La Liga Premier League

အောင်မြင်မှုတွေများစွာ ရယူပေးခဲ့တဲ့ ရော်နယ်လ်ဒိုအပေါ် ရင့်ရင့်သီးသီး ပြောလိုက်တဲ့ ပီးရက်ဇ်

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဖ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူမယ့်သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းးပယ်သွားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမကုန်ဆုံးမီ စွန့်ခွာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ချဲလ်ဆီး၊ အက်သလက်တီကို မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့အပါအဝင် အသင်းအများအပြားဟာ ယခုနွေရာသီအစောပိုင်းမှာ ရော်နယ်လ်ဒိုနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် အားလုံးက ဘလွန်ဒေါ ၅ ဆုရှင်ကို စိတ်ဝင်စားခြင်းမရှိဘဲ အေးတိအေးစက်ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ ရွေးချယ်စရာမရှိ ဖြစ်နေပုံပေါ်တာကြောင့် ပရိသတ်တွေဟာ ရော်နယ်လ်ဒိုအနေနဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကိုများ ပြန်လည် ပြောင်းရွှေ့မလားလို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မက်ဒရစ်က တောက်ပတဲ့ ကစားသမားဘဝအတွင်း ၄၃၈ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၅၀ အထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဘာနေဗျူးမှာရှိနေခဲ့တဲ့ ၉ နှစ်အတွင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဥက္ကဌဖြစ်တဲ့ ပီးရက်ဇ်က ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါင်သန်း ၈၀ နဲ့ ခေါ်ယူခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ကို နောက်ထပ်တစ်ကြိမ် ပြန်လည်ခေါ်ယူမယ့်သတင်းတွေကို အပြတ်ငြင်းခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက ရီးရဲလ်မက်ဒရစ်ဥက္ကဌကို ၎င်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းခဲ့ရာမှာ ပီးရက်ဇ်က “ခရစ္စတီယာနိုကို ခေါ်ရမယ်ဟုတ်လား။ နောက်ထပ်တစ်ကြိမ်လား။ သူက အသက် ၃၈ နှစ်ရှိနေပြီ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လမှာ အပြောင်းအရွှေ့ ပြုလုပ်ခွင့် တောင်းခံခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြိုပွဲစဉ်အားလုံးနီးပါးကို လွဲချော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေသာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဖ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူမယ့္သတင္းေတြကို ျပတ္ျပတ္သားသား ျငင္းးပယ္သြားခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ကစားႏိုင္ဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမကုန္ဆုံးမီ စြန႔္ခြာဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီး၊ အက္သလက္တီကို မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္တို႔အပါအဝင္ အသင္းအမ်ားအျပားဟာ ယခုေႏြရာသီအေစာပိုင္းမွာ ေရာ္နယ္လ္ဒိုနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ အားလုံးက ဘလြန္ေဒါ ၅ ဆုရွင္ကို စိတ္ဝင္စားျခင္းမရွိဘဲ ေအးတိေအးစက္ျဖစ္ေနခဲ့ၾကတာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးအေနနဲ႔ ေ႐ြးခ်ယ္စရာမရွိ ျဖစ္ေနပုံေပၚတာေၾကာင့္ ပရိသတ္ေတြဟာ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းေဟာင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကိုမ်ား ျပန္လည္ ေျပာင္းေ႐ႊ႕မလားလို႔ ေမွ်ာ္မွန္းခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မက္ဒရစ္က ေတာက္ပတဲ့ ကစားသမားဘဝအတြင္း ၄၃၈ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၅၀ အထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ဘာေနဗ်ဴးမွာရွိေနခဲ့တဲ့ ၉ ႏွစ္အတြင္း ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဥကၠဌျဖစ္တဲ့ ပီးရက္ဇ္က ၂၀၀၉ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေပါင္သန္း ၈၀ နဲ႔ ေခၚယူခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္ကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ေခၚယူမယ့္သတင္းေတြကို အျပတ္ျငင္းခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြက ရီးရဲလ္မက္ဒရစ္ဥကၠဌကို ၎အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ကို ေခၚယူဖို႔ အစီအစဥ္ရွိလားလို႔ ေမးျမန္းခဲ့ရာမွာ ပီးရက္ဇ္က “ခရစၥတီယာႏိုကို ေခၚရမယ္ဟုတ္လား။ ေနာက္ထပ္တစ္ႀကိမ္လား။ သူက အသက္ ၃၈ ႏွစ္ရွိေနၿပီ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လမွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခြင့္ ေတာင္းခံခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီႀကိဳပြဲစဥ္အားလုံးနီးပါးကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဘ႐ိုက္တန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံကေနသာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.