Premier League

ဆံပင်အဆွဲခံရပေမယ့် ဘာကြောင့် ညှပ်ပစ်ဖို့ မစဉ်းစားလဲဆိုတာ ပြောပြခဲ့တဲ့ ကူကူရယ်လာ

စပိန်ဘယ်နောက်ခံကစားသမားရဲ့ ဆံပင်ပုံစံဟာ ချဲလ်ဆီးကစားသမားအဖြစ်နဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကတည်းက ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

မာ့စ် ကူကူရယ်လာဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ဟော့စပါးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ခရစ်ရှန် ရိုမဲရိုးက ၎င်းရဲ့ ရှည်လျားတဲ့ ဆံပင်ကို အားနည်းချက်အဖြစ် အခွင့်ကောင်းယူခဲ့ပေမယ့်လည်း ဆံပင်ရှည်ထားတာဟာ ၎င်းရဲ့အထိမ်းအမှတ်ပုံစံဖြစ်တာကြောင့် ညှပ်ပစ်ဖို့ ငြင်းပယ်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ၂-၁ နဲ့ ဦးဆောင်နေချိန်မှာ ဟာရီ ကိန်းက အိုင်ဗန် ပါရီဆစ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖိုးတန် အဝေးကွင်း သရေ ၁ မှတ်ကို ရယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာရီ ကိန်း ဂိုးမသွင်းယူခင်မှာ ကူကူရယ်ဟာ ပင်နယ်တီဧရိယာအတွင်းမှာ တော့တင်ဟမ်ဟော့စပါး နောက်ခံလူရဲ့ ဆံပင်ဆွဲခြင်းကို ခံခဲ့ရပေမယ့်လည်း ဒိုင်လူကြီး အန်သိုနီ တေလာက ပြစ်ဒဏ်ဘောပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့အခိုက်အတန့်တစ်ခုသာ ဖြစ်ခဲ့ပြီး ၂ ဖက်အသင်းနည်းပြတွေဖြစ်တဲ့ ကွန်တီနဲ့ တူဟယ်တို့ဟာ ကွင်းဘေးစည်းက တိုက်ပွဲကြောင့် အဝါကတ် ကိုယ်စီ ပြသခံခဲ့ရပြီး ပွဲအပြီး လက်ဆွဲနှုတ်ဆက်ချိန်မှာလည်း ထပ်မံ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် အနီကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်တွေက ကူကူရယ်လာကို ၎င်းရဲ့ ဆံပင်က ပြိုင်ဘက်အသင်းကစားသမားတွေအတွက် ပြစ်ဒဏ်ကျူးလွန်ချင်စရာ ပျော့ကွက်အဖြစ် ရှိနေတယ်လို့ ယူဆလားလို့ မေးမြန်းခဲ့ရာမှာ “ဟုတ်ပါတယ်။ ကျွန်တော့်အတွက်တော့ ပွဲစဉ်အတွင်းမှာ အဲဒါက အရမ်းကို ရှင်းလင်းပါတယ်။ ကျွန်တော် အဲဒီဖြစ်စဉ်ကို တီဗွီမှာ မကြည့်ခဲ့မိပါဘူး။ အဲဒါက ပြစ်ဒဏ်ကျူးလွန်မှုဆိုတာ အရမ်းကို ရှင်းလင်းပေမယ့် ဒီကိစ္စမှာတော့ ကွင်းလယ်ဒိုင် သို့မဟုတ် VAR ရဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ ဒိုင်လူကြီးတွေက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ကြပေမယ့် တစ်ခါတရံမှာတော့ မချမှတ်နိုင်ပါဘူး”

ပြီးတဲ့နောက်မှာ ကူကူရယ်လာဟာ အနာဂတ်မှာ အလားတူဖြစ်စဉ်မျိုး ရှောင်လွှဲနိုင်အောင် ၎င်းရဲ့ ဆံပင်ကို ညှပ်ပစ်ဖို့ စဉ်းစားထားလားလို့ မေးမြန်းခြင်းခံခဲ့ရပေမယ့် စပိန်နောက်ခံလူက ပြတ်ပြတ်သားသားပဲ အဖြေပေးခဲ့တာဖြစ်ပါတယ်။ “ဘယ်တော့မှ ညှပ်မှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်လို့ တန်းသိစေနိုင်တဲ့ စတိုင်လ်ဖြစ်နေလို့ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: စပိန္ဘယ္ေနာက္ခံကစားသမားရဲ႕ ဆံပင္ပုံစံဟာ ခ်ဲလ္ဆီးကစားသမားအျဖစ္နဲ႔ ပထမဆုံး သတင္းစာရွင္းလင္းပြဲကတည္းက ေျပာစရာ အေၾကာင္းအရာတစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။

မာ့စ္ ကူကူရယ္လာဟာ ၿပီးခဲ့တဲ့အပတ္က ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ခရစ္ရွန္ ႐ိုမဲ႐ိုးက ၎ရဲ႕ ရွည္လ်ားတဲ့ ဆံပင္ကို အားနည္းခ်က္အျဖစ္ အခြင့္ေကာင္းယူခဲ့ေပမယ့္လည္း ဆံပင္ရွည္ထားတာဟာ ၎ရဲ႕အထိမ္းအမွတ္ပုံစံျဖစ္တာေၾကာင့္ ညႇပ္ပစ္ဖို႔ ျငင္းပယ္သြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒုတိယပိုင္း နာက်င္အခ်ိန္ပိုမွာ ၂-၁ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဟာရီ ကိန္းက အိုင္ဗန္ ပါရီဆစ္ရဲ႕ ေထာင့္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္သြင္းယူၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ အဖိုးတန္ အေဝးကြင္း သေရ ၁ မွတ္ကို ရယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာရီ ကိန္း ဂိုးမသြင္းယူခင္မွာ ကူကူရယ္ဟာ ပင္နယ္တီဧရိယာအတြင္းမွာ ေတာ့တင္ဟမ္ေဟာ့စပါး ေနာက္ခံလူရဲ႕ ဆံပင္ဆြဲျခင္းကို ခံခဲ့ရေပမယ့္လည္း ဒိုင္လူႀကီး အန္သိုနီ ေတလာက ျပစ္ဒဏ္ေဘာေပးဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ လန္ဒန္ဒါဘီပြဲစဥ္အတြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ ထူးျခားတဲ့အခိုက္အတန႔္တစ္ခုသာ ျဖစ္ခဲ့ၿပီး ၂ ဖက္အသင္းနည္းျပေတြျဖစ္တဲ့ ကြန္တီနဲ႔ တူဟယ္တို႔ဟာ ကြင္းေဘးစည္းက တိုက္ပြဲေၾကာင့္ အဝါကတ္ ကိုယ္စီ ျပသခံခဲ့ရၿပီး ပြဲအၿပီး လက္ဆြဲႏႈတ္ဆက္ခ်ိန္မွာလည္း ထပ္မံ ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္ အနီကတ္ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။

သတင္းေထာက္ေတြက ကူကူရယ္လာကို ၎ရဲ႕ ဆံပင္က ၿပိဳင္ဘက္အသင္းကစားသမားေတြအတြက္ ျပစ္ဒဏ္က်ဴးလြန္ခ်င္စရာ ေပ်ာ့ကြက္အျဖစ္ ရွိေနတယ္လို႔ ယူဆလားလို႔ ေမးျမန္းခဲ့ရာမွာ “ဟုတ္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ပြဲစဥ္အတြင္းမွာ အဲဒါက အရမ္းကို ရွင္းလင္းပါတယ္။ ကြၽန္ေတာ္ အဲဒီျဖစ္စဥ္ကို တီဗြီမွာ မၾကည့္ခဲ့မိပါဘူး။ အဲဒါက ျပစ္ဒဏ္က်ဴးလြန္မႈဆိုတာ အရမ္းကို ရွင္းလင္းေပမယ့္ ဒီကိစၥမွာေတာ့ ကြင္းလယ္ဒိုင္ သို႔မဟုတ္ VAR ရဲ႕ ခ်ိဳ႕ယြင္းခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။ တစ္ခါတေလ ဒိုင္လူႀကီးေတြက ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ၾကေပမယ့္ တစ္ခါတရံမွာေတာ့ မခ်မွတ္ႏိုင္ပါဘူး”

ၿပီးတဲ့ေနာက္မွာ ကူကူရယ္လာဟာ အနာဂတ္မွာ အလားတူျဖစ္စဥ္မ်ိဳး ေရွာင္လႊဲႏိုင္ေအာင္ ၎ရဲ႕ ဆံပင္ကို ညႇပ္ပစ္ဖို႔ စဥ္းစားထားလားလို႔ ေမးျမန္းျခင္းခံခဲ့ရေပမယ့္ စပိန္ေနာက္ခံလူက ျပတ္ျပတ္သားသားပဲ အေျဖေပးခဲ့တာျဖစ္ပါတယ္။ “ဘယ္ေတာ့မွ ညႇပ္မွာမဟုတ္ပါဘူး။ ဒါက ကြၽန္ေတာ္လို႔ တန္းသိေစႏိုင္တဲ့ စတိုင္လ္ျဖစ္ေနလို႔ပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.