Match Report Premier League

နူးညက်ဇ် အထုတ်ခံရပြီး ပဲလေ့စ်နဲ့ ဗီယာရာတို့ ညံ့လွန်းလို့သာ သရေရခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲကို အန်းဖီးလ်မှာ ကစားခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ နာသန် ဖိလစ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဖာဘင်ညို၊ မီလ်နာနဲ့ အဲလီးယော့တို့ကို တွဲပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဒါဝင် နူးညက်ဇ်၊ ဆာလားနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်တို့ကတော့ ဒီနေ့ပွဲကို ပိတ်ကစားဖို့ပဲ စီစဉ်လာခဲ့ပြီး ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဝါ့ဒ်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို သုံးခဲ့သလို ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ ရှလု(ပ်)၊ အီဇီနဲ့ အာယူးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇာဟာတစ်ယောက်တည်းကိုပဲ အထောင်ထားခဲ့ပြီး ပွဲထွက်လာခဲ့ကြတာပါ။

လီဗာပူးလ်တို့ ပွဲစတာနဲ့ ဖိကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက ပေါ့ပေါ့လျော့လျော့ ကစားနေခဲ့သလို အချိန်မရွေး နိုင်နိုင်တယ်လို့ ပြိုင်ဘက်ကို အထင်သေးတဲ့ ပုံစံနဲ့ ကစားနေခဲ့ပြီး ကွင်းလယ်က မီလ်နာကလည်း အသက်အရွယ်ကြောင့် ညှစ်အားနည်းလာခဲ့လို့ ဆာလားတို့နဲ့ သိပ်ပြီး ကီးမကိုက်ဘဲ ဖြစ်နေခဲ့ပါတယ်။

အဝေးကန်ချက်တွေနဲ့ ဧရိယာထိပ်ကနေ အကဲစမ်းဖို့ ကြိုးစားခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်က အလဟဿဖြစ်နေခဲ့ရပြီး ဂိုးပေါက်တည့်မှု နည်းပါးခဲ့သလို ဖြတ်တင်ဘောတွေကလည်း ခံစစ်ငါးယောက်၊ ကွင်းလယ်အဖျက်နှစ်ယောက်လောက်နဲ့ ကစားနေခဲ့တဲ့ ပဲလေ့စ်နောက်တန်းနဲ့ ဂိုးသမား ဂွိုင်တာတို့ကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့သလို ဒါဝင် နူးညက်ဇ်ကလည်း တော်တော်လေး လွဲနေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ဧည့်သည် ပဲလေ့စ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အီဇီ ပေးတာကို လူကျွံဘော ဖမ်းတာ မသေသပ်တဲ့ နာသန် ဖိလစ်ရဲ့ ခြေလှမ်းကြဲကြီးကြောင့် ရှင်သန်ခွင့်ရသွားတဲ့ ဇာဟာက ဂိုးသမား အယ်လစ်ဆန်ရဲ့ ဘယ်ဘက်အဝေးတိုင်ထောင့်ကို အနိမ့်ဘော ကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ရဲ့ တိုက်စစ်ပိုင်းအနေနဲ့ ဖန်တီးမှု နည်းပါးခဲ့သလို အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ရဲ့ တောင်ပံတွေကလည်း ဖြတ်တင်ဘောတွေရော Overlapping Run တွေမှာပါ အားနည်းနေခဲ့ပြီး ပဲလေ့စ်တို့ရဲ့ အမှားတွေကိုလည်း အခွင့်အရေး မယူတတ်ခဲ့လို့ ပထမပိုင်းမှာ အန်းဖီးလ်ပရိသတ်အတွက် တစ်ဂိုး-ဂိုးမရှိနဲ့ အရှုံးရလဒ်ကိုသာ ပိုင်ဆိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ပဲလေ့စ်တို့ ခံစစ်ပဲ ကစားသွားခဲ့ကြပြီး လီဗာပူးလ်တို့ကတော့ တိုက်စစ်က အခွင့်အရေး ရှာဖွေနိုင်မှုတွေ နည်းနေခဲ့လို့ ပရိသတ်တွေက ဆူပူအော်ဟစ်ခဲ့ကြပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ တစ်ဖက်နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်တာ မထိဘဲ လွဲသွားတဲ့ နူးညက်ဇ်က သူ့ကို လာအော်ဟစ်တဲ့ ဒိန်းမတ်သားကို ခေါင်းနဲ့ ထပ်တိုက်ရာမှာတော့ မလွဲခဲ့ဘဲ တိုက်ရိုက်ထိခဲ့တာကြောင့် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

တစ်ယောက်လျော့သွားတဲ့ လီဗာပူးလ်တို့ကို ဘယ်လိုမျိုး ကစားရမှန်း မသိတဲ့ ပဲလေ့စ်နည်းပြ ဗီယာရာရဲ့ ဦးနှောက်ကတော့ စိတ်ပျက်စရာပဲ ဖြစ်ခဲ့ပြီး တိုက်စစ်မှာ ဒဏ်ရာနဲ့ လေးလံနေတဲ့ အာယူးကို စောစောစီးစီး မထုတ်ခဲ့သလို ခြေကုန်နေတဲ့ ဇာဟာကိုလည်း အထောင်တိုက်စစ်မှာ ဆက်ထားခဲ့လို့ အိမ်ရှင်တွေအတွက် တစ်ယောက်လျော့တာက ပွဲကို မချဉ်းကပ်တတ်တဲ့ တစ်ဖက်အသင်းကြောင့် သိပ်မထူးခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မီလ်နာဆီက ရလာတဲ့ ဘောလုံးကို ဘယ်ခြမ်းမှာ တောက်လျှောက်ဆွဲပြေးပြီး အတွင်းကို ချိုးဝင်နိုင်ခဲ့တဲ့ လူးဝစ် ဒီယက်ဇ်က ဧရိယာထိပ်ကနေ ပဲလေ့စ်ဂိုးညာဘက်ထောင့်ကို လှမ်းကန်ခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ ပေါ့ဆခဲ့လို့ တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဆယ်ယောက်နဲ့ အနိုင်ဂိုးရနိုင်ဖို့ ယာဂန် ကလော့ပ်အနေနဲ့ ရောဘတ်ဆန်၊ မီလ်နာနဲ့ ဖိလစ်တို့နေရာမှာ ဆီမီကတ်စ်၊ ဟန်ဒါဆန်နဲ့ ဂိုမက်ဇ်တို့ကို ထည့်သွင်းခဲ့ပြီး ၃-၄-၂ ပုံစံ ပြောင်းကစားသွားခဲ့ချိန်မှာ ဗီယာရာကတော့ အာယူးအစား အေဒူယာကို ထည့်ခဲ့ပေမယ့် Pressing မလိုက်ခိုင်းဘဲ ညာခြမ်းမှာ သုံးနေခဲ့သလို ရေညှစ်ထားတဲ့ အဝတ်စုတ်လိုဖြစ်နေတဲ့ ဂိုးသွင်းရှင် ဇာဟာကတော့ ဘောလုံးတောင် မထိန်းနိုင်တော့တဲ့ ဒူးချောင်နေခဲ့တာပါ။

ကွင်းလယ်အဖျက် ဒူကူရေး၊ ရှလု(ပ်)နဲ့ ဘယ်ခြမ်းက အီဇီတို့ ကုန်နေကြပြီး လီဗာပူးလ်ထက် တစ်ယောက်ပိုနေတာတောင် လမ်းလျှောက်ရုံနဲ့ ခံစစ်မှာ Low Block ပိတ်ကစားပြီး ဖျက်ရုံသာ တတ်နိုင်ခဲ့တဲ့ ပဲလေ့စ်တို့ ဗျူဟာကတော့ ရယ်စရာဖြစ်ခဲ့သလို ဗီယာရာအနေနဲ့ ဒီအဖြစ်ကို ၁၅ မိနစ်လောက် နောက်ကျပြီးမှ သတိပြုမိခဲ့ပြီး လူစားပြောင်းလဲမှုတွေမှာလည်း ထည့်သင့်တဲ့ အိုလီဆေးကို ချန်ပြီး လဲကစားခဲ့သေးတာဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ ကာဗာလ်ယိုကို အဲလီးယော့အစား ထပ်ထည့်ပြီး တိုက်စစ်ကို ထပ်ကူခိုင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာ ညံ့ဖျင်းခဲ့လို့ ဂိုးထပ်မရခဲ့သလို ခေါင်းမပါဘဲ လျှောက်ပြေးနေတဲ့ ကြက်တွေလိုဖြစ်နေတဲ့ ပဲလေ့စ်တို့ကလည်း တစ်ယောက်လျော့နေတဲ့ အသင်းဘက်ကို Pressing တောင် မကစားဘဲ နိုင်ချင်စိတ် မရှိတော့တာကြောင့် ပွဲချိန်အပြည့်မှာတော့ သရေသာဖြစ်ခဲ့ပြီး အန်းဖီးလ်က တနင်္လာနေ့ညကတော့ စိတ်ပျက်စရာပဲဖြစ်ခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် ပဲလေ့စ်တို့ တစ်မှတ်ရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဆီက အဆင့် ၂၀ ကို လုယူဖို့ မဖြစ်နိုင်ခဲ့သလို လီဗာပူးလ်တို့ကတော့ နိုင်ပွဲရှာဖွေနိုင်ရင် ဇယားအပေါ်ကို ပြန်တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး တာထွက်ကောင်းနေခဲ့တဲ့ ပြိုင်ဘက် မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အဆင့် ၁၂ ကနေ မျှော်ကြည့်ရုံသာ တတ်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲကို အန္းဖီးလ္မွာ ကစားခဲ့ရၿပီး ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ နာသန္ ဖိလစ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ မီလ္နာနဲ႔ အဲလီးေယာ့တို႔ကို တြဲေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဒါဝင္ ႏူးညက္ဇ္၊ ဆာလားနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္လ္ ပဲေလ့စ္တို႔ကေတာ့ ဒီေန႔ပြဲကို ပိတ္ကစားဖို႔ပဲ စီစဥ္လာခဲ့ၿပီး ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ဝါ့ဒ္၊ ကလိုင္းန္နဲ႔ မစ္ခ်ဲလ္တို႔ကို သုံးခဲ့သလို ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ ရွလု(ပ္)၊ အီဇီနဲ႔ အာယူးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇာဟာတစ္ေယာက္တည္းကိုပဲ အေထာင္ထားခဲ့ၿပီး ပြဲထြက္လာခဲ့ၾကတာပါ။

လီဗာပူးလ္တို႔ ပြဲစတာနဲ႔ ဖိကစားခဲ့ေပမယ့္ တိုက္စစ္ပိုင္းက ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ကစားေနခဲ့သလို အခ်ိန္မေ႐ြး ႏိုင္ႏိုင္တယ္လို႔ ၿပိဳင္ဘက္ကို အထင္ေသးတဲ့ ပုံစံနဲ႔ ကစားေနခဲ့ၿပီး ကြင္းလယ္က မီလ္နာကလည္း အသက္အ႐ြယ္ေၾကာင့္ ညႇစ္အားနည္းလာခဲ့လို႔ ဆာလားတို႔နဲ႔ သိပ္ၿပီး ကီးမကိုက္ဘဲ ျဖစ္ေနခဲ့ပါတယ္။

အေဝးကန္ခ်က္ေတြနဲ႔ ဧရိယာထိပ္ကေန အကဲစမ္းဖို႔ ႀကိဳးစားခဲ့တဲ့ လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္က အလဟႆျဖစ္ေနခဲ့ရၿပီး ဂိုးေပါက္တည့္မႈ နည္းပါးခဲ့သလို ျဖတ္တင္ေဘာေတြကလည္း ခံစစ္ငါးေယာက္၊ ကြင္းလယ္အဖ်က္ႏွစ္ေယာက္ေလာက္နဲ႔ ကစားေနခဲ့တဲ့ ပဲေလ့စ္ေနာက္တန္းနဲ႔ ဂိုးသမား ဂြိဳင္တာတို႔ကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ခဲ့သလို ဒါဝင္ ႏူးညက္ဇ္ကလည္း ေတာ္ေတာ္ေလး လြဲေနခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဧည့္သည္ ပဲေလ့စ္တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အီဇီ ေပးတာကို လူကြၽံေဘာ ဖမ္းတာ မေသသပ္တဲ့ နာသန္ ဖိလစ္ရဲ႕ ေျခလွမ္းႀကဲႀကီးေၾကာင့္ ရွင္သန္ခြင့္ရသြားတဲ့ ဇာဟာက ဂိုးသမား အယ္လစ္ဆန္ရဲ႕ ဘယ္ဘက္အေဝးတိုင္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္ပိုင္းအေနနဲ႔ ဖန္တီးမႈ နည္းပါးခဲ့သလို အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ရဲ႕ ေတာင္ပံေတြကလည္း ျဖတ္တင္ေဘာေတြေရာ Overlapping Run ေတြမွာပါ အားနည္းေနခဲ့ၿပီး ပဲေလ့စ္တို႔ရဲ႕ အမွားေတြကိုလည္း အခြင့္အေရး မယူတတ္ခဲ့လို႔ ပထမပိုင္းမွာ အန္းဖီးလ္ပရိသတ္အတြက္ တစ္ဂိုး-ဂိုးမရွိနဲ႔ အရႈံးရလဒ္ကိုသာ ပိုင္ဆိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ပဲေလ့စ္တို႔ ခံစစ္ပဲ ကစားသြားခဲ့ၾကၿပီး လီဗာပူးလ္တို႔ကေတာ့ တိုက္စစ္က အခြင့္အေရး ရွာေဖြႏိုင္မႈေတြ နည္းေနခဲ့လို႔ ပရိသတ္ေတြက ဆူပူေအာ္ဟစ္ခဲ့ၾကၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ တစ္ဖက္ေနာက္ခံလူ အန္ဒါဆန္ကို ေခါင္းနဲ႔ တိုက္တာ မထိဘဲ လြဲသြားတဲ့ ႏူးညက္ဇ္က သူ႔ကို လာေအာ္ဟစ္တဲ့ ဒိန္းမတ္သားကို ေခါင္းနဲ႔ ထပ္တိုက္ရာမွာေတာ့ မလြဲခဲ့ဘဲ တိုက္႐ိုက္ထိခဲ့တာေၾကာင့္ အနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။

တစ္ေယာက္ေလ်ာ့သြားတဲ့ လီဗာပူးလ္တို႔ကို ဘယ္လိုမ်ိဳး ကစားရမွန္း မသိတဲ့ ပဲေလ့စ္နည္းျပ ဗီယာရာရဲ႕ ဦးေႏွာက္ကေတာ့ စိတ္ပ်က္စရာပဲ ျဖစ္ခဲ့ၿပီး တိုက္စစ္မွာ ဒဏ္ရာနဲ႔ ေလးလံေနတဲ့ အာယူးကို ေစာေစာစီးစီး မထုတ္ခဲ့သလို ေျခကုန္ေနတဲ့ ဇာဟာကိုလည္း အေထာင္တိုက္စစ္မွာ ဆက္ထားခဲ့လို႔ အိမ္ရွင္ေတြအတြက္ တစ္ေယာက္ေလ်ာ့တာက ပြဲကို မခ်ဥ္းကပ္တတ္တဲ့ တစ္ဖက္အသင္းေၾကာင့္ သိပ္မထူးခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုးသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မီလ္နာဆီက ရလာတဲ့ ေဘာလုံးကို ဘယ္ျခမ္းမွာ ေတာက္ေလွ်ာက္ဆြဲေျပးၿပီး အတြင္းကို ခ်ိဳးဝင္ႏိုင္ခဲ့တဲ့ လူးဝစ္ ဒီယက္ဇ္က ဧရိယာထိပ္ကေန ပဲေလ့စ္ဂိုးညာဘက္ေထာင့္ကို လွမ္းကန္ခဲ့ရာမွာ ဂိုးသမား ဂြိဳင္တာ ေပါ့ဆခဲ့လို႔ တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ဆယ္ေယာက္နဲ႔ အႏိုင္ဂိုးရႏိုင္ဖို႔ ယာဂန္ ကေလာ့ပ္အေနနဲ႔ ေရာဘတ္ဆန္၊ မီလ္နာနဲ႔ ဖိလစ္တို႔ေနရာမွာ ဆီမီကတ္စ္၊ ဟန္ဒါဆန္နဲ႔ ဂိုမက္ဇ္တို႔ကို ထည့္သြင္းခဲ့ၿပီး ၃-၄-၂ ပုံစံ ေျပာင္းကစားသြားခဲ့ခ်ိန္မွာ ဗီယာရာကေတာ့ အာယူးအစား ေအဒူယာကို ထည့္ခဲ့ေပမယ့္ Pressing မလိုက္ခိုင္းဘဲ ညာျခမ္းမွာ သုံးေနခဲ့သလို ေရညႇစ္ထားတဲ့ အဝတ္စုတ္လိုျဖစ္ေနတဲ့ ဂိုးသြင္းရွင္ ဇာဟာကေတာ့ ေဘာလုံးေတာင္ မထိန္းႏိုင္ေတာ့တဲ့ ဒူးေခ်ာင္ေနခဲ့တာပါ။

ကြင္းလယ္အဖ်က္ ဒူကူေရး၊ ရွလု(ပ္)နဲ႔ ဘယ္ျခမ္းက အီဇီတို႔ ကုန္ေနၾကၿပီး လီဗာပူးလ္ထက္ တစ္ေယာက္ပိုေနတာေတာင္ လမ္းေလွ်ာက္႐ုံနဲ႔ ခံစစ္မွာ Low Block ပိတ္ကစားၿပီး ဖ်က္႐ုံသာ တတ္ႏိုင္ခဲ့တဲ့ ပဲေလ့စ္တို႔ ဗ်ဴဟာကေတာ့ ရယ္စရာျဖစ္ခဲ့သလို ဗီယာရာအေနနဲ႔ ဒီအျဖစ္ကို ၁၅ မိနစ္ေလာက္ ေနာက္က်ၿပီးမွ သတိျပဳမိခဲ့ၿပီး လူစားေျပာင္းလဲမႈေတြမွာလည္း ထည့္သင့္တဲ့ အိုလီေဆးကို ခ်န္ၿပီး လဲကစားခဲ့ေသးတာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ကာဗာလ္ယိုကို အဲလီးေယာ့အစား ထပ္ထည့္ၿပီး တိုက္စစ္ကို ထပ္ကူခိုင္းခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာ ညံ့ဖ်င္းခဲ့လို႔ ဂိုးထပ္မရခဲ့သလို ေခါင္းမပါဘဲ ေလွ်ာက္ေျပးေနတဲ့ ၾကက္ေတြလိုျဖစ္ေနတဲ့ ပဲေလ့စ္တို႔ကလည္း တစ္ေယာက္ေလ်ာ့ေနတဲ့ အသင္းဘက္ကို Pressing ေတာင္ မကစားဘဲ ႏိုင္ခ်င္စိတ္ မရွိေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ သေရသာျဖစ္ခဲ့ၿပီး အန္းဖီးလ္က တနလၤာေန႔ညကေတာ့ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ပဲေလ့စ္တို႔ တစ္မွတ္ရခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဆီက အဆင့္ ၂၀ ကို လုယူဖို႔ မျဖစ္ႏိုင္ခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ႏိုင္ပြဲရွာေဖြႏိုင္ရင္ ဇယားအေပၚကို ျပန္တက္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး တာထြက္ေကာင္းေနခဲ့တဲ့ ၿပိဳင္ဘက္ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ကို အဆင့္ ၁၂ ကေန ေမွ်ာ္ၾကည့္႐ုံသာ တတ္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.