Analysis Article Premier League

ဂျေဆူးစ် ဦးဆောင်ခဲ့တဲ့ ပွဲစဉ်(၂)ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်း

ဒီတစ်ပတ်ရဲ့ ပွဲစဉ် ၂ မှာတော့ အကောင်းဆုံးကစားသမားတွေကို ရွေးချယ်မှု ထွက်ပေါ်လာခဲ့ပြီး ဆိုးရွားစုတ်ပြတ်နေတဲ့ ပုံစံနဲ့ အသင်းကြီးတွေက နာမည်ကြီးတချို့တော့ ကျန်ရစ်ခဲ့ချိန်မှာ အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ် ဦးဆောင်နေတဲ့ ကစားသမား ၁၁ ယောက်ကို ဖော်ပြလိုက်ပါတယ်။

ဂိုးသမားနေရာမှာတော့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ်ထုံးကို နှလုံးမူခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ရွေးချယ်ထားပြီး သူကတော့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ လက်စွမ်းပြခဲ့သလို တစ်ဖက်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ ပင်နယ်တီကိုလည်း ကာကွယ်ခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားခဲ့တာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာတော့ နော့တင်ဟမ် ဖောရက်စ်ရဲ့ နီကို ဝီလီယမ်စ်၊ ဘရန့်ဖို့ဒ်ရဲ့ ရီကို ဟင်နရီ၊ ချဲလ်ဆီးရဲ့ ကာလီဒူး ကူလီဘေလီနဲ့ အက်စ်တန်ဗီလာရဲ့ တိုင်ရုန်းမင်းစ်တို့ ပါဝင်ခဲ့တာပါ။ ဖောရက်စ်ရဲ့ ညာတောင်ပံက ဝီလီယမ်စ်နဲ့ ဘရန့်ဖို့ဒ် ဘယ်တောင်ပံက ဟင်နရီတို့ဟာ အသင်းရဲ့ တိုက်စစ်တွေကို ထိထိရောက်ရောက် ကူညီနိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲတွေလည်း ရယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ နောက်ခံလူသစ် ကူလီဘေလီကတော့ စပါးစ်နဲ့ပွဲမှာ နောက်ဆုံးထောင့်ကန်ဘောကလွဲလို့ တစ်ပွဲလုံးမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို လှပတဲ့ Volley ကန်ချက်နဲ့ သွင်းယူခဲ့တဲ့အပြင် သီယာဂို ဆေးလ်ဗားနဲ့အတူ မာကျောခဲ့တာပါ။

တိုင်ရုန်းမင်းစ်ကတော့ နည်းပြ စတီဗင် ဂျရတ်ရဲ့ လက်ပတ်အဖြုတ်ခံရတာတောင် ဗီလာခံစစ်ကို ဦးဆောင်ခြေစွမ်းပြခဲ့ပြီး သူမရှိလို့ ဘုန်းမောက်နဲ့ ပထမပွဲက ရှုံးတာလို့ ပြောရလောက်အောင် အဲဗာတန်ရဲ့ တိုက်စစ်တွေကို ထိန်းချုပ်ပြသွားနိုင်ခဲ့ပါတယ်။

အလယ်တန်းမှာတော့ အာဆင်နယ်ရဲ့ ဂရာနစ် ချာကာ၊ ဘရန့်ဖို့ဒ်ရဲ့ မက်သီးယပ်စ် ယန်ဆင်၊ မန်ချက်စတာစီးတီးရဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ လိဒ်စ် ယူနိုက်တက်ရဲ့ ရိုဒရီဂိုတို့ ပါဝင်ခဲ့ပါတယ်။

ဂန်းနားတွေအတွက် ခြေစွမ်းပြနေတဲ့ ချာကာဟာ လက်စတာဘက်ကို တစ်လုံးသွင်း တစ်လုံးဖန်တီးပေးခဲ့သလို ယန်ဆင်ကလည်း မန်ချက်စတာယူနိုက်တက်ကို သွင်းယူတဲ့ ပထမဂိုးကို ဖန်တီးခဲ့သလို ဒုတိယဂိုးကို ကိုယ်တိုင်ရယူခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ ဒီဘရိုင်းနားကတော့ အာလင်း ဟားလန်း ဂိုးမသွင်းနိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး တစ်ဂိုး ရရှိခဲ့သလို တစ်ဂိုးဖန်တီးပြီး သူတို့အသင်းရဲ့ ဇယားထိပ်ခရီးကို ပို့ဆောင်ပေးခဲ့သူပါ။

ရိုဒရီဂိုကတော့ လိဒ်စ်တို့ရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုအတွက် ဆောက်သမ်တန်ကို ဒီတစ်ပတ်မှာ နှစ်ဂိုးသွင်းပြီး စုစုပေါင်းသွင်းဂိုး သုံးဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

တိုက်စစ်မှာတော့ အာဆင်နယ်အသင်းအတွက် နှစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးခဲ့သလို လက်စတာအသင်းနဲ့ပွဲမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်က ဆယ်မှတ်ပေးရင် ဆယ်မှတ်ရမယ့် ပုံစံနဲ့ ပါဝင်ခဲ့သလို နောက်တစ်ဦးကိုတော့ မန်ချက်စတာယူနိုက်တက်ကို သွင်းခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ တတိယဂိုးနဲ့ စတုတ္ထဂိုးကို ဖန်တီးပေးခဲ့တဲ့ အိုင်ဗန် တိုနီက ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ရဲ႕ ပြဲစဥ္ ၂ မွာေတာ့ အေကာင္းဆုံးကစားသမားေတြကို ေ႐ြးခ်ယ္မႈ ထြက္ေပၚလာခဲ့ၿပီး ဆိုး႐ြားစုတ္ျပတ္ေနတဲ့ ပုံစံနဲ႔ အသင္းႀကီးေတြက နာမည္ႀကီးတခ်ိဳ႕ေတာ့ က်န္ရစ္ခဲ့ခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ဦးေဆာင္ေနတဲ့ ကစားသမား ၁၁ ေယာက္ကို ေဖာ္ျပလိုက္ပါတယ္။

ဂိုးသမားေနရာမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာၿပီး တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ထုံးကို ႏွလုံးမူခဲ့တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ေ႐ြးခ်ယ္ထားၿပီး သူကေတာ့ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲမွာ လက္စြမ္းျပခဲ့သလို တစ္ဖက္ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ပင္နယ္တီကိုလည္း ကာကြယ္ခဲ့ၿပီး စြမ္းေဆာင္ရည္ျမင့္မားခဲ့တာျဖစ္ပါတယ္။

ခံစစ္ပိုင္းမွာေတာ့ ေနာ့တင္ဟမ္ ေဖာရက္စ္ရဲ႕ နီကို ဝီလီယမ္စ္၊ ဘရန႔္ဖို႔ဒ္ရဲ႕ ရီကို ဟင္နရီ၊ ခ်ဲလ္ဆီးရဲ႕ ကာလီဒူး ကူလီေဘလီနဲ႔ အက္စ္တန္ဗီလာရဲ႕ တိုင္႐ုန္းမင္းစ္တို႔ ပါဝင္ခဲ့တာပါ။ ေဖာရက္စ္ရဲ႕ ညာေတာင္ပံက ဝီလီယမ္စ္နဲ႔ ဘရန႔္ဖို႔ဒ္ ဘယ္ေတာင္ပံက ဟင္နရီတို႔ဟာ အသင္းရဲ႕ တိုက္စစ္ေတြကို ထိထိေရာက္ေရာက္ ကူညီႏိုင္ခဲ့တာျဖစ္ၿပီး ႏိုင္ပြဲေတြလည္း ရယူႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ေနာက္ခံလူသစ္ ကူလီေဘလီကေတာ့ စပါးစ္နဲ႔ပြဲမွာ ေနာက္ဆုံးေထာင့္ကန္ေဘာကလြဲလို႔ တစ္ပြဲလုံးမွာ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး အသင္းအတြက္ အဖြင့္ဂိုးကို လွပတဲ့ Volley ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့အျပင္ သီယာဂို ေဆးလ္ဗားနဲ႔အတူ မာေက်ာခဲ့တာပါ။

တိုင္႐ုန္းမင္းစ္ကေတာ့ နည္းျပ စတီဗင္ ဂ်ရတ္ရဲ႕ လက္ပတ္အျဖဳတ္ခံရတာေတာင္ ဗီလာခံစစ္ကို ဦးေဆာင္ေျခစြမ္းျပခဲ့ၿပီး သူမရွိလို႔ ဘုန္းေမာက္နဲ႔ ပထမပြဲက ရႈံးတာလို႔ ေျပာရေလာက္ေအာင္ အဲဗာတန္ရဲ႕ တိုက္စစ္ေတြကို ထိန္းခ်ဳပ္ျပသြားႏိုင္ခဲ့ပါတယ္။

အလယ္တန္းမွာေတာ့ အာဆင္နယ္ရဲ႕ ဂရာနစ္ ခ်ာကာ၊ ဘရန႔္ဖို႔ဒ္ရဲ႕ မက္သီးယပ္စ္ ယန္ဆင္၊ မန္ခ်က္စတာစီးတီးရဲ႕ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ လိဒ္စ္ ယူႏိုက္တက္ရဲ႕ ႐ိုဒရီဂိုတို႔ ပါဝင္ခဲ့ပါတယ္။

ဂန္းနားေတြအတြက္ ေျခစြမ္းျပေနတဲ့ ခ်ာကာဟာ လက္စတာဘက္ကို တစ္လုံးသြင္း တစ္လုံးဖန္တီးေပးခဲ့သလို ယန္ဆင္ကလည္း မန္ခ်က္စတာယူႏိုက္တက္ကို သြင္းယူတဲ့ ပထမဂိုးကို ဖန္တီးခဲ့သလို ဒုတိယဂိုးကို ကိုယ္တိုင္ရယူခဲ့တာပါ။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒီဘ႐ိုင္းနားကေတာ့ အာလင္း ဟားလန္း ဂိုးမသြင္းႏိုင္ခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး တစ္ဂိုး ရရွိခဲ့သလို တစ္ဂိုးဖန္တီးၿပီး သူတို႔အသင္းရဲ႕ ဇယားထိပ္ခရီးကို ပို႔ေဆာင္ေပးခဲ့သူပါ။

႐ိုဒရီဂိုကေတာ့ လိဒ္စ္တို႔ရဲ႕ တိုက္စစ္မွာ ေျခစြမ္းျပေနခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ ေဆာက္သမ္တန္ကို ဒီတစ္ပတ္မွာ ႏွစ္ဂိုးသြင္းၿပီး စုစုေပါင္းသြင္းဂိုး သုံးဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

တိုက္စစ္မွာေတာ့ အာဆင္နယ္အသင္းအတြက္ ႏွစ္ဂိုးသြင္းၿပီး ႏွစ္ဂိုးဖန္တီးခဲ့သလို လက္စတာအသင္းနဲ႔ပြဲမွာ အျမင့္ဆုံးစြမ္းေဆာင္ရည္ကို ျပသခဲ့တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္က ဆယ္မွတ္ေပးရင္ ဆယ္မွတ္ရမယ့္ ပုံစံနဲ႔ ပါဝင္ခဲ့သလို ေနာက္တစ္ဦးကိုေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို သြင္းခဲ့တဲ့ ဘရန႔္ဖို႔ဒ္ရဲ႕ တတိယဂိုးနဲ႔ စတုတၳဂိုးကို ဖန္တီးေပးခဲ့တဲ့ အိုင္ဗန္ တိုနီက ပါဝင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.