Premier League Transfer News

16 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– နည်းစနစ်ဒါရိုက်တာ အီဒူးတစ်ယောက် ဗလင်စီယာသွားတာ ဗီလာရီးရဲလ်အသင်းနဲ့ တွေ့ဖို့ မဟုတ်ဘဲ မိသားစုနဲ့ အားလပ်ရက်ခရီးလို့ပဲ ပေါ်ထွက်လာခဲ့အပြီးမှာ အဝါရောင် ရေငုပ်သင်္ဘောတွေဘက်က သူတို့ရဲ့ တောင်ပံကစားသမား ယယ်ရမီ ပီနိုအတွက် ပြောင်းရွှေ့ကြီး ပေါင် ၄၂ သန်း သတ်မှတ်။

– အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်မှာ အစားထိုးမရဘဲ သူမပါတာနဲ့ ပုံစံပျက်သွားတတ်တဲ့ ဂါနာလက်ရွေးစင် သောမတ်စ် ပါတေးရဲ့ နေရာကို အစားထိုးဖို့ ဘရိုက်တန်အသင်းက အိဗ်စ် ဘီဆူးမားကို ရောင်းထုတ်ရဲအောင် ခြေစွမ်းပြခဲ့တဲ့ အီကွေဒေါသား မွိုက်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– လက်စတာစီးတီးအသင်းဘက်က ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အတွက် ဈေးနှုန်းလျှော့ချပေးလိုက်တယ်ဆိုတာ မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ပေါင် ၃၂ သန်းသာ အလိုရှိနေတဲ့အတွက် အာဆင်နယ်တို့အနေနဲ့ သူ့ကို ခေါ်ယူဖို့ ဇန်နဝါရီကျမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိအောင် ထပ်မံ ကြိုးစားသွားဖွယ်ရှိတယ်လို့ သတင်းထွက်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ သူတို့ရဲ့ ပထမအသင်း လူစာရင်းထဲက ကစားသမား ၅ ဦးမြောက်ကို ထပ်မံအငှားချခဲ့ပြီး ပိုလျှံလို့ သတ်မှတ်ခံထားရတဲ့အထဲက ခေါ်ယူမှု အမှားတစ်ခုဖြစ်တဲ့ ပေါင်ငါးသိန်းတန် ဂိုးသမား အဲလက်စ် ရူနာဆန်ကို တူရကီကလပ် အန်တယ်လ်ယာစပေါ်ဆီကို တစ်နှစ်စာချုပ်နဲ့ ပို့ဆောင်နိုင်ခဲ့။

– အာဆင်နယ်အသင်းက လိုရှိခဲ့ဖူးတဲ့ တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာရဲ့ စာချုပ်သက်တမ်းဟာ ၁၂ လအောက်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ခရစ္စတယ်လ်ပဲလေ့စ်တို့အနေနဲ့ စာချုပ်သစ်ကို ကြိုးစားနေပေမယ့် တစ်ချိန်တည်းမှာပဲ ရောင်းချခဲ့ရရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅ သန်း သတ်မှတ်။

– ဘာစီလိုနာအသင်းအနေနဲ့ အာဆင်နယ်နောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ခေါ်ယူဖို့ အလိုရှိနေပြီး ဂန်းနားတွေဘက်က စပိန်သား ညာနောက်ခံလူကို စာချုပ်ဖျက်သိမ်းပေးရင် လက်တွဲဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပေမယ့် ကာတာလန်အသင်းရဲ့ ကစားသမားတွေကို မှတ်ပုံမတင်နိုင်တဲ့ အခက်အခဲကြောင့် စာချုပ်ဖျက်တာသာ အဖတ်တင်လိမ့်မယ်လို့ လှောင်ပြောင်နေကြ။

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ ကစားသမားသစ် ဖာဘီယို ဗီယာရာရဲ့ ကွင်းလယ်တိုက်စစ်၊ ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ False 9 နေရာတွေမှာ ကစားနိုင်မှုက သူ့ကို စိတ်ကျေနပ်စေတယ်လို့ ချီးကျူးလိုက်ပြီး ပေါ်တူဂီသားအနေနဲ့ ထရိန်နင်မှာ အဆင်ပြေအောင် ကစားပြနိုင်ခဲ့တယ်လို့ဆို။

– ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ အာဆင်နယ်အသင်းက အလိုရှိနေတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်တယ်လို့ ပြိုင်ဘက်ဟောင်းကို ရှုတ်ချနေကျ စပါးစ် ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာက ချီးကျူးလိုက်ပြီး နောက်ခံလူ ဝီလီယမ် ဆာလီဘာကို အငှားချည်းထွက်ကစားနေရတဲ့ ကစားသမားမို့ အထင်သေးခဲ့မိတာကိုလည်း မှားယွင်းတယ်လို့ တရားဝင် တောင်းပန်သွားခဲ့။

– အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲခဲ့တဲ့ ကစားသမားဟောင်း ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီ ရောက်ရှိလာပြီး ပြန်လည်ဒုက္ခပေးမှာကို စိုးရိမ်ဖို့ သိပ်မလိုဘူးလို့ သိရပြီး ဂါဘွန်သားအနေနဲ့ ဘာစီလိုနာမှာ ဆက်ကစားဖို့က သူ့အတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း ရှင်းလင်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– နည္းစနစ္ဒါ႐ိုက္တာ အီဒူးတစ္ေယာက္ ဗလင္စီယာသြားတာ ဗီလာရီးရဲလ္အသင္းနဲ႔ ေတြ႕ဖို႔ မဟုတ္ဘဲ မိသားစုနဲ႔ အားလပ္ရက္ခရီးလို႔ပဲ ေပၚထြက္လာခဲ့အၿပီးမွာ အဝါေရာင္ ေရငုပ္သေဘၤာေတြဘက္က သူတို႔ရဲ႕ ေတာင္ပံကစားသမား ယယ္ရမီ ပီႏိုအတြက္ ေျပာင္းေ႐ႊ႕ႀကီး ေပါင္ ၄၂ သန္း သတ္မွတ္။

– အာဆင္နယ္တို႔အေနနဲ႔ ကြင္းလယ္မွာ အစားထိုးမရဘဲ သူမပါတာနဲ႔ ပုံစံပ်က္သြားတတ္တဲ့ ဂါနာလက္ေ႐ြးစင္ ေသာမတ္စ္ ပါေတးရဲ႕ ေနရာကို အစားထိုးဖို႔ ဘ႐ိုက္တန္အသင္းက အိဗ္စ္ ဘီဆူးမားကို ေရာင္းထုတ္ရဲေအာင္ ေျခစြမ္းျပခဲ့တဲ့ အီေကြေဒါသား မြိဳက္ဆက္စ္ ကိုင္စီဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေန။

– လက္စတာစီးတီးအသင္းဘက္က ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အတြက္ ေဈးႏႈန္းေလွ်ာ့ခ်ေပးလိုက္တယ္ဆိုတာ မဟုတ္ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ေပါင္ ၃၂ သန္းသာ အလိုရွိေနတဲ့အတြက္ အာဆင္နယ္တို႔အေနနဲ႔ သူ႔ကို ေခၚယူဖို႔ ဇန္နဝါရီက်မွ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိေအာင္ ထပ္မံ ႀကိဳးစားသြားဖြယ္ရွိတယ္လို႔ သတင္းထြက္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ သူတို႔ရဲ႕ ပထမအသင္း လူစာရင္းထဲက ကစားသမား ၅ ဦးေျမာက္ကို ထပ္မံအငွားခ်ခဲ့ၿပီး ပိုလွ်ံလို႔ သတ္မွတ္ခံထားရတဲ့အထဲက ေခၚယူမႈ အမွားတစ္ခုျဖစ္တဲ့ ေပါင္ငါးသိန္းတန္ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို တူရကီကလပ္ အန္တယ္လ္ယာစေပၚဆီကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ပို႔ေဆာင္ႏိုင္ခဲ့။

– အာဆင္နယ္အသင္းက လိုရွိခဲ့ဖူးတဲ့ ေတာင္ပံကစားသမား ဝီလ္ဖရီးဒ္ ဇာဟာရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၁၂ လေအာက္ကို ေရာက္ရွိေနၿပီ ျဖစ္တဲ့အတြက္ ခရစၥတယ္လ္ပဲေလ့စ္တို႔အေနနဲ႔ စာခ်ဳပ္သစ္ကို ႀကိဳးစားေနေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ေရာင္းခ်ခဲ့ရရင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၂၅ သန္း သတ္မွတ္။

– ဘာစီလိုနာအသင္းအေနနဲ႔ အာဆင္နယ္ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ေခၚယူဖို႔ အလိုရွိေနၿပီး ဂန္းနားေတြဘက္က စပိန္သား ညာေနာက္ခံလူကို စာခ်ဳပ္ဖ်က္သိမ္းေပးရင္ လက္တြဲဖို႔ အဆင္သင့္ရွိေနတယ္လို႔ ဆိုေပမယ့္ ကာတာလန္အသင္းရဲ႕ ကစားသမားေတြကို မွတ္ပုံမတင္ႏိုင္တဲ့ အခက္အခဲေၾကာင့္ စာခ်ဳပ္ဖ်က္တာသာ အဖတ္တင္လိမ့္မယ္လို႔ ေလွာင္ေျပာင္ေနၾက။

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ ကစားသမားသစ္ ဖာဘီယို ဗီယာရာရဲ႕ ကြင္းလယ္တိုက္စစ္၊ ဘယ္ေတာင္ပံ၊ ညာေတာင္ပံနဲ႔ False 9 ေနရာေတြမွာ ကစားႏိုင္မႈက သူ႔ကို စိတ္ေက်နပ္ေစတယ္လို႔ ခ်ီးက်ဴးလိုက္ၿပီး ေပၚတူဂီသားအေနနဲ႔ ထရိန္နင္မွာ အဆင္ေျပေအာင္ ကစားျပႏိုင္ခဲ့တယ္လို႔ဆို။

– ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ကမာၻ႔အဆင့္တိုက္စစ္မႉးေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ ၿပိဳင္ဘက္ေဟာင္းကို ရႈတ္ခ်ေနက် စပါးစ္ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာက ခ်ီးက်ဴးလိုက္ၿပီး ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို အငွားခ်ည္းထြက္ကစားေနရတဲ့ ကစားသမားမို႔ အထင္ေသးခဲ့မိတာကိုလည္း မွားယြင္းတယ္လို႔ တရားဝင္ ေတာင္းပန္သြားခဲ့။

– အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ဇန္နဝါရီမွာ စာခ်ဳပ္ဖ်က္သိမ္းၿပီး လမ္းခြဲခဲ့တဲ့ ကစားသမားေဟာင္း ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းဆီ ေရာက္ရွိလာၿပီး ျပန္လည္ဒုကၡေပးမွာကို စိုးရိမ္ဖို႔ သိပ္မလိုဘူးလို႔ သိရၿပီး ဂါဘြန္သားအေနနဲ႔ ဘာစီလိုနာမွာ ဆက္ကစားဖို႔က သူ႔အတြက္ ဦးစားေပးကိစၥျဖစ္ေၾကာင္း ရွင္းလင္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.