Premier League Transfer News

ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ နောက်ခံလူအကြောင်း ပရိသတ်တွေကို သဲလွန်စပေးသွားတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ အသင်းရဲ့ ခံစစ်ပိုင်းကို လူငယ်နောက်ခံကစားသမားနဲ့ သွေးသစ်လောင်းဖို့ လိုအပ်နေတယ်ဆိုတာကို အဓိကထားပြောသွားပြီး လက်စတာစီးတီးနောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ သတင်းတွေက ဟုတ်မှန်ကြောင်း သဲလွန်စပေးသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ်ကို သီယေဂို ဆေးလ်ဗား(၃၇ နှစ်)၊ ဆီဇာ အက်ဇ်ပီလီကွေတာ(၃၂ နှစ်)၊ အသစ်ခေါ်ယူထားတဲ့ ကူလီဘေလီ(၃၁ နှစ်)တို့လို ဝါရင့်နောက်ခံလူတွေနဲ့ စတင်ခဲ့တာဖြစ်ပြီး တူဟယ်ဟာ ဒီကစားသမားတွေရဲ့ အတွေ့အကြုံရင့်ကျက်မှုကို အားထားနေရချိန်မှာ လန်းဆန်းတဲ့ ရွေးချယ်စရာ လူငယ်သွေးသစ်ကစားသမားတွေက အရေးပါကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“အတွေ့အကြုံအများကြီးရှိပါတယ်။ ဒါက အသက်အရွယ်ကြောင့်လည်း ဖြစ်ကောင်းနိုင်ပါတယ်။ သူတို့တွေမှာ အရည်အသွေးရှိပြီး သူတို့ဘာလုပ်နေတယ်ဆိုတာကို သိကြပါတယ်”

“ကျွန်တော်တို့မှာ လာမယ့်နှစ်တွေအတွင်း လက်လွှဲယူနိုင်မယ့် မျိုးဆက်သစ်တွေရှိနေအောင်လုပ်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် ဒီကောင်လေးတွေက သန်မာပြီး အဲဒါကြောင့်ပဲ သူတို့တွေ စာချုပ်ရှိနေပြီး ကျွန်တော်တို့ ယုံကြည်မှုပေးထားရတဲ့ လူတွေဖြစ်နေတာပါ။ ဟန်ချက်ညီဖို့တော့ လိုပါတယ်။ အဲဒါက မရှိမဖြစ် လိုအပ်တယ်လို့ ထင်ပါတယ်”

“ပြိုင်ပွဲက ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အရမ်းများပြီး တောင်းဆိုမှုတွေ အရမ်းများပါတယ်။ ဒါက ဖြစ်နေတဲ့အခြေအနေပါ။ ကျွန်တော်တို့ အရင်ကတည်းက အဲဒါကို သိပြီးသားပါ။ အက်ဇ်ပီလီဆိုရင် ဂန္တဝင်ကစားသမားပါ။ သီယေဂိုက အခုအချိန်မှာ ကျွန်တော်တို့အတွက် အရမ်းကို အရေးပါဆဲဖြစ်ပြီး ကာလီဒူကို ခေါ်ယူဖို့ အခွင့်အရေးရှိတဲ့အချိန်မှာ ကျွန်တော်တို့ ခေါ်ခဲ့တယ်”

“ဘာလို့လဲဆိုတော့ သူ့ရှေ့မှာ အရမ်းကောင်းတဲ့ နှစ်တွေရှိသေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားလို့ပါ။ ဒါပေမယ့် ယေဘုယျအားဖြင့် ဂိုးသမားနဲ့ နောက်တန်းတွေက အသက် ၃၀ တန်းတွေမှာ ရောက်နေကြပြီဆိုတာ ငြင်းမရဘဲ အဲဒါကို လက်ခံရမှာပါ။ ပြေးနှုန်းကလည်း ပြဿနာတစ်ခုဖြစ်ပြီး လျင်မြန်မှုကလည်း ပြဿနာတစ်ခုပါ။ ကစားသမားခေါ်ယူမှု အားလုံးမှာ မြန်နှုန်းမြင့် ပြေးလွှားမှုတွေနဲ့ လိုအပ်မယ်ဆိုရင် ခင်ဗျား နေရာလွတ်တွေကို တစ်ဦးချင်း ကစားပြီးလည်း ခုခံနိုင်ရမယ်။ အဲဒါက ပြိုင်ပွဲရဲ့ တောင်းဆိုချက်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

လက်စတာစီးတီးဟာ ဖိုဖာနာက ရောင်းချမယ့် ကစားသမားမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပြီး မြေခွေးတွေအနေနဲ့ အဓိက နောက်ခံကစားသမားကို ရောင်းထုတ်ချင်လာအောင် စည်းရုံးနိုင်ဖို့ ပေါင် ၈၅ သန်းလောက် ကမ်းလှမ်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္ဟာ အသင္းရဲ႕ ခံစစ္ပိုင္းကို လူငယ္ေနာက္ခံကစားသမားနဲ႔ ေသြးသစ္ေလာင္းဖို႔ လိုအပ္ေနတယ္ဆိုတာကို အဓိကထားေျပာသြားၿပီး လက္စတာစီးတီးေနာက္ခံလူ ဖိုဖာနာကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ သတင္းေတြက ဟုတ္မွန္ေၾကာင္း သဲလြန္စေပးသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ရာသီအစ ပြဲစဥ္ကို သီေယဂို ေဆးလ္ဗား(၃၇ ႏွစ္)၊ ဆီဇာ အက္ဇ္ပီလီေကြတာ(၃၂ ႏွစ္)၊ အသစ္ေခၚယူထားတဲ့ ကူလီေဘလီ(၃၁ ႏွစ္)တို႔လို ဝါရင့္ေနာက္ခံလူေတြနဲ႔ စတင္ခဲ့တာျဖစ္ၿပီး တူဟယ္ဟာ ဒီကစားသမားေတြရဲ႕ အေတြ႕အႀကဳံရင့္က်က္မႈကို အားထားေနရခ်ိန္မွာ လန္းဆန္းတဲ့ ေ႐ြးခ်ယ္စရာ လူငယ္ေသြးသစ္ကစားသမားေတြက အေရးပါေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အေတြ႕အႀကဳံအမ်ားႀကီးရွိပါတယ္။ ဒါက အသက္အ႐ြယ္ေၾကာင့္လည္း ျဖစ္ေကာင္းႏိုင္ပါတယ္။ သူတို႔ေတြမွာ အရည္အေသြးရွိၿပီး သူတို႔ဘာလုပ္ေနတယ္ဆိုတာကို သိၾကပါတယ္”

“ကြၽန္ေတာ္တို႔မွာ လာမယ့္ႏွစ္ေတြအတြင္း လက္လႊဲယူႏိုင္မယ့္ မ်ိဳးဆက္သစ္ေတြရွိေနေအာင္လုပ္ဖို႔လည္း လိုပါတယ္။ ဒါေပမယ့္ ဒီေကာင္ေလးေတြက သန္မာၿပီး အဲဒါေၾကာင့္ပဲ သူတို႔ေတြ စာခ်ဳပ္ရွိေနၿပီး ကြၽန္ေတာ္တို႔ ယုံၾကည္မႈေပးထားရတဲ့ လူေတြျဖစ္ေနတာပါ။ ဟန္ခ်က္ညီဖို႔ေတာ့ လိုပါတယ္။ အဲဒါက မရွိမျဖစ္ လိုအပ္တယ္လို႔ ထင္ပါတယ္”

“ၿပိဳင္ပြဲက ေယဘုယ်အားျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ အရမ္းမ်ားၿပီး ေတာင္းဆိုမႈေတြ အရမ္းမ်ားပါတယ္။ ဒါက ျဖစ္ေနတဲ့အေျခအေနပါ။ ကြၽန္ေတာ္တို႔ အရင္ကတည္းက အဲဒါကို သိၿပီးသားပါ။ အက္ဇ္ပီလီဆိုရင္ ဂႏၲဝင္ကစားသမားပါ။ သီေယဂိုက အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔အတြက္ အရမ္းကို အေရးပါဆဲျဖစ္ၿပီး ကာလီဒူကို ေခၚယူဖို႔ အခြင့္အေရးရွိတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ေခၚခဲ့တယ္”

“ဘာလို႔လဲဆိုေတာ့ သူ႔ေရွ႕မွာ အရမ္းေကာင္းတဲ့ ႏွစ္ေတြရွိေသးတယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ထားလို႔ပါ။ ဒါေပမယ့္ ေယဘုယ်အားျဖင့္ ဂိုးသမားနဲ႔ ေနာက္တန္းေတြက အသက္ ၃၀ တန္းေတြမွာ ေရာက္ေနၾကၿပီဆိုတာ ျငင္းမရဘဲ အဲဒါကို လက္ခံရမွာပါ။ ေျပးႏႈန္းကလည္း ျပႆနာတစ္ခုျဖစ္ၿပီး လ်င္ျမန္မႈကလည္း ျပႆနာတစ္ခုပါ။ ကစားသမားေခၚယူမႈ အားလုံးမွာ ျမန္ႏႈန္းျမင့္ ေျပးလႊားမႈေတြနဲ႔ လိုအပ္မယ္ဆိုရင္ ခင္ဗ်ား ေနရာလြတ္ေတြကို တစ္ဦးခ်င္း ကစားၿပီးလည္း ခုခံႏိုင္ရမယ္။ အဲဒါက ၿပိဳင္ပြဲရဲ႕ ေတာင္းဆိုခ်က္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

လက္စတာစီးတီးဟာ ဖိုဖာနာက ေရာင္းခ်မယ့္ ကစားသမားမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားထားၿပီး ေျမေခြးေတြအေနနဲ႔ အဓိက ေနာက္ခံကစားသမားကို ေရာင္းထုတ္ခ်င္လာေအာင္ စည္း႐ုံးႏိုင္ဖို႔ ေပါင္ ၈၅ သန္းေလာက္ ကမ္းလွမ္းဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.