La Liga Premier League Transfer News

မန်ယူနိုက်တက်နဲ့အပြောင်းအရွှေ့ကိစ္စကို အသင်းဖော်တွေကို အသိပေးခဲ့တဲ့ ကက်စမီရို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကက်စမီရိုကို ခေါ်ယူနိုင်ဖို့ ပေါင်သန်း ၆၀ နဲ့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယုံကြည်မှု ကြီးထွားလာနေပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ကိုင်မြှောက်ထားတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ အစပိုင်းတုန်းက အောင်မြင်ဖို့ မဖြစ်နိုင်တဲ့ ကြိုးပမ်းမှုလို့ ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ကက်စမီရိုဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အလေးအနက် စဉ်းစားနေပြီဖြစ်တယ်လို့ နားလည်ရပြီး စပိန်အပြောင်းအရွှေ့ကျွမ်းကျင်သူ ဘာလာဂဲရဲ့ ပြောကြားချက်အရ ရီးရဲလ်ကွင်းလယ်လူဟာ အသင်းဖော်တွေကို ယူနိုက်တက်က ၎င်းရဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၈.၄ သန်းရဲ့ ၂ ဆကို ကမ်းလှမ်းခဲ့ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘာနေဗျူးမှာ ကစားခဲ့တဲ့ ၉ နှစ်တာကာလအတွင်း ဥရောပမှာ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ကက်စမီရိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ အဆုံးသတ်ပိုင်းကို ချဉ်းကပ်လာနေပြီလို့ ခံစားမှုမျိုး ရှိနေတာဖြစ်ပြီး ကမာဗင်ဂါနဲ့ ချူအာမေနီတို့က ၎င်းရဲ့ နေရာကို ဝင်ယူဖို့ အဆင်သင့် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ကက်စမီရိုရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကစားသမားအတွက် ထိပ်တန်းဥရောပလိဂ်မှာ ကြီးမားတဲ့ လစာပမာဏနဲ့ အပြောင်းအရွှေ့လုပ်နိုင်ဖို့က ဒီတစ်ကြိမ်ဟာ နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ၂ ပတ်တောင် မလိုတော့တာကြောင့် ကက်စမီရိုရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်မြောက်ဖို့ ခက်ခဲတယ်လို့ ယူဆခြင်းခံခဲ့ရပေမယ့် ကလပ်အသင်း ၂ သင်းစလုံးနဲ့ ကစားသမားကိုယ်တိုင်က ဖြစ်နိုင်ခြေကို ရှာဖွေသွားဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရာသီအစကို ဆိုးရွားစွာ စတင်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလကို အားကောင်းတဲ့ ပုံစံနဲ့ အဆုံးသတ်ချင်နေတာဖြစ်ပြီး တန်ဟက်အနေနဲ့ ၎င်းရဲ့ အဓိကကွင်းလယ်ပစ်မှတ်ဖြစ်တဲ့ ဖရန်ကီ ဒီ ယုံးကို လက်လျှော့ခဲ့ရပြီးနောက် ကမ္ဘာ့ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမားတစ်ဦးကို အရခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမား ကက္စမီ႐ိုကို ေခၚယူႏိုင္ဖို႔ ေပါင္သန္း ၆၀ နဲ႔ သေဘာတူညီမႈ ရရွိလိမ့္မယ္လို႔ ယုံၾကည္မႈ ႀကီးထြားလာေနပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္ ကိုင္ေျမႇာက္ထားတဲ့ ဘရာဇီးလ္ကြင္းလယ္ကစားသမားကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းမႈဟာ အစပိုင္းတုန္းက ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္တဲ့ ႀကိဳးပမ္းမႈလို႔ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ကက္စမီ႐ိုဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ အေလးအနက္ စဥ္းစားေနၿပီျဖစ္တယ္လို႔ နားလည္ရၿပီး စပိန္အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဘာလာဂဲရဲ႕ ေျပာၾကားခ်က္အရ ရီးရဲလ္ကြင္းလယ္လူဟာ အသင္းေဖာ္ေတြကို ယူႏိုက္တက္က ၎ရဲ႕ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၈.၄ သန္းရဲ႕ ၂ ဆကို ကမ္းလွမ္းခဲ့ၿပီး ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ၉ ႏွစ္တာကာလအတြင္း ဥေရာပမွာ ေျခစြမ္းအတည္ၿငိမ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း ကက္စမီ႐ိုဟာ ရီးရဲလ္မက္ဒရစ္ကစားသမားဘဝ အဆုံးသတ္ပိုင္းကို ခ်ဥ္းကပ္လာေနၿပီလို႔ ခံစားမႈမ်ိဳး ရွိေနတာျဖစ္ၿပီး ကမာဗင္ဂါနဲ႔ ခ်ဴအာေမနီတို႔က ၎ရဲ႕ ေနရာကို ဝင္ယူဖို႔ အဆင္သင့္ ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ကက္စမီ႐ိုရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၅ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္ကစားသမားအတြက္ ထိပ္တန္းဥေရာပလိဂ္မွာ ႀကီးမားတဲ့ လစာပမာဏနဲ႔ အေျပာင္းအေ႐ႊ႕လုပ္ႏိုင္ဖို႔က ဒီတစ္ႀကိမ္ဟာ ေနာက္ဆုံးအခြင့္အေရးျဖစ္ႏိုင္တယ္လို႔ ေျပာဆိုမႈေတြလည္း ရွိေနတာျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ ၂ ပတ္ေတာင္ မလိုေတာ့တာေၾကာင့္ ကက္စမီ႐ိုရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေျမာက္ဖို႔ ခက္ခဲတယ္လို႔ ယူဆျခင္းခံခဲ့ရေပမယ့္ ကလပ္အသင္း ၂ သင္းစလုံးနဲ႔ ကစားသမားကိုယ္တိုင္က ျဖစ္ႏိုင္ေျခကို ရွာေဖြသြားဖို႔ ဆႏၵရွိေနၾကတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ရာသီအစကို ဆိုး႐ြားစြာ စတင္ခဲ့ၿပီးေနာက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလကို အားေကာင္းတဲ့ ပုံစံနဲ႔ အဆုံးသတ္ခ်င္ေနတာျဖစ္ၿပီး တန္ဟက္အေနနဲ႔ ၎ရဲ႕ အဓိကကြင္းလယ္ပစ္မွတ္ျဖစ္တဲ့ ဖရန္ကီ ဒီ ယုံးကို လက္ေလွ်ာ့ခဲ့ရၿပီးေနာက္ ကမာၻ႔ထိပ္တန္းအဆင့္ ကြင္းလယ္ကစားသမားတစ္ဦးကို အရေခၚယူသြားခ်င္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.