Article Premier League

မူဆာ ဒီယာဘီကို ဂန်းနားတို့ ခေါ်ယူသင့်တဲ့အကြောင်းအရင်း ၃ ခု

သတင်းအများအပြားက လေဗာကူဆင်အသင်းက ပြင်သစ်တောင်ပံကစားသမား မူဆာ ဒီယာဘီကို အာဆင်နယ်က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကို ဖော်ပြခဲ့ပြီး မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားကို ခေါ်ယူသင့်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ငွေကြေးသုံးစွဲမှုအများအပြား ပြုလုပ်ထားပေမယ့်လည်း အာတီတာအတွက် ကွင်းလယ်နဲ့ တောင်ပံနေရာတွေ အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးပြီး သတင်းတွေအရတော့ စပိန်လူမျိုးနည်းပြလိုချင်နေတဲ့ တောင်ပံကစားသမားဟာ မူဆာ ဒီယာဘီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ မဖြစ်မနေ ခေါ်ယူသင့်တဲ့ကစားသမားဖြစ်ပြီး အာဆင်နယ်ရဲ့ လက်ရှိတောင်ပံနေရာအတွက် ရွေးချယ်စရာတွေထဲက မာတီနယ်လီ၊ ပေပေ၊ ဆာကာတို့အပါအဝင် စမစ် ရိုးနဲ့ ဖေဘီယို ဗီယာရာတို့ကလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒီယာဘီကို ထပ်ခေါ်လိုက်တာက အမှန်တကယ် ထူးခြားတဲ့တစ်စုံတရာကို ဖြည့်စွက်နိုင်မှာဖြစ်ပြီး အီဒူးနဲ့အပေါင်းအပါတွေအနေနဲ့ ဂျာမန်ကလပ်အသင်းကို ဈေးလျှော့ပေးဖို့ သွားညှိလိုက်ရင် အပြောင်းအရွှေ့ မြန်မြန်ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ပြင်သစ်တောင်ပံကစားသမားကို ခေါ်ယူစရာလိုလို့လားလို့ မေးလာခဲ့ရင် ခေါ်ယူသင့်တဲ့အကြောင်းအရင်းတွေရှိနေပြီး အဲဒီအကြောင်းအရင်းတွေကတော့…

၁။ လူစာရင်းရဲ့ အရည်အသွေးကို အထောက်အပံ့ပေးနိုင်ခြင်း

အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ အာဆင်နယ်ရဲ့ ပထမအသင်း တောင်ပံနေရာမှာ အရည်အသွေး ကင်းမဲ့နေပြီး နီကိုလာ ပေပေက အရန်ခုံကနေ ဝင်လာပြီး ပွဲကို ပြောင်းလဲပေးနိုင်တဲ့သူမျိုးမဟုတ်သလို ရိစ် နယ်လ်ဆင်နဲ့ မာကင်ညို့စ်တို့ကလည်း လူစာရင်းမှာ ပုံမှန်ဝင်နိုင်တဲ့ ကစားသမားတွေ မဖြစ်သေးပါဘူး။ ဒီယာဘီလို အရည်အသွေးရှိတဲ့ ကစားသမားကို ခေါ်လိုက်တာက လူစာရင်းရဲ့အရည်အသွေးအတွက်တင်မဟုတ်ဘဲ မာတီနယ်လီနဲ့ ဆာကာတို့ ၂ ဦးစလုံးကိုလည်း ပွဲထွက်ခွင့်နေရာအတွက် တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ကစားသမားတွေ ပွဲထွက်လူစာရင်းမှာ နေရာရဖို့ ယှဉ်ပြိုင်ကြတာက ကောင်းဖို့ပဲ ဖြစ်လာမှာဖြစ်ပြီး ဒီယာဘီလို မြန်နှုန်းမြင့်ပြီး အလိမ်အခေါက်ကောင်းတဲ့ ကစားသမားမျိုး ခေါ်ယူနိုင်မယ်ဆိုရင် အာတီတာအတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပဲ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲတွေ များလာတာကြောင့် အလှည့်ကျ ပွဲထုတ်ဖို့ လိုအပ်ပြီး ဒီယာဘီအနေနဲ့ မြောက်လန်ဒန်မှာ ပွဲကစားချိန် အများအပြား ရရှိနိုင်မှာဖြစ်ပါတယ်။

၂။ သွင်းဂိုးတွေ ပိုမိုယူဆောင်ပေးနိုင်ခြင်း

ဒီယာဘီရဲ့ အကြီးမားဆုံးအားသာချက်တွေထဲက တစ်ခုကတော့ ဂိုးသွင်းစွမ်းရည်ဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးရှုထောင့်အပိုင်းကကြည့်မယ်ဆိုရင် ဆာကာနဲ့ စမစ် ရိုးတို့လည်း မနှစ်က ၁၂ ဂိုး၊ ၁၁ ဂိုးစီ သွင်းခဲ့ကြပေမယ့် ဒီယာဘီက မာတီနယ်လီ၊ ပေပေ၊ လာကာဇက်တို့ ၃ ဦးပေါင်းတာထက်ကို ပိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီယာဘီရဲ့ ဂိုးသွင်းနှုန်းက ပြီးခဲ့တဲ့ရာသီတွေမှာ တရိပ်ရိပ် တိုးတက်လာပြီး ၂၀၂၁-၂၀၂၂ ရာသီမှာ ၁၇ ဂိုး၊ ၂၀၂၀-၂၀၂၁ ရာသီမှာ ၁၀ ဂိုး၊ ၂၀၁၉-၂၀၂၀ ရာသီမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၂၂-၂၀၂၃ ရာသီမှာ ဂိုးတွေ ပိုမြင်လာရဖို့ ရှိနေတယ်လို့ ယူဆနိုင်ပြီး တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးလောက် သွင်းနိုင်တဲ့ တောင်ပံကစားသမားမျိုး ရှိထားရင် ဆာကာအတွက်လည်း ဖိအားသက်သာသွားစေမှာဖြစ်ပါတယ်။

၃။ ဂိုးဖန်တီးပေးနိုင်စွမ်းလည်း ကောင်းမွန်ခြင်း

တောင်ပံကစားသမားတစ်ယောက်ဟာ အလိမ်အခေါက်ကောင်းနေရုံသာမက ဂိုးသွင်းယူဖို့ အားထုတ်ရာမှာလည်း အလွန်ကောင်းမွန်နေရမှာဖြစ်သလို အသင်းဖော်တွေကိုလည်း ဂိုးတွေ ဖန်တီးပေးနိုင်ရမှာ ဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ၅ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ချိန်မှာ ဆကာနဲ့ လာကာဇက်တို့က ပြိုင်ပွဲစုံမှာ ၇ ကြိမ် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဒီယာဘီကတော့ သူတို့တွေ ၂ ဦးစလုံးပေါင်းတဲ့ အရေအတွက်ဖြစ်တဲ့ ၁၄ ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မူဆာ ဒီယာဘီအနေနဲ့ ပရီးမီးယားလိဂ်မှာ အဲဒီလောက် အရေအတွက် ထပ်လုပ်ပြနိုင်မယ်လို့ ကံသေကံမ ပြောလို့မရနိုင်တာကို အမ်းမရိတ်စ်ကို ပေပေ ပြောင်းမလာခင် ပြင်သစ်မှာ လုပ်ပြခဲ့တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီယာဘီကို ခေါ်ယူတာက အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းမှာ နောက်ထပ် ရှုထောင့်တစ်ခု ဖြည့်စွက်နိုင်မှာဖြစ်ပြီး တောင်ပံ ၂ ဖက်စလုံးကနေ ခြေ ၂ ဖက်စလုံးနဲ့ ဂိုးသွင်းယူနိုင်ရုံတင်မကဘဲ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးကတော့ ရှိထားရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမား ရောက်ရှိလာခဲ့ရင် အာဆင်နယ်အသင်းအတွက် သွင်းဂိုး၊ ဂိုးဖန်တီးမှု စတဲ့နေရာတွေမှာ ဝန်ထုပ်ဝန်ပိုးအချို့ လျော့ကျသွားစေနိုင်ပြီး တိုက်စစ်မှာ အပေါင်းလက္ခဏာပြလာမှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သတင္းအမ်ားအျပားက ေလဗာကူဆင္အသင္းက ျပင္သစ္ေတာင္ပံကစားသမား မူဆာ ဒီယာဘီကို အာဆင္နယ္က စိတ္ဝင္စားေနတယ္ဆိုတဲ့သတင္းေတြကို ေဖာ္ျပခဲ့ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ေခၚယူသင့္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုေႏြရာသီမွာ ေငြေၾကးသုံးစြဲမႈအမ်ားအျပား ျပဳလုပ္ထားေပမယ့္လည္း အာတီတာအတြက္ ကြင္းလယ္နဲ႔ ေတာင္ပံေနရာေတြ အင္အားျဖည့္တင္းဖို႔ လိုအပ္ေနေသးၿပီး သတင္းေတြအရေတာ့ စပိန္လူမ်ိဳးနည္းျပလိုခ်င္ေနတဲ့ ေတာင္ပံကစားသမားဟာ မူဆာ ဒီယာဘီျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မျဖစ္မေန ေခၚယူသင့္တဲ့ကစားသမားျဖစ္ၿပီး အာဆင္နယ္ရဲ႕ လက္ရွိေတာင္ပံေနရာအတြက္ ေ႐ြးခ်ယ္စရာေတြထဲက မာတီနယ္လီ၊ ေပေပ၊ ဆာကာတို႔အပါအဝင္ စမစ္ ႐ိုးနဲ႔ ေဖဘီယို ဗီယာရာတို႔ကလည္း ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။ ဒီယာဘီကို ထပ္ေခၚလိုက္တာက အမွန္တကယ္ ထူးျခားတဲ့တစ္စုံတရာကို ျဖည့္စြက္ႏိုင္မွာျဖစ္ၿပီး အီဒူးနဲ႔အေပါင္းအပါေတြအေနနဲ႔ ဂ်ာမန္ကလပ္အသင္းကို ေဈးေလွ်ာ့ေပးဖို႔ သြားညႇိလိုက္ရင္ အေျပာင္းအေ႐ႊ႕ ျမန္ျမန္ျဖစ္လာႏိုင္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းအေနနဲ႔ ျပင္သစ္ေတာင္ပံကစားသမားကို ေခၚယူစရာလိုလို႔လားလို႔ ေမးလာခဲ့ရင္ ေခၚယူသင့္တဲ့အေၾကာင္းအရင္းေတြရွိေနၿပီး အဲဒီအေၾကာင္းအရင္းေတြကေတာ့…

၁။ လူစာရင္းရဲ႕ အရည္အေသြးကို အေထာက္အပံ့ေပးႏိုင္ျခင္း

အေပၚမွာ ေျပာခဲ့တဲ့အတိုင္းပဲ အာဆင္နယ္ရဲ႕ ပထမအသင္း ေတာင္ပံေနရာမွာ အရည္အေသြး ကင္းမဲ့ေနၿပီး နီကိုလာ ေပေပက အရန္ခုံကေန ဝင္လာၿပီး ပြဲကို ေျပာင္းလဲေပးႏိုင္တဲ့သူမ်ိဳးမဟုတ္သလို ရိစ္ နယ္လ္ဆင္နဲ႔ မာကင္ညိဳ႕စ္တို႔ကလည္း လူစာရင္းမွာ ပုံမွန္ဝင္ႏိုင္တဲ့ ကစားသမားေတြ မျဖစ္ေသးပါဘူး။ ဒီယာဘီလို အရည္အေသြးရွိတဲ့ ကစားသမားကို ေခၚလိုက္တာက လူစာရင္းရဲ႕အရည္အေသြးအတြက္တင္မဟုတ္ဘဲ မာတီနယ္လီနဲ႔ ဆာကာတို႔ ၂ ဦးစလုံးကိုလည္း ပြဲထြက္ခြင့္ေနရာအတြက္ တြန္းအားျဖစ္ေစမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ ကစားသမားေတြ ပြဲထြက္လူစာရင္းမွာ ေနရာရဖို႔ ယွဥ္ၿပိဳင္ၾကတာက ေကာင္းဖို႔ပဲ ျဖစ္လာမွာျဖစ္ၿပီး ဒီယာဘီလို ျမန္ႏႈန္းျမင့္ၿပီး အလိမ္အေခါက္ေကာင္းတဲ့ ကစားသမားမ်ိဳး ေခၚယူႏိုင္မယ္ဆိုရင္ အာတီတာအတြက္ အတိုင္းထက္အလြန္ တံခြန္နဲ႔ ကုကၠားပဲ ျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ ၂၀၂၂ ခုႏွစ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ၿပိဳင္ပြဲေတြ မ်ားလာတာေၾကာင့္ အလွည့္က် ပြဲထုတ္ဖို႔ လိုအပ္ၿပီး ဒီယာဘီအေနနဲ႔ ေျမာက္လန္ဒန္မွာ ပြဲကစားခ်ိန္ အမ်ားအျပား ရရွိႏိုင္မွာျဖစ္ပါတယ္။

၂။ သြင္းဂိုးေတြ ပိုမိုယူေဆာင္ေပးႏိုင္ျခင္း

ဒီယာဘီရဲ႕ အႀကီးမားဆုံးအားသာခ်က္ေတြထဲက တစ္ခုကေတာ့ ဂိုးသြင္းစြမ္းရည္ျဖစ္ၿပီး အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစုံ ၁၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ သြင္းဂိုးရႈေထာင့္အပိုင္းကၾကည့္မယ္ဆိုရင္ ဆာကာနဲ႔ စမစ္ ႐ိုးတို႔လည္း မႏွစ္က ၁၂ ဂိုး၊ ၁၁ ဂိုးစီ သြင္းခဲ့ၾကေပမယ့္ ဒီယာဘီက မာတီနယ္လီ၊ ေပေပ၊ လာကာဇက္တို႔ ၃ ဦးေပါင္းတာထက္ကို ပိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီယာဘီရဲ႕ ဂိုးသြင္းႏႈန္းက ၿပီးခဲ့တဲ့ရာသီေတြမွာ တရိပ္ရိပ္ တိုးတက္လာၿပီး ၂၀၂၁-၂၀၂၂ ရာသီမွာ ၁၇ ဂိုး၊ ၂၀၂၀-၂၀၂၁ ရာသီမွာ ၁၀ ဂိုး၊ ၂၀၁၉-၂၀၂၀ ရာသီမွာ ၈ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ၂၀၂၂-၂၀၂၃ ရာသီမွာ ဂိုးေတြ ပိုျမင္လာရဖို႔ ရွိေနတယ္လို႔ ယူဆႏိုင္ၿပီး တစ္ရာသီကို အနည္းဆုံး ၁၀ ဂိုးေလာက္ သြင္းႏိုင္တဲ့ ေတာင္ပံကစားသမားမ်ိဳး ရွိထားရင္ ဆာကာအတြက္လည္း ဖိအားသက္သာသြားေစမွာျဖစ္ပါတယ္။

၃။ ဂိုးဖန္တီးေပးႏိုင္စြမ္းလည္း ေကာင္းမြန္ျခင္း

ေတာင္ပံကစားသမားတစ္ေယာက္ဟာ အလိမ္အေခါက္ေကာင္းေန႐ုံသာမက ဂိုးသြင္းယူဖို႔ အားထုတ္ရာမွာလည္း အလြန္ေကာင္းမြန္ေနရမွာျဖစ္သလို အသင္းေဖာ္ေတြကိုလည္း ဂိုးေတြ ဖန္တီးေပးႏိုင္ရမွာ ျဖစ္ပါတယ္။ မာတင္ ေအာ္ဒီဂြါဒ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ၅ ႀကိမ္ ဂိုးဖန္တီးေပးႏိုင္ခဲ့ခ်ိန္မွာ ဆကာနဲ႔ လာကာဇက္တို႔က ၿပိဳင္ပြဲစုံမွာ ၇ ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး ဒီယာဘီကေတာ့ သူတို႔ေတြ ၂ ဦးစလုံးေပါင္းတဲ့ အေရအတြက္ျဖစ္တဲ့ ၁၄ ႀကိမ္အထိ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မူဆာ ဒီယာဘီအေနနဲ႔ ပရီးမီးယားလိဂ္မွာ အဲဒီေလာက္ အေရအတြက္ ထပ္လုပ္ျပႏိုင္မယ္လို႔ ကံေသကံမ ေျပာလို႔မရႏိုင္တာကို အမ္းမရိတ္စ္ကို ေပေပ ေျပာင္းမလာခင္ ျပင္သစ္မွာ လုပ္ျပခဲ့တာေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီယာဘီကို ေခၚယူတာက အာဆင္နယ္ရဲ႕ တိုက္စစ္ပိုင္းမွာ ေနာက္ထပ္ ရႈေထာင့္တစ္ခု ျဖည့္စြက္ႏိုင္မွာျဖစ္ၿပီး ေတာင္ပံ ၂ ဖက္စလုံးကေန ေျခ ၂ ဖက္စလုံးနဲ႔ ဂိုးသြင္းယူႏိုင္႐ုံတင္မကဘဲ အခြင့္အေရးေတြလည္း ဖန္တီးေပးႏိုင္တဲ့ ကစားသမားမ်ိဳးကေတာ့ ရွိထားရင္ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား ေရာက္ရွိလာခဲ့ရင္ အာဆင္နယ္အသင္းအတြက္ သြင္းဂိုး၊ ဂိုးဖန္တီးမႈ စတဲ့ေနရာေတြမွာ ဝန္ထုပ္ဝန္ပိုးအခ်ိဳ႕ ေလ်ာ့က်သြားေစႏိုင္ၿပီး တိုက္စစ္မွာ အေပါင္းလကၡဏာျပလာမွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.