Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၂၃.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းမှာ နေရာစုံကစားပြီး ခြေစွမ်းပြသနေပေမယ့် အရောင်းစာရင်းထဲကို ရောက်နေခဲ့တဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ခေါ်ယူသွားဖို့ စပါးစ်၊ အဲဗာတန်နဲ့ ဘရိုက်တန်တို့အပြင် နောက်ဆုံးအနေအထားအရ နယူးကာဆယ်လ်နဲ့ ဝုလ်ဗ်စ်တို့ပါ ပြိုင်ပွဲထဲပါဝင်လာ။

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ရဲ့ ဟူဆင်းမ် အောဝါကို ကမ်းလှမ်းဖို့ အဆင်မပြေရင် ပြီးခဲ့တဲ့ ရာသီက ကျေနပ်စရာ ကစားပြခဲ့တဲ့ ဒါနီ စီဘာယော့စ်ကို ရီးရဲလ်မက်ဒရစ်ဘက်က တောင်းဆိုတဲ့အတိုင်း ပြန်လည်ခေါ်ယူဖို့ အရန်အစီအစဉ် ပြုလုပ်ထားပေမယ့် အေစီမီလန်ကြောင့် စိုးရိမ်ရဖွယ်ရှိနေ။

– လီဗာပူးလ်က စိတ်ဝင်စားနေခဲ့ပေမယ့် လက်ရှိအချိန်အထိ ကမ်းလှမ်းရခြင်းမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ဈေးနှုန်းစုံစမ်းမှုနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ဖော်ပြ။

– အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင်ခုနစ်သောင်းခွဲရရှိနေပေမယ့် နည်းပြ အာတီတာလက်ထက်မှာ အရန်အဖြစ်သာရှိနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို လာဇီယို ကမ်းလှမ်းဖို့ ပြင်နေပြီး စီးရီးအေအသင်းတွေဖြစ်တဲ့ ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်းတွေ ကလည်း အပြိုင်စောင့်ကြည့်နေ။

– အေးဂျင့် ဖာဘရီဇီယို ရိုမာနိုရဲ့ လိုင်လီနောက်ခံလူ ဂါဘရီယယ်လ်ကို ကြေငြာနိုင်တော့မယ်လို့ တင်ခဲ့တဲ့ တွစ်တာပို့စ်ကို အီမိုဂျီနဲ့ တုံ့ပြန်သွားခဲ့တဲ့ အာဆင်နယ်လူငယ်ကွင်းလယ်လူ လွီဂျီ ဂက်စ်ပါကို ပရိသတ်တွေက သောမတ်စ် ပါတေးနဲ့ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ ဖခင်ဖြစ်သူ အီဒူးကို ပြောပေးပါဦးလို့ တွစ်တာမှာ ဝိုင်းဝန်းရေးသားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.