Premier League Transfer News

အင်္ဂလန်ကို ဦးနှောက်မပါဘဲ လာကစားခဲ့တဲ့ ပေါင် ၈၅ သန်းတန် လီဗာပူးလ်တိုက်စစ်မှူး

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ သူဟာ သူ့ရဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ လိုက်လျောညီထွေရှိတဲ့ ဦးနှောက်နဲ့ စဉ်းစားတွေးခေါ်နိုင်မှုမျိုး မရှိသေးဘူးဆိုတာကိုပဲ ပြသသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ လီဗာပူးလ်တို့ မရှုံးဖို့ အသင်းဖော် စီနီယာ မိုဟာမက် ဆာလားနဲ့အတူ ကယ်တင်ပြီး ဟီးရိုးဖြစ်ခဲ့တဲ့ နူးညက်ဇ်ဟာ ဒီနေ့မှာတော့ အန်းဖီးလ်မှာ ပွဲအစကနေ စတင်ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး သူ့ကို ပရိသတ်တွေ ကြိုဆိုမှုကတော့ အလဟဿဖြစ်ခဲ့သလို ခြေစွမ်းမပြနိုင်ဘဲ ရူးမိုက်တဲ့ အမှားမျိုးကိုလည်း ကျူးလွန်မိခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာ တစ်ဖက်နောက်ခံလူ ယိုအာခင်မ် အန်ဒါဆန်ရဲ့ မျက်နှာကို ခေါင်းနဲ့ တိုက်ခဲ့မှုကြောင့် ကစားသမား မပီသတဲ့ လုပ်ရပ်အဖြစ် ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ အန်းဖီးလ်ပွဲထွက်မှာ စံချိန်ဆိုး ဖြစ်ခဲ့တဲ့ ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်ရဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ နူးညက်ဇ်ဟာ သူနဲ့ ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်တွန်းခဲ့ကြတဲ့ ဒိန်းမတ်လက်ရွေးစင် အန်ဒါဆန်ကို ကစားနေရင်းနဲ့ တစ်ကြိမ် ခေါင်းနဲ့တိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မထိလိုက်ချိန်မှာ ပဲလေ့စ်နောက်ခံလူရဲ့ ထပ်မံရင်ဆိုင်ခဲ့မှုကိုတော့ ခေါင်းနဲ့ ဝင်ဆောင်ခဲ့ပြီး ရူးသွပ်မိုက်မဲတဲ့ အမှုကို ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့ချိန်မှာ လီဗာပူးလ်တို့အနေနဲ့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်ဖြစ်လို့လည်း အသင်းအတွက် ထိခိုက်နစ်နာစေမှုက ပိုမိုကြီးမားခဲ့သလို အသင်းအနေနဲ့ အရှုံးကနေ ပြန်လာနိုင်ဖို့ မတတ်နိုင်ဘဲဖြစ်ခဲ့ရပြီး ပွဲချိန် ၆၁ မိနစ်မှာ လူးဝစ် ဒီယက်ဇ်ရဲ့ တစ်ကိုယ်တော် ခြေစွမ်းနဲ့ သွင်းယူခဲ့တဲ့ တစ်ဂိုးသာရခဲ့ပြီး အိမ်ကွင်းမှာ သရေကျခဲ့သလို နှစ်ပွဲမှာ နှစ်မှတ်သာ ရရှိခဲ့တာပါ။

ပရိသတ်တွေကတော့ နူးညက်ဇ်ကို ဒီလိုမျိုး မလုပ်ခင် နည်းနည်းလေးမှ မစဉ်းစားခဲ့ဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြပြီး ငတုံးတစ်ယောက် အန်ဒါဆန် ပလေးသွားတာ ခံလိုက်ရပြီလို့ လှောင်ပြောင်ခဲ့ကြသလို အနီကတ် အပြခံရချိန်မှာ ကွင်းထဲက မထွက်ဘဲ ဒိုင်လူကြီးကို စောဒကတက်ဖို့ ကြိုးစားနေတာအတွက်လည်း ဝေဖန်ခံခဲ့ရသေးတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘင်ဖီကာတိုက်စစ်မှူးဟောင်းအနေနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးထားနိုင်ခဲ့ပေမယ့် ပေါ်တူဂီမှာတုန်းက တစ်ခါမှ အနီကတ် မထိခဲ့ဖူးတဲ့ သူ့အနေနဲ့ အင်္ဂလန်မှာ အများကြီး သင်ယူရဦးမယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ကြပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ ဟားစရာတစ်ခုတော့ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္အေနနဲ႔ ၿပီးခဲ့တဲ့ တနလၤာေန႔ညက ကစားခဲ့တဲ့ ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ ပြဲစဥ္မွာ သူဟာ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၅ သန္းနဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ ဦးေႏွာက္နဲ႔ စဥ္းစားေတြးေခၚႏိုင္မႈမ်ိဳး မရွိေသးဘူးဆိုတာကိုပဲ ျပသသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ ပြဲစဥ္မွာ လီဗာပူးလ္တို႔ မရႈံးဖို႔ အသင္းေဖာ္ စီနီယာ မိုဟာမက္ ဆာလားနဲ႔အတူ ကယ္တင္ၿပီး ဟီး႐ိုးျဖစ္ခဲ့တဲ့ ႏူးညက္ဇ္ဟာ ဒီေန႔မွာေတာ့ အန္းဖီးလ္မွာ ပြဲအစကေန စတင္ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး သူ႔ကို ပရိသတ္ေတြ ႀကိဳဆိုမႈကေတာ့ အလဟႆျဖစ္ခဲ့သလို ေျခစြမ္းမျပႏိုင္ဘဲ ႐ူးမိုက္တဲ့ အမွားမ်ိဳးကိုလည္း က်ဴးလြန္မိခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၇ မိနစ္မွာ တစ္ဖက္ေနာက္ခံလူ ယိုအာခင္မ္ အန္ဒါဆန္ရဲ႕ မ်က္ႏွာကို ေခါင္းနဲ႔ တိုက္ခဲ့မႈေၾကာင့္ ကစားသမား မပီသတဲ့ လုပ္ရပ္အျဖစ္ ဒိုင္လူႀကီး ေပါလ္ တီယာနီရဲ႕ တိုက္႐ိုက္အနီကတ္ျပၿပီး ထုတ္ပယ္ခံခဲ့ရတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ အန္းဖီးလ္ပြဲထြက္မွာ စံခ်ိန္ဆိုး ျဖစ္ခဲ့တဲ့ ကြင္းလယ္လူေဟာင္း ဂ်ိဳးကိုးလ္ရဲ႕ စံခ်ိန္ကိုလည္း လိုက္မီသြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ႏူးညက္ဇ္ဟာ သူနဲ႔ ခႏၶာကိုယ္ခ်င္း ယွဥ္ၿပိဳင္တြန္းခဲ့ၾကတဲ့ ဒိန္းမတ္လက္ေ႐ြးစင္ အန္ဒါဆန္ကို ကစားေနရင္းနဲ႔ တစ္ႀကိမ္ ေခါင္းနဲ႔တိုက္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး မထိလိုက္ခ်ိန္မွာ ပဲေလ့စ္ေနာက္ခံလူရဲ႕ ထပ္မံရင္ဆိုင္ခဲ့မႈကိုေတာ့ ေခါင္းနဲ႔ ဝင္ေဆာင္ခဲ့ၿပီး ႐ူးသြပ္မိုက္မဲတဲ့ အမႈကို က်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ ဒီလုပ္ရပ္ကို က်ဴးလြန္ခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔အေနနဲ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခ်ိန္ျဖစ္လို႔လည္း အသင္းအတြက္ ထိခိုက္နစ္နာေစမႈက ပိုမိုႀကီးမားခဲ့သလို အသင္းအေနနဲ႔ အရႈံးကေန ျပန္လာႏိုင္ဖို႔ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရၿပီး ပြဲခ်ိန္ ၆၁ မိနစ္မွာ လူးဝစ္ ဒီယက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ သြင္းယူခဲ့တဲ့ တစ္ဂိုးသာရခဲ့ၿပီး အိမ္ကြင္းမွာ သေရက်ခဲ့သလို ႏွစ္ပြဲမွာ ႏွစ္မွတ္သာ ရရွိခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ႏူးညက္ဇ္ကို ဒီလိုမ်ိဳး မလုပ္ခင္ နည္းနည္းေလးမွ မစဥ္းစားခဲ့ဘူးလားလို႔ ေမးခြန္းထုတ္ခဲ့ၾကၿပီး ငတုံးတစ္ေယာက္ အန္ဒါဆန္ ပေလးသြားတာ ခံလိုက္ရၿပီလို႔ ေလွာင္ေျပာင္ခဲ့ၾကသလို အနီကတ္ အျပခံရခ်ိန္မွာ ကြင္းထဲက မထြက္ဘဲ ဒိုင္လူႀကီးကို ေစာဒကတက္ဖို႔ ႀကိဳးစားေနတာအတြက္လည္း ေဝဖန္ခံခဲ့ရေသးတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူမႈျဖစ္ခဲ့တဲ့ ဘင္ဖီကာတိုက္စစ္မႉးေဟာင္းအေနနဲ႔ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃ ပြဲမွာ ၂ ဂိုးသြင္းၿပီး ၁ ဂိုး ဖန္တီးထားႏိုင္ခဲ့ေပမယ့္ ေပၚတူဂီမွာတုန္းက တစ္ခါမွ အနီကတ္ မထိခဲ့ဖူးတဲ့ သူ႔အေနနဲ႔ အဂၤလန္မွာ အမ်ားႀကီး သင္ယူရဦးမယ္လို႔ ကြၽမ္းက်င္သူေတြက မွတ္ခ်က္ျပဳခဲ့ၾကၿပီး ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ဟားစရာတစ္ခုေတာ့ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.