Premier League

ချဲလ်ဆီးပစ်မှတ်ကို ဆာလီဘာနဲ့တွဲကစားဖို့ တောင်းဆိုခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်ပရိသတ်အုပ်စုတစ်ခုဟာ ချဲလ်ဆီးအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေတဲ့ လက်စတာစီးတီးနောက်ခံလူကို အနောက်လန်ဒန်ကလပ်အသင်းအစား အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့ တောင်းပန်ခဲ့ကြပါတယ်။

အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ ဖိုဖာနာကို ချဲလ်ဆီးအသင်းက ဆီဗီလာနောက်ခံလူ ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းက အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားအတွက် မန်ချက်စတာယူနိုက်တက်အသင်းက ဟာရီ မက်ဂွိုင်းယားကို ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေးထက် ပိုမို ပေးချေသွားဖို့အတွက် တောင်းဆိုနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းသာ မြေခွေးတွေရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့မယ်ဆိုရင် ဖိုဖာနာဟာ ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံးနောက်ခံကစားသမား ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တစ်အုပ်ဟာ ပြင်သစ်နောက်ခံကစားသမားကို အနောက်လန်ဒန်ကလပ်အသင်းဆီ ပြောင်းရွှေ့သွားမှာ မမြင်ချင်ကြတာ ရှင်းလင်းခဲ့ပြီး အဲဒီအစား သိပ်မကြာမီ ကာလအတွင်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“မင်းရဲ့ ကစားသမားဘဝမှာ ဘာတွေပဲ လုပ်နေနေ ချဲလ်ဆီးကို မသွားပါနဲ့။ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ မင်း စောင့်ဆိုင်းရမယ်”လို့ ပြောကြားခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေဟာ ဖိုဖာနာကို ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် အထင်ကြီးဖွယ်စွမ်းဆောင်ရည် ပြသနေတဲ့ ဝီလီယံ ဆာလီဘာနဲ့ တွဲဖက်ကစားစေချင်နေကြတာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ စနေနေ့က လက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အရင်တုန်းကလိုဆိုရင် အာဆင်နယ်ကစားသမားတွေရဲ့ ခံယူချက်ကို ပရိသတ်တွေက မေးခွန်းထုတ်ကောင်း ထုတ်ကြမှာဖြစ်ပေမယ့် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ပြင်သစ်နောက်ခံလူရဲ့ တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး သဘောကျခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ယခုနွေရာသီမှာ မန်စီးတီးကနေ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ဆီကနေ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္အုပ္စုတစ္ခုဟာ ခ်ဲလ္ဆီးအသင္းကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိေနတဲ့ လက္စတာစီးတီးေနာက္ခံလူကို အေနာက္လန္ဒန္ကလပ္အသင္းအစား အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာဖို႔ ေတာင္းပန္ခဲ့ၾကပါတယ္။

အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ ဖိုဖာနာကို ခ်ဲလ္ဆီးအသင္းက ဆီဗီလာေနာက္ခံလူ ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းက အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဟာရီ မက္ဂြိဳင္းယားကို ေခၚယူခဲ့စဥ္တုန္းက ေျပာင္းေ႐ႊ႕ေၾကးထက္ ပိုမို ေပးေခ်သြားဖို႔အတြက္ ေတာင္းဆိုေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းသာ ေျမေခြးေတြရဲ႕ေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့မယ္ဆိုရင္ ဖိုဖာနာဟာ ေဘာလုံးသမိုင္းမွာ ေဈးအႀကီးဆုံးေနာက္ခံကစားသမား ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ပရိသတ္တစ္အုပ္ဟာ ျပင္သစ္ေနာက္ခံကစားသမားကို အေနာက္လန္ဒန္ကလပ္အသင္းဆီ ေျပာင္းေ႐ႊ႕သြားမွာ မျမင္ခ်င္ၾကတာ ရွင္းလင္းခဲ့ၿပီး အဲဒီအစား သိပ္မၾကာမီ ကာလအတြင္း အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

“မင္းရဲ႕ ကစားသမားဘဝမွာ ဘာေတြပဲ လုပ္ေနေန ခ်ဲလ္ဆီးကို မသြားပါနဲ႔။ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ မင္း ေစာင့္ဆိုင္းရမယ္”လို႔ ေျပာၾကားခဲ့ၾကတာ ျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြဟာ ဖိုဖာနာကို ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ ျပသေနတဲ့ ဝီလီယံ ဆာလီဘာနဲ႔ တြဲဖက္ကစားေစခ်င္ေနၾကတာျဖစ္ပါတယ္။

အဲဒီဗီဒီယိုဖိုင္ဟာ စေနေန႔က လက္စတာစီးတီးကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အရင္တုန္းကလိုဆိုရင္ အာဆင္နယ္ကစားသမားေတြရဲ႕ ခံယူခ်က္ကို ပရိသတ္ေတြက ေမးခြန္းထုတ္ေကာင္း ထုတ္ၾကမွာျဖစ္ေပမယ့္ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ျပင္သစ္ေနာက္ခံလူရဲ႕ တုံ႔ျပန္ပုံနဲ႔ပတ္သက္ၿပီး သေဘာက်ခဲ့ၾကတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ယခုေႏြရာသီမွာ မန္စီးတီးကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္သြင္းဂိုး ၂ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဆီကေန အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကိုလည္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.