La Liga Match Report

ဗယ်လာဒိုးလစ်ကို ဖုတ်ပြီး လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဦးဆောင်တဲ့ အဝါရောင်ရေငုပ်တပ်သားတွေ

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ ဗီလာရီးရဲလ်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် အဝါရောင်ရေငုပ်တပ်သားတွေက ၃-၀ နဲ့ အနိုင်ရရှိပြီး ရာသီအဖွင့်ပွဲစဉ်အပြီးမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ ပထမပိုင်းမှာ ခြေကုန်မထုတ်သေးဘဲ အိမ်ရှင် ဗယ်လာဒိုးလစ်အသင်းကို အခွင့်အရေးတွေ ပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းရောက်မှ မီးကုန်ယမ်းကုန် ကစားပြပြီး အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့တာဖြစ်ပါတယ်။

နီကိုလတ်စ် ဂျက်ခ်ဆင်နဲ့ အဲလက်စ် ဘေနာတို့က ဗီလာရီးရဲလ်အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးသွားခဲ့ကြပြီး အိမ်ရှင် ဗယ်လာဒိုးလစ်ဟာ ဆီဂန်ဒါ ဒုတိယတန်းမှာ မဟုတ်တော့ဘူးဆိုတာကို သတိရသွားခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄ မိနစ်အကြာမှာ ယယ်ရမီ ပီနိုရဲ့ ညာတောင်ပံကနေ ထိုးဖောက်လာပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို နီကိုလတ်စ် ဂျက်ခ်ဆင်က ပိတ်သွင်းယူပြီး ဗီလာရီးရဲလ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ကြတာဖြစ်ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် ရီးရဲလ် ဗယ်လာဒိုးလစ်က လူစားလဲလှယ်မှု အများအပြား ပြုလုပ်ခဲ့ပြီး တိုက်စစ်ကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့သလို ဗီလာရီးရဲလ်ကလည်း မိနစ် ၆၀ ကျော်မှာ ကစားသမား ၃ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၈၁ မိနစ်မှာ ဆမ်မြူရယ် ချွတ်ကွီဇီက ညာတောင်ပံကနေ အတွင်းကို ဆွဲပြေးလာပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို အဲလက်စ် ဘေနာက ပင်နယ်တီဧရိယာထိပ်ကနေ ညာခြေနဲ့ မြေလှိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။

နောက်ထပ် ၉ မိနစ်အကြာမှာ ဗယ်လာဒိုးလစ် နောက်ခံကစားသမား ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိထာထိပ် ဘယ်အစွန်မှာ ရှိနေတဲ့ အဲလက်စ် ဘေနာက ရယူပြီး အားပါပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းယူသွားခဲ့ပါတယ်။

အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အဝေးကွင်းပွဲစဉ်မှာ အထင်ကြီးဖွယ် ခြေစွမ်းနဲ့ တန်းတက် ဗယ်လာဒိုးလစ်ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: စေနေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗယ္လာဒိုးလစ္နဲ႔ ဗီလာရီးရဲလ္တို႔ရဲ႕ ပြဲစဥ္မွာ ဧည့္သည္ အဝါေရာင္ေရငုပ္တပ္သားေတြက ၃-၀ နဲ႔ အႏိုင္ရရွိၿပီး ရာသီအဖြင့္ပြဲစဥ္အၿပီးမွာပဲ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဗီလာရီးရဲလ္အသင္းဟာ ပထမပိုင္းမွာ ေျခကုန္မထုတ္ေသးဘဲ အိမ္ရွင္ ဗယ္လာဒိုးလစ္အသင္းကို အခြင့္အေရးေတြ ေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းေရာက္မွ မီးကုန္ယမ္းကုန္ ကစားျပၿပီး အႏိုင္ ၃ မွတ္ကို ထိုက္ထိုက္တန္တန္ ရယူသြားခဲ့တာျဖစ္ပါတယ္။

နီကိုလတ္စ္ ဂ်က္ခ္ဆင္နဲ႔ အဲလက္စ္ ေဘနာတို႔က ဗီလာရီးရဲလ္အသင္းအတြက္ အႏိုင္ဂိုးေတြကို သြင္းယူေပးသြားခဲ့ၾကၿပီး အိမ္ရွင္ ဗယ္လာဒိုးလစ္ဟာ ဆီဂန္ဒါ ဒုတိယတန္းမွာ မဟုတ္ေတာ့ဘူးဆိုတာကို သတိရသြားခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၄ မိနစ္အၾကာမွာ ယယ္ရမီ ပီႏိုရဲ႕ ညာေတာင္ပံကေန ထိုးေဖာက္လာၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို နီကိုလတ္စ္ ဂ်က္ခ္ဆင္က ပိတ္သြင္းယူၿပီး ဗီလာရီးရဲလ္တို႔ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ၾကတာျဖစ္ပါတယ္။

ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ ရီးရဲလ္ ဗယ္လာဒိုးလစ္က လူစားလဲလွယ္မႈ အမ်ားအျပား ျပဳလုပ္ခဲ့ၿပီး တိုက္စစ္ကို အရွိန္ျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့သလို ဗီလာရီးရဲလ္ကလည္း မိနစ္ ၆၀ ေက်ာ္မွာ ကစားသမား ၃ ဦးအထိ အေျပာင္းအလဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

၈၁ မိနစ္မွာ ဆမ္ျမဴရယ္ ခြၽတ္ကြီဇီက ညာေတာင္ပံကေန အတြင္းကို ဆြဲေျပးလာၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို အဲလက္စ္ ေဘနာက ပင္နယ္တီဧရိယာထိပ္ကေန ညာေျခနဲ႔ ေျမလွိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့ၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ရရွိခဲ့ပါတယ္။

ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဗယ္လာဒိုးလစ္ ေနာက္ခံကစားသမား ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိထာထိပ္ ဘယ္အစြန္မွာ ရွိေနတဲ့ အဲလက္စ္ ေဘနာက ရယူၿပီး အားပါျပင္းထန္တဲ့ အေဝးကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းယူသြားခဲ့ပါတယ္။

အူႏိုင္း အမ္မရီရဲ႕ ဗီလာရီးရဲလ္အသင္းဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ အေဝးကြင္းပြဲစဥ္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းနဲ႔ တန္းတက္ ဗယ္လာဒိုးလစ္ကို အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့ၿပီး လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.