Premier League

ချဲလ်ဆီးရဲ့ နိုင်ပွဲကို ဖျက်ဆီးခဲ့မိတယ်လို့ ဝန်ခံခဲ့တဲ့ မိုက် ဒင်း

မိုက် ဒင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း မာ့စ် ကူကူရယ်လာနဲ့ ခရစ်ရှန် ရိုမဲရိုးတို့ရဲ့ ဖြစ်စဉ်ကို ကွင်းဘေး မော်နီတာမှာ လာကြည့်ဖို့ ကွင်းလယ်ဒိုင် အန်သိုနီ တေလာကို မပြောမိခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ပြောကြားခဲ့ပါတယ်။

မိုက် ဒင်းဟာ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း VAR ဒိုင်လူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကူကူရယ်လာကို ရိုမဲရိုးက ဆံပင်ဆောင့်ဆွဲခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာမှာ ဟာရီ ကိန်းက ထောင့်ကန်ဘောကနေ စပါးစ်အတွက် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ်တစ်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတစ်ယောက်က အမှားကျူးလွန်မိခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး မိုက်ဒင်းက MailPlus အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ၎င်းရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရမိကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“စက္ကန့်အနည်းငယ်အတွင်းမှာ ရိုမဲရိုးက ကူကူရယ်လာရဲ့ ဆံပင်ကို ဆွဲခဲ့တယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော် အဲဒါကို ကြမ်းတမ်းတဲ့ အပြုအမူအဖြစ် မယူဆခဲ့မိပါဘူး။ ဗီဒီယိုဖိုင်ကို ကျွန်တော် ကြည့်ပြီးကတည်းက တခြား ဒိုင်လူကြီးတွေကို ပြောခဲ့တယ်။ ကျွန်တော် တေလာကို သူ့ဘာသာ ကြည့်ပြီး ဆုံးဖြတ်ဖို့ ကွင်းဘေး မော်နီတာကို လာကြည့်ဖို့ ပြောခဲ့သင့်တာပါ။ ကွင်းထဲမှာ ရှိနေတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က အမြဲတမ်း အပြီးအပြတ်ဖြစ်ခဲ့ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Sportsmail ကလောင်ရှင်တွေဖြစ်တဲ့ ခရစ္စ ဆက်တန်က မိုက်ဒင်းရဲ့ ဝန်ခံ ပြောကြားမှုဟာ ဒီလို ကြီးမားတဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် ဖွင့်ဟဝန်ခံရဲခဲ့တာဟာ ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဝန်ခံခဲ့တာက မိုက်ဒင်းအတွက် ကောင်းပါတယ်။ အဲဒါက အသစ်တစ်ဖန်ပြန်ဖြစ်စေပါတယ်။ ကျွန်တော်တို့ တလွဲလုပ်မိပြီး အနီကတ်ပြခံရလို့ လူမှုကွန်ရက်မှာ ဘောလုံးသမားတွေဆီကနေ တောင်းပန်စကားကို အပတ်တိုင်း ကျွန်တော်တို့ မြင်တွေ့နေကျပါ။ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ အသင်းကို ဒုက္ခရောက်စေခဲ့တဲ့ အန်ဒါဆင်ကို ခေါင်းနဲ့ တိုက်ခဲ့ပြီးနောက်ပိုင်း စာတင်ပြီး တောင်းပန်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်လိုမျိုးပေါ့”

“ဒါပေမယ့် ကျွန်တော်တို့ ဒိုင်လူကြီးတွေ၊ လက်ထောက်ဒိုင်လူကြီးတွေ၊ VAR ဒိုင်လူကြီးတွေ တိတ်ဆိတ်နေတာကို ကျင့်သားရနေခဲ့ကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

အန်သိုနီ တေလာဟာ ကူကူရယ်လာအပေါ် ရိုမဲရိုးရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို အပြစ်ပေးခဲ့ခြင်းမရှိတာကြောင့် နောက်လာမယ့် အနာဂတ်မှာ ချဲလ်ဆီးအသင်းပွဲစဉ်တွေကို ကိုင်တွယ်ခွင့်မပေးဖို့ ပရိသတ်တွေရဲ့ လက်မှတ်ရေးထိုးဆန္ဒမဲကောက်ယူခြင်းကို ခံခဲ့ရပြီး တကယ်လို့ တေလာသာ VAR ဒိုင်ပြောသမျှ ခေါင်းငြိမ့်မနေဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကွင်းဘေးစည်း မော်နီတာကိုသာ သွားကြည့်ခဲ့မယ်ဆိုရင် ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ရလဒ်ဟာ တစ်မျိုးတစ်ဖုံဖြစ်ခဲ့မှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မိုက္ ဒင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္အတြင္း မာ့စ္ ကူကူရယ္လာနဲ႔ ခရစ္ရွန္ ႐ိုမဲ႐ိုးတို႔ရဲ႕ ျဖစ္စဥ္ကို ကြင္းေဘး ေမာ္နီတာမွာ လာၾကည့္ဖို႔ ကြင္းလယ္ဒိုင္ အန္သိုနီ ေတလာကို မေျပာမိခဲ့တဲ့အတြက္ ေနာင္တရမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မိုက္ ဒင္းဟာ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္အတြင္း VAR ဒိုင္လူႀကီးအျဖစ္ တာဝန္ယူ ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ကူကူရယ္လာကို ႐ိုမဲ႐ိုးက ဆံပင္ေဆာင့္ဆြဲခဲ့ၿပီးေနာက္ စကၠန႔္ပိုင္းအၾကာမွာ ဟာရီ ကိန္းက ေထာင့္ကန္ေဘာကေန စပါးစ္အတြက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ပြဲစဥ္တစ္ပြဲအတြင္း ပါဝင္ခဲ့တဲ့ တာဝန္ရွိသူတစ္ေယာက္က အမွားက်ဴးလြန္မိခဲ့တယ္လို႔ ဝန္ခံခဲ့တဲ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီး မိုက္ဒင္းက MailPlus အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ၎ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ေနာင္တရမိေၾကာင္း ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“စကၠန႔္အနည္းငယ္အတြင္းမွာ ႐ိုမဲ႐ိုးက ကူကူရယ္လာရဲ႕ ဆံပင္ကို ဆြဲခဲ့တယ္ဆိုတာကို ကြၽန္ေတာ္ သိခဲ့ရတယ္။ ကြၽန္ေတာ္ အဲဒါကို ၾကမ္းတမ္းတဲ့ အျပဳအမူအျဖစ္ မယူဆခဲ့မိပါဘူး။ ဗီဒီယိုဖိုင္ကို ကြၽန္ေတာ္ ၾကည့္ၿပီးကတည္းက တျခား ဒိုင္လူႀကီးေတြကို ေျပာခဲ့တယ္။ ကြၽန္ေတာ္ ေတလာကို သူ႔ဘာသာ ၾကည့္ၿပီး ဆုံးျဖတ္ဖို႔ ကြင္းေဘး ေမာ္နီတာကို လာၾကည့္ဖို႔ ေျပာခဲ့သင့္တာပါ။ ကြင္းထဲမွာ ရွိေနတဲ့ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္က အၿမဲတမ္း အၿပီးအျပတ္ျဖစ္ခဲ့ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

Sportsmail ကေလာင္ရွင္ေတြျဖစ္တဲ့ ခရစၥ ဆက္တန္က မိုက္ဒင္းရဲ႕ ဝန္ခံ ေျပာၾကားမႈဟာ ဒီလို ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္မွာ ပါဝင္ပတ္သက္ခဲ့ၿပီးေနာက္ ဖြင့္ဟဝန္ခံရဲခဲ့တာဟာ ေကာင္းမြန္တဲ့အရာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဝန္ခံခဲ့တာက မိုက္ဒင္းအတြက္ ေကာင္းပါတယ္။ အဲဒါက အသစ္တစ္ဖန္ျပန္ျဖစ္ေစပါတယ္။ ကြၽန္ေတာ္တို႔ တလြဲလုပ္မိၿပီး အနီကတ္ျပခံရလို႔ လူမႈကြန္ရက္မွာ ေဘာလုံးသမားေတြဆီကေန ေတာင္းပန္စကားကို အပတ္တိုင္း ကြၽန္ေတာ္တို႔ ျမင္ေတြ႕ေနက်ပါ။ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ အသင္းကို ဒုကၡေရာက္ေစခဲ့တဲ့ အန္ဒါဆင္ကို ေခါင္းနဲ႔ တိုက္ခဲ့ၿပီးေနာက္ပိုင္း စာတင္ၿပီး ေတာင္းပန္ခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္လိုမ်ိဳးေပါ့”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒိုင္လူႀကီးေတြ၊ လက္ေထာက္ဒိုင္လူႀကီးေတြ၊ VAR ဒိုင္လူႀကီးေတြ တိတ္ဆိတ္ေနတာကို က်င့္သားရေနခဲ့ၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အန္သိုနီ ေတလာဟာ ကူကူရယ္လာအေပၚ ႐ိုမဲ႐ိုးရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈကို အျပစ္ေပးခဲ့ျခင္းမရွိတာေၾကာင့္ ေနာက္လာမယ့္ အနာဂတ္မွာ ခ်ဲလ္ဆီးအသင္းပြဲစဥ္ေတြကို ကိုင္တြယ္ခြင့္မေပးဖို႔ ပရိသတ္ေတြရဲ႕ လက္မွတ္ေရးထိုးဆႏၵမဲေကာက္ယူျခင္းကို ခံခဲ့ရၿပီး တကယ္လို႔ ေတလာသာ VAR ဒိုင္ေျပာသမွ် ေခါင္းၿငိမ့္မေနဘဲ ကိုယ့္အားကိုယ္ကိုးၿပီး ကြင္းေဘးစည္း ေမာ္နီတာကိုသာ သြားၾကည့္ခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ရလဒ္ဟာ တစ္မ်ိဳးတစ္ဖုံျဖစ္ခဲ့မွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.