Carabao & FA Premier League

ဒုံးပျံတစ်စင်း ပစ်လွှတ်သလို မြေမကျဘောကန်သွင်းပြီး ဘာစီလိုနာ ပြန်ခေါ်ချင်အောင် အစွမ်းပြခဲ့တဲ့ ထရာအိုရေး

အဒါမာ ထရာအိုရေးဟာ အင်္ဂါနေ့ညက ပရက်စ်တန်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝုလ်ဗ်စ်အသင်းအတွက် လုံးဝကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ရာအူးလ် ဟီမေနက်စ်က မိုးလီနက်စ်ကွင်းမှာ အိမ်ရှင် ဝုလ်ဗ်စ်အသင်း ၁-၀ နဲ့ ဦးဆောင်နိုင်စေမယ့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပင်လယ်ဓားပြပုံစံနဲ့ ယခုရာသီရဲ့ အကောင်းဆုံး ဂိုးအောင်ပွဲခံဟန်တွေထဲက တစ်ခုကို ပြသခဲ့တာဖြစ်ပါတယ်။

ဒီအောင်ပွဲခံဟန်ဟာ ၂၀၂၀ ခုနှစ်တုန်းက ဒေးဗစ် လူးဝဇ်နဲ့ ထိခိုက်မိပြီးနောက် အံ့အားသင့်ဖွယ်ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ၎င်းကို ပင်လယ်ဓားပြလို့ ခေါ်ခဲ့ကြတဲ့ အသင်းဖော်တွေကို ရည်ညွှန်းပြီး မျက်လုံးတစ်ဖက်အပိတ်နဲ့ သံချိတ်ပါဝင်တဲ့ ပုံစံ အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ၂၉ မိနစ်မှာ ထရာအိုရေးက အံ့အားသင့်ဖွယ် ပုံစံနဲ့ ဝုလ်ဗ်စ်အသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပင်နယ်တီဧရိယာထိပ်နားမှာ မြေမကျဘော ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်တောင်ပံကစားသမားဟာ ညာတောင်ပံကနေ ဘောလုံးကို ရယူပြီး ညာနောက်ခံကစားသမား နယ်လ်ဆင် ဆီမီဒိုနဲ့ ဝမ်းတူးရိုက်ပြီးနောက် ဘောလုံးကို ဘယ်ခြေနဲ့ တစ်ချက်ထိန်းပြီး မြေမကျဘော အပြင်းကန်သွင်းယူခဲ့ရာမှာ ဘောလုံးက ဒုံးပျံတစ်စင်း ပစ်လွှတ်လိုက်သလို ဂိုးဘယ်ဖက် အပေါ်ထောင့်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

နယ်လ်ဆင် ဆီမီဒိုဟာ အရှိန်နဲ့ ပေးပို့ခဲ့တဲ့ ဘောလုံးကို သေသွားအောင် လှပတဲ့ ထိတွေ့မှုနဲ့ ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းရဲ့ အသင်းဖော် ထရာအိုရေး အလိုက်သင့် ကန်သွင်းယူနိုင်အောင် ဖန်တီးပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လှပသေသပ်တဲ့ တိုက်စစ်ဆင်မှုကနေတဆင့် ဘာစီလိုနာအသင်းမှာ အငှားစာချုပ်ပြည့်လို့ ပြန်လာခဲ့တဲ့ ထရာအိုရေးဟာ ပထမဆုံးသွင်းဂိုးကို ဘယ်ခြေနဲ့ ဝါးလုံးထိုး ကန်ပစ်ခဲ့တာဖြစ်ပြီး ပရက်စ်တန်အသင်း ဂိုးပိုက်တွေတောင် ပွင့်သွားမလားထင်မှတ်ရလောက်အောင် ပြင်းထန်တဲ့ ကန်ချက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပရက်စ်တန် ဂိုးသမား ဒေးဗစ် ကော်နဲလ်အတွက်တော့ ဒုံးပျံတစ်စင်းအလား ပစ်လွှတ်လိုက်တဲ့ ဘောလုံးကို တားဆီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာဖြစ်ပြီး ထရာအိုရေးရဲ့ ဂိုးကန်သွင်းချက်ကို ဗီဒီယို ရိုက်ကူးနိုင်ခဲ့တဲ့ ပရိသတ်ဟာ ဂိုးပိုက်ထဲ ဘောလုံးဝင်သွားချိန်မှာ မယုံနိုင်ဟန်နဲ့ အားပါးတရ အောင်ပွဲခံခဲ့တာကို တွေ့ရပါတယ်။

ဟွမ်ဟီးချန်းဟာ ဝုလ်ဗ်စ်အသင်း ၃-၀ နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပြီး လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဘန် ဝုဒ်ဘမ်းက ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူသွားချိန်မှာတော့ ဒုတိယပိုင်းဟာ ဘရူနို လေ့ဂျ်ရဲ့အသင်းအတွက် အနည်းငယ် စိတ်ရှုပ်ထွေးစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ပရက်စ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဟာ ယခုရာသီမှာ ရရှိခဲ့တဲ့ ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ လာမယ့်တနင်္ဂနွေနေ့ နယူးကာဆယ်လ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင် ၃ မှတ် ရရှိဖို့အတွက် ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အဒါမာ ထရာအိုေရးဟာ အဂၤါေန႔ညက ပရက္စ္တန္အသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဝုလ္ဗ္စ္အသင္းအတြက္ လုံးဝကို ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ကန္ခ်က္နဲ႔ ဂိုးသြင္းယူေပးခဲ့ပါတယ္။

ရာအူးလ္ ဟီေမနက္စ္က မိုးလီနက္စ္ကြင္းမွာ အိမ္ရွင္ ဝုလ္ဗ္စ္အသင္း ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ပင္လယ္ဓားျပပုံစံနဲ႔ ယခုရာသီရဲ႕ အေကာင္းဆုံး ဂိုးေအာင္ပြဲခံဟန္ေတြထဲက တစ္ခုကို ျပသခဲ့တာျဖစ္ပါတယ္။

ဒီေအာင္ပြဲခံဟန္ဟာ ၂၀၂၀ ခုႏွစ္တုန္းက ေဒးဗစ္ လူးဝဇ္နဲ႔ ထိခိုက္မိၿပီးေနာက္ အံ့အားသင့္ဖြယ္ဦးေခါင္းဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ပိုင္း ၎ကို ပင္လယ္ဓားျပလို႔ ေခၚခဲ့ၾကတဲ့ အသင္းေဖာ္ေတြကို ရည္ၫႊန္းၿပီး မ်က္လုံးတစ္ဖက္အပိတ္နဲ႔ သံခ်ိတ္ပါဝင္တဲ့ ပုံစံ ေအာင္ပြဲခံျပခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ၂၉ မိနစ္မွာ ထရာအိုေရးက အံ့အားသင့္ဖြယ္ ပုံစံနဲ႔ ဝုလ္ဗ္စ္အသင္းအတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပင္နယ္တီဧရိယာထိပ္နားမွာ ေျမမက်ေဘာ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

စပိန္ေတာင္ပံကစားသမားဟာ ညာေတာင္ပံကေန ေဘာလုံးကို ရယူၿပီး ညာေနာက္ခံကစားသမား နယ္လ္ဆင္ ဆီမီဒိုနဲ႔ ဝမ္းတူး႐ိုက္ၿပီးေနာက္ ေဘာလုံးကို ဘယ္ေျခနဲ႔ တစ္ခ်က္ထိန္းၿပီး ေျမမက်ေဘာ အျပင္းကန္သြင္းယူခဲ့ရာမွာ ေဘာလုံးက ဒုံးပ်ံတစ္စင္း ပစ္လႊတ္လိုက္သလို ဂိုးဘယ္ဖက္ အေပၚေထာင့္ကို တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

နယ္လ္ဆင္ ဆီမီဒိုဟာ အရွိန္နဲ႔ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ေသသြားေအာင္ လွပတဲ့ ထိေတြ႕မႈနဲ႔ ထိန္းသိမ္းခဲ့ၿပီးေနာက္ ၎ရဲ႕ အသင္းေဖာ္ ထရာအိုေရး အလိုက္သင့္ ကန္သြင္းယူႏိုင္ေအာင္ ဖန္တီးေပးပို႔ခဲ့တာ ျဖစ္ပါတယ္။ ဒီလို လွပေသသပ္တဲ့ တိုက္စစ္ဆင္မႈကေနတဆင့္ ဘာစီလိုနာအသင္းမွာ အငွားစာခ်ဳပ္ျပည့္လို႔ ျပန္လာခဲ့တဲ့ ထရာအိုေရးဟာ ပထမဆုံးသြင္းဂိုးကို ဘယ္ေျခနဲ႔ ဝါးလုံးထိုး ကန္ပစ္ခဲ့တာျဖစ္ၿပီး ပရက္စ္တန္အသင္း ဂိုးပိုက္ေတြေတာင္ ပြင့္သြားမလားထင္မွတ္ရေလာက္ေအာင္ ျပင္းထန္တဲ့ ကန္ခ်က္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ပရက္စ္တန္ ဂိုးသမား ေဒးဗစ္ ေကာ္နဲလ္အတြက္ေတာ့ ဒုံးပ်ံတစ္စင္းအလား ပစ္လႊတ္လိုက္တဲ့ ေဘာလုံးကို တားဆီးဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ခဲ့တာျဖစ္ၿပီး ထရာအိုေရးရဲ႕ ဂိုးကန္သြင္းခ်က္ကို ဗီဒီယို ႐ိုက္ကူးႏိုင္ခဲ့တဲ့ ပရိသတ္ဟာ ဂိုးပိုက္ထဲ ေဘာလုံးဝင္သြားခ်ိန္မွာ မယုံႏိုင္ဟန္နဲ႔ အားပါးတရ ေအာင္ပြဲခံခဲ့တာကို ေတြ႕ရပါတယ္။

ဟြမ္ဟီးခ်န္းဟာ ဝုလ္ဗ္စ္အသင္း ၃-၀ နဲ႔ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့ၿပီး လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဘန္ ဝုဒ္ဘမ္းက ေခ်ပဂိုး တစ္ဂိုး ျပန္လည္သြင္းယူသြားခ်ိန္မွာေတာ့ ဒုတိယပိုင္းဟာ ဘ႐ူႏို ေလ့ဂ်္ရဲ႕အသင္းအတြက္ အနည္းငယ္ စိတ္ရႈပ္ေထြးစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ ပရက္စ္တန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာဟာ ယခုရာသီမွာ ရရွိခဲ့တဲ့ ပထမဆုံး ႏိုင္ပြဲျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ လာမယ့္တနဂၤေႏြေန႔ နယူးကာဆယ္လ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အႏိုင္ ၃ မွတ္ ရရွိဖို႔အတြက္ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.