Ligue1

ဘောလုံးသမိုင်းမှာ အလျင်မြန်ဆုံးဒဏ်ရာရရှိလုနီးပါး ဖြစ်ခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဇ်

အာဆင်နယ်ကြယ်ပွင့်ဟောင်း အလက်ဆစ် ဆန်းချက်ဇ်ဟာ မာဆေးလ်အသင်း ကစားသမားဘဝ ပွဲဦးထွက် ပွဲစဉ်မှာ စက္ကန့်ပိုင်းအတွင်း ဒဏ်ရာ ရရှိလုနီးပါးဖြစ်ခဲ့တယ်လို့ သိရပြီး အဲဒီလို ဒဏ်ရာရမလိုဖြစ်တာဟာ ကွင်းထဲမှာ မဟုတ်ခဲ့တာဖြစ်ပါတယ်။

ချီလီလက်ရွေးစင်ကြယ်ပွင့်ဟာ အင်တာမီလန်အသင်းနဲ့ ၂ ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းသစ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စီးရီးအေအသင်းဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသေးတဲ့ ဆန်းချက်ဇ်အတွက် ငွေကုန်ကြေးကျ သက်သာသွားခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်နဲ့ အင်တာမီလန်တို့ဟာ တစ်နှစ်စောပြီး စာချုပ်ကို ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ချီလီကြယ်ပွင့်ဟာ စာချုပ်ဖျက်သိမ်းခအနေနဲ့ ပေါင် ၄.၃ သန်းဝန်းကျင် ပေးအပ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ အင်တာမီလန်အတွက် စီးရီးအေ ၂၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး နည်းပြ အင်ဇာဂီဟာ အာဆင်နယ်ကြယ်ပွင့်ဟောင်းကို ရောင်းထုတ်ချင်နေခဲ့တာဖြစ်ပါတယ်။

ဆန်းချက်ဇ်အတွက် ကံကောင်းမှုတွေက မကုန်ဆုံးသေးဘဲ မာဆေးလ်အသင်းက ချက်ချင်း ခေါ်ယူခဲ့တာဖြစ်ပြီး ချီလီလက်ရွေးစင်တောင်ပံကစားသမားဟာ ပြင်သစ်လိဂန်းအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး စောင့်ဆိုင်းနေတဲ့ မာဆေးလ်ပရိသတ်တွေရှိရာ လမ်းမပေါ်ကို အပြေးသွားခဲ့တာဖြစ်ပါတယ်။

လမ်းမပေါ်က ပရိသတ်အုပ်ကြီးက ဖွဖွပြေးလာတဲ့ ဆန်းချက်ဇ်ကို ဝိုင်းဝန်း နှုတ်ဆက်အားပေးခဲ့ကြပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းက အရံအတားတွေနောက်က ပရိသတ်တစ်ဦးနဲ့ လက်ချင်းထိဖို့ ကြိုးပမ်းခဲ့ရာမှာ လမ်းမပေါ်က အရာဝတ္ထုတစ်ခုအပေါ် တက်နင်းမိခဲ့ရာကနေ ဟန်ချက်ပျက်ပြီး ခြေချင်းဝတ် လည်မလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ သတိရှိတဲ့ လုံခြုံရေးအစောင့်က ဆန်းချက်ဇ်ကို လဲကျမသွားအောင် ဖမ်းထားနိုင်ခဲ့ပြီး မာဆေးလ်ရဲ့ ကစားသမား ခေါ်ယူမှုအသစ်ဟာ ကံကောင်းထောက်မစွာနဲ့ ဘောလုံးသမိုင်းမှာ အစောဆုံး ဒဏ်ရာရရှိမယ့်အရေးကနေ ပွတ်ကာသီကာ ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး Get French Football News က ‘အလက်ဆစ် ဆန်းချက်ဇ်ဟာ ဘောလုံးသမိုင်းတလျှောက် အသင်းသစ်မှာ အလျင်မြန်ဆုံး ဒဏ်ရာ ရရှိလုနီးပါးဖြစ်ခဲ့တယ်’ဆိုတဲ့ စာသားနဲ့အတူ တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ် အချိန်တွေကို ဖြတ်သန်းပြီးနောက်ပိုင်း စီးရီးအေမှာ နှစ်အနည်းငယ် ကုန်ဆုံးခဲ့ပြီးနောက် ကစားသမားဘယကို အသက်ပြန်သွင်းဖို့ နောက်ထပ်တစ်ကြိမ် အခွင့်အရေးရရှိခဲ့ပြီဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်း အသက် ၃၃ နှစ်သာ ရှိသေးတာကြောင့် ထိပ်တန်းအဆင့် ပြန်လည်ရရှိအောင် လုပ်ဖို့ အချိန်ရှိသေးသလို မာဆေးလ်အသင်းကလည်း ၎င်းအတွက် ပြီးပြည့်စုံတဲ့နေရာဖြစ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ၾကယ္ပြင့္ေဟာင္း အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ မာေဆးလ္အသင္း ကစားသမားဘဝ ပြဲဦးထြက္ ပြဲစဥ္မွာ စကၠန႔္ပိုင္းအတြင္း ဒဏ္ရာ ရရွိလုနီးပါးျဖစ္ခဲ့တယ္လို႔ သိရၿပီး အဲဒီလို ဒဏ္ရာရမလိုျဖစ္တာဟာ ကြင္းထဲမွာ မဟုတ္ခဲ့တာျဖစ္ပါတယ္။

ခ်ီလီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အင္တာမီလန္အသင္းနဲ႔ ၂ ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ အသင္းသစ္ကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး စီးရီးေအအသင္းဟာ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေသးတဲ့ ဆန္းခ်က္ဇ္အတြက္ ေငြကုန္ေၾကးက် သက္သာသြားခဲ့တာျဖစ္ပါတယ္။ ဆန္းခ်က္ဇ္နဲ႔ အင္တာမီလန္တို႔ဟာ တစ္ႏွစ္ေစာၿပီး စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ သေဘာတူညီမႈ ရရွိခဲ့ေပမယ့္လည္း ခ်ီလီၾကယ္ပြင့္ဟာ စာခ်ဳပ္ဖ်က္သိမ္းခအေနနဲ႔ ေပါင္ ၄.၃ သန္းဝန္းက်င္ ေပးအပ္ျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီ အင္တာမီလန္အတြက္ စီးရီးေအ ၂၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပ အင္ဇာဂီဟာ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းကို ေရာင္းထုတ္ခ်င္ေနခဲ့တာျဖစ္ပါတယ္။

ဆန္းခ်က္ဇ္အတြက္ ကံေကာင္းမႈေတြက မကုန္ဆုံးေသးဘဲ မာေဆးလ္အသင္းက ခ်က္ခ်င္း ေခၚယူခဲ့တာျဖစ္ၿပီး ခ်ီလီလက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ျပင္သစ္လိဂန္းအသင္းရဲ႕ ဝတ္စုံကို ဝတ္ဆင္ၿပီး ေစာင့္ဆိုင္းေနတဲ့ မာေဆးလ္ပရိသတ္ေတြရွိရာ လမ္းမေပၚကို အေျပးသြားခဲ့တာျဖစ္ပါတယ္။

လမ္းမေပၚက ပရိသတ္အုပ္ႀကီးက ဖြဖြေျပးလာတဲ့ ဆန္းခ်က္ဇ္ကို ဝိုင္းဝန္း ႏႈတ္ဆက္အားေပးခဲ့ၾကၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းက အရံအတားေတြေနာက္က ပရိသတ္တစ္ဦးနဲ႔ လက္ခ်င္းထိဖို႔ ႀကိဳးပမ္းခဲ့ရာမွာ လမ္းမေပၚက အရာဝတၳဳတစ္ခုအေပၚ တက္နင္းမိခဲ့ရာကေန ဟန္ခ်က္ပ်က္ၿပီး ေျခခ်င္းဝတ္ လည္မလိုျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ သတိရွိတဲ့ လုံၿခဳံေရးအေစာင့္က ဆန္းခ်က္ဇ္ကို လဲက်မသြားေအာင္ ဖမ္းထားႏိုင္ခဲ့ၿပီး မာေဆးလ္ရဲ႕ ကစားသမား ေခၚယူမႈအသစ္ဟာ ကံေကာင္းေထာက္မစြာနဲ႔ ေဘာလုံးသမိုင္းမွာ အေစာဆုံး ဒဏ္ရာရရွိမယ့္အေရးကေန ပြတ္ကာသီကာ ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး Get French Football News က ‘အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ ေဘာလုံးသမိုင္းတေလွ်ာက္ အသင္းသစ္မွာ အလ်င္ျမန္ဆုံး ဒဏ္ရာ ရရွိလုနီးပါးျဖစ္ခဲ့တယ္’ဆိုတဲ့ စာသားနဲ႔အတူ တြစ္တာလူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။

ဆန္းခ်က္ဇ္ဟာ အိုးထရက္ဖို႔ဒ္မွာ စိတ္ပ်က္ဖြယ္ အခ်ိန္ေတြကို ျဖတ္သန္းၿပီးေနာက္ပိုင္း စီးရီးေအမွာ ႏွစ္အနည္းငယ္ ကုန္ဆုံးခဲ့ၿပီးေနာက္ ကစားသမားဘယကို အသက္ျပန္သြင္းဖို႔ ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရးရရွိခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္း အသက္ ၃၃ ႏွစ္သာ ရွိေသးတာေၾကာင့္ ထိပ္တန္းအဆင့္ ျပန္လည္ရရွိေအာင္ လုပ္ဖို႔ အခ်ိန္ရွိေသးသလို မာေဆးလ္အသင္းကလည္း ၎အတြက္ ၿပီးျပည့္စုံတဲ့ေနရာျဖစ္ဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.