Analysis Premier League

ဟားလန်းနဲ့ ကြွားစမ်းလို့ ဘုန်းမောက်နဲ့ပွဲမှာ မန်စီးတီးဖန်တွေ ဂုဏ်ခံဦးမှာလား

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာ အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းသူတွေက ဆိုခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ တစ်ဖက်က အိမ်ရှင်အသင်းရဲ့ အတားအဆီး မှန်သမျှကို တိုက်စစ်မှူးသစ် အာလင်း ဟားလန်းက လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စီးတီးတို့ High Positioning နဲ့ ဘောလုံးကိုင် ဖိကစားမှာကြောင့် ဂျားရော့ဒ် ဘိုဝင် ဦးဆောင်တဲ့ ဝက်စ်ဟမ်းတိုက်စစ်က ထိုးနှက်ခွင့်ရမယ်ဆိုတာကလည်း ရူဘင် ဒီယက်စ်နဲ့ နာသန် အာကေတို့ ဦးဆောင်တဲ့ ခံစစ်ကြောင်းကြောင့် တစ်ဝက်သာ မှန်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကထက် တိုးတက်လာတဲ့ ခံစစ်က ဂိုးသမား အီဒါဆန်ကို ခြင်ကိုက်စေနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ကစားပုံကို ခပ်လွယ်လွယ် ခပ်ကြမ်းကြမ်းပဲ သုံးသပ်ရရင် ဂိုးရဖို့အတွက် ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားနဲ့ ဟားလန်းတို့ကသာ အဓိက ဖြစ်ကြပြီး ကျန်တဲ့သူတွေက တစ်ဖက်အသင်းကို အာရုံများ ဟန်ချက်ပျက်အောင် လျှောက်လုပ်နေကြတာလို့ ဆိုရမလိုဖြစ်နေခဲ့သလို တကယ်တမ်းမှာ တောင်းဆိုမှု ကြီးမားတဲ့
နည်းပြ ဂွါဒီယိုလာအနေနဲ့ ဂရီးလစ်ရှ်၊ ဖိုဒန်တို့ဆီက လိုချင်တာတွေ ရှိနေနိုင်ပေမယ့် သူတို့မပါလည်း အလုပ်ဖြစ်နေခဲ့တာပါ။

ဒါက စီးတီးနဲ့ ဂွါဒီယိုလာတို့ ကြုံနေရတဲ့ အားသာချက်နဲ့ အားနည်းချက်တွေဖြစ်သလို ဂရီးလစ်ရှ်၊ မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗားတို့ဟာ သူတို့ကို တောင်းဆိုထားတဲ့ Demands တွေဆီ မရောက်နိုင်သေးဘဲ အလုပ်မဖြစ်သလို လက်ရှိမှာ ကွင်းလယ်သုံးယောက်ဖြစ်တဲ့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားနဲ့ ရှေ့က ဟားလန်းတို့ရဲ့ ဗဟိုအားပြု တိုက်ရိုက်ချိတ်ဆက်မှုတွေကသာ ရွှေဖြစ်နေခဲ့စေတာဖြစ်ပါတယ်။

မာရက်ဇ်ကို အရန်ခုံထိုင်ခိုင်းပြီး ဖိုဒန်ရဲ့ ငယ်ဂုဏ်နဲ့ လျင်မြန်မှုတွေကို အသုံးချနိုင်ရင် တိုက်စစ်က ပိုသွက်လာနိုင်ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ် မပါဘဲ အူကြောင်ကြောင် လုပ်လို့ မရနိုင်တာက လီဗာပူးလ်နဲ့ပွဲမှာ ကလေးတွေလို ဖြစ်သွားခဲ့တာကို ကြည့်ရင် သိနိုင်သလို ထိန်းချုပ်ကွပ်ကဲပေးနိုင်မယ့် ခြေစွမ်းမျိုးက လူသစ် ကယ်လ်ဗင် ဖိလစ်ဆီကရော ရနိုင်မလားပဲ စောင့်ကြည့်ရမှာပါ။

ဘုန်းမောက်တို့ကတော့ အဖွင့်အိမ်ကွင်းပွဲစဉ်မှာ ဗီလာကို နှိပ်လိုက်တာက သူတို့စွမ်းလွန်းလို့တင် မဟုတ်ဘဲ စတီဗင် ဂျရတ်တို့ အဖွဲ့ရဲ့ ယောင်ဝါးဝါး ခြေပျက်မှုက ၅၀ ရာခိုင်နှုန်းအထက်မှာ ပါဝင်နေခဲ့သလို ဒီနိုင်ပွဲက သူတို့ ဖြတ်သန်းရမယ့် ဩဂုတ်လအတွက် နှစ်သိမ့်ဆု သုံးမှတ်ဖြစ်တယ်လို့ ဆိုရမလို ဖြစ်နေခဲ့ပြီး ဒီလထဲ လက်ကျန်လေးပွဲဖြစ်တဲ့ စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဝုလ်ဗ်စ်တို့နဲ့အတွေ့မှာ တစ်မှတ်ထပ်ရရင် ကံကောင်းလွန်းနေမှာဖြစ်ပါတယ်။

ချယ်ရီတွေအနေနဲ့ လာမယ့်စနေနေ့ည ပွဲစဉ်မှာ ရှုံးမယ့်ပွဲအတွက် အေးအေးဆေးအေး ဧည့်သည်လာလုပ်ဖို့ပဲများနေပြီး ကျွမ်းကျင်သူတွေ တော်တော်များများက သုံးဂိုးနဲ့အထက် ခန့်မှန်းထားကြသလို ဂိုးပြန်မသွင်းနိုင်ဘဲ အိမ်ရှင် မန်စီးတီးတို့အတွက် နောက်ထပ် Clean Sheet တစ်ပွဲကို ပိုင်ဆိုင်ဖို့ ရှိနေတယ်လို့ပါ ခန့်မှန်းထားကြတာပါ။

မန်စီးတီးပရိသတ်တွေအတွက်ကတော့ ဒီလထဲက ပွဲစဉ် ၅ ပွဲမှာ ၁၅ မှတ်အပြည့် စုဆောင်းနိုင်ဖို့ သေချာသလောက် အပိုင်တွက်ထားကြပြီး ဒီ ၅ ပွဲအပြီးမှာ ဟားလန်းရဲ့ သွင်းဂိုးတွေကတော့ တစ်ပွဲကို နှစ်ဂိုးပျမ်းမျှ ရရှိနိုင်မလားဆိုတာကို လာမယ့် ဘုန်းမောက်၊ နယူးကာဆယ်လ်၊ ပဲလေ့စ်၊ ဖောရက်စ်တို့နဲ့ ၄ ပွဲမှာ စတင်ရေတွက်ကြရမှာဖြစ်ပါတယ်။

ဒီ ၄ ပွဲမှာ နယူးကာဆယ်လ်နဲ့ အဝေးကွင်းပွဲကလွဲလို့ နော်ဝေသားကို ရပ်တန့်ဖို့ မဖြစ်နိုင်တာကြောင့် ဩဂုတ်လကုန်မှာ ၁၀ ဂိုးအထိ ရရှိသွားမလားဆိုတာ ဟက်ထရစ်လောက်တောင် ဖြစ်လာနိုင်တဲ့ ဘုန်းမောက်ပွဲကနေ စတင်စောင့်ကြည့်ရမှာဖြစ်ပြီး အနည်းဆုံးတော့ အစ်တီဟတ်မှာ ကစားမယ့်ပွဲကို စီးတီးပရိသတ်တွေ ဟားလန်းနဲ့ ကြွားစမ်းလို့ပဲ လက်ခုပ်တီးပေးရနိုင်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲမွာ အႏိုင္ရဖို႔ ခက္ခဲလိမ့္မယ္လို႔ ခန႔္မွန္းသူေတြက ဆိုခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ တစ္ဖက္က အိမ္ရွင္အသင္းရဲ႕ အတားအဆီး မွန္သမွ်ကို တိုက္စစ္မႉးသစ္ အာလင္း ဟားလန္းက လြယ္ကူေအာင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ပဲ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ စီးတီးတို႔ High Positioning နဲ႔ ေဘာလုံးကိုင္ ဖိကစားမွာေၾကာင့္ ဂ်ားေရာ့ဒ္ ဘိုဝင္ ဦးေဆာင္တဲ့ ဝက္စ္ဟမ္းတိုက္စစ္က ထိုးႏွက္ခြင့္ရမယ္ဆိုတာကလည္း ႐ူဘင္ ဒီယက္စ္နဲ႔ နာသန္ အာေကတို႔ ဦးေဆာင္တဲ့ ခံစစ္ေၾကာင္းေၾကာင့္ တစ္ဝက္သာ မွန္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီကထက္ တိုးတက္လာတဲ့ ခံစစ္က ဂိုးသမား အီဒါဆန္ကို ျခင္ကိုက္ေစႏိုင္ခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ ကစားပုံကို ခပ္လြယ္လြယ္ ခပ္ၾကမ္းၾကမ္းပဲ သုံးသပ္ရရင္ ဂိုးရဖို႔အတြက္ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနားနဲ႔ ဟားလန္းတို႔ကသာ အဓိက ျဖစ္ၾကၿပီး က်န္တဲ့သူေတြက တစ္ဖက္အသင္းကို အာ႐ုံမ်ား ဟန္ခ်က္ပ်က္ေအာင္ ေလွ်ာက္လုပ္ေနၾကတာလို႔ ဆိုရမလိုျဖစ္ေနခဲ့သလို တကယ္တမ္းမွာ ေတာင္းဆိုမႈ ႀကီးမားတဲ့
နည္းျပ ဂြါဒီယိုလာအေနနဲ႔ ဂရီးလစ္ရွ္၊ ဖိုဒန္တို႔ဆီက လိုခ်င္တာေတြ ရွိေနႏိုင္ေပမယ့္ သူတို႔မပါလည္း အလုပ္ျဖစ္ေနခဲ့တာပါ။

ဒါက စီးတီးနဲ႔ ဂြါဒီယိုလာတို႔ ႀကဳံေနရတဲ့ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြျဖစ္သလို ဂရီးလစ္ရွ္၊ မာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗားတို႔ဟာ သူတို႔ကို ေတာင္းဆိုထားတဲ့ Demands ေတြဆီ မေရာက္ႏိုင္ေသးဘဲ အလုပ္မျဖစ္သလို လက္ရွိမွာ ကြင္းလယ္သုံးေယာက္ျဖစ္တဲ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနားနဲ႔ ေရွ႕က ဟားလန္းတို႔ရဲ႕ ဗဟိုအားျပဳ တိုက္႐ိုက္ခ်ိတ္ဆက္မႈေတြကသာ ေ႐ႊျဖစ္ေနခဲ့ေစတာျဖစ္ပါတယ္။

မာရက္ဇ္ကို အရန္ခုံထိုင္ခိုင္းၿပီး ဖိုဒန္ရဲ႕ ငယ္ဂုဏ္နဲ႔ လ်င္ျမန္မႈေတြကို အသုံးခ်ႏိုင္ရင္ တိုက္စစ္က ပိုသြက္လာႏိုင္ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္ မပါဘဲ အူေၾကာင္ေၾကာင္ လုပ္လို႔ မရႏိုင္တာက လီဗာပူးလ္နဲ႔ပြဲမွာ ကေလးေတြလို ျဖစ္သြားခဲ့တာကို ၾကည့္ရင္ သိႏိုင္သလို ထိန္းခ်ဳပ္ကြပ္ကဲေပးႏိုင္မယ့္ ေျခစြမ္းမ်ိဳးက လူသစ္ ကယ္လ္ဗင္ ဖိလစ္ဆီကေရာ ရႏိုင္မလားပဲ ေစာင့္ၾကည့္ရမွာပါ။

ဘုန္းေမာက္တို႔ကေတာ့ အဖြင့္အိမ္ကြင္းပြဲစဥ္မွာ ဗီလာကို ႏွိပ္လိုက္တာက သူတို႔စြမ္းလြန္းလို႔တင္ မဟုတ္ဘဲ စတီဗင္ ဂ်ရတ္တို႔ အဖြဲ႕ရဲ႕ ေယာင္ဝါးဝါး ေျခပ်က္မႈက ၅၀ ရာခိုင္ႏႈန္းအထက္မွာ ပါဝင္ေနခဲ့သလို ဒီႏိုင္ပြဲက သူတို႔ ျဖတ္သန္းရမယ့္ ဩဂုတ္လအတြက္ ႏွစ္သိမ့္ဆု သုံးမွတ္ျဖစ္တယ္လို႔ ဆိုရမလို ျဖစ္ေနခဲ့ၿပီး ဒီလထဲ လက္က်န္ေလးပြဲျဖစ္တဲ့ စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္၊ ဝုလ္ဗ္စ္တို႔နဲ႔အေတြ႕မွာ တစ္မွတ္ထပ္ရရင္ ကံေကာင္းလြန္းေနမွာျဖစ္ပါတယ္။

ခ်ယ္ရီေတြအေနနဲ႔ လာမယ့္စေနေန႔ည ပြဲစဥ္မွာ ရႈံးမယ့္ပြဲအတြက္ ေအးေအးေဆးေအး ဧည့္သည္လာလုပ္ဖို႔ပဲမ်ားေနၿပီး ကြၽမ္းက်င္သူေတြ ေတာ္ေတာ္မ်ားမ်ားက သုံးဂိုးနဲ႔အထက္ ခန႔္မွန္းထားၾကသလို ဂိုးျပန္မသြင္းႏိုင္ဘဲ အိမ္ရွင္ မန္စီးတီးတို႔အတြက္ ေနာက္ထပ္ Clean Sheet တစ္ပြဲကို ပိုင္ဆိုင္ဖို႔ ရွိေနတယ္လို႔ပါ ခန႔္မွန္းထားၾကတာပါ။

မန္စီးတီးပရိသတ္ေတြအတြက္ကေတာ့ ဒီလထဲက ပြဲစဥ္ ၅ ပြဲမွာ ၁၅ မွတ္အျပည့္ စုေဆာင္းႏိုင္ဖို႔ ေသခ်ာသေလာက္ အပိုင္တြက္ထားၾကၿပီး ဒီ ၅ ပြဲအၿပီးမွာ ဟားလန္းရဲ႕ သြင္းဂိုးေတြကေတာ့ တစ္ပြဲကို ႏွစ္ဂိုးပ်မ္းမွ် ရရွိႏိုင္မလားဆိုတာကို လာမယ့္ ဘုန္းေမာက္၊ နယူးကာဆယ္လ္၊ ပဲေလ့စ္၊ ေဖာရက္စ္တို႔နဲ႔ ၄ ပြဲမွာ စတင္ေရတြက္ၾကရမွာျဖစ္ပါတယ္။

ဒီ ၄ ပြဲမွာ နယူးကာဆယ္လ္နဲ႔ အေဝးကြင္းပြဲကလြဲလို႔ ေနာ္ေဝသားကို ရပ္တန႔္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ဩဂုတ္လကုန္မွာ ၁၀ ဂိုးအထိ ရရွိသြားမလားဆိုတာ ဟက္ထရစ္ေလာက္ေတာင္ ျဖစ္လာႏိုင္တဲ့ ဘုန္းေမာက္ပြဲကေန စတင္ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အနည္းဆုံးေတာ့ အစ္တီဟတ္မွာ ကစားမယ့္ပြဲကို စီးတီးပရိသတ္ေတြ ဟားလန္းနဲ႔ ႂကြားစမ္းလို႔ပဲ လက္ခုပ္တီးေပးရႏိုင္ေၾကာင္း ခန႔္မွန္းလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.