La Liga Premier League Transfer News

အာဆင်နယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ ဘာစီလိုနာ

အာဆင်နယ် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ကတ်တလန် ထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်လာလီဂါအသင်းဟာ ချဲလ်ဆီးနောက်ခံကစားသမား အက်ဇ်ပီလီကွေတာကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့ပေမယ့် စပိန်ဝါရင့်နောက်ခံကစားသမားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေဖို့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဇာဗီရဲ့ အသင်းဟာ အခြား ရွေးချယ်စရာတွေကို ရှာဖွေနေတာဖြစ်ပြီး Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လာရင်ဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ၎င်းရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အတွက် အာဆင်နယ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ ကစားသမားဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ် ဘက်တစ်အသင်းကို အငှားချခြင်း ခံခဲ့ရပေမယ့်လည်း အသင်းကို လာလီဂါမှာ အဆင့် ၅ နေရာ ရရှိအောင်နဲ့ ကိုပါဒယ်ရေးဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် မယုံနိုင်ဖွယ် ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်နောက်ခံကစားသမားဟာ ယခုနွေရာသီမှာ ပယ်လီဂရီနီရဲ့ အသင်းကို ပြန်သွားချင်နေတယ်လို့ ယုံကြည်ရပေမယ့်လည်း ရီးရဲလ် ဘက်တစ်အသင်းဟာ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေမှုကြောင့် ၂၀၂၂-၂၀၂၃ လာလီဂါရာသီမစတင်မီ ရက်ပိုင်းအလိုအထိ ကစားသမားအများအပြားကို စာရင်းသွင်းနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းကနေ ဟက်တာ ဘယ်လာရင်ကို ပြန်လည်ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးလည်း မရှိတာဖြစ်ပေမယ့် လာလီဂါကလပ်အသင်းဟာ စပိန်နောက်ခံလူကို ခေါ်ယူနိုင်ဖို့အတွက် လက်မှတ်ဈေးနှုန်းကို ပြောင်းလဲဖို့ သို့မဟုတ် ဝီလီယံ ဟိုဆေးကို ရောင်းထုတ်သွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ဘယ်လာရင်ရဲ့ ကိုယ်စားလှယ်တွေဟာ စပိန်နောက်ခံကစားသမားကို ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ကတ်တလန် ထိပ်သီးအသင်းကြီးဟာ ဒန်နီ အဲဗက်စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အတွေ့အကြုံရှိတဲ့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ရာသီက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကြောင့် ဇာဗီရဲ့ လူစာရင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာမှာဖြစ်ပြီး ၎င်းရဲ့ မိသားစုတွေကလည်း ဘာစီလိုနာမြို့နဲ့ အကျွမ်းတဝင်ရှိပြီးသားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:အာဆင္နယ္ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ဟာ ကတ္တလန္ ထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘာစီလိုနာရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပိန္လာလီဂါအသင္းဟာ ခ်ဲလ္ဆီးေနာက္ခံကစားသမား အက္ဇ္ပီလီေကြတာကို ေခၚယူဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚခဲ့ေပမယ့္ စပိန္ဝါရင့္ေနာက္ခံကစားသမားဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ စာခ်ဳပ္သက္တမ္းတိုးၿပီး ဆက္ေနဖို႔သာ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဇာဗီရဲ႕ အသင္းဟာ အျခား ေ႐ြးခ်ယ္စရာေတြကို ရွာေဖြေနတာျဖစ္ၿပီး Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ကို ေခၚယူႏိုင္မယ့္ အခြင့္အေရး ကမ္းလွမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘယ္လာရင္ဟာ ၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မယ့္ ၎ရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔အတြက္ အာဆင္နယ္နဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနတဲ့ ကစားသမားျဖစ္ပါတယ္။ ဘယ္လာရင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္ ဘက္တစ္အသင္းကို အငွားခ်ျခင္း ခံခဲ့ရေပမယ့္လည္း အသင္းကို လာလီဂါမွာ အဆင့္ ၅ ေနရာ ရရွိေအာင္နဲ႔ ကိုပါဒယ္ေရးဖလား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ မယုံႏိုင္ဖြယ္ ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။

စပိန္ေနာက္ခံကစားသမားဟာ ယခုေႏြရာသီမွာ ပယ္လီဂရီနီရဲ႕ အသင္းကို ျပန္သြားခ်င္ေနတယ္လို႔ ယုံၾကည္ရေပမယ့္လည္း ရီးရဲလ္ ဘက္တစ္အသင္းဟာ ဘ႑ာေရးအေျခအေန ဆိုး႐ြားေနမႈေၾကာင့္ ၂၀၂၂-၂၀၂၃ လာလီဂါရာသီမစတင္မီ ရက္ပိုင္းအလိုအထိ ကစားသမားအမ်ားအျပားကို စာရင္းသြင္းႏိုင္ျခင္းမရွိေသးတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းကေန ဟက္တာ ဘယ္လာရင္ကို ျပန္လည္ေခၚယူဖို႔ လိုအပ္တဲ့ ေငြေၾကးလည္း မရွိတာျဖစ္ေပမယ့္ လာလီဂါကလပ္အသင္းဟာ စပိန္ေနာက္ခံလူကို ေခၚယူႏိုင္ဖို႔အတြက္ လက္မွတ္ေဈးႏႈန္းကို ေျပာင္းလဲဖို႔ သို႔မဟုတ္ ဝီလီယံ ဟိုေဆးကို ေရာင္းထုတ္သြားဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ လက္ရွိမွာ ဘယ္လာရင္ရဲ႕ ကိုယ္စားလွယ္ေတြဟာ စပိန္ေနာက္ခံကစားသမားကို ဘာစီလိုနာအသင္းဆီ ကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ ဒန္နီ အဲဗက္စ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အေတြ႕အႀကဳံရွိတဲ့ ညာေနာက္ခံလူတစ္ဦးကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ဘယ္လာရင္ဟာ ၿပီးခဲ့တဲ့ရာသီက တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဇာဗီရဲ႕ လူစာရင္းအတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈ ျဖစ္လာမွာျဖစ္ၿပီး ၎ရဲ႕ မိသားစုေတြကလည္း ဘာစီလိုနာၿမိဳ႕နဲ႔ အကြၽမ္းတဝင္ရွိၿပီးသားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.