La Liga

ငွေကြေးထက် ဘောလုံးအဆင့်အတန်းကို ဦးစားပေးလို့ အနားယူဖို့ပဲ စဉ်းစားနေပြီဖြစ်တဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း မာဆယ်လိုဟာ ဘာနေဗျူးကို စွန့်ခွာခဲ့ပြီးနောက် ရရှိလာတဲ့ ကမ်းလှမ်းမှုတွေဟာ ကစားသမားဘဝ ရှေ့ဆက်ဖို့အတွက် လုံလုံလောက်လောက် မဆွဲဆောင်နိုင်တာကြောင့် အနားယူဖို့ ပိုမိုနီးစပ်လာနေပြီလို့ သိရပါတယ်။

ဘရာဇီးလ် ဘယ်နောက်ခံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီကုန်မှာ ဘာနေဗျူးကို မစွန့်ခွာမီ စပိန်လာလီဂါကလပ်အသင်းအတွက် ၁၅ နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆုဖလား ၂၅ ကြိမ်အထိ အများဆုံးကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ကမ်းလှမ်းမှုတွေ အများအပြား ရရှိထားပေမယ့်လည်း ၎င်းရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်ကို အမေရိကား သို့မဟုတ် ကာတာကို သွားရောက်ကစားဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ Marca က ဖော်ပြခဲ့ပါတယ်။

မာဆယ်လိုကို ခေါ်ယူဖို့ မကြာသေးမီက သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အသင်းတွေထဲမှာ လာလီဂါအသင်းဖြစ်တဲ့ ဗယ်လာဒိုးလစ်၊ ပြင်သစ်လိဂန်းအသင်းဖြစ်တဲ့ လီယွန်၊ အေစီမီလန်၊ တူရကီကလပ် ဖီနာဘာချီတို့လည်း အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

မာဆယ်လိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရွှေ့မီ လူငယ်ကစားသမားဘဝကို စတင်ခဲ့တဲ့ ၎င်းရဲ့ မွေးရပ်မြေက ဖလူမီးနန့်စ်အသင်းကို ပြန်သွားနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ဘာသဘောတူညီမှုမှ မရရှိထားသလို ဘရာဇီးလ်နောက်ခံလူရဲ့ လက်ရှိအခြေအနေကို ဆွဲဆောင်နိုင်တဲ့ ကမ်းလှမ်းမှုတွေ မရှိတာကြောင့် အနားယူဖို့ပဲ ပိုမိုနီးစပ်လာပုံပေါ်ပါတယ်။

မာဆယ်လိုဟာ ဘရာဇီးလ်ကလပ်ဖြစ်တဲ့ အဇူးရစ်ဇ်နဲ့ ပေါ်တူဂီ ဒုတိယတန်းအသင်း မာဖရာတို့ရဲ့ အသင်းပိုင်ရှင်ဖြစ်တာကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်နဲ့ပဲ လုပ်ဆောင်သွားဖို့ အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။ မာဆယ်လိုနဲ့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ ဘောလုံးလောက အနာဂတ်အတွက် ရည်ရွယ်ပြီး လူငယ်ကြယ်ပွင့်တွေကို အကူအညီဖြစ်စေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ‘Campus 12’အစီအစဉ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် အဇူးရစ်ဇ်အသင်းရဲ့ လေ့ကျင့်ရေး လုပ်ဆောင်မှုတွေကို အဆင့်တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။

မာဖရာဟာ တောင်အမေရိကမှာရှိတဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေကို ဥရောပပြိုင်ပွဲတွေဆီ ပိုမိုကောင်းမွန်တဲ့ အပြောင်းအရွှေ့ပြုလုပ်နိုင်စေမယ့် ပေါင်းကူးတံတားတစ်ခုဖြစ်လာမယ်လို့ ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မာဆယ်လိုဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားတော့မဟုတ်ခဲ့ဘဲ ဂါရတ်ဘေးလ်နဲ့ အစ္စကိုတို့လည်း စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လော့စ် အိန်ဂျလိစ်အက်ဖ်စီနဲ့ ဆီးဗီးလားတို့ကို အသီးသီး ပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေဟာင္း မာဆယ္လိုဟာ ဘာေနဗ်ဴးကို စြန႔္ခြာခဲ့ၿပီးေနာက္ ရရွိလာတဲ့ ကမ္းလွမ္းမႈေတြဟာ ကစားသမားဘဝ ေရွ႕ဆက္ဖို႔အတြက္ လုံလုံေလာက္ေလာက္ မဆြဲေဆာင္ႏိုင္တာေၾကာင့္ အနားယူဖို႔ ပိုမိုနီးစပ္လာေနၿပီလို႔ သိရပါတယ္။

ဘရာဇီးလ္ ဘယ္ေနာက္ခံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီကုန္မွာ ဘာေနဗ်ဴးကို မစြန႔္ခြာမီ စပိန္လာလီဂါကလပ္အသင္းအတြက္ ၁၅ ႏွစ္ၾကာ ကစားေပးခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ဆုဖလား ၂၅ ႀကိမ္အထိ အမ်ားဆုံးကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ကမ္းလွမ္းမႈေတြ အမ်ားအျပား ရရွိထားေပမယ့္လည္း ၎ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္ကို အေမရိကား သို႔မဟုတ္ ကာတာကို သြားေရာက္ကစားဖို႔ စိတ္ဝင္စားျခင္းမရွိဘူးလို႔ Marca က ေဖာ္ျပခဲ့ပါတယ္။

မာဆယ္လိုကို ေခၚယူဖို႔ မၾကာေသးမီက သတင္းေတြ ထြက္ေပၚခဲ့တဲ့ အသင္းေတြထဲမွာ လာလီဂါအသင္းျဖစ္တဲ့ ဗယ္လာဒိုးလစ္၊ ျပင္သစ္လိဂန္းအသင္းျဖစ္တဲ့ လီယြန္၊ ေအစီမီလန္၊ တူရကီကလပ္ ဖီနာဘာခ်ီတို႔လည္း အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

မာဆယ္လိုအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို မေျပာင္းေ႐ႊ႕မီ လူငယ္ကစားသမားဘဝကို စတင္ခဲ့တဲ့ ၎ရဲ႕ ေမြးရပ္ေျမက ဖလူမီးနန႔္စ္အသင္းကို ျပန္သြားႏိုင္တယ္လို႔ ယူဆမႈေတြလည္း ရွိေနခဲ့တာျဖစ္ေပမယ့္လည္း ဘာသေဘာတူညီမႈမွ မရရွိထားသလို ဘရာဇီးလ္ေနာက္ခံလူရဲ႕ လက္ရွိအေျခအေနကို ဆြဲေဆာင္ႏိုင္တဲ့ ကမ္းလွမ္းမႈေတြ မရွိတာေၾကာင့္ အနားယူဖို႔ပဲ ပိုမိုနီးစပ္လာပုံေပၚပါတယ္။

မာဆယ္လိုဟာ ဘရာဇီးလ္ကလပ္ျဖစ္တဲ့ အဇူးရစ္ဇ္နဲ႔ ေပၚတူဂီ ဒုတိယတန္းအသင္း မာဖရာတို႔ရဲ႕ အသင္းပိုင္ရွင္ျဖစ္တာေၾကာင့္ စြန႔္ဦးတီထြင္လုပ္ငန္းရွင္အျဖစ္နဲ႔ပဲ လုပ္ေဆာင္သြားဖို႔ အာ႐ုံစိုက္ေနခဲ့တာ ျဖစ္ပါတယ္။ မာဆယ္လိုနဲ႔ ၎ရဲ႕ လုပ္ေဖာ္ကိုင္ဘက္ေတြဟာ ေဘာလုံးေလာက အနာဂတ္အတြက္ ရည္႐ြယ္ၿပီး လူငယ္ၾကယ္ပြင့္ေတြကို အကူအညီျဖစ္ေစခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ‘Campus 12’အစီအစဥ္ကို ႏွစ္ေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ အဇူးရစ္ဇ္အသင္းရဲ႕ ေလ့က်င့္ေရး လုပ္ေဆာင္မႈေတြကို အဆင့္တိုးျမႇင့္ခ်င္ေနတာ ျဖစ္ပါတယ္။

မာဖရာဟာ ေတာင္အေမရိကမွာရွိတဲ့ အရည္အခ်င္းရွိတဲ့ ကစားသမားေတြကို ဥေရာပၿပိဳင္ပြဲေတြဆီ ပိုမိုေကာင္းမြန္တဲ့ အေျပာင္းအေ႐ႊ႕ျပဳလုပ္ႏိုင္ေစမယ့္ ေပါင္းကူးတံတားတစ္ခုျဖစ္လာမယ္လို႔ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။ မာဆယ္လိုဟာ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားေတာ့မဟုတ္ခဲ့ဘဲ ဂါရတ္ေဘးလ္နဲ႔ အစၥကိုတို႔လည္း စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ေလာ့စ္ အိန္ဂ်လိစ္အက္ဖ္စီနဲ႔ ဆီးဗီးလားတို႔ကို အသီးသီး ေျပာင္းေ႐ႊ႕သြားခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.