Premier League

ဘရိုက်တန်နဲ့ရှုံးပွဲအတွက် လိဂ်မရှိတဲ့အသင်းကို ကာရင်တန်ခေါ်ပြီး ဂိုးပြတ်နှိပ်ကွပ်ခဲ့တဲ့ မန်ယူနိုက်တက်

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် ၂၄ နာရီအကြာမှာပဲ နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ပါဝင်ကစားပေးခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ အရန်ခုံကနေ ပွဲထွက်ပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက်မှ လူစားဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒို ဝင်လာမှာ ကွင်းအတွင်းမှာ ကစားပုံ တိုးတက်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီအစကို အဆိုးရွားဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ တနင်္လာနေ့နေမှာ လိဂ်မရှိတဲ့အသင်းဖြစ်တဲ့ ဟာလီဖက်စ်နဲ့ တံခါးပိတ်ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ ပွဲကစားချိန် ပိုမိုပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

နေရှင်နယ်လိဂ်ကလပ်အသင်းနဲ့ ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေး ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို ပွဲထွက်ပါဝင်ကစားပေးခဲ့မှုနဲ့အတူ ၅-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဟာလီဖက်စ်နဲ့ ပွဲစဉ်မှာ ရော်နယ်လ်ဒိုတစ်ဦးတည်းသာ ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပထမအသင်းကစားသမားမဟုတ်ခဲ့ဘဲ အဲရစ် ဘိုင်လီ၊ အာရွန် ဝမ်-ဘစ်ဆာကာ၊ အန်သိုနီ အီလန်ဂါနဲ့ အလက်ဟန်းဒရိုး ဂါနာချိုတို့လည်း ပါဝင်ကစားပေးခဲ့ကြတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ တွမ် ဟီတန်က ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီး တိုင်ရဲလ် မာလာစီယာ၊ ဘိုင်လီ၊ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ ဂျိမ်းစ် ဂါနာ၊ ဂါနာချိုတို့က ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒို၊ အီလန်ဂါ၊ ဂါနာချိုနဲ့ မာလာစီယာတို့အားလုံးဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး လူငယ်ကစားသမား ၃ ဦးကတော့ ပွဲပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔က အိုးထရက္ဖို႔ဒ္မွာ ဘ႐ိုက္တန္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ၂၄ နာရီအၾကာမွာပဲ ေနာက္ထပ္ ပြဲစဥ္တစ္ပြဲမွာ ပါဝင္ကစားေပးခဲ့တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီအဖြင့္ပြဲစဥ္မွာ အရန္ခုံကေန ပြဲထြက္ပါဝင္ကစားေပးခဲ့ရတာျဖစ္ၿပီး ပထမပိုင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးေနာက္မွ လူစားဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒို ဝင္လာမွာ ကြင္းအတြင္းမွာ ကစားပုံ တိုးတက္လာခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ရာသီအစကို အဆိုး႐ြားဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ေနမွာ လိဂ္မရွိတဲ့အသင္းျဖစ္တဲ့ ဟာလီဖက္စ္နဲ႔ တံခါးပိတ္ကစားခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခစမ္းပြဲစဥ္မွာ ပြဲကစားခ်ိန္ ပိုမိုေပးအပ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ေနရွင္နယ္လိဂ္ကလပ္အသင္းနဲ႔ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခစမ္းပြဲစဥ္ကို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကာရင္တန္ ေလ့က်င့္ေရး ဌာနခ်ဳပ္မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒို ပြဲထြက္ပါဝင္ကစားေပးခဲ့မႈနဲ႔အတူ ၅-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဟာလီဖက္စ္နဲ႔ ပြဲစဥ္မွာ ေရာ္နယ္လ္ဒိုတစ္ဦးတည္းသာ ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ပထမအသင္းကစားသမားမဟုတ္ခဲ့ဘဲ အဲရစ္ ဘိုင္လီ၊ အာ႐ြန္ ဝမ္-ဘစ္ဆာကာ၊ အန္သိုနီ အီလန္ဂါနဲ႔ အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳတို႔လည္း ပါဝင္ကစားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂိုးေပါက္မွာ တြမ္ ဟီတန္က ပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး တိုင္ရဲလ္ မာလာစီယာ၊ ဘိုင္လီ၊ လင္ဒီေလာ့ဖ္၊ ဘစ္ဆာကာ၊ ဂ်ိမ္းစ္ ဂါနာ၊ ဂါနာခ်ိဳတို႔က ပြဲထြက္ကစားသမားေတြအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒို၊ အီလန္ဂါ၊ ဂါနာခ်ိဳနဲ႔ မာလာစီယာတို႔အားလုံးဟာ ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး လူငယ္ကစားသမား ၃ ဦးကေတာ့ ပြဲၿပီးဆုံးခါနီး မိနစ္ပိုင္းအလိုမွ လူစားဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.