Premier League Transfer News

ဟာဗတ္ဇ္အတြက္ သေဘာတူညီမွဳ ရခဲ့ၿပီး တစ္ပတ္အတြင္း စာခ်ဳပ္ႏိုင္ဖို႔ ခ်ဲလ္ဆီးစီစဥ္

ခ်ဲလ္ဆီးအသင္းရဲ႕ တုိက္စစ္အတြက္ နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ ပစ္မွတ္တစ္ခုျဖစ္ၿပီး တုိက္စစ္မွာ ေနရာစုံ အသုံးျပဳႏုိင္မယ့္ ေလဗာကူဆင္ ကြင္းလယ္လူ ခုိင္ ဟာဗတ္ဇ္ကို ေခၚယူဖို႔ အသင္းႏွစ္သင္းၾကား သေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ၿပီး ေႏွာင့္ေႏွးမွဳေတြအားလုံးကို အဆုံးသတ္ႏုိင္ခဲ့ၿပီလို႔ သိရပါတယ္။

ေလဗာကူဆင္အသင္းဘက္က ေတာင္းဆုိတဲ့ ေပါင္သန္း ၉၀ ပမာဏကို ေပးေခ်ဖို႔ ႏွစ္သင္းၾကားက ေဆြးေႏြးမွဳေတြကေတာ့ ေတာ္ေတာ္ေလး ၾကာျမင့္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္ ၇၂ သန္းကို ကနဦး ေပးေခ်ၿပီး က်န္တဲ့ ၁၈ သန္းကို ခံစားခြင့္ေတြနဲ႔ ေပးေခ်မယ္လို႔ သေဘာတူညီႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဟာဗတ္ဇ္အေနနဲ႔ လာမယ့္အပတ္ထဲမွာ အေနာက္လန္ဒန္ကို အၿပီးသတ္ေျပာင္းေရႊ႕ႏုိင္ဖို႔ လုပ္ေဆာင္သြားဖို႔ ရွိေနၿပီး ေဆးစစ္ဖို႔နဲ႔ တရားဝင္ စာခ်ဳပ္ခ်ဳပ္ဆုိဖို႔၊ အသင္းရဲ႕ ကစားသမားသစ္အျဖစ္ တရားဝင္မွတ္ပုံတင္ဖို႔ စာရြက္စာတမ္းဆုိင္ရာကိစၥေတြကိုလည္း အၿပီးသတ္သြားမယ္လုိ႔ သိရပါတယ္။

အသင္းနဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ရွိေနတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ ခ်ဲလ္ဆီးအတြက္ေတာ့ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးရွင္ ျဖစ္လာေတာ့မွာျဖစ္ၿပီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေက်ာ္ျဖတ္မယ့္သူ႕ကို နည္းျပ လမ္းပတ္ကေတာ့ ေတာ္ေတာ္ေလး အားကိုးအားထားျပဳဖို႔ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ၁၈ ဂိုးသြင္း ၆ ဂိုးဖန္တီးခဲ့တဲ့ ဟာဗတ္ဇ္အျပင္၊ ၃၄ ဂိုးသြင္း ၁၃ ဂိုးဖန္တီးခဲ့တဲ့ တီမို ဗာနာ၊ ၈ ဂိုးသြင္း ၂၁ ဂိုး ဖန္တီးခဲ့တဲ့ ဟာကင္မ္ ဇီယက္ခ်္တုိ႔ကိုလည္း ေခၚယူထားလုိ႔ ခ်ဲလ္ဆီးတုိက္စစ္ကေတာ့ ပရီးမီးယားလိဂ္မွာ အသားက်တာနဲ႔အမွ် စိတ္လွဳပ္ရွားမွဳကို ေပးစြမ္းႏုိင္မွာ ျဖစ္သလို ခံစစ္အတြက္လည္း ပီအက္စ္ဂ်ီရဲ႕ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနေၾကာင္းပါ သိရွိထားရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်အတွက် နည်းပြ ဖရန့် လမ်းပတ်ရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး တိုက်စစ်မှာ နေရာစုံ အသုံးပြုနိုင်မယ့် လေဗာကူဆင် ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူဖို့ အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး နှောင့်နှေးမှုတွေအားလုံးကို အဆုံးသတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

လေဗာကူဆင်အသင်းဘက်က တောင်းဆိုတဲ့ ပေါင်သန်း ၉၀ ပမာဏကို ပေးချေဖို့ နှစ်သင်းကြားက ဆွေးနွေးမှုတွေကတော့ တော်တော်လေး ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ၇၂ သန်းကို ကနဦး ပေးချေပြီး ကျန်တဲ့ ၁၈ သန်းကို ခံစားခွင့်တွေနဲ့ ပေးချေမယ်လို့ သဘောတူညီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာဗတ်ဇ်အနေနဲ့ လာမယ့်အပတ်ထဲမှာ အနောက်လန်ဒန်ကို အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဆေးစစ်ဖို့နဲ့ တရားဝင် စာချုပ်ချုပ်ဆိုဖို့၊ အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင်မှတ်ပုံတင်ဖို့ စာရွက်စာတမ်းဆိုင်ရာကိစ္စတွေကိုလည်း အပြီးသတ်သွားမယ်လို့ သိရပါတယ်။

အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ရှိနေတဲ့ အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးအတွက်တော့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာတော့မှာဖြစ်ပြီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ့ ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်မယ့်သူ့ကို နည်းပြ လမ်းပတ်ကတော့ တော်တော်လေး အားကိုးအားထားပြုဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီက ၁၈ ဂိုးသွင်း ၆ ဂိုးဖန်တီးခဲ့တဲ့ ဟာဗတ်ဇ်အပြင်၊ ၃၄ ဂိုးသွင်း ၁၃ ဂိုးဖန်တီးခဲ့တဲ့ တီမို ဗာနာ၊ ၈ ဂိုးသွင်း ၂၁ ဂိုး ဖန်တီးခဲ့တဲ့ ဟာကင်မ် ဇီယက်ချ်တို့ကိုလည်း ခေါ်ယူထားလို့ ချဲလ်ဆီးတိုက်စစ်ကတော့ ပရီးမီးယားလိဂ်မှာ အသားကျတာနဲ့အမျှ စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်သလို ခံစစ်အတွက်လည်း ပီအက်စ်ဂျီရဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်းပါ သိရှိထားရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.