Premier League

ဒုက္ခရောက်နေတဲ့ မန်ယူနိုက်တက်ကို ကယ်တင်ပေးခဲ့တဲ့ Blackpink အဖွဲ့ဝင် ဂျန်နီ

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူပြီး ကယ်တင်ပေးမယ်ဆိုပြီး မျက်နှာပြောင်သွားတဲ့ အီလွန် မတ်စ်ကိစ္စအပြီးမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကယ်တင်ရှင်အသစ် ပေါ်ထွက်လာခဲ့ပြီး ဘယ်သူမှ မထင်မှတ်ထားတဲ့ တောင်ကိုရီးယားအဆိုတော် ဂျန်နီ ကင်မ် ဖြစ်နေခဲ့ပါတယ်။

အီလွန် မတ်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူသွားမယ်လို့ ရေးသားခဲ့ပြီး တွစ်တာမှာ ပွဲရှာခဲ့ပြီးနောက်ပိုင်း နောက်ပိုင်းမှာတော့ တကယ်ဝယ်မှာမဟုတ်ဘဲ ဟာသအနေနဲ့ ပြောခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လူချစ်လူခင် ပေါများတဲ့ အသက် ၂၆ နှစ်အရွယ် တောင်ကိုရီးယားအဆိုတော် ဂျန်နီ ကင်မ်ဆီမှာ မျှော်လင့်ချက်အသစ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ယနေ့နံနက်အစောပိုင်းမှာ ဂျန်နီ ကင်မ်ဟာ Blackpink ရဲ့ နောက်ဆုံး ဗီဒီယိုထဲမှာ မန်ချက်စတာယူနိုက်တက်ရှပ်ကို ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပြီးနောက် တွစ်တာလူမှုကွန်ရက်တစ်ခုလုံး ဗြောင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။

“ဂျန်နီတစ်ယောက်ပဲ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်မယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ကျွန်တော်က ဘောလုံးဝါသနာပါပြီး Blackpink အဖွဲ့ဝင်တစ်ဦးက ကျွန်တော့်ကို ဒီ ယူနိုက်တက်ရှပ်ကို ဝတ်ချင်လာအောင် လွှမ်းမိုးနေပါတယ်။ နတ်ဆိုးနဲ့ သဘောတူညီမှုယူမှပဲ ရတော့မယ်”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

Blackpink အဖွဲ့ရဲ့ အဓိကရက်ပ်သီဆိုသူဖြစ်တဲ့ ဂျန်နီဟာ Blackpink ရဲ့ ဆင်ဂယ်အယ်လ်ဘမ်ဖြစ်တဲ့ ‘Pink Venom’ကို မိတ်ဆက်ခဲ့ချိန်မှာ ပရိသတ် ရာပေါင်းများစွာဆီကနေ မှတ်ချက်တွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ Blackpink ဟာ YG Entertainment ကနေ ဂျီဆူး၊ ဂျန်နီ၊ ရိုဆဲ၊ လီဆာ တို့နဲ့ ဖွဲ့စည်းထားတဲ့ တောင်ကိုရီးယား ပေါ့ပ်ဂီတအဖွဲ့ဖြစ်ပြီး နိုင်ငံတကာမှာလည်း အအောင်မြင်ဆုံး ကိုရီးယားအမျိုးသမီး ဂီတအဖွဲ့အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ယခုနှစ်နှောင်းပိုင်းမှာ ဂျန်နီ ကင်မ်ဟာ HBO စီးရီးဖြစ်တဲ့ ‘The Idol’မှာ ဟောလီးဝုဒ် ပွဲဦးထွက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ‘ကျွန်တော်က စီးတီးဖန်ပါ။ ဒါပေမယ့် ဂျန်နီအတွက် ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို အားပေးနေပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ဂျန်နီရဲ့ မန်ချက်စတာယူနိုက်တက်ဝတ်စုံနဲ့ သီချင်းအသစ်ဟာ လူမှုကွန်ရက်အသုံးပြုသူပေါင်း ၈၉၀၀၀၀ က မျှဝေခဲ့တာကြောင့် တွစ်တာလူမှုကွန်ရက်မှာ လူပြောအများဆုံးအကြောင်းအရာအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူၿပီး ကယ္တင္ေပးမယ္ဆိုၿပီး မ်က္ႏွာေျပာင္သြားတဲ့ အီလြန္ မတ္စ္ကိစၥအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကယ္တင္ရွင္အသစ္ ေပၚထြက္လာခဲ့ၿပီး ဘယ္သူမွ မထင္မွတ္ထားတဲ့ ေတာင္ကိုရီးယားအဆိုေတာ္ ဂ်န္နီ ကင္မ္ ျဖစ္ေနခဲ့ပါတယ္။

အီလြန္ မတ္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူသြားမယ္လို႔ ေရးသားခဲ့ၿပီး တြစ္တာမွာ ပြဲရွာခဲ့ၿပီးေနာက္ပိုင္း ေနာက္ပိုင္းမွာေတာ့ တကယ္ဝယ္မွာမဟုတ္ဘဲ ဟာသအေနနဲ႔ ေျပာခဲ့တာျဖစ္တယ္လို႔ ျပန္လည္ေျဖရွင္းခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လူခ်စ္လူခင္ ေပါမ်ားတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားအဆိုေတာ္ ဂ်န္နီ ကင္မ္ဆီမွာ ေမွ်ာ္လင့္ခ်က္အသစ္ကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ယေန႔နံနက္အေစာပိုင္းမွာ ဂ်န္နီ ကင္မ္ဟာ Blackpink ရဲ႕ ေနာက္ဆုံး ဗီဒီယိုထဲမွာ မန္ခ်က္စတာယူႏိုက္တက္ရွပ္ကို ဝတ္ဆင္ထားတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ တြစ္တာလူမႈကြန္ရက္တစ္ခုလုံး ေျဗာင္းဆန္ေနခဲ့တာ ျဖစ္ပါတယ္။

“ဂ်န္နီတစ္ေယာက္ပဲ မန္ခ်က္စတာယူႏိုက္တက္ကို ကယ္တင္ႏိုင္မယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ကြၽန္ေတာ္က ေဘာလုံးဝါသနာပါၿပီး Blackpink အဖြဲ႕ဝင္တစ္ဦးက ကြၽန္ေတာ့္ကို ဒီ ယူႏိုက္တက္ရွပ္ကို ဝတ္ခ်င္လာေအာင္ လႊမ္းမိုးေနပါတယ္။ နတ္ဆိုးနဲ႔ သေဘာတူညီမႈယူမွပဲ ရေတာ့မယ္”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း ေရးသားခဲ့ပါတယ္။

Blackpink အဖြဲ႕ရဲ႕ အဓိကရက္ပ္သီဆိုသူျဖစ္တဲ့ ဂ်န္နီဟာ Blackpink ရဲ႕ ဆင္ဂယ္အယ္လ္ဘမ္ျဖစ္တဲ့ ‘Pink Venom’ကို မိတ္ဆက္ခဲ့ခ်ိန္မွာ ပရိသတ္ ရာေပါင္းမ်ားစြာဆီကေန မွတ္ခ်က္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ Blackpink ဟာ YG Entertainment ကေန ဂ်ီဆူး၊ ဂ်န္နီ၊ ႐ိုဆဲ၊ လီဆာ တို႔နဲ႔ ဖြဲ႕စည္းထားတဲ့ ေတာင္ကိုရီးယား ေပါ့ပ္ဂီတအဖြဲ႕ျဖစ္ၿပီး ႏိုင္ငံတကာမွာလည္း အေအာင္ျမင္ဆုံး ကိုရီးယားအမ်ိဳးသမီး ဂီတအဖြဲ႕အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ယခုႏွစ္ေႏွာင္းပိုင္းမွာ ဂ်န္နီ ကင္မ္ဟာ HBO စီးရီးျဖစ္တဲ့ ‘The Idol’မွာ ေဟာလီးဝုဒ္ ပြဲဦးထြက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ၿပီး ‘ကြၽန္ေတာ္က စီးတီးဖန္ပါ။ ဒါေပမယ့္ ဂ်န္နီအတြက္ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို အားေပးေနပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဂ်န္နီရဲ႕ မန္ခ်က္စတာယူႏိုက္တက္ဝတ္စုံနဲ႔ သီခ်င္းအသစ္ဟာ လူမႈကြန္ရက္အသုံးျပဳသူေပါင္း ၈၉၀၀၀၀ က မွ်ေဝခဲ့တာေၾကာင့္ တြစ္တာလူမႈကြန္ရက္မွာ လူေျပာအမ်ားဆုံးအေၾကာင္းအရာအျဖစ္ ထိပ္ဆုံးကေန ရပ္တည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.