La Liga Premier League Transfer News

ပစ်မှတ်ကစားသမားနဲ့ တိုက်ရိုက်ဖုန်းပြောခဲ့ပြီးနောက် အဖြေရရှိခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီ ယုံးကို စတမ်းဖို့ဒ် ဘရစ်ချ် ပြောင်းရွှေ့လာဖို့အတွက် တိုက်ရိုက်ဖုန်းနဲ့ စကားပြောဆိုခဲ့ပေမယ့်လည်း ၎င်း မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး မရရှိခဲ့ဘူးလို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီတလျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းခြင်းခံနေရသူဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအသင်းကလည်း ဘာစီလိုနာကြယ်ပွင့်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ရှိနေပြီဖြစ်ပါတယ်။ ဘာစီလိုနာဟာ မြင့်မားတဲ့လစာပမာဏ ပေးချေနေရတဲ့ ဒတ်ချ်ကွင်းလယ်ကစားသမားကို ရောင်းထုတ်ချင်နေပြီး ဒီ ယုံးအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး မရရှိမချင်း ကစားသမားသစ်တွေကို စာရင်းသွင်းလို့ ရနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ နူးကမ့်ကို စွန့်ခွာဖို့ ဆန္ဒအနည်းငယ်သာပြီး ဘာစီလိုနာမှာ အခြေကျနေပြီဖြစ်တာကြောင့် ယူနိုက်တက်က ကတ်တလန်အသင်းကြီးနဲ့ ပေါင် ၇၃ သန်းတန် သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးရှိတယ်လို့ ထင်မြင်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားအတွက် မန်ချက်စတာကို ပြောင်းရွှေ့နေထိုင်ရတာထက် လန်ဒန်မှာ နေထိုင်ရတာက ပိုပြီး အဆင်ပြေမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်သတင်းဌာန Relevo ရဲ့ ဖော်ပြချက်အရ ဒီ ယုံးဟာ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ရိုက် စကားပြောဆိုခဲ့ပြီးနောက် အင်္ဂလန်ကို ပြောင်းရွှေ့ဖို့အတွက် နောက်ထပ်တစ်ကြိမ် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဖရန်ကီ ဒီ ယုံးဟာ တော့ဒ် ဘိုလီနဲ့ အချိန်အတော်ကြာ ဖုန်းပြောဆိုခဲ့ရာမှာ ပြောသမျှကို နားထောင်ပေးခဲ့ပေမယ့် ၎င်းအနေနဲ့ နူးကမ့်မှာ ဆက်နေချင်တဲ့ဆန္ဒရှိပြီး စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဘာစီလိုနာမှာ နေသွားချင်တဲ့အကြောင်းကို ထပ်လောင်း ပြောကြားသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီ ယုံးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဒတ်ချ်ကွင်းလယ်ကစားသမားကို စတမ်းဖို့ဒ် ဘရစ်ချ် ပြောင်းရွှေ့လာအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ယခုနွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခဲယဉ်းတယ်ဆိုတဲ့ ခံစားချက်တော့ ရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီ ယုံးကို စတမ်းဖို့ဒ် ဘရစ်ခ်ျ ပြောင်းရွှေ့လာဖို့အတွက် တိုက်ရိုက်ဖုန်းနဲ့ စကားပြောဆိုခဲ့ပေမယ့်လည်း ၎င်း မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး မရရှိခဲ့ဘူးလို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဒတ်ခ်ျကွင်းလယ်ကစားသမားဟာ ယခုနွေရာသီတလျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းခြင်းခံနေရသူဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအသင်းကလည်း ဘာစီလိုနာကြယ်ပွင့်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ရှိနေပြီဖြစ်ပါတယ်။ ဘာစီလိုနာဟာ မြင့်မားတဲ့လစာပမာဏ ပေးချေနေရတဲ့ ဒတ်ခ်ျကွင်းလယ်ကစားသမားကို ရောင်းထုတ်ချင်နေပြီး ဒီ ယုံးအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး မရရှိမချင်း ကစားသမားသစ်တွေကို စာရင်းသွင်းလို့ ရနိုင်မှာမဟုတ်တာဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းဟာ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးရှိတယ်လို့ ထင်မြင်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒတ်ခ်ျကွင်းလယ်ကစားသမားအတွက် မန်ချက်စတာကို ပြောင်းရွှေ့နေထိုင်ရတာထက် လန်ဒန်မှာ နေထိုင်ရတာက ပိုပြီး အဆင်ပြေမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းဟာ ဒီ ယုံးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဒတ်ခ်ျကွင်းလယ်ကစားသမားကို စတမ်းဖို့ဒ် ဘရစ်ခ်ျ ပြောင်းရွှေ့လာအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ယခုနွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခဲယဉ်းတယ်ဆိုတဲ့ ခံစားချက်တော့ ရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.