Premier League

အားလုံးမုန်းတဲ့ မြောက်လန်ဒန် အမြောက်တပ်မှူး(သို့) ဘီလူးမျက်နှာဖုံးထဲက လူမသိအောင် ကျတဲ့မျက်ရည်

အာဆင်နယ်ကွင်းလယ်ကစားသမား ချာကာဟာ အသင်းပရိသတ်တွေအပါအဝင် အင်္ဂလိပ်ဘောလုံးလောကမှာ ဝေဖန်ပြစ်တင်အခံရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် All or Nothing မှတ်တမ်းရုပ်ရှင်အရ ၎င်းဟာ နားလည်မှုအလွဲခံရဆုံးကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်မှာ အာဆင်နယ်ကို စတင်ပြောင်းရွှေ့လာကတည်းက ပရိသတ်တွေကို ၂ ခြမ်းကွဲစေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီအပါအဝင် အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ ၅ နှစ်အတွင်း အနီကတ် ၅ ကတ်အထိ ပြသခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချာကာက Amazon Prime ဗီဒီယို ကင်မရာရှေ့မှာ တင်ဆက်ဖို့ အခွင့်အရေး ရရှိချိန်မှာ ပရိသတ်တွေ ပုံမှန်မြင်နေကျမဟုတ်တဲ့ မတူညီတဲ့ အခြားဘက်တစ်ခုကို ပြသခဲ့တာဖြစ်ပါတယ်။

“လူတွေက ဘောလုံးပွဲစဉ်ကြောင့် ကျွန်တော့်ကို အရမ်း ရန်လိုတယ်လို့ ထင်ကြတယ်။ ခင်ဗျား ကျွန်တော်တို့ကို မိနစ် ၉၀ အတွင်းပဲ ကွင်းထဲမှာ မြင်တွေ့ရတာပါ။ ခင်ဗျားကို ချစ်တဲ့သူတွေလည်းရှိမယ်၊ မချစ်တဲ့သူတွေလည်း ရှိမယ်။ သူတို့တွေက ခင်ဗျားကို ပြစ်တင်ဝေဖန်ကြတယ်။ မကောင်းသတင်းတွေ ရေးကြတယ်။ အဲဒါက အရမ်းခက်ခဲပါတယ်။ လူတွေထင်တာက ဘောလုံးသမားတွေဆိုတာ ပြိုင်ကားတွေ၊ စံအိမ်တွေ၊ ပိုက်ဆံတွေ ဒီလို ဟာတွေချည်းပဲလို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကလေးဘဝ ဘောလုံးစကစားတဲ့အချိန်တုန်းက ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငွေကြေးကြောင့် ဘောလုံးကစားခဲ့တာမဟုတ်ပါဘူး”

“ခင်ဗျား ဘောလုံးကို ချစ်လို့သာ ဘောလုံး စကစားခဲ့တာပါ။ လူတွေက ကျွန်တော်တို့တွေဟာလည်း လူသားတွေပဲဆိုတာကို မေ့လျော့နေကြတယ်။ ဒီမှာက မိသားစုလိုဖြစ်နေကြပြီး ခက်ခဲတဲ့အချိန်တွေကို အတူတကွ ဖြတ်သန်းနေကြတာပါ”လို့ ချာကာက ယနေ့စတင်ထုတ်လွှင့်မယ့် စီးရီးရဲ့နောက်အဆက်အတွဲမှာ ရှင်းပြခဲ့ပါတယ်။ ချာကာရဲ့ အကောင့်မှာ ၂၀၁၆-၂၀၁၇ ရာသီ ပွဲဦးထွက်ပွဲစဉ်ကတည်းကစပြီး ၅ ကြိမ်မြောက် အနီကတ် ရရှိခဲ့စေတဲ့ ပွဲစဉ်အတွက် စိတ်ဆန္ဒပြင်းပြမှုကို ပြသခဲ့ပြီး ဒီကာလအတွင်း ပရီးမီးယားလိဂ်က ဘယ်ကစားသမားကမှ ဆွစ်ဇာလန်ကြယ်ပွင့်ထက် တိုက်ရိုက်ထုတ်ပယ်ခံခဲ့ရခြင်း မရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် နှစ်သက်တဲ့ဟာကို ကျွန်တော် လုပ်နေတာပါ”လို့ ချာကာက အာဆင်နယ်အတွက် ၎င်းရဲ့ ကွင်းလယ်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ချာကာဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ဘန်လေကစားသမား အက်ရှ်လေ ဝက်စ်ဝုဒ်ရဲ့ လည်မျိုကို လက်နဲ့ ညှစ်ခဲ့တဲ့ ရူးမိုက်တဲ့ အခိုက်အတန့်က လွဲရင် ကျန်တဲ့ အနီကတ်တွေဟာ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုတွေကြောင့် ပြသခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ချာကာက ဖျက်ထုတ်မှုတစ်ခု ပြုလုပ်ဖို့ သို့မဟုတ် ရှောင်ထွက်ဖို့ ချိန်ဆတဲ့နေရာမှာ ရုန်းကန်ခဲ့ရတဲ့အကြောင်း ရှင်းပြခဲ့ပြီး ၎င်းရဲ့ ဆုံးဖြတ်ချက် ချမှတ်မှုကို တိုးတက်အောင် လုပ်ရမယ်ဆိုတာကို သိရှိနေပေမယ့် ၎င်းရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်တဲ့ နှစ်မြှုပ်ပေးဆပ်ခြင်းက အဲဒီလို ဖြစ်စေတဲ့အကြောင်းအရင်းဖြစ်တယ်လို့ အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်က ကျွန်တော်ပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီနေ့ကနေ မနက်ဖြန်အတွင်း ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဟုတ်တာပေါ့။ ကျွန်တော် တိုးတက်ဖို့ လိုတယ်။ ကျွန်တော် တိုးတက်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ချာကာက ယခုနှစ် အစောပိုင်းတုန်းက Sky Sports ကို ပြောကြားခဲ့ပါတယ်။ ချာကာရဲ့ အာဆင်နယ်ကစားသမားဘဝကို အငြင်းပွာစရာဖြစ်စေတာက အနီကတ်တစ်ခုတည်းသာ မဟုတ်ဘဲ ၂၀၁၉ ခုနှစ်တုန်းက ပဲလေ့စ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ကွင်းထဲနေ ဒေါသတကြီး ထွက်ခွာရင်း ပရိသတ်တွေကို သောက်ပါးစပ်ပိတ်ထားလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စကြောင့်ပဲ အဲဒီအချိန်က နည်းပြ အူနိုင်း အမ်မရီက ချာကာရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဖယ်ရှားခဲ့ပြီး အပြစ်ပေးတဲ့အနေနဲ့ ပွဲနေ့လူစာရင်းကနေ အပြီးတိုင် ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ချာကာက နည်းပြ အာတီတာလက်ထက်မှာ ရှေ့ဆောင်လမ်းပြတစ်ယောက်အနေနဲ့ လုပ်ဆောင်နေတဲ့ ၎င်းရဲ့ အခန်းကဏ္ဍကို All or Nothing စီးရီးထဲမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး လူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ အရမ်းငယ်ရွယ်တဲ့အသင်းရှိပါတယ်။ ကျွန်တော်တို့လို အတွေ့အကြုံရှိတဲ့ကစားသမားတွေရဲ့ အလုပ်က သူတို့ကို အကြံတွေ အများကြီးပေးဖို့နဲ့ လွယ်လွယ်နဲ့ မရဘူးဆိုတာ ပြောဖို့ပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား အလုပ်အများကြီး လုပ်ဖို့လိုလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချာကာဟာ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အန်ဒီ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးပမ်းရင် ဂျိုတာရဲ့ ရင်ဘတ်ကို မတော်တဆ ကန်မိခဲ့ပြီး ဆွစ်ဇာလန်ကွင်းလယ်ကစားသမားအနေနဲ့ နည်းပြ အာတီတာလုပ်ဖို့ ပြောတဲ့အတိုင်း လုပ်ခဲ့တာဖြစ်ပါတယ်။

Amazon Prime ကင်မရာက အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် စိတ်ပျက်လက်ပျက်ပုံစံနဲ့ ချာကာ အဝတ်လဲခန်းထဲ ပြန်လာပြီး ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီးနောက် နံရံကို နဖူးနဲ့မှီထားတာကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ချာကာဟာ ပထမပိုင်းပွဲပြီး ဝီစီမှုတ်ချိန်မှာ အဝတ်လဲခန်းရဲ့ ထောင့်က ၎င်းရဲ့ နေရာမှာ ခြေပစ်လက်ပစ် ထိုင်ချခဲ့တာကို တွေ့ရပြီး ပွဲချိန်တလျှောက်လုံးနဲ့ ပွဲအပြီးအထိ ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်တွေဟာ အနီကတ်အတွက် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် အာဆင်နယ်အသင်းသားတွေနဲ့ နည်းပြအာတီတာတို့က ချာကာရဲ့ ဖြစ်စဉ်ကို နားလည်မှုရှိရှိနဲ့ ရေငုံနှုတ်ပိတ်နေခဲ့တာဖြစ်ပါတယ်။

အာတီတာက ၎င်းရဲ့ ကစားသမားတွေကို ဒုတိယပိုင်းမှာ ထိန်းကစားကြဖို့ တိုက်တွန်းခဲ့ပြီးနောက် မပျော်မရွှင်ဖြစ်နေတဲ့ ချာကာကို ပွေ့ဖက်အားပေးခဲ့တာကို မြင်တွေ့ရပါတယ်။ အာဆင်နယ်အသင်းဟာ အလွန်ကောင်းမွန်တဲ့ ခံစစ်ကစားပုံနဲ့အတူ ထိန်းကစားနိုင်ခဲ့ပြီး ပွဲအပြီး အဝတ်လဲခန်းထဲကို ပြန်လာတဲ့အချိန်မှာ နည်းပြ အာတီတာက နောက်ထပ်တစ်ကြိမ် အသင်းသားတွေကို စကားပြောခဲ့ပြီး အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရမှုကိုလည်း ရှင်းလင်းခဲ့ပါတယ်။

“အသင်းဖော်က နောက်ဆုံး စည်းမှာ တစ်စုံတရာလုပ်ရမယ့်အချိန်မှာ ရှိနေပြီး သူ ထုတ်ပယ်ခံရတယ်။ အဲဒီအချိန်မှာ မင်းသူ့ကို အားပေးစကားပြောရမယ်”လို့ အာတီတာက ချာကာကို ညွှန်ပြပြီး ပြောခဲ့ပါတယ်။ “ပြီးတော့ မင်း သူ့ကို ကာကွယ်ပေးရမှာဖြစ်ပြီး ဒီနေ့ မင်းတို့လုပ်ခဲ့တဲ့ပုံစံက လုံးဝ အံ့မခန်းပဲ ငါ့ကောင်တွေ။ ငါ မင်းတို့အတွက် ဂုဏ်ယူမိပါတယ်”လို့ နည်းပြ အာတီတာက အသင်းသားတွေကို ပြောကြားခဲ့ပါတယ်။

All or Nothing စီးရီးဟာ ချာကာရဲ့ လူတွေမသိတဲ့ နောက်ကွယ်က အကြောင်းကို ထင်ဟပ်ပြနိုင်ခဲ့ပြီး ဆွစ်ဇာလန်ကြယ်ပွင့်ရဲ့ ဇနီး လီယိုနီတာကလည်း အာဆင်နယ်အတွက် ဝါရင့်ကွင်းလယ်ကစားသမားက အရာအားလုံး မပေးခဲ့ဘူးလို့ ပြောကြတဲ့အခါမှာ ခင်ပွန်းဖြစ်သူက ဘယ်လောက်အထိ နာကျင်ရလဲဆိုတကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူတို့တွေ ရှုံးပွဲနဲ့ ကြုံတဲ့အခါ သူ အိမ်ကို တကယ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်လာတယ်။ ကျွန်မ သူနဲ့ စကားနည်းနည်း ပြောဖို့ ကြိုးစားခဲ့ပြီး နောက်ပွဲတွေကျ ပိုကောင်းလာမှာပေါ့လို့ သူ့ကို ပြောခဲ့တယ်။ ဒါပေမယ့် သူ အာဆင်နယ်ရှုံးတဲ့အခါကျရင် တစ်ညလုံးကို မအိပ်နိုင်ဘူး”လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ အာတီတာကတော့ ၎င်းရဲ့ ကစားသမားတွေဆီကနေ မျှော်မှန်းထားတဲ့ တန်ဖိုးတွေကို သတ်မှတ်ခဲ့ပြီး အဲဒါတွေကတော့ လေးစားမှု၊ အပြည့်အဝ ပေးဆပ်မှုနဲ့ စိတ်ဆန္ဒပြင်းပြမှုတို့ ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ အဲဒီ တန်ဖိုး ၃ ခုစလုံးကို အလျှော့မပေးတတ်တဲ့ ကွင်းလယ်ကစားသမားဆီမှာ မြင်တွေ့ခဲ့ပြီး ချာကာရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းကနေ ထွက်ဖို့လုပ်နေချိန်မှာ အာတီတာနဲ့ အီဒူးတို့က အသင်းမှာ ဆက်နေစေချင်တာကြောင့် ဆက်နေခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ချာကာကို ၂၀၂၄ ခုနှစ်အထိ အမ်းမရိတ်စ်မှာ ဆက်ရှိနေစေမယ့် စာချုပ်သစ် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဆွစ်ဇာလန်ကြယ်ပွင့်ဟာ အာဆင်နယ်နဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ “ပရိသတ်တိုင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ဂရန်းနစ်နဲ့အတူ ၅ မိနစ်၊ ၁၀ မိနစ်လောက် အတူရှိဖူးရင် သူက ဘယ်လိုလူလဲဆိုတာကို နားလည်ပါလိမ့်မယ်။ သူက ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ်ဆန်လဲဆိုတာကို သိပါလိမ့်မယ်။ အသင်းနဲ့ပတ်သက်ပြီး သူ ဘယ်လောက်အထိ ဂရုစိုက်တယ်ဆိုတာကို သိပါလိမ့်မယ်”လို့ အာတီတာက ပြီးခဲ့တဲ့မေလတုန်းက Sky Sports ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:အာဆင္နယ္ကြင္းလယ္ကစားသမား ခ်ာကာဟာ အသင္းပရိသတ္ေတြအပါအဝင္ အဂၤလိပ္ေဘာလုံးေလာကမွာ ေဝဖန္ျပစ္တင္အခံရဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္ All or Nothing မွတ္တမ္း႐ုပ္ရွင္အရ ၎ဟာ နားလည္မႈအလြဲခံရဆုံးကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဆြစ္ဇာလန္ ကြင္းလယ္ကစားသမားဟာ ၂၀၁၆ ခုႏွစ္မွာ အာဆင္နယ္ကို စတင္ေျပာင္းေ႐ႊ႕လာကတည္းက ပရိသတ္ေတြကို ၂ ျခမ္းကြဲေစခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီအပါအဝင္ အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ ၅ ႏွစ္အတြင္း အနီကတ္ ၅ ကတ္အထိ ျပသခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ခ်ာကာက Amazon Prime ဗီဒီယို ကင္မရာေရွ႕မွာ တင္ဆက္ဖို႔ အခြင့္အေရး ရရွိခ်ိန္မွာ ပရိသတ္ေတြ ပုံမွန္ျမင္ေနက်မဟုတ္တဲ့ မတူညီတဲ့ အျခားဘက္တစ္ခုကို ျပသခဲ့တာျဖစ္ပါတယ္။

“လူေတြက ေဘာလုံးပြဲစဥ္ေၾကာင့္ ကြၽန္ေတာ့္ကို အရမ္း ရန္လိုတယ္လို႔ ထင္ၾကတယ္။ ခင္ဗ်ား ကြၽန္ေတာ္တို႔ကို မိနစ္ ၉၀ အတြင္းပဲ ကြင္းထဲမွာ ျမင္ေတြ႕ရတာပါ။ ခင္ဗ်ားကို ခ်စ္တဲ့သူေတြလည္းရွိမယ္၊ မခ်စ္တဲ့သူေတြလည္း ရွိမယ္။ သူတို႔ေတြက ခင္ဗ်ားကို ျပစ္တင္ေဝဖန္ၾကတယ္။ မေကာင္းသတင္းေတြ ေရးၾကတယ္။ အဲဒါက အရမ္းခက္ခဲပါတယ္။ လူေတြထင္တာက ေဘာလုံးသမားေတြဆိုတာ ၿပိဳင္ကားေတြ၊ စံအိမ္ေတြ၊ ပိုက္ဆံေတြ ဒီလို ဟာေတြခ်ည္းပဲလို႔ ထင္ၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကေလးဘဝ ေဘာလုံးစကစားတဲ့အခ်ိန္တုန္းက ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ေငြေၾကးေၾကာင့္ ေဘာလုံးကစားခဲ့တာမဟုတ္ပါဘူး”

“ခင္ဗ်ား ေဘာလုံးကို ခ်စ္လို႔သာ ေဘာလုံး စကစားခဲ့တာပါ။ လူေတြက ကြၽန္ေတာ္တို႔ေတြဟာလည္း လူသားေတြပဲဆိုတာကို ေမ့ေလ်ာ့ေနၾကတယ္။ ဒီမွာက မိသားစုလိုျဖစ္ေနၾကၿပီး ခက္ခဲတဲ့အခ်ိန္ေတြကို အတူတကြ ျဖတ္သန္းေနၾကတာပါ”လို႔ ခ်ာကာက ယေန႔စတင္ထုတ္လႊင့္မယ့္ စီးရီးရဲ႕ေနာက္အဆက္အတြဲမွာ ရွင္းျပခဲ့ပါတယ္။ ခ်ာကာရဲ႕ အေကာင့္မွာ ၂၀၁၆-၂၀၁၇ ရာသီ ပြဲဦးထြက္ပြဲစဥ္ကတည္းကစၿပီး ၅ ႀကိမ္ေျမာက္ အနီကတ္ ရရွိခဲ့ေစတဲ့ ပြဲစဥ္အတြက္ စိတ္ဆႏၵျပင္းျပမႈကို ျပသခဲ့ၿပီး ဒီကာလအတြင္း ပရီးမီးယားလိဂ္က ဘယ္ကစားသမားကမွ ဆြစ္ဇာလန္ၾကယ္ပြင့္ထက္ တိုက္႐ိုက္ထုတ္ပယ္ခံခဲ့ရျခင္း မရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ႏွစ္သက္တဲ့ဟာကို ကြၽန္ေတာ္ လုပ္ေနတာပါ”လို႔ ခ်ာကာက အာဆင္နယ္အတြက္ ၎ရဲ႕ ကြင္းလယ္အခန္းက႑နဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ပါတယ္။ ခ်ာကာဟာ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလက ဘန္ေလကစားသမား အက္ရွ္ေလ ဝက္စ္ဝုဒ္ရဲ႕ လည္မ်ိဳကို လက္နဲ႔ ညႇစ္ခဲ့တဲ့ ႐ူးမိုက္တဲ့ အခိုက္အတန႔္က လြဲရင္ က်န္တဲ့ အနီကတ္ေတြဟာ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေတြေၾကာင့္ ျပသျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ခ်ာကာက ဖ်က္ထုတ္မႈတစ္ခု ျပဳလုပ္ဖို႔ သို႔မဟုတ္ ေရွာင္ထြက္ဖို႔ ခ်ိန္ဆတဲ့ေနရာမွာ ႐ုန္းကန္ခဲ့ရတဲ့အေၾကာင္း ရွင္းျပခဲ့ၿပီး ၎ရဲ႕ ဆုံးျဖတ္ခ်က္ ခ်မွတ္မႈကို တိုးတက္ေအာင္ လုပ္ရမယ္ဆိုတာကို သိရွိေနေပမယ့္ ၎ရဲ႕ အားသာခ်က္ေတြထဲက တစ္ခုျဖစ္တဲ့ ႏွစ္ျမႇဳပ္ေပးဆပ္ျခင္းက အဲဒီလို ျဖစ္ေစတဲ့အေၾကာင္းအရင္းျဖစ္တယ္လို႔ အသိအမွတ္ျပဳခံခဲ့ရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္က ကြၽန္ေတာ္ပဲ။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ဒီေန႔ကေန မနက္ျဖန္အတြင္း ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ ဟုတ္တာေပါ့။ ကြၽန္ေတာ္ တိုးတက္ဖို႔ လိုတယ္။ ကြၽန္ေတာ္ တိုးတက္ဖို႔ လိုတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္”လို႔ ခ်ာကာက ယခုႏွစ္ အေစာပိုင္းတုန္းက Sky Sports ကို ေျပာၾကားခဲ့ပါတယ္။ ခ်ာကာရဲ႕ အာဆင္နယ္ကစားသမားဘဝကို အျငင္းပြာစရာျဖစ္ေစတာက အနီကတ္တစ္ခုတည္းသာ မဟုတ္ဘဲ ၂၀၁၉ ခုႏွစ္တုန္းက ပဲေလ့စ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ လူစားလဲခံခဲ့ရၿပီးေနာက္ ကြင္းထဲေန ေဒါသတႀကီး ထြက္ခြာရင္း ပရိသတ္ေတြကို ေသာက္ပါးစပ္ပိတ္ထားလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီကိစၥေၾကာင့္ပဲ အဲဒီအခ်ိန္က နည္းျပ အူႏိုင္း အမ္မရီက ခ်ာကာရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို ဖယ္ရွားခဲ့ၿပီး အျပစ္ေပးတဲ့အေနနဲ႔ ပြဲေန႔လူစာရင္းကေန အၿပီးတိုင္ ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ ခ်ာကာက နည္းျပ အာတီတာလက္ထက္မွာ ေရွ႕ေဆာင္လမ္းျပတစ္ေယာက္အေနနဲ႔ လုပ္ေဆာင္ေနတဲ့ ၎ရဲ႕ အခန္းက႑ကို All or Nothing စီးရီးထဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆုံး လူစာရင္းကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔မွာ အရမ္းငယ္႐ြယ္တဲ့အသင္းရွိပါတယ္။ ကြၽန္ေတာ္တို႔လို အေတြ႕အႀကဳံရွိတဲ့ကစားသမားေတြရဲ႕ အလုပ္က သူတို႔ကို အႀကံေတြ အမ်ားႀကီးေပးဖို႔နဲ႔ လြယ္လြယ္နဲ႔ မရဘူးဆိုတာ ေျပာဖို႔ပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား အလုပ္အမ်ားႀကီး လုပ္ဖို႔လိုလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ာကာဟာ လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အန္ဒီ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းရင္ ဂ်ိဳတာရဲ႕ ရင္ဘတ္ကို မေတာ္တဆ ကန္မိခဲ့ၿပီး ဆြစ္ဇာလန္ကြင္းလယ္ကစားသမားအေနနဲ႔ နည္းျပ အာတီတာလုပ္ဖို႔ ေျပာတဲ့အတိုင္း လုပ္ခဲ့တာျဖစ္ပါတယ္။

Amazon Prime ကင္မရာက အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ စိတ္ပ်က္လက္ပ်က္ပုံစံနဲ႔ ခ်ာကာ အဝတ္လဲခန္းထဲ ျပန္လာၿပီး ဝုန္းဒိုင္းႀကဲ ေသာင္းက်န္းၿပီးေနာက္ နံရံကို နဖူးနဲ႔မွီထားတာကို ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။ ခ်ာကာဟာ ပထမပိုင္းပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ အဝတ္လဲခန္းရဲ႕ ေထာင့္က ၎ရဲ႕ ေနရာမွာ ေျခပစ္လက္ပစ္ ထိုင္ခ်ခဲ့တာကို ေတြ႕ရၿပီး ပြဲခ်ိန္တေလွ်ာက္လုံးနဲ႔ ပြဲအၿပီးအထိ ေဘာလုံးေဝဖန္သူေတြနဲ႔ ပရိသတ္ေတြဟာ အနီကတ္အတြက္ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ေနခဲ့ေပမယ့္ အာဆင္နယ္အသင္းသားေတြနဲ႔ နည္းျပအာတီတာတို႔က ခ်ာကာရဲ႕ ျဖစ္စဥ္ကို နားလည္မႈရွိရွိနဲ႔ ေရငုံႏႈတ္ပိတ္ေနခဲ့တာျဖစ္ပါတယ္။

အာတီတာက ၎ရဲ႕ ကစားသမားေတြကို ဒုတိယပိုင္းမွာ ထိန္းကစားၾကဖို႔ တိုက္တြန္းခဲ့ၿပီးေနာက္ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ခ်ာကာကို ေပြ႕ဖက္အားေပးခဲ့တာကို ျမင္ေတြ႕ရပါတယ္။ အာဆင္နယ္အသင္းဟာ အလြန္ေကာင္းမြန္တဲ့ ခံစစ္ကစားပုံနဲ႔အတူ ထိန္းကစားႏိုင္ခဲ့ၿပီး ပြဲအၿပီး အဝတ္လဲခန္းထဲကို ျပန္လာတဲ့အခ်ိန္မွာ နည္းျပ အာတီတာက ေနာက္ထပ္တစ္ႀကိမ္ အသင္းသားေတြကို စကားေျပာခဲ့ၿပီး အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရမႈကိုလည္း ရွင္းလင္းခဲ့ပါတယ္။

“အသင္းေဖာ္က ေနာက္ဆုံး စည္းမွာ တစ္စုံတရာလုပ္ရမယ့္အခ်ိန္မွာ ရွိေနၿပီး သူ ထုတ္ပယ္ခံရတယ္။ အဲဒီအခ်ိန္မွာ မင္းသူ႔ကို အားေပးစကားေျပာရမယ္”လို႔ အာတီတာက ခ်ာကာကို ၫႊန္ျပၿပီး ေျပာခဲ့ပါတယ္။ “ၿပီးေတာ့ မင္း သူ႔ကို ကာကြယ္ေပးရမွာျဖစ္ၿပီး ဒီေန႔ မင္းတို႔လုပ္ခဲ့တဲ့ပုံစံက လုံးဝ အံ့မခန္းပဲ ငါ့ေကာင္ေတြ။ ငါ မင္းတို႔အတြက္ ဂုဏ္ယူမိပါတယ္”လို႔ နည္းျပ အာတီတာက အသင္းသားေတြကို ေျပာၾကားခဲ့ပါတယ္။

All or Nothing စီးရီးဟာ ခ်ာကာရဲ႕ လူေတြမသိတဲ့ ေနာက္ကြယ္က အေၾကာင္းကို ထင္ဟပ္ျပႏိုင္ခဲ့ၿပီး ဆြစ္ဇာလန္ၾကယ္ပြင့္ရဲ႕ ဇနီး လီယိုနီတာကလည္း အာဆင္နယ္အတြက္ ဝါရင့္ကြင္းလယ္ကစားသမားက အရာအားလုံး မေပးခဲ့ဘူးလို႔ ေျပာၾကတဲ့အခါမွာ ခင္ပြန္းျဖစ္သူက ဘယ္ေလာက္အထိ နာက်င္ရလဲဆိုတကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြ ရႈံးပြဲနဲ႔ ႀကဳံတဲ့အခါ သူ အိမ္ကို တကယ္ကို စိတ္ဆိုးမာန္ဆိုးနဲ႔ ျပန္လာတယ္။ ကြၽန္မ သူနဲ႔ စကားနည္းနည္း ေျပာဖို႔ ႀကိဳးစားခဲ့ၿပီး ေနာက္ပြဲေတြက် ပိုေကာင္းလာမွာေပါ့လို႔ သူ႔ကို ေျပာခဲ့တယ္။ ဒါေပမယ့္ သူ အာဆင္နယ္ရႈံးတဲ့အခါက်ရင္ တစ္ညလုံးကို မအိပ္ႏိုင္ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ နည္းျပ အာတီတာကေတာ့ ၎ရဲ႕ ကစားသမားေတြဆီကေန ေမွ်ာ္မွန္းထားတဲ့ တန္ဖိုးေတြကို သတ္မွတ္ခဲ့ၿပီး အဲဒါေတြကေတာ့ ေလးစားမႈ၊ အျပည့္အဝ ေပးဆပ္မႈနဲ႔ စိတ္ဆႏၵျပင္းျပမႈတို႔ ျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ အဲဒီ တန္ဖိုး ၃ ခုစလုံးကို အေလွ်ာ့မေပးတတ္တဲ့ ကြင္းလယ္ကစားသမားဆီမွာ ျမင္ေတြ႕ခဲ့ၿပီး ခ်ာကာရဲ႕ ေျပာၾကားခ်က္အရ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းကေန ထြက္ဖို႔လုပ္ေနခ်ိန္မွာ အာတီတာနဲ႔ အီဒူးတို႔က အသင္းမွာ ဆက္ေနေစခ်င္တာေၾကာင့္ ဆက္ေနခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ခ်ာကာကို ၂၀၂၄ ခုႏွစ္အထိ အမ္းမရိတ္စ္မွာ ဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ၾသဂုတ္လမွာ ဆြစ္ဇာလန္ၾကယ္ပြင့္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ “ပရိသတ္တိုင္း ဒါမွမဟုတ္ တစ္ဦးတစ္ေယာက္ခ်င္းစီအေနနဲ႔ ဂရန္းနစ္နဲ႔အတူ ၅ မိနစ္၊ ၁၀ မိနစ္ေလာက္ အတူရွိဖူးရင္ သူက ဘယ္လိုလူလဲဆိုတာကို နားလည္ပါလိမ့္မယ္။ သူက ဘယ္ေလာက္အထိ ပေရာ္ဖက္ရွင္နယ္ဆန္လဲဆိုတာကို သိပါလိမ့္မယ္။ အသင္းနဲ႔ပတ္သက္ၿပီး သူ ဘယ္ေလာက္အထိ ဂ႐ုစိုက္တယ္ဆိုတာကို သိပါလိမ့္မယ္”လို႔ အာတီတာက ၿပီးခဲ့တဲ့ေမလတုန္းက Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.