းဂိုးကို ျငင္းပယ္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးကိုေတာ့ ခြင့္ျပဳေပးခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က အဂၤလန္ကို VAR စေရာက္လာတဲ့အခ်ိန္မွာ လက္ညႇိဳးတစ္ေခ်ာင္းေတာင္ အကြၽံမခံခဲ့ဘဲ အဲဒီအခ်ိန္တုန္းကသာဆိုရင္ ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုးဟာ ခြင့္ျပဳျခင္း ခံခဲ့ရမွာမဟုတ္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္နဲ႔ PGMOL တို႔က ေဘာလုံးၿပိဳင္ပြဲရသမပ်က္ရေအာင္ ကလပ္အသင္းေတြနဲ႔ သေဘာတူညီမႈရယူၿပီး အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔ညက အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္က ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ လူအမ်ားစုက ေအာင္ပြဲခံေနခဲ့ခ်ိန္မွာ VAR ဒါရင္း အဂၤလန္နဲ႔ ၎ရဲ႕ အသင္းဟာ စေတာ့ခ္ေလ ပါ့ခ္မွာ လီဗာပူးလ္ရဲ႕ ခံစစ္စည္းကို ရက္ရွ္ဖို႔ဒ္ မေက်ာ္ျဖတ္မီ အခိုက္အတန႔္ကို အနီးကပ္ ၾကည့္ရႈေနခဲ့ၾကပါတယ္။ ပထမဆုံးအေနနဲ႔ အန္သိုနီ မာစီယယ္လ္ ေဘာလုံး ေပးပို႔လိုက္တဲ့အခ်ိန္ကို ၾကည့္ရႈခဲ့ၿပီး အဲဒီေပးပို႔မႈဟာ အတည္ျပဳျခင္းခံခဲ့ရပါတယ္။

ၿပီးတဲ့ေနာက္ ရက္ရွ္ဖို႔ဒ္နဲ႔ ဒုတိယ ေနာက္ဆုံး ေနာက္ခံကစားသမားတို႔ရဲ႕ လႈပ္ရွားမႈကို ျပသတဲ့ မ်ဥ္းကို ၾကည့္ရႈခဲ့ၿပီး အဲဒီအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးအေနနဲ႔ ဂိုးသြင္းယူႏိုင္ဖို႔ အနီးစပ္ဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ VAR က ျဖစ္စဥ္ကို အတိအက်ျဖစ္ေအာင္ လႈပ္ရွားမႈအားလုံးကို ပိတ္ခ်လိုက္ၿပီး စနစ္က လူမကြၽံရင္ အစိမ္းေရာင္ျပၿပီး လူကြၽံရင္ေတာ့ အနီေရာင္ ျပသမွာျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ေႏြရာသီမွာ လုပ္ခဲ့တဲ့ အေျပာင္းအလဲေတြကေတာ့ ကစားသမား ၂ ဦးရဲ႕ လိုင္းေတြဟာ တစ္ခုအေပၚတစ္ခု ထပ္ေနတယ္ဆိုရင္ လူမကြၽံဘူးလို႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီလိုမွမဟုတ္ရင္ လူကြၽံေဘာ သတ္မွတ္ဖို႔ကလည္း အရမ္းကို ၾကပ္တည္းေနတာေၾကာင့္ တနလၤာေန႔ညေနက အိုးထရက္ဖို႔ဒ္မွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတြက္ အားသာခ်က္ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

ေဂ်ဆူးရဲ႕ ဘုန္းေမာက္အသင္းနဲပြဲက ဘာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္းခံခဲ့ရတာလဲဆိုရင္ လိုင္းေတြ ထပ္ေနတာမ်ိဳး မရွိခဲ့တာေၾကာင့္ျဖစ္ၿပီး အက္စတန္ ဗီလာနဲ႔ပြဲမွာ ဂ်က္ဖရီ ရွလပ္ ဂိုးပိုက္ထဲကို မကန္သြင္းမီ ခရစၥတယ္ ပဲေလ့စ္တိုက္စစ္မႉး ေအာ့ဒ္ဆင္ ေအဒူယာရဲ႕ျဖစ္ရပ္၊ ဖူလ္ဟမ္နဲ႔ပြဲက ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီလည္း အလားတူပဲ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ဒီအေျပာင္းအလဲေၾကာင့္ ပြဲစဥ္ေတြမွာ ဂိုးေတြ ပိုမို ရရွိလာတာဟာ ဒီခ်ဥ္းကပ္မႈကေန အက်ိဳးအျမတ္ ရရွိခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္နဲ႔ ကမာၻ႔ဖလားမွာ သုံးမယ့္ semi-automated offside က ဘယ္လို အလုပ္လုပ္မလဲဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီ semi-automated offside စနစ္မွာ AI ရဲ႕ အကူအညီနဲ႔ ဒိုင္လူႀကီးေတြဟာ ျဖစ္စဥ္ကို သုံးဖက္ျမင္ပုံရိပ္နဲ႔ ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး ကြင္းအတြင္းက ကစားသမားေတြရဲ႕ ေနရာအတိအက်ကို တြက္ခ်က္ၿပီး တိုက္စစ္ကစားသမားက လူကြၽံလား၊ မကြၽံဘူးလားဆိုတာကို အတိအက် အေျဖထုတ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.