Carabao & FA Match Report Premier League

ရာဖင်ညာအစား ခေါ်ထားခဲ့တဲ့ လူသစ် ခြေစွမ်းပြပြီး ဘန်စလေကို ကျော်ဖြတ်ခဲ့တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ယော်ရန်တေ၊ ကူးပါးတို့နဲ့ လူငယ်တွေဖြစ်ကြတဲ့ ဒရာမာ၊ ဟီယဲလ်ဒါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂရင်းဝုဒ်၊ ဖော်ရှောနဲ့ ဦးစားပေးဘဝကနေ ဘေးရောက်ခဲ့ရတဲ့ ကလစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆမ်းမားဗီးလ်၊ ဂါးလ်ဟတ်ဒ်နဲ့ ဆီနီစတယ်ရာတို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဘန်စလေတို့ကတော့ ဂိုးသမား ဝေါ်လ်တန်၊ ခံစစ်မှာ အန်ဒါဆန်၊ ကစ်ချင်း၊ မက္ကာသီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘင်ဆန်၊ စတိုင်လ်စ်၊ အိုဒေါ်၊ ဟယ်လီဝဲလ်၊ သောမတ်စ်တို့နဲ့ စုဖွဲ့ခဲ့သလို တိုက်စစ်မှာတော့ အန်ဒီကိုးလ်ရဲ့သား ဒီဗန်တီ ကိုးလ်နဲ့ နော်ဝုဒ်တို့ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၂၁ မိနစ်မှာ လိဒ်စ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘန်စလေနောက်တန်းရဲ့ ဖျက်ထုတ်မှုကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို လူသစ် ဆီနီစတယ်ရာက ဘယ်တောင်ပံကနေ အတွင်းကို ပြန်ဆွဲပြီး လူပေးမလိုလိုနဲ့ လှမ်းကန်ခဲ့ရာမှာ ဂိုးသမား ဝေါ်လ်တန် မကာကွယ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ကြပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ အိမ်ရှင်တွေပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တောင်ပံကနေ ဧရိယာထဲဝင်ပြီး ဖန်တီးဖို့ ကြိုးစားတဲ့ ဆီနီစတယ်ရာကို ခြေချိတ်ခံရတာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ကွင်းလယ်လူ ကလစ်ချ်က အေးအေးဆေးဆေးပဲ လှည့်စားကန်သွင်းနိုင်ခဲ့လို့ လိဒ်စ်တို့ ထပ်မံရှေ့တိုးနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဧည့်သည်အသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ဘင်ဆန် ကန်တင်ပေးတာကို နောက်ခံလူ အန်ဒါဆန်က ခေါင်းတိုက်သွင်းခဲ့ရာမှာ ကလေးဆန်ဆန် လောကြီးတဲ့ အမှားမျိုး ကျူးလွန်ပြီး ဟန်ချက်ပျက်ခဲ့တဲ့ ဂိုးသမား မေလီယေး မကာကွယ်နိုင်ခဲ့ဘဲ ဘန်စလေတို့ တစ်ဂိုးပြန်ရခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာ ဘန်စလေကွင်းလယ်လူ စတိုင်လ်စ်ကို ဧရိယာထဲမှာ တွန်းချခဲ့တဲ့ ဖော်ရှောရဲ့ အမှားကနေ လိဒ်စ်တို့ ပင်နယ်တီပေးခဲ့ရပေမယ့် ကိုယ့်ကြောင့်ရတဲ့ အခွင့်အရေးကို ကိုယ်တိုင်ကန်တဲ့ စတိုင်လ်စ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် ဧည့်သည်တွေ ပြန်မလာနိုင်ခဲ့ဘဲ ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ လိဒ်စ်တို့ တတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုလံဘီယာသား ဆီနီစတယ်ရာရဲ့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်ထိုးဖောက်ပြီး ချိုးပေးတဲ့ ဘောလုံးက ဘန်စလေခံစစ်နဲ့ထိပြီး ပြန်ထွက်လာတာကို ကွင်းလယ်လူ ကလစ်ချ်က ဧရိယာထဲကနေ ကန်သွင်းယူခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ ရာဖင်ညာနေရာ အစားထိုးဖို့ ဖီယင်နုအသင်းဆီကနေ ခေါ်ယူထားတဲ့ လူးဝစ် ဆီနီစတယ်ရာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုး သုံးဂိုးစလုံးမှာ ပါဝင်ပတ်သက်နေခဲ့သလို ပရီးမီးယားလိဂ်မှာ အရန်ခုံကသာ ကစားခွင့်ရနေခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ပွဲထွက်ခွင့်ကို ပိုပေးဖို့အတွက် နည်းပြ ဂျက်ဆီ မာ့ရှ်အနေနဲ့ ပြန်စဉ်းစားဖို့ လိုအပ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လိဒ်စ်ယူနိုက်တက်တို့ အိမ်ကွင်း အယ်လန်ရုတ်ဒ်မှာ ဘန်စလေကို သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ ကျော်ဖြတ်အနိုင်ယူခဲ့ပြီး ကာရာဘောင်းဖလားရဲ့ တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို လာမယ့် နောက်တစ်ဆင့်ပွဲစဉ်ကိုတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းနဲ့ အဝေးကွင်း မိုလီနူးမှာ သွားရောက်ကစားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ေယာ္ရန္ေတ၊ ကူးပါးတို႔နဲ႔ လူငယ္ေတြျဖစ္ၾကတဲ့ ဒရာမာ၊ ဟီယဲလ္ဒါတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂရင္းဝုဒ္၊ ေဖာ္ေရွာနဲ႔ ဦးစားေပးဘဝကေန ေဘးေရာက္ခဲ့ရတဲ့ ကလစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆမ္းမားဗီးလ္၊ ဂါးလ္ဟတ္ဒ္နဲ႔ ဆီနီစတယ္ရာတို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဘန္စေလတို႔ကေတာ့ ဂိုးသမား ေဝၚလ္တန္၊ ခံစစ္မွာ အန္ဒါဆန္၊ ကစ္ခ်င္း၊ မကၠာသီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘင္ဆန္၊ စတိုင္လ္စ္၊ အိုေဒၚ၊ ဟယ္လီဝဲလ္၊ ေသာမတ္စ္တို႔နဲ႔ စုဖြဲ႕ခဲ့သလို တိုက္စစ္မွာေတာ့ အန္ဒီကိုးလ္ရဲ႕သား ဒီဗန္တီ ကိုးလ္နဲ႔ ေနာ္ဝုဒ္တို႔ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာ လိဒ္စ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘန္စေလေနာက္တန္းရဲ႕ ဖ်က္ထုတ္မႈကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို လူသစ္ ဆီနီစတယ္ရာက ဘယ္ေတာင္ပံကေန အတြင္းကို ျပန္ဆြဲၿပီး လူေပးမလိုလိုနဲ႔ လွမ္းကန္ခဲ့ရာမွာ ဂိုးသမား ေဝၚလ္တန္ မကာကြယ္ႏိုင္ခဲ့ဘဲ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အိမ္ရွင္ေတြပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေတာင္ပံကေန ဧရိယာထဲဝင္ၿပီး ဖန္တီးဖို႔ ႀကိဳးစားတဲ့ ဆီနီစတယ္ရာကို ေျခခ်ိတ္ခံရတာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ကြင္းလယ္လူ ကလစ္ခ်္က ေအးေအးေဆးေဆးပဲ လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ လိဒ္စ္တို႔ ထပ္မံေရွ႕တိုးႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဧည့္သည္အသင္းက ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန ဘင္ဆန္ ကန္တင္ေပးတာကို ေနာက္ခံလူ အန္ဒါဆန္က ေခါင္းတိုက္သြင္းခဲ့ရာမွာ ကေလးဆန္ဆန္ ေလာႀကီးတဲ့ အမွားမ်ိဳး က်ဴးလြန္ၿပီး ဟန္ခ်က္ပ်က္ခဲ့တဲ့ ဂိုးသမား ေမလီေယး မကာကြယ္ႏိုင္ခဲ့ဘဲ ဘန္စေလတို႔ တစ္ဂိုးျပန္ရခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာ ဘန္စေလကြင္းလယ္လူ စတိုင္လ္စ္ကို ဧရိယာထဲမွာ တြန္းခ်ခဲ့တဲ့ ေဖာ္ေရွာရဲ႕ အမွားကေန လိဒ္စ္တို႔ ပင္နယ္တီေပးခဲ့ရေပမယ့္ ကိုယ့္ေၾကာင့္ရတဲ့ အခြင့္အေရးကို ကိုယ္တိုင္ကန္တဲ့ စတိုင္လ္စ္ရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့တာေၾကာင့္ ဧည့္သည္ေတြ ျပန္မလာႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ လိဒ္စ္တို႔ တတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုလံဘီယာသား ဆီနီစတယ္ရာရဲ႕ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ထိုးေဖာက္ၿပီး ခ်ိဳးေပးတဲ့ ေဘာလုံးက ဘန္စေလခံစစ္နဲ႔ထိၿပီး ျပန္ထြက္လာတာကို ကြင္းလယ္လူ ကလစ္ခ်္က ဧရိယာထဲကေန ကန္သြင္းယူခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ ရာဖင္ညာေနရာ အစားထိုးဖို႔ ဖီယင္ႏုအသင္းဆီကေန ေခၚယူထားတဲ့ လူးဝစ္ ဆီနီစတယ္ရာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းရဲ႕ သြင္းဂိုး သုံးဂိုးစလုံးမွာ ပါဝင္ပတ္သက္ေနခဲ့သလို ပရီးမီးယားလိဂ္မွာ အရန္ခုံကသာ ကစားခြင့္ရေနခဲ့တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ပြဲထြက္ခြင့္ကို ပိုေပးဖို႔အတြက္ နည္းျပ ဂ်က္ဆီ မာ့ရွ္အေနနဲ႔ ျပန္စဥ္းစားဖို႔ လိုအပ္လာခဲ့ၿပီလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လိဒ္စ္ယူႏိုက္တက္တို႔ အိမ္ကြင္း အယ္လန္႐ုတ္ဒ္မွာ ဘန္စေလကို သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ ေက်ာ္ျဖတ္အႏိုင္ယူခဲ့ၿပီး ကာရာေဘာင္းဖလားရဲ႕ တတိယအဆင့္ကို တက္လွမ္းႏိုင္ခဲ့သလို လာမယ့္ ေနာက္တစ္ဆင့္ပြဲစဥ္ကိုေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းနဲ႔ အေဝးကြင္း မိုလီႏူးမွာ သြားေရာက္ကစားရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.