Match Report Premier League

ဖူလ်ဟမ်ကို နှစ်ဂိုးစီသရေကျပြီး သုံးမှတ်နဲ့လွဲခဲ့ပေမယ့် နူးညက်ဇ် တောက်ပခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်၊ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ ခံစစ်ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ သီယာဂို၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ရောဘတ်တို ဖာမီနိုနဲ့ ဆာလားတို့ ပွဲထွက်လာခဲ့ကြပါတယ်။

တန်းတက်ချန်ပီယံ ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား ရိုဒက်ခ်၊ ခံစစ်မှာ တီတီ၊ အဒါရာဘီယိုရို၊ ရင်းမ်၊ ရော်ဘင်ဆန်တို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ ပါရဲရား၊ ကီဘာနို၊ ကော်ဒိုဗာ-ရိဒ်တို့နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ချန်ပီယံရှစ်ဂိုးသွင်းဘုရင် မီထရိုဗစ်ချ်ကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

ကရာဗင်ကော့တော့ချ်မှာ အတင်းဝင် အတင်းဖျက် အတင်းတိုးကစားခဲ့တဲ့ ဖူလ်ဟမ်တို့ရဲ့ ကစားဟန်ကြောင့် လီဗာပူးလ်တို့ ဟန်ချက်ပျက်ခဲ့ရသလို ဝင်ကစားပြီး အသင်းရဲ့ အချိန်တွေကို ကုန်အောင်လုပ်နေတဲ့ ဖာမီနိုကြောင့်လည်း တိုက်စစ်က အီနေခဲ့ချိန်မှာ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကပါ ပျက်နေခဲ့လို့ ဘယ်တောင်ပံက ဒီယက်ဇ်တစ်ယောက်ကိုပဲ အားကိုးနေခဲ့ရတာပါ။

ပွဲချိန် ၃၂ မိနစ်မှာ ဖူလ်ဟမ်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုကနေ ဂိုးရသွားခဲ့သလို ဒီဂိုးကိုတော့ ညာနောက်ခံလူ ကင်နီ တီတီရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး မီထရိုဗစ်ချ်က လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ကို လက်နဲ့ အသာလေးပုတ်ပြီးမှ ထောင့်ကျဉ်းထဲကို ခေါင်းတိုက်သွားခဲ့ရာမှာ အယ်လစ်ဆန်ရဲ့ လက်ပေါ်က ကပ်ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် တွဲလုံးပျက်နေတဲ့ ဖာမီနိုနဲ့ ဆာလားတို့ကြောင့် မအောင်မြင်ခဲ့ဘဲ ကွင်းလယ်မှာလည်း လူကောင်ကြီးတဲ့ အိမ်ရှင်ကွင်းလယ်လူတွေကြားမှာ အနိုင်ကျင့်ခံရသလိုဖြစ်နေတဲ့ သီယာဂိုကြောင့် ကစားကွက်မဖော်နိုင်ခဲ့ဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဖူလ်ဟမ်တို့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ယာဂန် ကလော့ပ်တို့ အပြောင်းအလဲလုပ်ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ ခြေစွမ်းမပြနိုင်တဲ့ ဖာမီနိုနဲ့ ဒဏ်ရာအနည်းငယ် ရသွားတဲ့ သီယာဂိုတို့အစား လူငယ် ကွင်းလယ်လူ အဲလီးယော့နဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်တို့ ဝင်ရောက်ကစားခဲ့ပြီး သူတို့ရဲ့ အမြန်နှုန်းတွေနဲ့ ရွေ့လျားမှုတွေကြောင့် ဖူလ်ဟမ်တို့ ဗျာများခဲ့သလို ညာတောင်ပံက ဆာလားကလည်း ကစားပေါက်ချောင်သွားခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ဖာဘင်ညိုအစား ကစားကွက်ဖော်ဖို့ ဝင်လာခဲ့တဲ့ မီလ်နာနဲ့ အဲလီးယော့တို့ တွဲလုံးနဲ့ ညာခြမ်းကို ချပေးခဲ့တာကို ဆာလားက ဖြတ်တင်ပေးခဲ့ရာမှာ ဖူလ်ဟမ်နောက်ခံလူ အဒါရာဘီယိုရိုထက် ခြေတစ်လှမ်းဦးခဲ့တဲ့ နူးညက်ဇ်က အနီးကပ် ပြေးပိတ်နိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

ဂိုးပေးရအပြီးမှာ ကီဘာနိုအစား အစ္စရေးသား မေနာ ဆော်လမွန်ကို ဖူလ်ဟမ်တို့ ထည့်ကစားခဲ့ပေမယ့် နည်းပြ မာကို ဆေးလ်ဗားအတွက် သူ့ရဲ့ ရှက်ခ်တာဒိုးနက်စ်ခ်လောက် အတွေ့အကြုံနဲ့ ပရီးမီးယားလိဂ်မှာ ဝင်ဆန့်ဖို့ မလွယ်သေးဘူးဆိုတာပဲ သင်ခန်းစာရခဲ့သလို မီထရိုဗစ်ချ်ကပဲ တိုက်စစ်မှာ ဦးဆောင်ရုန်းခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ဆားဘီးယားကို ခြေထိုးခံမိတဲ့ ဗန်ဒိုက်ကြောင့် အိမ်ရှင်တွေ ပင်နယ်တီ ရခဲ့ပါတယ်။

VAR ပြန်ကြည့်ရာမှာလည်း ပါးနပ်လွန်းတဲ့ မီထရိုဗစ်ချ်ကို ဗန်ဒိုက် ထိမိခဲ့တယ်လို့ အတည်ပြုခဲ့တာကြောင့် ဒီပင်နယ်တီ အခွင့်အရေးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ မီထရိုဗစ်ချ်က သူကိုယ်တိုင်ပဲ အယ်လစ်ဆန် ဒိုက်ပစ်တဲ့အောက်ကို အပြင်းကန်သွင်းပြီး ဖူလ်ဟမ်တို့အတွက် ဦးဆောင်ဂိုးနောက်တစ်ဂိုး ထပ်မံရယူပေးခဲ့တာပါ။

နောက်ကို ပြန်ရောက်သွားခဲ့တဲ့ လီဗာပူးလ်တို့အနေနဲ့ ပွဲချိန် ၇၈ မိနစ်မှာတော့ ဖူလ်ဟမ်ကနေ ပူပူနွေးနွေး ခေါ်ယူထားခဲ့တဲ့ ဖာဘီယို ကာဗာလ်ယိုကို လူးဝစ် ဒီယက်ဇ်အစား ထည့်သွင်းခဲ့သလို သူ့အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်စေခဲ့ပြီး အင်ပြည့်အားပြည့် ဖိကစားစေဖို့ နည်းပြ ကလော့ပ်က ပြောင်းလဲခဲ့ပါတယ်။

ဖူလ်ဟမ်တို့ ခံစစ်ကို အချိန်မီ လူမဖြည့်မိခဲ့တာကတော့ တစ်ကွက်လိုသွားခဲ့တဲ့အတွက် ပွဲချိန် မိနစ် ၈၀ မှာ လီဗာပူးလ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကို ဒါဝင် နူးညက်ဇ် မပိတ်နိုင်ဘဲ ခလုတ်တိုက်ပြီး ထွက်လာခဲ့တာကို နောက်ကနေ လိုက်လာတဲ့ ဆာလားက သူ့ရှေ့တည့်တည့် ရောက်လာတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးသွင်းဖို့ မတတ်နိုင်ခဲ့ကြတော့သလို နာကျင်အချိန်ပိုမှာ ဟန်ဒါဆန်ရဲ့ ဧရိယာအပြင်က ကန်ချက်ကလည်း ဘားထိထွက်ခဲ့တာကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဖူလ်ဟမ်ကွင်းမှာ မီထရိုဗစ်ချ်ရဲ့ ဦးဆောင်မှုတွေကို ပြောင်းပြန်လှန် နိုင်ပွဲရဖို့ လီဗာပူးလ်တို့ မတတ်နိုင်ခဲ့ကြတော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကရာဗင်ကော့တေ့ချ်မှာ နှစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ရှင် ဖူလ်ဟမ်တို့ ယုံကြည်မှု မြင့်မားသွားခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ အသင်းငယ်ကို အနိုင်သုံးမှတ် မရတာဟာ ရှုံးရသလိုမျိုး ထိခိုက်ခဲ့ပြီး ရာသီသစ်မှာ ချန်ပီယံဆုကို ထပ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အသင်းအတွက်တော့ ပိုမိုတိုးတက်ဖို့ လိုအပ်နေသေးပေမယ့် ဒါဝင် နူးညက်ဇ်ကတော့ အားကိုးချင်စရာဖြစ်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


တန်းတက်ချန်ပီယံ ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား ရိုဒက်ခ်၊ ခံစစ်မှာ တီတီ၊ အဒါရာဘီယိုရို၊ ရင်းမ်၊ ရော်ဘင်ဆန်တို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ ပါရဲရား၊ ကီဘာနို၊ ကော်ဒိုဗာ-ရိဒ်တို့နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ချန်ပီယံရှစ်ဂိုးသွင်းဘုရင် မီထရိုဗစ်ခ်ျကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

ကရာဗင်ကော့တော့ခ်ျမှာ အတင်းဝင် အတင်းဖျက် အတင်းတိုးကစားခဲ့တဲ့ ဖူလ်ဟမ်တို့ရဲ့ ကစားဟန်ကြောင့် လီဗာပူးလ်တို့ ဟန်ချက်ပျက်ခဲ့ရသလို ဝင်ကစားပြီး အသင်းရဲ့ အချိန်တွေကို ကုန်အောင်လုပ်နေတဲ့ ဖာမီနိုကြောင့်လည်း တိုက်စစ်က အီနေခဲ့ချိန်မှာ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကပါ ပျက်နေခဲ့လို့ ဘယ်တောင်ပံက ဒီယက်ဇ်တစ်ယောက်ကိုပဲ အားကိုးနေခဲ့ရတာပါ။

ပွဲချိန် ၃၂ မိနစ်မှာ ဖူလ်ဟမ်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုကနေ ဂိုးရသွားခဲ့သလို ဒီဂိုးကိုတော့ ညာနောက်ခံလူ ကင်နီ တီတီရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး မီထရိုဗစ်ခ်ျက လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ကို လက်နဲ့ အသာလေးပုတ်ပြီးမှ ထောင့်ကျဉ်းထဲကို ခေါင်းတိုက်သွားခဲ့ရာမှာ အယ်လစ်ဆန်ရဲ့ လက်ပေါ်က ကပ်ဝင်သွားခဲ့တာဖြစ်ပါတယ်။




ဂိုးပေးရအပြီးမှာ ကီဘာနိုအစား အစ္စရေးသား မေနာ ဆော်လမွန်ကို ဖူလ်ဟမ်တို့ ထည့်ကစားခဲ့ပေမယ့် နည်းပြ မာကို ဆေးလ်ဗားအတွက် သူ့ရဲ့ ရှက်ခ်တာဒိုးနက်စ်ခ်လောက် အတွေ့အကြုံနဲ့ ပရီးမီးယားလိဂ်မှာ ဝင်ဆန့်ဖို့ မလွယ်သေးဘူးဆိုတာပဲ သင်ခန်းစာရခဲ့သလို မီထရိုဗစ်ခ်ျကပဲ တိုက်စစ်မှာ ဦးဆောင်ရုန်းခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ဆားဘီးယားကို ခြေထိုးခံမိတဲ့ ဗန်ဒိုက်ကြောင့် အိမ်ရှင်တွေ ပင်နယ်တီ ရခဲ့ပါတယ်။

VAR ပြန်ကြည့်ရာမှာလည်း ပါးနပ်လွန်းတဲ့ မီထရိုဗစ်ခ်ျကို ဗန်ဒိုက် ထိမိခဲ့တယ်လို့ အတည်ပြုခဲ့တာကြောင့် ဒီပင်နယ်တီ အခွင့်အရေးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ မီထရိုဗစ်ခ်ျက သူကိုယ်တိုင်ပဲ အယ်လစ်ဆန် ဒိုက်ပစ်တဲ့အောက်ကို အပြင်းကန်သွင်းပြီး ဖူလ်ဟမ်တို့အတွက် ဦးဆောင်ဂိုးနောက်တစ်ဂိုး ထပ်မံရယူပေးခဲ့တာပါ။



လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးသွင်းဖို့ မတတ်နိုင်ခဲ့ကြတော့သလို နာကျင်အချိန်ပိုမှာ ဟန်ဒါဆန်ရဲ့ ဧရိယာအပြင်က ကန်ချက်ကလည်း ဘားထိထွက်ခဲ့တာကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဖူလ်ဟမ်ကွင်းမှာ မီထရိုဗစ်ခ်ျရဲ့ ဦးဆောင်မှုတွေကို ပြောင်းပြန်လှန် နိုင်ပွဲရဖို့ လီဗာပူးလ်တို့ မတတ်နိုင်ခဲ့ကြတော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကရာဗင်ကော့တေ့ခ်ျမှာ နှစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ရှင် ဖူလ်ဟမ်တို့ ယုံကြည်မှု မြင့်မားသွားခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ အသင်းငယ်ကို အနိုင်သုံးမှတ် မရတာဟာ ရှုံးရသလိုမျိုး ထိခိုက်ခဲ့ပြီး ရာသီသစ်မှာ ချန်ပီယံဆုကို ထပ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အသင်းအတွက်တော့ ပိုမိုတိုးတက်ဖို့ လိုအပ်နေသေးပေမယ့် ဒါဝင် နူးညက်ဇ်ကတော့ အားကိုးချင်စရာဖြစ်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.