Premier League

လေယာဉ်မယ်ချစ်သူကို ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ၎င်းရဲ့ အလွန်ချောမောလှပတဲ့ လေယာဉ်မယ် ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာကို ပရိသတ်တွေအားလုံးသိအောင် ထုတ်ဖော်ပြသခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသမားတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း ဆက်လက် လက်စွမ်းပြသနေတာ ဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ပရီးမီးယားလိဂ်ရာသီအစကို အောင်မြင်စွာ စတင်နိုင်ခဲ့ပြီးနောက် နောက်ထပ် အောင်မြင်မှုကြီးတစ်ခုကို ရယူဖို့အတွက် ချစ်သူ ဂျော်ဂျီနာ အာဝင်ကို ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းခံလိုက်ပြီဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်တို့ စုံတွဲဟာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန်းတစ်ဆန်ဆန် အခိုက်အတန့်ကို အင်စတာဂရမ်မှာ ပုံတင်ခဲ့ပြီး ၎င်းတို့ ၂ ဦးဟာ စေ့စပ်လိုက်ကြပြီဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ အာဝင်ကို ‘Will You Marry Me’ဆိုတဲ့ စာလုံးတွေနဲ့အတူ အဖြူရောင် ပူဖောင်းတွေနဲ့ အလှဆင်ထားတဲ့ အခန်းထဲ ခေါ်လာခဲ့ပြီးနောက် အဲဒီရှေ့မှာပဲ ဒူးထောက်ပြီး ချစ်သူကို တရားဝင် လက်ထပ်ခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အာဝင်က ‘လက်ထပ်ပါ့မယ်’လို့ အဖြေပေးခဲ့ပြီးနောက် ရမ်းစ်ဒေးလ်တို့ စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားမှာ စိုးရိမ်နေတဲ့အလား ပွေ့ဖက်ခဲ့ကြပြီး အာဆင်နယ်ဂိုးသမားရဲ့ ချစ်သူ လေယာဉ်မယ်က သူမရဲ့ လက်က ကြီးမားတဲ့ စိန်လက်စွပ်ကြီးကို ပြသခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်နဲ့ အာဝင်တို့ ချစ်သူစုံတွဲဟာ အင်စတာဂရမ်မှာ လက်ထပ်ခွင့်တောင်းခံတဲ့ ဓာတ်ပုံတွေကို ‘တသက်လုံးနဲ့ အမြဲတမ်း ချစ်စရာကောင်းနေမယ့် လက်စွပ်လေး ရခဲ့ပြီ’ဆိုတဲ့စာသားနဲ့အတူ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်တို့ရဲ့ ကြည်နူးပျော်ရွှင်စရာ လက်ထပ်ခွင့်တောင်းခံမှုအပေါ် အာဆင်နယ်ဂန္တဝင် အီယန် ရိုက်၊ အသင်းဖော်ဟောင်း လာကာဇက်၊ ကော်နာ ကိုဒီတို့က ဂုဏ်ပြုစကား ပြောကြားခဲ့ကြပြီး အာဆင်နယ်ကြယ်ပွင့်အနေနဲ့ ဗြိတိန်လေကြောင်းလိုင်းက လေယာဉ်မယ်ဖြစ်တဲ့ အာဝင်နဲ့အတူ တစ်ဘဝလုံး ပျော်ရွှင်စွာ ဖြတ်သန်းသွားဖို့ မျှော်လင့်နေတော့မှာ ဖြစ်ပါတယ်။

ဂျော်ဂျီနာ အာဝင်ဟာ အားကစားဝတ်စုံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gymnetix ရဲ့ ပူးတွဲ ပိုင်ရှင်လည်းဖြစ်ပြီး အင်စတာဂရမ်က သူမရဲ့ ပရိသတ် ၁၂၀၀၀ ကျော်အတွက် ပုံမှန် ဘီကီနီပုံတွေ တင်ပေးလေ့ ရှိသူဖြစ်ပါတယ်။ လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ အာဝင်ဟာ အလုပ်သဘောအရ ကမ္ဘာအနှံ့ကို ခရီးထွက်ရပြီး သူမရဲ့ အင်စတာဂရမ် ပရိုဖိုင်ပုံတွေထဲမှာ ဒူဘိုင်း၊ ဘဟားမတ်စ်နဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ရိုက်ကူးထားတဲ့ပုံတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ အသစ်စက်စက် ဇနီးလောင်းလေးကို လာမယ့် နိုဝင်ဘာလ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါ်ဆောင်သွားချင်နေမှာဖြစ်ပြီး အာဆင်နယ်ဂိုးသမားဟာ အင်္ဂလန်နံပါတ်တစ် ဂိုးသမားနေရာအတွက် ဂျော်ဒန် ပစ်ဖို့ဒ်ကို ကောင်းကောင်း စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေပုံ ပေါ်တာဖြစ်ပါတယ်။

တကယ်လို့ အာဆင်နယ်အသင်းသာ ၎င်းတို့ရဲ့ ပုံစံကောင်းကို ဆက်လက် ပြသနိုင်မယ်ဆိုရင် ဂါးရတ် ဆောက်ဂိတ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပစ်ဖို့ဒ်ရဲ့နေရာကို ရယူဖို့ မျှော်လင့်နေတဲ့ ရမ်းစ်ဒေးလ်ရဲ့ မျှော်လင့်ချက်တွေကလည်း ပြည့်မြောက်လာမှာဖြစ်ပေမယ့် ခက်ခဲတဲ့ တိုက်ပွဲဖြစ်လာမယ်ဆိုတာကို အာဆင်နယ်ဂိုးသမားက သိရှိနေတာဖြစ်ပါတယ်။

“ကျွန်တော် လောလောဆယ်မှာတော့ ပွဲထွက်ဂိုးသမားနေရာမှာ ရလိုက်၊ မရလိုက်ပါပဲ။ ဒါပေမယ့် အရာအားလုံးက လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာပါ။ အင်္ဂလန်လက်ရွေးစင်ပွဲထွက်ဂိုးသမားနေရာအတွက် ကျွန်တော်၊ ပစ်ဖို့ဒ်၊ ဂျွန်စတုန်း၊ ဒင်း ဟန်ဒါဆန်၊ နစ်ခ် ပုပ်နဲ့ တခြားလူတွေတောင် ရှိကောင်းရှိပါလိမ့်မယ်”

“ကာတာကို သွားမယ့် လေယာဉ်ပေါ်ကို လိုက်ပါခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အင်္ဂလိပ်ဂိုးသမား ၅ ဦး၊ ၆ ဦးလောက် ရှိနေကောင်း ရှိနေနိုင်ပြီး အဲဒါကြောင့် အခုအချိန်မှာ ကျွန်တော် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဖြစ်နေပေမယ့်လည်း နေရာမပျောက်အောင် ဆက်ပြီး လုပ်သွားဖို့ လိုပါတယ်။ ကျွန်တော် နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ နောက်ဆုံး အသင်းဖော်တွေကိုပါ အထင်ကြီးအောင် လုပ်ပြဖို့ လိုပါတယ်။ ကျွန်တော်သာ သူတို့ရဲ့ ယုံကြည်မှုကို ရရင် ပရိသတ်တွေကလည်း ကျွန်တော့်ကို ယုံကြည်မှုပေးကြပါလိမ့်မယ်”လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ၎ရဲ႕ အလြန္ေခ်ာေမာလွပတဲ့ ေလယာဥ္မယ္ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းခဲ့တာကို ပရိသတ္ေတြအားလုံးသိေအာင္ ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ရဲ႕ထိပ္တန္းဂိုးသမားေတြထဲက တစ္ဦးျဖစ္လာခဲ့သူျဖစ္ၿပီး ယခုရာသီမွာလည္း ဆက္လက္ လက္စြမ္းျပသေနတာ ျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ပရီးမီးယားလိဂ္ရာသီအစကို ေအာင္ျမင္စြာ စတင္ႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ ေအာင္ျမင္မႈႀကီးတစ္ခုကို ရယူဖို႔အတြက္ ခ်စ္သူ ေဂ်ာ္ဂ်ီနာ အာဝင္ကို ဒူးေထာက္ၿပီး လက္ထပ္ခြင့္ ေတာင္းခံလိုက္ၿပီျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္တို႔ စုံတြဲဟာ လက္ထပ္ခြင့္ေတာင္းတဲ့ ႐ိုမန္းတစ္ဆန္ဆန္ အခိုက္အတန႔္ကို အင္စတာဂရမ္မွာ ပုံတင္ခဲ့ၿပီး ၎တို႔ ၂ ဦးဟာ ေစ့စပ္လိုက္ၾကၿပီျဖစ္ေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ အာဝင္ကို ‘Will You Marry Me’ဆိုတဲ့ စာလုံးေတြနဲ႔အတူ အျဖဴေရာင္ ပူေဖာင္းေတြနဲ႔ အလွဆင္ထားတဲ့ အခန္းထဲ ေခၚလာခဲ့ၿပီးေနာက္ အဲဒီေရွ႕မွာပဲ ဒူးေထာက္ၿပီး ခ်စ္သူကို တရားဝင္ လက္ထပ္ခြင့္ ေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

အာဝင္က ‘လက္ထပ္ပါ့မယ္’လို႔ အေျဖေပးခဲ့ၿပီးေနာက္ ရမ္းစ္ေဒးလ္တို႔ စုံတြဲဟာ တစ္ေယာက္နဲ႔တစ္ေယာက္ လြတ္ထြက္သြားမွာ စိုးရိမ္ေနတဲ့အလား ေပြ႕ဖက္ခဲ့ၾကၿပီး အာဆင္နယ္ဂိုးသမားရဲ႕ ခ်စ္သူ ေလယာဥ္မယ္က သူမရဲ႕ လက္က ႀကီးမားတဲ့ စိန္လက္စြပ္ႀကီးကို ျပသခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္နဲ႔ အာဝင္တို႔ ခ်စ္သူစုံတြဲဟာ အင္စတာဂရမ္မွာ လက္ထပ္ခြင့္ေတာင္းခံတဲ့ ဓာတ္ပုံေတြကို ‘တသက္လုံးနဲ႔ အၿမဲတမ္း ခ်စ္စရာေကာင္းေနမယ့္ လက္စြပ္ေလး ရခဲ့ၿပီ’ဆိုတဲ့စာသားနဲ႔အတူ အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္တို႔ရဲ႕ ၾကည္ႏူးေပ်ာ္႐ႊင္စရာ လက္ထပ္ခြင့္ေတာင္းခံမႈအေပၚ အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္၊ အသင္းေဖာ္ေဟာင္း လာကာဇက္၊ ေကာ္နာ ကိုဒီတို႔က ဂုဏ္ျပဳစကား ေျပာၾကားခဲ့ၾကၿပီး အာဆင္နယ္ၾကယ္ပြင့္အေနနဲ႔ ၿဗိတိန္ေလေၾကာင္းလိုင္းက ေလယာဥ္မယ္ျဖစ္တဲ့ အာဝင္နဲ႔အတူ တစ္ဘဝလုံး ေပ်ာ္႐ႊင္စြာ ျဖတ္သန္းသြားဖို႔ ေမွ်ာ္လင့္ေနေတာ့မွာ ျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီနာ အာဝင္ဟာ အားကစားဝတ္စုံအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Gymnetix ရဲ႕ ပူးတြဲ ပိုင္ရွင္လည္းျဖစ္ၿပီး အင္စတာဂရမ္က သူမရဲ႕ ပရိသတ္ ၁၂၀၀၀ ေက်ာ္အတြက္ ပုံမွန္ ဘီကီနီပုံေတြ တင္ေပးေလ့ ရွိသူျဖစ္ပါတယ္။ ေလယာဥ္မယ္တစ္ဦးျဖစ္တဲ့ အာဝင္ဟာ အလုပ္သေဘာအရ ကမာၻအႏွံ႔ကို ခရီးထြက္ရၿပီး သူမရဲ႕ အင္စတာဂရမ္ ပ႐ိုဖိုင္ပုံေတြထဲမွာ ဒူဘိုင္း၊ ဘဟားမတ္စ္နဲ႔ ေတာင္အာဖရိကႏိုင္ငံတို႔မွာ ႐ိုက္ကူးထားတဲ့ပုံေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ အသစ္စက္စက္ ဇနီးေလာင္းေလးကို လာမယ့္ ႏိုဝင္ဘာလ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေခၚေဆာင္သြားခ်င္ေနမွာျဖစ္ၿပီး အာဆင္နယ္ဂိုးသမားဟာ အဂၤလန္နံပါတ္တစ္ ဂိုးသမားေနရာအတြက္ ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကို ေကာင္းေကာင္း စိန္ေခၚႏိုင္တဲ့ အေနအထားမွာ ရွိေနပုံ ေပၚတာျဖစ္ပါတယ္။

တကယ္လို႔ အာဆင္နယ္အသင္းသာ ၎တို႔ရဲ႕ ပုံစံေကာင္းကို ဆက္လက္ ျပသႏိုင္မယ္ဆိုရင္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ပစ္ဖို႔ဒ္ရဲ႕ေနရာကို ရယူဖို႔ ေမွ်ာ္လင့္ေနတဲ့ ရမ္းစ္ေဒးလ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကလည္း ျပည့္ေျမာက္လာမွာျဖစ္ေပမယ့္ ခက္ခဲတဲ့ တိုက္ပြဲျဖစ္လာမယ္ဆိုတာကို အာဆင္နယ္ဂိုးသမားက သိရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေလာေလာဆယ္မွာေတာ့ ပြဲထြက္ဂိုးသမားေနရာမွာ ရလိုက္၊ မရလိုက္ပါပဲ။ ဒါေပမယ့္ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲႏိုင္ပါတယ္။ အထူးသျဖင့္ ဒီရာသီမွာပါ။ အဂၤလန္လက္ေ႐ြးစင္ပြဲထြက္ဂိုးသမားေနရာအတြက္ ကြၽန္ေတာ္၊ ပစ္ဖို႔ဒ္၊ ဂြၽန္စတုန္း၊ ဒင္း ဟန္ဒါဆန္၊ နစ္ခ္ ပုပ္နဲ႔ တျခားလူေတြေတာင္ ရွိေကာင္းရွိပါလိမ့္မယ္”

“ကာတာကို သြားမယ့္ ေလယာဥ္ေပၚကို လိုက္ပါခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ အဂၤလိပ္ဂိုးသမား ၅ ဦး၊ ၆ ဦးေလာက္ ရွိေနေကာင္း ရွိေနႏိုင္ၿပီး အဲဒါေၾကာင့္ အခုအခ်ိန္မွာ ကြၽန္ေတာ္ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားျဖစ္ေနေပမယ့္လည္း ေနရာမေပ်ာက္ေအာင္ ဆက္ၿပီး လုပ္သြားဖို႔ လိုပါတယ္။ ကြၽန္ေတာ္ နည္းျပ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ေနာက္ဆုံး အသင္းေဖာ္ေတြကိုပါ အထင္ႀကီးေအာင္ လုပ္ျပဖို႔ လိုပါတယ္။ ကြၽန္ေတာ္သာ သူတို႔ရဲ႕ ယုံၾကည္မႈကို ရရင္ ပရိသတ္ေတြကလည္း ကြၽန္ေတာ့္ကို ယုံၾကည္မႈေပးၾကပါလိမ့္မယ္”လို႔ မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.