Premier League

ကတုံးဒိုင်ချုပ်နဲ့ ကတုံးဒိုင်တွေလက်ထဲက မလုံခြုံတော့တဲ့ စုတ်ဖွားများရဲ့ဘဝနဲ့ ဆံပင်ဆွဲခြင်း ရာဇဝင်

ခရစ်ရှန် ရိုမဲရိုးဟာ တနင်္ဂနွေနေ့က စတမ်းဖို့ဒ် ဘရစ်ချ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာကို ဆံပင်ဆောင့်ဆွဲခဲ့ပေမယ့်လည်း စည်းကမ်းပိုင်းဆိုင်ရာ ဘယ်လိုအရေးယူမှုမျိုးမှ ရင်ဆိုင်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

အကြိတ်အနယ်ဖြစ်ခဲ့ကြတဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ချဲလ်ဆီးအသင်း ပင်နယ်တီဧရိယာထဲမှာ ရိုမဲရိုးနဲ့ ကူကူရယ်လာတို့ရဲ့ ဖြစ်စဉ်ကို တီဗွီ ကင်မရာက ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုမဲရိုးဟာ ချဲလ်ဆီးနောက်ခံလူရဲ့ ဆံပင်ကနေ နောက်ကနေ ဆွဲထားခဲ့တာကို မြင်တွေ့ခဲ့ရပြီး VAR ဒိုင် မိုက် ဒင်းက ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း စပါးစ်နောက်ခံလူဟာ အပြစ်ပေးခြင်းမခံခဲ့ရသလို ချဲလ်ဆီးအသင်းကလည်း အလွတ်တည်ကန်ဘော ပေးအပ်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် အန်သိုနီ တေလာကလည်း ပြစ်ဒဏ်ဘော သတ်မှတ်ပေးရမယ့်အစား ပွဲကို ဆက်လက် ကစားခွင့်ပြုခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးက နောက်ထပ် ထောင့်ကန်ဘော ကန်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟာရီ ကိန်းဟာ အသင်းအတွက် အရေးကြီးတဲ့အခိုက်အတန့်မှာ ပေါ်ထွက်လာခဲ့ပြီး ပွဲပြီးဆုံးခါနီး အခိုက်အတန့်မှာ စပါးစ်အတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ ပွဲအပြီးမှာ ဒေါသပေါက်ကွဲခဲ့ပြီး ကိန်းရဲ့ ချေပဂိုးဟာ ရိုမဲရိုးရဲ့ အစောပိုင်း ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ခွင့်မပြုသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်တုန်းကတည်းက ဘောလုံးပွဲမှာ ဆံပင်ဆွဲလို့ ရသွားတာလဲ။ သူတို့တွေ ပြန်စစ်ဆေးပြီး ဘာမှ ဖြစ်မလာခဲ့ဘူး။ လုံးဝကို ရယ်စရာပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ကွင်းလယ်ဒိုင်ရော VAR ပါ ဖြစ်စဉ်ကို မမြင်တွေ့ခဲ့ဘူးဆိုရင်တောင်မှာ စပါးစ်နောက်ခံလူအနေနဲ့ ကူကူရယ်လာရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့အတွက် နောက်ကြောင်းပြန် ဒဏ်ခတ်အရေးယူခံရနိုင်ပါတယ်။

ဒါပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ရာမှာ ဖြစ်စဉ်အတွင်း အမှားအယွင်း တစ်စုံတရာ မတွေ့ခဲ့တာကြောင့် ရိုမဲရိုးကို လက်ရှိမှာတော့ မလျော်ကန်သော အပြုအမူအတွက် အပြစ်ပေးလို့ မရနိုင်တော့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ ကစားခဲ့တဲ့ပွဲစဉ်တုန်းကလည်း ရောဘတ် ဟုသ်နဲ့ ဖယ်လိုင်နီတို့ ၂ ဦးစလုံးဟာ အက်ဖ်အေရဲ့ ပြင်းထန်တဲ့ အပြုအမူနဲ့ အပြစ်ပေး အရေးယူခြင်းခံခဲ့ရဖူးပြီး လက်စတာစီးတီးနောက်ခံလူက ဖယ်လိုင်နီရဲ့ ဆံပင်ကို ဆွဲခဲ့ပြီးနောက် မန်ယူနိုက်တက်ကွင်းလယ်ကစားသမားက ရောဘတ် ဟုသ်ကို တံတောင်နဲ့ ပြန်တွတ်ခဲ့တာဖြစ်ပါတယ်။

ခရစ်ရှန် ရိုမဲရိုးနည်းတူ ၂၀၁၈ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်းမှာ ဖယ်လိုင်နီက အာဆင်နယ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို နောက်ကနေ ဆံပင်ဆောင့်ဆွဲခဲ့ဖူးပြီး ကွင်းလယ်ဒိုင် အန်ဒရီ မာရီနာက အာဆင်နယ်ကို အလွတ်တည်ကန်ဘော ကန်ခွင့်ပေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကို အဝါကတ်ပြား ပြသပြီး အရေးယူခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယနေ့ခေတ် ဘောလုံးပြိုင်ပွဲတွေမှာ ဆံပင်ရှည်ထားတဲ့ ကစားသမားတွေရဲ့ ဘဝက မလုံခြုံတော့ဘူးလို့ ယူဆရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်ချုပ်ဖြစ်တဲ့ ဟောင်းဝက် ဝက်ဘ်အနေနဲ့ ကိုယ်တိုင် ဆံပင်မရှိတာကြောင့် ကိုယ်ချင်းစာနာနိုင်စွမ်းမရှိတာလားလို့တောင် ပြောရမလို ဖြစ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခရစ္ရွန္ ႐ိုမဲ႐ိုးဟာ တနဂၤေႏြေန႔က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ခ်ဲလ္ဆီး ေနာက္ခံလူ ကူကူရယ္လာကို ဆံပင္ေဆာင့္ဆြဲခဲ့ေပမယ့္လည္း စည္းကမ္းပိုင္းဆိုင္ရာ ဘယ္လိုအေရးယူမႈမ်ိဳးမွ ရင္ဆိုင္ရမွာမဟုတ္ဘူးလို႔ သိရပါတယ္။

အႀကိတ္အနယ္ျဖစ္ခဲ့ၾကတဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္ရဲ႕ ေနာက္ဆုံးအခိုက္အတန႔္မွာ ခ်ဲလ္ဆီးအသင္း ပင္နယ္တီဧရိယာထဲမွာ ႐ိုမဲ႐ိုးနဲ႔ ကူကူရယ္လာတို႔ရဲ႕ ျဖစ္စဥ္ကို တီဗြီ ကင္မရာက ႐ိုက္ကူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

႐ိုမဲ႐ိုးဟာ ခ်ဲလ္ဆီးေနာက္ခံလူရဲ႕ ဆံပင္ကေန ေနာက္ကေန ဆြဲထားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး VAR ဒိုင္ မိုက္ ဒင္းက ျဖစ္စဥ္ကို ျပန္လည္စစ္ေဆးခဲ့ေပမယ့္လည္း စပါးစ္ေနာက္ခံလူဟာ အျပစ္ေပးျခင္းမခံခဲ့ရသလို ခ်ဲလ္ဆီးအသင္းကလည္း အလြတ္တည္ကန္ေဘာ ေပးအပ္ျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ အန္သိုနီ ေတလာကလည္း ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးရမယ့္အစား ပြဲကို ဆက္လက္ ကစားခြင့္ျပဳခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးက ေနာက္ထပ္ ေထာင့္ကန္ေဘာ ကန္ခြင့္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ဟာရီ ကိန္းဟာ အသင္းအတြက္ အေရးႀကီးတဲ့အခိုက္အတန႔္မွာ ေပၚထြက္လာခဲ့ၿပီး ပြဲၿပီးဆုံးခါနီး အခိုက္အတန႔္မွာ စပါးစ္အတြက္ ေခ်ပဂိုးကို ေခါင္းတိုက္သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္ဟာ ပြဲအၿပီးမွာ ေဒါသေပါက္ကြဲခဲ့ၿပီး ကိန္းရဲ႕ ေခ်ပဂိုးဟာ ႐ိုမဲ႐ိုးရဲ႕ အေစာပိုင္း ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ခြင့္မျပဳသင့္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဘယ္တုန္းကတည္းက ေဘာလုံးပြဲမွာ ဆံပင္ဆြဲလို႔ ရသြားတာလဲ။ သူတို႔ေတြ ျပန္စစ္ေဆးၿပီး ဘာမွ ျဖစ္မလာခဲ့ဘူး။ လုံးဝကို ရယ္စရာပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ ကြင္းလယ္ဒိုင္ေရာ VAR ပါ ျဖစ္စဥ္ကို မျမင္ေတြ႕ခဲ့ဘူးဆိုရင္ေတာင္မွာ စပါးစ္ေနာက္ခံလူအေနနဲ႔ ကူကူရယ္လာရဲ႕ ဆံပင္ကို ဆြဲခဲ့တဲ့အတြက္ ေနာက္ေၾကာင္းျပန္ ဒဏ္ခတ္အေရးယူခံရႏိုင္ပါတယ္။

ဒါေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ရာမွာ ျဖစ္စဥ္အတြင္း အမွားအယြင္း တစ္စုံတရာ မေတြ႕ခဲ့တာေၾကာင့္ ႐ိုမဲ႐ိုးကို လက္ရွိမွာေတာ့ မေလ်ာ္ကန္ေသာ အျပဳအမူအတြက္ အျပစ္ေပးလို႔ မရႏိုင္ေတာ့တာ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ လက္စတာစီးတီးတို႔ ကစားခဲ့တဲ့ပြဲစဥ္တုန္းကလည္း ေရာဘတ္ ဟုသ္နဲ႔ ဖယ္လိုင္နီတို႔ ၂ ဦးစလုံးဟာ အက္ဖ္ေအရဲ႕ ျပင္းထန္တဲ့ အျပဳအမူနဲ႔ အျပစ္ေပး အေရးယူျခင္းခံခဲ့ရဖူးၿပီး လက္စတာစီးတီးေနာက္ခံလူက ဖယ္လိုင္နီရဲ႕ ဆံပင္ကို ဆြဲခဲ့ၿပီးေနာက္ မန္ယူႏိုက္တက္ကြင္းလယ္ကစားသမားက ေရာဘတ္ ဟုသ္ကို တံေတာင္နဲ႔ ျပန္တြတ္ခဲ့တာျဖစ္ပါတယ္။

ခရစ္ရွန္ ႐ိုမဲ႐ိုးနည္းတူ ၂၀၁၈ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔အာဆင္နယ္တို႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္းမွာ ဖယ္လိုင္နီက အာဆင္နယ္ကြင္းလယ္ကစားသမား ဂြမ္ဒူဇီကို ေနာက္ကေန ဆံပင္ေဆာင့္ဆြဲခဲ့ဖူးၿပီး ကြင္းလယ္ဒိုင္ အန္ဒရီ မာရီနာက အာဆင္နယ္ကို အလြတ္တည္ကန္ေဘာ ကန္ခြင့္ေပးခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူကို အဝါကတ္ျပား ျပသၿပီး အေရးယူခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယေန႔ေခတ္ ေဘာလုံးၿပိဳင္ပြဲေတြမွာ ဆံပင္ရွည္ထားတဲ့ ကစားသမားေတြရဲ႕ ဘဝက မလုံၿခဳံေတာ့ဘူးလို႔ ယူဆရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဒိုင္ခ်ဳပ္ျဖစ္တဲ့ ေဟာင္းဝက္ ဝက္ဘ္အေနနဲ႔ ကိုယ္တိုင္ ဆံပင္မရွိတာေၾကာင့္ ကိုယ္ခ်င္းစာနာႏိုင္စြမ္းမရွိတာလားလို႔ေတာင္ ေျပာရမလို ျဖစ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.