La Liga Ligue1 Transfer News

ပီအက်စ်ဂျီထက် ဆက်ဆံရေးပိုကောင်းတဲ့အသင်းကို ပြောင်းရွှေ့တော့မယ့် မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ ဆက်ဆံရေးဟာ တိုးတက်နေခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်အတွက် နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေရှိနေပြီလို့ ESPN က ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကို စွန့်ခွာပြီး ကြီးမားတဲ့ အပြောင်းအရွှေ့ ပြုလုပ်ခဲ့တာကြောင့် ဘောလုံးလောကတစ်ခုလုံး အံ့အားသင့် တုန်လှုပ်စေခဲ့တာဖြစ်ပါတယ်။

အများစုဟာ လီယွန်နယ် မက်ဆီအနေနဲ့ ကတ်တလန်အသင်းကြီးမှာ ကစားသမားဘဝ အဆုံးသတ်တဲ့အထိ အပြောင်းအရွှေ့ မပြုလုပ်ဘဲ ရှိနေလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားခဲ့မှုက အာဂျင်တီးနားကြယ်ပွင့်ကို နူးကမ့်ကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို စွန့်ခွာချင်စိတ် အလျင်းမရှိခဲ့ပေမယ့်လည်း ကတ်တလန်အသင်းကြီးက စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့တာကြောင့် နူးကမ့်ကို စွန့်ခွာခဲ့ရပြီး ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက မက်ဆီနဲ့ ဘာစီလိုနာတို့ကြား ဆက်ဆံရေးဟာ အနည်းငယ် အေးခဲသွားခဲ့ပုံ ပေါ်ပေမယ့်လည်း ယိုအန်း လာပေါ်တာက အာဂျင်တီးနားဂန္တဝင်ကို ဘာစီလိုနာအသင်းထံ ပြန်လည် ခေါ်ယူချင်တယ်လို့ ပြီးခဲ့တဲ့လအနည်းငယ်က အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂမ်မာ ဆိုလာရဲ့ ESPN ကို ပြောကြားချက်အရ လီယွန်နယ် မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ကြား ဆက်ဆံရေးဟာ တိုးတက်မှု ရှိခဲ့တာ မြေကြီးလက်ခတ်မလွဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးအနေနဲ့ နူးကမ့်ကို ပြန်လည် ပြောင်းရွှေ့နိုင်ခြေရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ပြီးကတည်းက အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပဲရစ်မှာ အဆိုးအကောင်း ရောထွေးနေတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လိဂန်းဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်က မက်ဆီရဲ့ စွမ်းဆောင်ရည်ဟာ ကြီးမားတဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး အဲဒီပွဲစဉ်အပြီး နောက်ပွဲစဉ်မှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင် သရော်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာကြယ်ပွင့်ဟာ ၂၀၂၂-၂၀၂၃ ရာသီအစမှာ အထင်ကြီးဖွယ် စတင်နိုင်ခဲ့ပြီး ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မှုဟာ လာမယ့်နှစ် ဇွန်လကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ ၂ နှစ်စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ ဖြစ်လာနိုင်ခြေရှိပေမယ့်လည်း အာဂျင်တီးနားတိုက်စစ်မှူးရဲ့ လိဂန်းချန်ပီယံတွေနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ ၁ နှစ်သက်တမ်းတိုးခွင့် ပါဝင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီရဲ႕ ဘာစီလိုနာအသင္းနဲ႔ ဆက္ဆံေရးဟာ တိုးတက္ေနခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္အတြက္ ႏူးကမ့္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေျခရွိေနၿပီလို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ဘာစီလိုနာအသင္းကို စြန႔္ခြာၿပီး ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခဲ့တာေၾကာင့္ ေဘာလုံးေလာကတစ္ခုလုံး အံ့အားသင့္ တုန္လႈပ္ေစခဲ့တာျဖစ္ပါတယ္။

အမ်ားစုဟာ လီယြန္နယ္ မက္ဆီအေနနဲ႔ ကတ္တလန္အသင္းႀကီးမွာ ကစားသမားဘဝ အဆုံးသတ္တဲ့အထိ အေျပာင္းအေ႐ႊ႕ မျပဳလုပ္ဘဲ ရွိေနလိမ့္မယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရးအေျခအေန ဆိုး႐ြားခဲ့မႈက အာဂ်င္တီးနားၾကယ္ပြင့္ကို ႏူးကမ့္ကေန ထြက္ခြာေစခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းကို စြန႔္ခြာခ်င္စိတ္ အလ်င္းမရွိခဲ့ေပမယ့္လည္း ကတ္တလန္အသင္းႀကီးက စာခ်ဳပ္သစ္ မကမ္းလွမ္းႏိုင္ခဲ့တာေၾကာင့္ ႏူးကမ့္ကို စြန႔္ခြာခဲ့ရၿပီး ဘလြန္ေဒါ ၇ ဆုရွင္ဟာ ပီအက္စ္ဂ်ီနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကတည္းက မက္ဆီနဲ႔ ဘာစီလိုနာတို႔ၾကား ဆက္ဆံေရးဟာ အနည္းငယ္ ေအးခဲသြားခဲ့ပုံ ေပၚေပမယ့္လည္း ယိုအန္း လာေပၚတာက အာဂ်င္တီးနားဂႏၲဝင္ကို ဘာစီလိုနာအသင္းထံ ျပန္လည္ ေခၚယူခ်င္တယ္လို႔ ၿပီးခဲ့တဲ့လအနည္းငယ္က အရိပ္အႁမြက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂမ္မာ ဆိုလာရဲ႕ ESPN ကို ေျပာၾကားခ်က္အရ လီယြန္နယ္ မက္ဆီနဲ႔ ဘာစီလိုနာအသင္းတို႔ၾကား ဆက္ဆံေရးဟာ တိုးတက္မႈ ရွိခဲ့တာ ေျမႀကီးလက္ခတ္မလြဲျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးအေနနဲ႔ ႏူးကမ့္ကို ျပန္လည္ ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းကို စြန႔္ခြာခဲ့ၿပီးကတည္းက အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ပဲရစ္မွာ အဆိုးအေကာင္း ေရာေထြးေနတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ လိဂန္းဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရၿပီးေနာက္ပိုင္း ျပစ္တင္ေဝဖန္မႈေတြကို ခံခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္က မက္ဆီရဲ႕ စြမ္းေဆာင္ရည္ဟာ ႀကီးမားတဲ့ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး အဲဒီပြဲစဥ္အၿပီး ေနာက္ပြဲစဥ္မွာ အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ သေရာ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာၾကယ္ပြင့္ဟာ ၂၀၂၂-၂၀၂၃ ရာသီအစမွာ အထင္ႀကီးဖြယ္ စတင္ႏိုင္ခဲ့ၿပီး ၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီရဲ႕ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕မႈဟာ လာမယ့္ႏွစ္ ဇြန္လကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ ၂ ႏွစ္စာခ်ဳပ္ သက္တမ္းကုန္ဆုံးခ်ိန္မွာ ျဖစ္လာႏိုင္ေျခရွိေပမယ့္လည္း အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ လိဂန္းခ်န္ပီယံေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ထဲမွာ ၁ ႏွစ္သက္တမ္းတိုးခြင့္ ပါဝင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.