Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၂၄.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းကို ရောက်ရှိလာတော့မယ့် နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့ ခရီးနှင်မှုအပေါ် ခြေရာခံနေတဲ့ အသင်း ပရိသတ်တွေကတော့ ကစားသမားအနေနဲ့ လန်ဒန်က လူတန်လေဆိပ်ကို ရောက်ရှိလာခဲ့ပြီလို့ ပြောနေကြပြီး ဒါကို အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အတည်ပြုခဲ့ပါတယ်။

– လူငယ်အသင်းမှာ ခြေစွမ်းပြနေပေမယ့် အသင်းကြီးဆီကို တက်လှမ်းနိုင်ဖို့ ကွာဝေးနေဆဲဖြစ်တဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူး ဆမ်မြူယယ် ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ်တန်းတက် လိဒ်စ်ယူနိုက်တက်အသင်းက ပေါင်သိန်းဂဏန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူ့အနေနဲ့ စပိန်ကလပ်တွေက ကစားသမားတွေရဲ့ စာချုပ်လျော်ကြေးကို ဘယ်လိုမျိုး သက်သာအောင် ချိုးဖျက်ရမယ်ဆိုတာကို သိရှိထားပြီး မန်စီးတီးမှာတုန်းက ရိုဒရီကို ခေါ်ယူခဲ့သလိုမျိုးပဲ ပါတေးကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။

– အာဆင်နယ်အသင်းကနေ ရောင်းချဖို့ စီစဉ်ထားတဲ့ ပြင်သစ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ချန်ပီယံလိဂ်ဖိုင်နယ်ရောက် လီဂူးဝမ်း အင်အားကြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ရာသီမစခင် ကြိုးစားသွားဖို့ ရှိနေပါတယ်။

– ဝီလီယမ် ဆာလီဘာဟာ အကောင်းဆုံးနောက်ခံလူတွေဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ရာဖေး ဗာရွန်းတို့ ပေါင်းစပ်ထားတဲ့ အရည်အသွေးမျိုးရှိသူဖြစ်ကြောင်း သူ့ရဲ့ ပြင်သစ်လူငယ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ယွန်-လုခ် ဗန်နုချီက ချီးကျူးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.