Match Report Premier League

EPL ရွှေဖိနပ်ကို ဦးဆောင်လိုက်တဲ့ ရိုဒရီဂိုရဲ့ လိဒ်စ်ကို သရေရဖို့ ရုန်းခဲ့ရတဲ့ စိန့်

ဆောက်သမ်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘယ်လာ-ကော့ချက်ပ်၊ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူးတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဝေါ်လ်ကာ-ပီတာစ်၊ ဝါ့ဒ်-ပရောက်စ်၊ လာဗီယာ၊ အယ်ယူနူစီ၊ ဂျီနီပိုတို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရှေအက်ဒမ်စ် ပြန်လည် ပါဝင်လာခဲ့ပြီး စတူးဝပ် အမ်းစ်ထရောင်းနဲ့ တွဲကစားလာခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ခရစ္စတင်ဆန်၊ ရော်ဘင် ကို့ချ်၊ ယော်ရန်တေနဲ့ စထရိုက်ခ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မာ့ခ် ရိုကာ၊ တိုင်လာ အက်ဒမ်စ်၊ အာရွန်ဆန်နဲ့ ဟာရစ်ဆန်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ရိုဒရီဂိုနဲ့ ကပ္ပတိန် ဘမ်ဖို့ဒ်တို့ ပွဲထွက်လာခဲ့ကြတာပါ။

နည်းပြ ဟေဆန်ဟွတ်တယ်လ်ရဲ့ စိန့်တို့အနေနဲ့ ဒီရာသီမှာ မန်စီးတီးက ခေါ်ယူထားတဲ့ အတွေ့အကြုံနည်းသူ လူငယ်တွေ ဖြစ်ကြတဲ့ ဂိုးသမား ဘာဇူးနူးနဲ့ ကွင်းလယ်လူ လာဗီယာတို့ကို ဘာကြောင့်မှန်းမသိ အတင်းကြီး နေရာပေးနေသလို ပြီးခဲ့တဲ့ ရာသီက ကစားခဲ့တဲ့ ဂိုးသမား မက္ကာသီနဲ့ ရိုမီယူတို့လို ဝါရင့်တွေကို ချန်လှပ်ထားခဲ့ပြီး သူတို့ရဲ့ ကစားပုံက အားနည်းမှုတွေ ရှိနေခဲ့တာကိုလည်း နှစ်ပွဲဆက်တိုက် တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ဘယ်နောက်ခံလူကို မသုံးဘဲ အလယ်တန်းတောင်ပံသမား ဂျီနီပိုကို သုံးခဲ့တာက ဟေဆန်ဟွတ်တယ်လ်တစ်ယောက် ရမ်းနေပြီလို့ ဆိုရမလိုဖြစ်ခဲ့သလို တစ်သက်လုံး ကွင်းလယ်နဲ့ တောင်ပံမှာ ကစားလာတဲ့ စကော့တလန်သား အမ်းစ်ထရောင်းကိုလည်း အင်္ဂလန်လူငယ်တိုက်စစ်မှူး အက်ဒမ် အမ်းစ်ထရောင်းအစား ၃-၅-၂ တိုက်စစ်မှာ သုံးခဲ့တာက နာမည်ချင်းမှားတာလားလို့ ထင်စရာဖြစ်နေခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်း ၃၀ စက္ကန့်မှာတော့ လိဒ်စ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တောင်ပံကစားသမား ဟာရစ်ဆန်ရဲ့ အနိမ့်ဘော ဖြတ်ချိုးပေးတာကို ရိုဒရီဂိုက ဆောက်သမ်တန်ခံစစ်က ဘက်ဒနာရက်ခ်နဲ့ ဘယ်လာ-ကော့ချက်ပ်တို့ကြားကနေ ပြေးပိတ်ပြီး ဂိုးသမား ဘာဇူးနူးကို ပွဲချိန် ၄၆ မိနစ်မှာ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တို့ ဂိုးပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် ဘောလုံးပိုကိုင်နိုင်တဲ့ လိဒ်စ်တို့ပဲ ဂိုးထပ်ရသွားခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ အာရွန်ဆန် ကန်တင်ပေးတဲ့ ညာထောင့်ကန်ဘောကနေ နောက်ခံလူ စထရိုက်ခ်က ခေါင်းတိုက်ခဲ့ရာမှာ ဆောက်သမ်တန်ခံစစ်သမားတွေနဲ့ ဂိုးသမားကိုပါ ကျော်ပြီး ဂိုးထဲကို ရောက်လာတဲ့ ဘောလုံးကို ရိုဒရီဂိုကပဲ သူမထိလည်း ဝင်နေပြီဖြစ်တဲ့ ဂိုးကို ခေါင်းတိုက်ပြီး သူ့နာမည် တပ်သွားခဲ့တာပါ။

နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့တဲ့အတွက် အိမ်ရှင်တို့ ပြန်တင်ကစားလာခဲ့ပြီး အလုပ်မဖြစ်တဲ့ စတူးဝပ် အမ်းစ်ထရောင်းနဲ့ အယ်လ်ယူနူစီတို့အစား အက်ဒမ် အမ်းစ်ထရောင်းနဲ့ အရီဘိုတို့ကို ထည့်သွင်းခဲ့သလို နောက်ခံလူ ဘက်ဒ်နာရက်ခ်ကိုပါ ထုတ်ပြီး တိုက်စစ်မှူး မာရာကို နည်းပြ ဟေဆန်ဟွတ်တယ်လ်က ထပ်မံထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ လူစားဝင်အတွဲက ရယူနိုင်ခဲ့တာဖြစ်သလို ဘယ်ခြမ်းက အက်ဒမ် အမ်းစ်ထရောင်းရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဧရိယာထဲမှာ ရသွားခဲ့တဲ့ အရီဘိုက ဂိုးသမား မေလီယေးကို တစ်ချက်ခေါက်ပြီးမှ နောက်ခံလူတွေ ပိတ်ထားတဲ့ ဂိုးထဲကို ကန်သွင်းယူသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ လိဒ်စ်တို့ဆီကနေ အိမ်ရှင်တွေ အမှတ်ပြန်ခွဲယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လူစားဝင်တိုက်စစ်မှူး မာရာက ဧရိယာထဲကို အဝေးကနေ လှမ်းခင်းပေးခဲ့ရာမှာ ဧည့်သည်ကစားသမား ဟာရစ်ဆန် မဖျက်နိုင်ဘဲ လွတ်ထွက်သွားတဲ့ ဘောလုံးကို ဆောက်သမ်တန်နောက်ခံလူ ဝေါ်လ်ကာ-ပီတာစ်က ဂိုးသမား မေလီယေး ပိတ်ထားတဲ့ကြားကနေ အဝေးတိုင်ဘက်ကို ကန်သွင်းပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ဆောက်သမ်တန်တို့ အနိုင်ဂိုးရဖို့ ဖိကစားခဲ့ကြပေမယ့် လိဒ်စ်ခံစစ်က ကာကွယ်သွားနိုင်ခဲ့ကြပြီး ဧည့်သည်တိုက်စစ်မှူး ရိုဒရီဂိုရဲ့ နာကျင်အချိန်ပိုမှာ ဟက်ထရစ်ရဖို့ ကြိုးစားမှုကိုလည်း အိမ်ရှင်ဂိုးသမား ဘာဇူးနူး ပုတ်ထုတ်သွားနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ နှစ်သင်းအတွက် တစ်မှတ်စီသာ ထိုက်တန်ခဲ့ကြပြီး အိမ်ရှင်တွေ ဘဲဥကွဲခဲ့ချိန်မှာ ဧည့်သည်တွေကတော့ နှစ်ပွဲကစား လေးမှတ်နဲ့ အခြေအနေကောင်းခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာက္သမ္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘယ္လာ-ေကာ့ခ်က္ပ္၊ ဘက္ဒ္နာရက္ခ္၊ ဆာလီဆူးတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဝၚလ္ကာ-ပီတာစ္၊ ဝါ့ဒ္-ပေရာက္စ္၊ လာဗီယာ၊ အယ္ယူႏူစီ၊ ဂ်ီနီပိုတို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေရွအက္ဒမ္စ္ ျပန္လည္ ပါဝင္လာခဲ့ၿပီး စတူးဝပ္ အမ္းစ္ထေရာင္းနဲ႔ တြဲကစားလာခဲ့ပါတယ္။

လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ခရစၥတင္ဆန္၊ ေရာ္ဘင္ ကို႔ခ်္၊ ေယာ္ရန္ေတနဲ႔ စထ႐ိုက္ခ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ မာ့ခ္ ႐ိုကာ၊ တိုင္လာ အက္ဒမ္စ္၊ အာ႐ြန္ဆန္နဲ႔ ဟာရစ္ဆန္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ႐ိုဒရီဂိုနဲ႔ ကပၸတိန္ ဘမ္ဖို႔ဒ္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။

နည္းျပ ေဟဆန္ဟြတ္တယ္လ္ရဲ႕ စိန႔္တို႔အေနနဲ႔ ဒီရာသီမွာ မန္စီးတီးက ေခၚယူထားတဲ့ အေတြ႕အႀကဳံနည္းသူ လူငယ္ေတြ ျဖစ္ၾကတဲ့ ဂိုးသမား ဘာဇူးႏူးနဲ႔ ကြင္းလယ္လူ လာဗီယာတို႔ကို ဘာေၾကာင့္မွန္းမသိ အတင္းႀကီး ေနရာေပးေနသလို ၿပီးခဲ့တဲ့ ရာသီက ကစားခဲ့တဲ့ ဂိုးသမား မကၠာသီနဲ႔ ႐ိုမီယူတို႔လို ဝါရင့္ေတြကို ခ်န္လွပ္ထားခဲ့ၿပီး သူတို႔ရဲ႕ ကစားပုံက အားနည္းမႈေတြ ရွိေနခဲ့တာကိုလည္း ႏွစ္ပြဲဆက္တိုက္ ေတြ႕ခဲ့ရပါတယ္။

အထူးသျဖင့္ ဘယ္ေနာက္ခံလူကို မသုံးဘဲ အလယ္တန္းေတာင္ပံသမား ဂ်ီနီပိုကို သုံးခဲ့တာက ေဟဆန္ဟြတ္တယ္လ္တစ္ေယာက္ ရမ္းေနၿပီလို႔ ဆိုရမလိုျဖစ္ခဲ့သလို တစ္သက္လုံး ကြင္းလယ္နဲ႔ ေတာင္ပံမွာ ကစားလာတဲ့ စေကာ့တလန္သား အမ္းစ္ထေရာင္းကိုလည္း အဂၤလန္လူငယ္တိုက္စစ္မႉး အက္ဒမ္ အမ္းစ္ထေရာင္းအစား ၃-၅-၂ တိုက္စစ္မွာ သုံးခဲ့တာက နာမည္ခ်င္းမွားတာလားလို႔ ထင္စရာျဖစ္ေနခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စစခ်င္း ၃၀ စကၠန႔္မွာေတာ့ လိဒ္စ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေတာင္ပံကစားသမား ဟာရစ္ဆန္ရဲ႕ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ႐ိုဒရီဂိုက ေဆာက္သမ္တန္ခံစစ္က ဘက္ဒနာရက္ခ္နဲ႔ ဘယ္လာ-ေကာ့ခ်က္ပ္တို႔ၾကားကေန ေျပးပိတ္ၿပီး ဂိုးသမား ဘာဇူးႏူးကို ပြဲခ်ိန္ ၄၆ မိနစ္မွာ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္တို႔ ဂိုးျပန္ရဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ ေဘာလုံးပိုကိုင္ႏိုင္တဲ့ လိဒ္စ္တို႔ပဲ ဂိုးထပ္ရသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာ႐ြန္ဆန္ ကန္တင္ေပးတဲ့ ညာေထာင့္ကန္ေဘာကေန ေနာက္ခံလူ စထ႐ိုက္ခ္က ေခါင္းတိုက္ခဲ့ရာမွာ ေဆာက္သမ္တန္ခံစစ္သမားေတြနဲ႔ ဂိုးသမားကိုပါ ေက်ာ္ၿပီး ဂိုးထဲကို ေရာက္လာတဲ့ ေဘာလုံးကို ႐ိုဒရီဂိုကပဲ သူမထိလည္း ဝင္ေနၿပီျဖစ္တဲ့ ဂိုးကို ေခါင္းတိုက္ၿပီး သူ႔နာမည္ တပ္သြားခဲ့တာပါ။

ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့တဲ့အတြက္ အိမ္ရွင္တို႔ ျပန္တင္ကစားလာခဲ့ၿပီး အလုပ္မျဖစ္တဲ့ စတူးဝပ္ အမ္းစ္ထေရာင္းနဲ႔ အယ္လ္ယူႏူစီတို႔အစား အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ အရီဘိုတို႔ကို ထည့္သြင္းခဲ့သလို ေနာက္ခံလူ ဘက္ဒ္နာရက္ခ္ကိုပါ ထုတ္ၿပီး တိုက္စစ္မႉး မာရာကို နည္းျပ ေဟဆန္ဟြတ္တယ္လ္က ထပ္မံထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ လူစားဝင္အတြဲက ရယူႏိုင္ခဲ့တာျဖစ္သလို ဘယ္ျခမ္းက အက္ဒမ္ အမ္းစ္ထေရာင္းရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ဧရိယာထဲမွာ ရသြားခဲ့တဲ့ အရီဘိုက ဂိုးသမား ေမလီေယးကို တစ္ခ်က္ေခါက္ၿပီးမွ ေနာက္ခံလူေတြ ပိတ္ထားတဲ့ ဂိုးထဲကို ကန္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ လိဒ္စ္တို႔ဆီကေန အိမ္ရွင္ေတြ အမွတ္ျပန္ခြဲယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန လူစားဝင္တိုက္စစ္မႉး မာရာက ဧရိယာထဲကို အေဝးကေန လွမ္းခင္းေပးခဲ့ရာမွာ ဧည့္သည္ကစားသမား ဟာရစ္ဆန္ မဖ်က္ႏိုင္ဘဲ လြတ္ထြက္သြားတဲ့ ေဘာလုံးကို ေဆာက္သမ္တန္ေနာက္ခံလူ ေဝၚလ္ကာ-ပီတာစ္က ဂိုးသမား ေမလီေယး ပိတ္ထားတဲ့ၾကားကေန အေဝးတိုင္ဘက္ကို ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ေဆာက္သမ္တန္တို႔ အႏိုင္ဂိုးရဖို႔ ဖိကစားခဲ့ၾကေပမယ့္ လိဒ္စ္ခံစစ္က ကာကြယ္သြားႏိုင္ခဲ့ၾကၿပီး ဧည့္သည္တိုက္စစ္မႉး ႐ိုဒရီဂိုရဲ႕ နာက်င္အခ်ိန္ပိုမွာ ဟက္ထရစ္ရဖို႔ ႀကိဳးစားမႈကိုလည္း အိမ္ရွင္ဂိုးသမား ဘာဇူးႏူး ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္သင္းအတြက္ တစ္မွတ္စီသာ ထိုက္တန္ခဲ့ၾကၿပီး အိမ္ရွင္ေတြ ဘဲဥကြဲခဲ့ခ်ိန္မွာ ဧည့္သည္ေတြကေတာ့ ႏွစ္ပြဲကစား ေလးမွတ္နဲ႔ အေျခအေနေကာင္းခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.