Premier League Transfer News

ကျားကို အတောင်ပံတပ်ပေးမယ့် ပစ်မှတ်နဲ့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ မန်ယူနိုက်တက်

အန်သိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အိုင်းယက်စ်အသင်းကို ပရီးမီးယားလိဂ်ကလပ်အသင်း နောက်ဆုံးကမ်းလှမ်းထားတဲ့ ယူရိုသန်း ၉၀ ကျော် ပမာဏကို လက်ခံဖို့အတွက် ကိုယ်တိုင် တောင်းဆိုနေပြီလို့ နယ်သာလန်က သတင်းတွေအရ သိရပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ အိုင်းယက်စ်အသင်းမှာ နည်းပြ တန်ဟက်လက်အောက် တိုးတက်လာခဲ့သူဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြရဲ့ အိုးထရက်ဖို့ဒ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုင်းယက်စ်အသင်းဟာ အန်တိုနီအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ခေါင်းမာနေတာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ယူရိုသန်း ၁၀၀ တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အန်တိုနီအတွက် ကမ်းလှမ်းမှုအများအပြား အိုင်းယက်စ်အသင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပေမယ့်လည်း ယနေ့မှာ ပြုလုပ်မယ့် နောက်ဆုံးကမ်းလှမ်းမှုဟာ ဒတ်ချ်ကလပ်ရဲ့ တောင်းဆိုမှုနဲ့ အနီးစပ်ဆုံးဖြစ်မယ့် ကမ်းလှမ်းမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ De Telegraaf ရဲ့ ဖော်ပြချက်အရ အန်တိုနီဟာ လာမယ့် ၄၈ နာရီအတွင်း အပြောင်းအရွှေ့ အပြီးသတ်ချင်နေတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။

အန်တိုနီရဲ့ကိုယ်စားလှယ်တွေဟာ မန်ချက်စတာမှာ အိမ်တောင် လိုက်လံရှာဖွေနေပြီဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အိုင်းယက်စ် နည်းစနစ်ဒါရိုက်တာ ကလက်စ်-ယန် ဟန်တဲလားနဲ့ ဂျယ်ရီ ဟမ်စထရာတို့ကို အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုနေပြီ ဖြစ်ပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်မှာ အသင်းနဲ့ လေ့ကျင့်ရေး မဆင်းခဲ့သလို စပါတာ ရော့တာဒမ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အိုင်းယက်စ်အသင်းရဲ့ ပွဲစဉ်ကိုလည်း ပါဝင်ကစားပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က တနင်္လာနေ့ညမှာ လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုလည်း အန်တိုနီဟာ ၎င်းရဲ့ အစ်ကိုဖြစ်သူနဲ့အတူ ကြည့်ရှုအားပေးခဲ့ကြောင်းကို အင်စတာဂရမ်မှာ ပုံတင်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။

De Telegraaf ရဲ့ ယခုအပတ်မှာ ဖော်ပြခဲ့တဲ့ သတင်းအရ အိုင်းယက်စ်အသင်းဟာ တန်ဟက်ရဲ့ အန်တိုနီကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နောက်ဆုံးအပတ်မှာ ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေတာကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အန္သိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ အိုင္းယက္စ္အသင္းကို ပရီးမီးယားလိဂ္ကလပ္အသင္း ေနာက္ဆုံးကမ္းလွမ္းထားတဲ့ ယူ႐ိုသန္း ၉၀ ေက်ာ္ ပမာဏကို လက္ခံဖို႔အတြက္ ကိုယ္တိုင္ ေတာင္းဆိုေနၿပီလို႔ နယ္သာလန္က သတင္းေတြအရ သိရပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ အိုင္းယက္စ္အသင္းမွာ နည္းျပ တန္ဟက္လက္ေအာက္ တိုးတက္လာခဲ့သူျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ အိုးထရက္ဖို႔ဒ္က ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြအတြက္ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိုင္းယက္စ္အသင္းဟာ အန္တိုနီအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သက္ၿပီး ေခါင္းမာေနတာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ယူ႐ိုသန္း ၁၀၀ ေတာင္းဆိုေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အန္တိုနီအတြက္ ကမ္းလွမ္းမႈအမ်ားအျပား အိုင္းယက္စ္အသင္းရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရေပမယ့္လည္း ယေန႔မွာ ျပဳလုပ္မယ့္ ေနာက္ဆုံးကမ္းလွမ္းမႈဟာ ဒတ္ခ်္ကလပ္ရဲ႕ ေတာင္းဆိုမႈနဲ႔ အနီးစပ္ဆုံးျဖစ္မယ့္ ကမ္းလွမ္းမႈ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ De Telegraaf ရဲ႕ ေဖာ္ျပခ်က္အရ အန္တိုနီဟာ လာမယ့္ ၄၈ နာရီအတြင္း အေျပာင္းအေ႐ႊ႕ အၿပီးသတ္ခ်င္ေနတယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ၿပီး ျဖစ္ပါတယ္။

အန္တိုနီရဲ႕ကိုယ္စားလွယ္ေတြဟာ မန္ခ်က္စတာမွာ အိမ္ေတာင္ လိုက္လံရွာေဖြေနၿပီျဖစ္သလို ကစားသမားကိုယ္တိုင္ကလည္း အိုင္းယက္စ္ နည္းစနစ္ဒါ႐ိုက္တာ ကလက္စ္-ယန္ ဟန္တဲလားနဲ႔ ဂ်ယ္ရီ ဟမ္စထရာတို႔ကို အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခြင့္ေပးဖို႔ ေတာင္းဆိုေနၿပီ ျဖစ္ပါတယ္။

အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ တြန္းအားေပးတဲ့အေနနဲ႔ ၿပီးခဲ့တဲ့အပတ္မွာ အသင္းနဲ႔ ေလ့က်င့္ေရး မဆင္းခဲ့သလို စပါတာ ေရာ့တာဒမ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အိုင္းယက္စ္အသင္းရဲ႕ ပြဲစဥ္ကိုလည္း ပါဝင္ကစားေပးခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က တနလၤာေန႔ညမွာ လီဗာပူးလ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကိုလည္း အန္တိုနီဟာ ၎ရဲ႕ အစ္ကိုျဖစ္သူနဲ႔အတူ ၾကည့္ရႈအားေပးခဲ့ေၾကာင္းကို အင္စတာဂရမ္မွာ ပုံတင္ၿပီး အသိေပးခဲ့တာ ျဖစ္ပါတယ္။

De Telegraaf ရဲ႕ ယခုအပတ္မွာ ေဖာ္ျပခဲ့တဲ့ သတင္းအရ အိုင္းယက္စ္အသင္းဟာ တန္ဟက္ရဲ႕ အန္တိုနီကို အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ေနာက္ဆုံးအပတ္မွာ ေခၚယူဖို႔ တြန္းအားေပးလုပ္ေဆာင္ေနတာကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.