Premier League

ဒေဟးယားကို စိန္ေခၚဖို႔ ကာရင္တန္ကို ေရာက္ရွိလာၿပီျဖစ္တဲ့ ဟန္ဒါဆန္

ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းက အငွားခ်ထားခဲ့ၿပီး လိဂ္ခ်န္ပီယံရွစ္ကေန ႏွစ္ရာသီဆက္တုိက္ လက္စြမ္းျပမွဳေတြနဲ႔အတူ ပရီးမီးယားလိဂ္မွာ လူသိမ်ား ထင္ရွားလာခဲ့တဲ့ လူငယ္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ဟာ လက္ရွိမွာေတာ့ အသင္းရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ပူးေပါင္းခဲ့ၿပီျဖစ္ပါတယ္။

ဘရမ္းေမာလ္လိန္းမွာ ဘလိတ္ဓားေတြရဲ႕ ဂိုးေပါက္ကို အေကာင္းဆုံး ေစာင့္ေရွာက္ေနခဲ့တဲ့ သူ႕ရဲ႕လက္စြမ္းကို ေစာင့္ၾကည့္ေနတဲ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြအျပင္ ဥေရာပအသင္းႀကီးေတြလည္း ရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ဘက္ကေတာ့ သူ႕အတြက္ ယတိျပတ္ မဆုံးျဖတ္ရေသးသလို အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ ပုံစံကိုလည္း စိတ္ပ်က္ေနခဲ့တာေၾကာင့္ ေစာင့္ၾကည့္ရဖို႔ေတာ့ ရွိေနပါတယ္။

ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ ရာသီမွာ ရွက္ဖီးလ္ဒ္တုိ႔နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္တုိက္ပြဲမွာ မေအာင္ျမင္ခဲ့ေပမယ့္ အဓိက ကစားသမားတစ္ဦးအျဖစ္ ပရီးမီးယားလိဂ္မွာ Clean Sheet ၁၃ ႀကိမ္ရရွိထားခဲ့သလို သူနဲ႔ စြမ္းေဆာင္ရည္တူခဲ့ေပမယ့္ ယူႏုိက္တက္ခံစစ္မွာ မျဖစ္သင့္တဲ့ အမွားေတြ က်ဴးလြန္ၿပီး အာ႐ုံစူးစိုက္မွဳ ေလ်ာ့နည္းပုံကို ျပသထားတဲ့ စီနီယာဂိုးသမား ဒေဟးယားကို ျဖဳတ္ခ်ႏုိင္ဖို႔ ယုံၾကည္ေနတယ္လုိ႔လည္း ဆုိပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ဂိုးသမားဟာ လက္ရွိမွာေတာ့ ႏုိင္ငံအသင္းနဲ႔ မိခင္အသင္းမွာ ဦးစားေပးဂိုးသမားေတြကို စိန္ေခၚႏုိင္မယ့္ ေနရာကိုလည္း ေရာက္ရွိေနတာျဖစ္ၿပီး အဲဗာတန္ရဲ႕ ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္နဲ႔ ဒေဟးယားတုိ႔အေနနဲ႔ သူ႕ရဲ႕ ထိုးေဖာက္မွဳကို ကာကြယ္သြားႏုိင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာလည္းျဖစ္ပါတယ္။

ဟန္ဒါဆန္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေတြ႕ဆုံခြင့္ မရွိတဲ့ ႏွစ္ပြဲအပါအဝင္ ပရီးမီးယားလိဂ္မွာ သုံးပြဲသာ လြဲေခ်ာ္ခဲ့ၿပီး ၃၆ ပြဲအထိ ကစားခဲ့သလို နည္းျပ အုိလီဂန္နာ ဆိုးလ္ရွားကလည္း အသင္းအတြက္ အနာဂတ္ဂိုးသမားလို႔ ဆုိထားတာေၾကာင့္ သူ႕ရဲ႕ အုိးလ္ထရက္ဖို႔ဒ္ ခရီးလမ္းမွာ လက္စြမ္းက်ဆင္းေနတဲ့ စပိန္သား ဒေဟးယားကို အႏုိင္ယူသြားဖို႔ မ်ားေနတယ္လို႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက အငှားချထားခဲ့ပြီး လိဂ်ချန်ပီယံရှစ်ကနေ နှစ်ရာသီဆက်တိုက် လက်စွမ်းပြမှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ လူသိများ ထင်ရှားလာခဲ့တဲ့ လူငယ်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ဟာ လက်ရှိမှာတော့ အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။

ဘရမ်းမောလ်လိန်းမှာ ဘလိတ်ဓားတွေရဲ့ ဂိုးပေါက်ကို အကောင်းဆုံး စောင့်ရှောက်နေခဲ့တဲ့ သူ့ရဲ့လက်စွမ်းကို စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေအပြင် ဥရောပအသင်းကြီးတွေလည်း ရှိနေပြီး မန်ချက်စတာယူနိုက်တက်ဘက်ကတော့ သူ့အတွက် ယတိပြတ် မဆုံးဖြတ်ရသေးသလို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ ပုံစံကိုလည်း စိတ်ပျက်နေခဲ့တာကြောင့် စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ရှက်ဖီးလ်ဒ်တို့နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တိုက်ပွဲမှာ မအောင်မြင်ခဲ့ပေမယ့် အဓိက ကစားသမားတစ်ဦးအဖြစ် ပရီးမီးယားလိဂ်မှာ Clean Sheet ၁၃ ကြိမ်ရရှိထားခဲ့သလို သူနဲ့ စွမ်းဆောင်ရည်တူခဲ့ပေမယ့် ယူနိုက်တက်ခံစစ်မှာ မဖြစ်သင့်တဲ့ အမှားတွေ ကျူးလွန်ပြီး အာရုံစူးစိုက်မှု လျော့နည်းပုံကို ပြသထားတဲ့ စီနီယာဂိုးသမား ဒဟေးယားကို ဖြုတ်ချနိုင်ဖို့ ယုံကြည်နေတယ်လို့လည်း ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဂိုးသမားဟာ လက်ရှိမှာတော့ နိုင်ငံအသင်းနဲ့ မိခင်အသင်းမှာ ဦးစားပေးဂိုးသမားတွေကို စိန်ခေါ်နိုင်မယ့် နေရာကိုလည်း ရောက်ရှိနေတာဖြစ်ပြီး အဲဗာတန်ရဲ့ ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ ဒဟေးယားတို့အနေနဲ့ သူ့ရဲ့ ထိုးဖောက်မှုကို ကာကွယ်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာလည်းဖြစ်ပါတယ်။

ဟန်ဒါဆန်အနေနဲ့ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခွင့် မရှိတဲ့ နှစ်ပွဲအပါအဝင် ပရီးမီးယားလိဂ်မှာ သုံးပွဲသာ လွဲချော်ခဲ့ပြီး ၃၆ ပွဲအထိ ကစားခဲ့သလို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကလည်း အသင်းအတွက် အနာဂတ်ဂိုးသမားလို့ ဆိုထားတာကြောင့် သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ် ခရီးလမ်းမှာ လက်စွမ်းကျဆင်းနေတဲ့ စပိန်သား ဒဟေးယားကို အနိုင်ယူသွားဖို့ များနေတယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.