Premier League Transfer News

19 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့အနေနဲ့ ဘယ်သူတွေကို ဘယ်လိုပဲ စိတ်ဝင်စားတယ်လို့ ပြောနေနေ သူတို့တွေရဲ့ ကွင်းလယ်နံပါတ်တစ် ပစ်မှတ်ဟာ လက်စတာစီးတီးအသင်းရဲ့ ယူရီ တီးလီးမန်းစ်သာဖြစ်ပြီး အပြောင်းအရွှေ့ မပိတ်ခင်မှာ သူ့ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်သွားလိမ့်မယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ခန့်မှန်း။

– လာမယ့်ရက်တွေမှာ တောင်ပံကစားသမား နီကိုလာ ပေပေကို ပြင်သစ်လိဂန်ကလပ် OGC နိစ်အသင်းဆီ အငှားချနိုင်မယ်ဆိုရင် ဗီလာရီးရဲလ်ရဲ့ ယယ်ရမီ ပီနိုကို ထပ်မံဆွေးနွေးသွားနိုင်ပြီး မူလ ဆွေးနွေးမှုတွေအရ ဗီလာရီးရဲလ်က လိုချင်တဲ့ ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း)အစား အာဆင်နယ်တို့အနေနဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၃ သန်း)သာ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ဖော်ပြ။

– ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ဈေးနှုန်းခေါင်ခိုက်နေခဲ့လို့ အာဆင်နယ်တို့ မခေါ်ယူဖြစ်ခဲ့တဲ့ လီယွန်ကွင်းလယ်လူ ပြင်သစ်လက်ရွေးစင် ဟူဆင်းမ် အောဝါကို လက်ရှိမှာ ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း)နဲ့ ရရှိနိုင်ပြီဖြစ်ပြီး ကွင်းလယ်မှာ ခံစစ်ကိုပါ ကူညီနိုင်တဲ့သူမျိုးကို ပိုမိုအလိုရှိနေတဲ့ အီဒူးနဲ့ အာတီတာကြောင့် ပဲလေ့စ်ရဲ့နည်းပြ ဂန်းနားကပ္ပတိန်ဟောင်း ပက်ထရစ် ဗီယာရာကပဲ စည်းရုံးသွားနိုင်ဖို့ များနေ။

– နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လူးကပ်စ် ပါကေးတာကို အလိုရှိနေပေမယ့်လည်း အရမ်းအရေးကြီးပြီး မရှိမဖြစ် လိုအပ်နေတာ မဟုတ်တဲ့ ညာတောင်ပံအတွက် အသင်းမှာ ရှိနေတဲ့ ဘူကာယို ဆာကာ၊ ဖာဘီယို ဗီယာရာ၊ မားကင်ညို့စ်တို့နဲ့ အလုပ်ဖြစ်မဖြစ်ကို စောင့်ကြည့်နေပြီး အဆင်မပြေမှ ဇန်နဝါရီမှာ ခေါ်ယူသွားမယ်လို့ ဘယ်လ်ဂျီယမ် ဂျာနယ်လစ် တာဗိုလီယာရီ ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို အလိုရှိနေပေမယ့် ရောမကလပ်ဘက်က တောင်းဆိုခဲ့တဲ့ ပေါင် ၇၅ သန်းက ဆားဘီးယားသားအတွက် ဘယ်လိုမှ မတန်အောင် များပြားလွန်းနေတဲ့ ငွေကြေးဖြစ်နေတာကြောင့် အမ်းမရိတ်ဘက်က တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ပိတ်ခါနီးအထိ စောင့်ကြည့်ဖွယ်ရှိနေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ဝက်စ်ဘရွန်း၊ ရိုးမားတို့ဆီ အငှားထွက်ကစားမှုတွေမှာ အောင်မြင်မှုနည်းခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ကွင်းလယ်လူ အိန်းစ်လီ မိတ်လန်းနိုင်းလ်စ်ကို အငှားနဲ့ ခေါ်ယူလိုနေပြီး ကွင်းလယ်လူ မာ့ခ် နိုဘယ်လ်နဲ့ ညာနောက်ခံလူ ရိုင်ယန် ဖရက်ဒရစ်ခ်တို့ကို ဆုံးရှုံးထားခဲ့ချိန်မှာ နှစ်နေရာလုံးအတွက် အစားထိုးပေးနိုင်မယ့် ၂၄ နှစ်သားကို အလိုရှိနေ။

– အသင်းကနေ ထွက်ခွာလိုနေတဲ့ ဟက်တာ ဘယ်လာရင်အတွက် ဘာစီလိုနာက ခေါ်ယူဖို့ စိတ်သိပ်မပါချိန်မှာ ရီးရဲလ်ဘက်တစ်ကလည်း ငွေမရှိဘဲဖြစ်နေတာကြောင့် ဖလာကြိတ်ချင်နေတာကို ဂန်းနားတွေဘက်က စိတ်ပျက်နေပြီး တကယ်တမ်း ငွေနဲ့ ကြေးနဲ့ ခေါ်ယူနိုင်မယ့် စီးရီးအေကလပ် အူဒီးနီးစီးနဲ့ အဆင်ပြေနိုင်ဖို့ မျှော်လင့်နေ။

– အာဆင်နယ်အသင်းဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေကြားမှာ စိုးမိုးချုပ်ကိုင်နိုင်ခဲ့မှုကို အကြောင်းပြုပြီး နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးက ဆိုလိုက်သလို လက်ရှိမှာ မြင်နေရတဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးလ်တို့နဲ့ ထပ်တူပဲလို့ ပြောကြား။

– နည်းပြ အာတီတာအနေနဲ့ ပရက်စ်တန်ကို အငှားချဖို့ ချိတ်ဆက်မှုတွေ ရှိနေခဲ့တဲ့ ညာနောက်ခံလူ ဘရုခ် နော်တန်-ကပ်ဖီကို ပထမ အသင်းကြီးနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေစေခဲ့တဲ့အတွက် သူ့အတွက် ဖလားပွဲတွေမှာ ကစားခွင့်ပေးနိုင်မယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းနေကြပြီး အသက် ၁၈ နှစ်အရွယ်
မြန်နှုန်းမြင့် ကစားသမားအနေနဲ့ အာဆင်နယ်မှာပဲ ဆက်ရှိမယ်လို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ ဘယ္သူေတြကို ဘယ္လိုပဲ စိတ္ဝင္စားတယ္လို႔ ေျပာေနေန သူတို႔ေတြရဲ႕ ကြင္းလယ္နံပါတ္တစ္ ပစ္မွတ္ဟာ လက္စတာစီးတီးအသင္းရဲ႕ ယူရီ တီးလီးမန္းစ္သာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ သူ႔ကို တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္သြားလိမ့္မယ္လို႔ နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏို ခန႔္မွန္း။

– လာမယ့္ရက္ေတြမွာ ေတာင္ပံကစားသမား နီကိုလာ ေပေပကို ျပင္သစ္လိဂန္ကလပ္ OGC နိစ္အသင္းဆီ အငွားခ်ႏိုင္မယ္ဆိုရင္ ဗီလာရီးရဲလ္ရဲ႕ ယယ္ရမီ ပီႏိုကို ထပ္မံေဆြးေႏြးသြားႏိုင္ၿပီး မူလ ေဆြးေႏြးမႈေတြအရ ဗီလာရီးရဲလ္က လိုခ်င္တဲ့ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၂ သန္း)အစား အာဆင္နယ္တို႔အေနနဲ႔ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၃ သန္း)သာ ေပးေခ်မယ္လို႔ ကမ္းလွမ္းခဲ့ေၾကာင္း သတင္းေတြ ေဖာ္ျပ။

– ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ဆက္တိုက္ ေဈးႏႈန္းေခါင္ခိုက္ေနခဲ့လို႔ အာဆင္နယ္တို႔ မေခၚယူျဖစ္ခဲ့တဲ့ လီယြန္ကြင္းလယ္လူ ျပင္သစ္လက္ေ႐ြးစင္ ဟူဆင္းမ္ ေအာဝါကို လက္ရွိမွာ ယူ႐ို ၁၅ သန္း (ေပါင္ ၁၃ သန္း)နဲ႔ ရရွိႏိုင္ၿပီျဖစ္ၿပီး ကြင္းလယ္မွာ ခံစစ္ကိုပါ ကူညီႏိုင္တဲ့သူမ်ိဳးကို ပိုမိုအလိုရွိေနတဲ့ အီဒူးနဲ႔ အာတီတာေၾကာင့္ ပဲေလ့စ္ရဲ႕နည္းျပ ဂန္းနားကပၸတိန္ေဟာင္း ပက္ထရစ္ ဗီယာရာကပဲ စည္း႐ုံးသြားႏိုင္ဖို႔ မ်ားေန။

– နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လူးကပ္စ္ ပါေကးတာကို အလိုရွိေနေပမယ့္လည္း အရမ္းအေရးႀကီးၿပီး မရွိမျဖစ္ လိုအပ္ေနတာ မဟုတ္တဲ့ ညာေတာင္ပံအတြက္ အသင္းမွာ ရွိေနတဲ့ ဘူကာယို ဆာကာ၊ ဖာဘီယို ဗီယာရာ၊ မားကင္ညိဳ႕စ္တို႔နဲ႔ အလုပ္ျဖစ္မျဖစ္ကို ေစာင့္ၾကည့္ေနၿပီး အဆင္မေျပမွ ဇန္နဝါရီမွာ ေခၚယူသြားမယ္လို႔ ဘယ္လ္ဂ်ီယမ္ ဂ်ာနယ္လစ္ တာဗိုလီယာရီ ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ လာဇီယိုကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို အလိုရွိေနေပမယ့္ ေရာမကလပ္ဘက္က ေတာင္းဆိုခဲ့တဲ့ ေပါင္ ၇၅ သန္းက ဆားဘီးယားသားအတြက္ ဘယ္လိုမွ မတန္ေအာင္ မ်ားျပားလြန္းေနတဲ့ ေငြေၾကးျဖစ္ေနတာေၾကာင့္ အမ္းမရိတ္ဘက္က တာဝန္ရွိသူေတြအေနနဲ႔ ေဈးကြက္ပိတ္ခါနီးအထိ ေစာင့္ၾကည့္ဖြယ္ရွိေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဝက္စ္ဘ႐ြန္း၊ ႐ိုးမားတို႔ဆီ အငွားထြက္ကစားမႈေတြမွာ ေအာင္ျမင္မႈနည္းခဲ့တဲ့ အာဆင္နယ္တို႔ရဲ႕ ကြင္းလယ္လူ အိန္းစ္လီ မိတ္လန္းႏိုင္းလ္စ္ကို အငွားနဲ႔ ေခၚယူလိုေနၿပီး ကြင္းလယ္လူ မာ့ခ္ ႏိုဘယ္လ္နဲ႔ ညာေနာက္ခံလူ ႐ိုင္ယန္ ဖရက္ဒရစ္ခ္တို႔ကို ဆုံးရႈံးထားခဲ့ခ်ိန္မွာ ႏွစ္ေနရာလုံးအတြက္ အစားထိုးေပးႏိုင္မယ့္ ၂၄ ႏွစ္သားကို အလိုရွိေန။

– အသင္းကေန ထြက္ခြာလိုေနတဲ့ ဟက္တာ ဘယ္လာရင္အတြက္ ဘာစီလိုနာက ေခၚယူဖို႔ စိတ္သိပ္မပါခ်ိန္မွာ ရီးရဲလ္ဘက္တစ္ကလည္း ေငြမရွိဘဲျဖစ္ေနတာေၾကာင့္ ဖလာႀကိတ္ခ်င္ေနတာကို ဂန္းနားေတြဘက္က စိတ္ပ်က္ေနၿပီး တကယ္တမ္း ေငြနဲ႔ ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ စီးရီးေအကလပ္ အူဒီးနီးစီးနဲ႔ အဆင္ေျပႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– အာဆင္နယ္အသင္းဟာ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အတြင္းမွာ အေကာင္းဆုံးျဖစ္ခဲ့တယ္လို႔ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးေတြၾကားမွာ စိုးမိုးခ်ဳပ္ကိုင္ႏိုင္ခဲ့မႈကို အေၾကာင္းျပဳၿပီး နည္းျပေဟာင္းႀကီး အာဆင္ ဝင္းဂါးက ဆိုလိုက္သလို လက္ရွိမွာ ျမင္ေနရတဲ့ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္တို႔နဲ႔ ထပ္တူပဲလို႔ ေျပာၾကား။

– နည္းျပ အာတီတာအေနနဲ႔ ပရက္စ္တန္ကို အငွားခ်ဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနခဲ့တဲ့ ညာေနာက္ခံလူ ဘ႐ုခ္ ေနာ္တန္-ကပ္ဖီကို ပထမ အသင္းႀကီးနဲ႔အတူ ေလ့က်င့္မႈေတြ ျပဳလုပ္ေနေစခဲ့တဲ့အတြက္ သူ႔အတြက္ ဖလားပြဲေတြမွာ ကစားခြင့္ေပးႏိုင္မယ္လို႔ ေစာင့္ၾကည့္သူေတြက ခန႔္မွန္းေနၾကၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္
ျမန္ႏႈန္းျမင့္ ကစားသမားအေနနဲ႔ အာဆင္နယ္မွာပဲ ဆက္ရွိမယ္လို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.