Ligue1 Match Report

မက်ဆီ ဘလွန်ဒေါဆန်ခါတင်မဝင်အောင် လုပ်ကြံခဲ့သူတွေကို မြင်တွေ့ခဲ့ရတဲ့ မောင့်ပယ်လီယေးနဲ့ပွဲစဉ်

စနေနေ့ညက မောင့်ပယ်လီယေးကို ၅-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း ပရိသတ်အချို့ဟာ အမ်ဘာပေရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီဟာ လက်ရှိအချိန်အထိ ယခုရာသီမှာ လိဂ်ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ရာသီအဖွင့်ပွဲစဉ်မှာ ကလေမွန် ဖုကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ တိုက်စစ်မှာ နေမာ၊ မက်ဆီတို့နဲ့အတူ ပွဲထွက်ကစားခဲ့ပြီး ယခုရာသီ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ရွှေရောင် အခွင့်အရေးဖြစ်တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာဖြစ်ပြီး ဂျော်ဒန် ဖာရင်ရဲ့ ၂၁ မိနစ်က လက်ထိဘောကြောင့် ပီအက်စ်ဂျီတို့ ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပင်နယ်တီကို ဂိုးသမားရဲ့ ဘယ်ဖက်ကို ကန်သွင်းခဲ့ပေမယ့် မောင့်ပယ်လီယေးဂိုးသမား အွန်မ်လင်က နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်သွားခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပထမပိုင်းမပြီးဆုံးခင် ဗီတင်ညာက ဘောလုံးမပေးတဲ့အချိန်မှာ ဒေါသထွက်ခဲ့ပြီး ပီအက်စ်ဂျီပရိသတ်တွေကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

အသစ်ခေါ်ယူထာားတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ အမ်ဘာပေအစား လီယွန်နယ် မက်ဆီကို ဘောလုံးပေးပို့ခဲ့တာဖြစ်ပြီး အမ်ဘာပေက ပြေးနေတာကို ရပ်ပြီး စိတ်ပျက်ဒေါသထွက်တဲ့ ပုံစံနဲ့ လက်တွေကို လေထဲမှာ ဝှေ့ယမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီလို စိတ်ပျက်မှုကို မပြသခင်မှာ အမ်ဘာပေဟာ ပင်နယ်တီလွဲချော်မှုကို ချေဖျက်တဲ့အနေနဲ့ ဆက်ကို ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိအောင် ညာတောင်ပံကနေ ဖြတ်တင်ပေးပို့ပြီး ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက် ၄၃ မိနစ်မှာ မက်ဆီက ပင်နယ်တီ ရရှိခဲ့ရာမှာ အသင်းဖော် နေမာကို ကန်ခွင့်ပေးခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက အမှားအယွင်းမရှိ ကန်သွင်းပြီး ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ တွစ်တာပေါ်က ပရိသတ်တွေဟာ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ စိတ်သဘောထားကို နှိုင်းယှဉ်ခဲ့ကြပြီး အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ စိတ်ထားမွန်မြတ်မှုကို ချီးကျူး ပြောဆိုခဲ့ကြပြီး ပြင်သစ်တိုက်စစ်မှူးကိုတော့ ပြစ်တင်ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

“အမ်ဘာပေရဲ့ စိတ်နေသဘောထားက ဒီနေ့ တော်တော်ဆိုးရွားတယ်။ နေမာက သူ့ကို ပင်နယ်တီပေးကန်တယ်။ သူ လွဲတယ်။ နောက်ထပ်ပင်နယ်တီရတော့ ကန်ဖို့ တောင်းတယ် ညပီးတော့ မက်ဆီနဲ့ နေမာ တောင်ပံမှာ လွတ်နေတာကို ကိုယ်ဟန် အယောင်ပြတာနဲ့ ကန်မလို ဟန်ဆောင်တာ ၅ ကြိမ် လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “သူက အသင်းကို ပိုဆိုးအောင်လုပ်နေတာ အမှန်ပဲ။ သူက အရမ်း တစ်ကိုယ်ကောင်းဆန်တယ်။ အမ်ဘာပေသာ မကစားရင် ဒီနေ့ မက်ဆီနဲ့ နေမာတို့ တစ်ယောက်ကို ၂ ဂိုးလောက်တော့ သွင်းနိုင်ခဲ့မှာပဲ”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

နေမာဟာ ၅၁ မိနစ်မှာ အနီးကပ်ခေါင်းတိုက်ပိတ်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး နောက်ထပ် ၁၈ မိနစ်အကြာမှာ အမ်ဘာပေက ထောင့်ကန်ဘောကနေတဆင့် ကျလာတဲ့ ဘောလုံးကို ညာခြေနဲ့ ပိတ်ပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ပဉ္စမမြောက်ဂိုးကို ရီနာတို ဆန်းချက်စ်က ၈၇ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပြီး မောင့်ပယ်လီယေးက ချေပဂိုး ၂ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ၅-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီပရိသတ်တွေဟာ နောက်ခံကစားသမား ဟာကီမီဟာ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ထက် အမ်ဘာပေကို ပိုပြီး ဘောလုံးပေးတယ်လို့လည်း စွပ်စွဲခဲ့ကြပြီး အင်တာမီလန်ကြယ်ပွင့်ဟောင်းဟာ အသင်းဖော် တိုက်စစ်ကစားသမား ၂ ဦးကို ဘောလုံးပြန်ပေးကစားဖို့ အခွင့်အရေး ရှိခဲ့ပေမယ့်လည်း ခက်ခက်ခဲခဲ ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီ ပရိသတ်တွေဟာ ဟာကီမီအနေနဲ့ တောင်အမေရိက စူပါစတား ၂ ဦးနဲ့ပတ်သက်ပြီး မကျေနပ်ချက် တစ်စုံတရာ ရှိလိမ့်မယ်လို့ ခံစားခဲ့ရတာဖြစ်ပြီး အမ်ဘာပေကိုပဲ ဘောလုံးပေးပို့ဖို့ ကြိုးပမ်းနေတာကို စိတ်ပျက်ခဲ့ကြတဲ့အကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ကြတာဖြစ်ပါတယ်။

“ပီအက်စ်ဂျီသာ အမ်ဘာပေနဲ့ ဟာကီမီကို ရောင်းလိုက်ရင် မက်ဆီက ရွှေဖိနပ်ဆုကို ရရှိလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဟာကီမီက အမြဲတမ်း တိုက်စစ်မှာ မက်ဆီနဲ့ နေမာကို လစ်လျူရှုခဲ့တယ်။ ဪ နေပါဦး။ သူက အမ်ဘာပေရဲ့ အကောင်းဆုံး သူငယ်ချင်းကိုး”လို့ အခြား ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:စေနေန႔ညက ေမာင့္ပယ္လီေယးကို ၅-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္း ပရိသတ္အခ်ိဳ႕ဟာ အမ္ဘာေပရဲ႕ အမူအက်င့္နဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီဟာ လက္ရွိအခ်ိန္အထိ ယခုရာသီမွာ လိဂ္ပြဲစဥ္ ၂ ပြဲစလုံးကို အႏိုင္ရရွိထားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ ရာသီအဖြင့္ပြဲစဥ္မွာ ကေလမြန္ ဖုကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ တိုက္စစ္မွာ ေနမာ၊ မက္ဆီတို႔နဲ႔အတူ ပြဲထြက္ကစားခဲ့ၿပီး ယခုရာသီ ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပထမပိုင္းမွာ ရရွိခဲ့တဲ့ ေ႐ႊေရာင္ အခြင့္အေရးျဖစ္တဲ့ ပင္နယ္တီကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ေဂ်ာ္ဒန္ ဖာရင္ရဲ႕ ၂၁ မိနစ္က လက္ထိေဘာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ပင္နယ္တီကန္ခြင့္ရခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပဟာ ပင္နယ္တီကို ဂိုးသမားရဲ႕ ဘယ္ဖက္ကို ကန္သြင္းခဲ့ေပမယ့္ ေမာင့္ပယ္လီေယးဂိုးသမား အြန္မ္လင္က ေနရာယူမွန္မွန္နဲ႔ ပုတ္ထုတ္ကာကြယ္သြားခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ပထမပိုင္းမၿပီးဆုံးခင္ ဗီတင္ညာက ေဘာလုံးမေပးတဲ့အခ်ိန္မွာ ေဒါသထြက္ခဲ့ၿပီး ပီအက္စ္ဂ်ီပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

အသစ္ေခၚယူထာားတဲ့ ေပၚတူဂီကြင္းလယ္ကစားသမားဟာ အမ္ဘာေပအစား လီယြန္နယ္ မက္ဆီကို ေဘာလုံးေပးပို႔ခဲ့တာျဖစ္ၿပီး အမ္ဘာေပက ေျပးေနတာကို ရပ္ၿပီး စိတ္ပ်က္ေဒါသထြက္တဲ့ ပုံစံနဲ႔ လက္ေတြကို ေလထဲမွာ ေဝွ႔ယမ္းခဲ့တာျဖစ္ပါတယ္။ အဲဒီလို စိတ္ပ်က္မႈကို မျပသခင္မွာ အမ္ဘာေပဟာ ပင္နယ္တီလြဲေခ်ာ္မႈကို ေခ်ဖ်က္တဲ့အေနနဲ႔ ဆက္ကို ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိေအာင္ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔ၿပီး ပီအက္စ္ဂ်ီအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ၄၃ မိနစ္မွာ မက္ဆီက ပင္နယ္တီ ရရွိခဲ့ရာမွာ အသင္းေဖာ္ ေနမာကို ကန္ခြင့္ေပးခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးက အမွားအယြင္းမရွိ ကန္သြင္းၿပီး ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ တြစ္တာေပၚက ပရိသတ္ေတြဟာ မက္ဆီနဲ႔ အမ္ဘာေပတို႔ရဲ႕ စိတ္သေဘာထားကို ႏႈိင္းယွဥ္ခဲ့ၾကၿပီး အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ စိတ္ထားမြန္ျမတ္မႈကို ခ်ီးက်ဴး ေျပာဆိုခဲ့ၾကၿပီး ျပင္သစ္တိုက္စစ္မႉးကိုေတာ့ ျပစ္တင္ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။

“အမ္ဘာေပရဲ႕ စိတ္ေနသေဘာထားက ဒီေန႔ ေတာ္ေတာ္ဆိုး႐ြားတယ္။ ေနမာက သူ႔ကို ပင္နယ္တီေပးကန္တယ္။ သူ လြဲတယ္။ ေနာက္ထပ္ပင္နယ္တီရေတာ့ ကန္ဖို႔ ေတာင္းတယ္ ညပီးေတာ့ မက္ဆီနဲ႔ ေနမာ ေတာင္ပံမွာ လြတ္ေနတာကို ကိုယ္ဟန္ အေယာင္ျပတာနဲ႔ ကန္မလို ဟန္ေဆာင္တာ ၅ ႀကိမ္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “သူက အသင္းကို ပိုဆိုးေအာင္လုပ္ေနတာ အမွန္ပဲ။ သူက အရမ္း တစ္ကိုယ္ေကာင္းဆန္တယ္။ အမ္ဘာေပသာ မကစားရင္ ဒီေန႔ မက္ဆီနဲ႔ ေနမာတို႔ တစ္ေယာက္ကို ၂ ဂိုးေလာက္ေတာ့ သြင္းႏိုင္ခဲ့မွာပဲ”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနမာဟာ ၅၁ မိနစ္မွာ အနီးကပ္ေခါင္းတိုက္ပိတ္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ၿပီး ေနာက္ထပ္ ၁၈ မိနစ္အၾကာမွာ အမ္ဘာေပက ေထာင့္ကန္ေဘာကေနတဆင့္ က်လာတဲ့ ေဘာလုံးကို ညာေျခနဲ႔ ပိတ္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့ပါတယ္။ ပီအက္စ္ဂ်ီရဲ႕ ပၪၥမေျမာက္ဂိုးကို ရီနာတို ဆန္းခ်က္စ္က ၈၇ မိနစ္မွာ သြင္းယူသြားခဲ့တာျဖစ္ၿပီး ေမာင့္ပယ္လီေယးက ေခ်ပဂိုး ၂ ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ၅-၂ နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီပရိသတ္ေတြဟာ ေနာက္ခံကစားသမား ဟာကီမီဟာ လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔ထက္ အမ္ဘာေပကို ပိုၿပီး ေဘာလုံးေပးတယ္လို႔လည္း စြပ္စြဲခဲ့ၾကၿပီး အင္တာမီလန္ၾကယ္ပြင့္ေဟာင္းဟာ အသင္းေဖာ္ တိုက္စစ္ကစားသမား ၂ ဦးကို ေဘာလုံးျပန္ေပးကစားဖို႔ အခြင့္အေရး ရွိခဲ့ေပမယ့္လည္း ခက္ခက္ခဲခဲ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပီအက္စ္ဂ်ီ ပရိသတ္ေတြဟာ ဟာကီမီအေနနဲ႔ ေတာင္အေမရိက စူပါစတား ၂ ဦးနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ တစ္စုံတရာ ရွိလိမ့္မယ္လို႔ ခံစားခဲ့ရတာျဖစ္ၿပီး အမ္ဘာေပကိုပဲ ေဘာလုံးေပးပို႔ဖို႔ ႀကိဳးပမ္းေနတာကို စိတ္ပ်က္ခဲ့ၾကတဲ့အေၾကာင္း တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ၾကတာျဖစ္ပါတယ္။

“ပီအက္စ္ဂ်ီသာ အမ္ဘာေပနဲ႔ ဟာကီမီကို ေရာင္းလိုက္ရင္ မက္ဆီက ေ႐ႊဖိနပ္ဆုကို ရရွိလိမ့္မယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဟာကီမီက အၿမဲတမ္း တိုက္စစ္မွာ မက္ဆီနဲ႔ ေနမာကို လစ္လ်ဴရႈခဲ့တယ္။ ဪ ေနပါဦး။ သူက အမ္ဘာေပရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းကိုး”လို႔ အျခား ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.